ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Sunday, January 29, 2012

နင်မသိသေးတဲ့ငါ့အကြောင်း

ငါ မချစ်တတ်တာ မဟုတ်ဘူး.......
ချစ်တတ် လွန်းလို့  အချစ် နဲ့ ဝေးဝေး နေတာပါ.....

ငါ ခံစားတတ်တဲ့ နှလုံး သားမရှိ တာမဟုတ်ဘူး ....

အချစ်ကို ကြောက်နေတာပါ....

ငါ ရက်စက်တတ်တာ မဟုတ်ပါဘူး.......

သံယောဇဉ် ကြီး တတ် လွန်းလို့ ပါ.....

ငါ အတ္တကြီးတာ မဟုတ်ပါဘူး

 ငါချစ်တတ်လွန်းတာပါ.....

ငါအနိုင်ယူချင်တာ မဟုတ်ပါဘူး...

ငါအားငယ်တတ်လို့ ပါ....

ငါကို သ၀န် တိုတတ်တယ်လို့ မထင်ပါနဲ့ ...

ငါနင့် ကို အရမ်းချစ်လို့ ပါ....

ငါကို နင်စိတ်ကုန်တယ် မပြောပါနဲ့ .......

ငါ လုပ်သမျှ တွေက နင့်ကို ချစ်ခဲ့ လို့ ပါ...

ငါနားမလည် တတ်ဘူး မပြောပါနဲ့ .....

ငါ နင် နဲ့ ဝေးရမှာ ကြောက်ခဲ့ လို့ ပါ....

ငါ နင်ကို အရမ်းချစ်ခဲ့ တာပါ...

ငါရဲ့ မာန ကြောင့် ငါအချစ်တွေ မပေါ်လွင်ခဲ့ တာပါ....

ငါ မျက်နာ များတာ မဟုတ်ပါဘူး........

ငါလူတွေ ကို ခင်တတ်တာပါ......

ငါရှုပ်နေတာ မဟုတ်ပါဘူး....

ငါကို လာရှုပ်နေကြတာပါ.....

ငါရိုးသားပွင့်လင်းစွာနေတတ်တာပါ .....

ငါကို အထင်လွဲနေကြတာပါ......

ငါမေ့နိုင်တယ်လို့ မပြောပါနဲ့ .....

အခုထိ နင့်ကို သတိရဆဲပါ.........

ငါ အခုထိ ချစ်နေဆဲပါ  လွမ်းနေဆဲပါ သတိရနေဆဲပါ......

6 comments:

  1. ခုဆိုရင်တော့ သူသိသွားလောက်ပါပြီ...

    ReplyDelete
  2. တစ်နေ့တော့သူသိမှာပါချစ်စံအိမ်လေးရေ။
    အချိန်တစ်ခုအထိစိတ်ရှည်ပေးလိုက်ပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ချစ်နေလွမ်းနေတာ ချစ်သူသိမှာပါ

    ReplyDelete
  4. ငါ အခုထိ ချစ်နေဆဲပါ လွမ်းနေဆဲပါ သတိရနေဆဲပါ...... တဲ့
    သက်ဆိုင်သူရေ ကြားလား ကြားလား
    ကြားရင် အကြောင်းပြန် ဒါပဲ

    ReplyDelete
  5. “ငါ မချစ်တတ်တာ မဟုတ်ဘူး.......
    ချစ်တတ် လွန်းလို့  အချစ် နဲ့ ဝေးဝေး နေတာပါ.....
    ငါ ခံစားတတ်တဲ့ နှလုံး သားမရှိ တာမဟုတ်ဘူး ....
    အချစ်ကို ကြောက်နေတာပါ...”

    ခံစားချက်ချင်း တူတယ်.. :D..

    ReplyDelete
  6. လမင်းလေးရေ။။

    အချစ်အကြောင်းလေးဆိုတော့လည်း မမအလွမ်းက မျိုးကျော့မြိုင်လို ဘဲဆိုလိုက်မယ်။ အချစ်ကြောင့်ရူး အချစ်ကြောင့်မူး ဒီကမ္ဘာထဲမှာ....လမင်းလည်း အလွမ်းတွေ ကင်းဝေး အချစ်နဲ့နီခြင်းအရပ်မှာ ရှိနိုင်ပါစေကွယ်။

    comment မရလို့နောက်တစ်ခေါက်ပေးလိုက်တယ်။


    ခင်မင်တဲ့
    အလွမ်း

    ReplyDelete