ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Saturday, January 28, 2012

ဘာလုပ်ပြီးပြီလဲ

မင်္ဂလာပါ  သူငယ်ချင်းတို့ ရေး  လမင်း ပျင်းနေလို့ စာမရေးဖြစ်ဘူး
အရှုပ်တွေလုပ်နေရတာလည်းပါတယ် ။
  လိုင်းပေါ်တက်လာရင် ပြဿနာပေါင်းများ စွာရှင်းနေရတာလေကိုယ့်အကြောင်း သူများအကြောင်း
အဲဒါလေးနဲ့ ပက်သက်ပြီးရေးချင်နေတာ ပျင်းနေလို့ မပြီးသေးဘူးပေါ့ အခုနေငါသေသွားရင် ရေးဖြစ်တော့မှာ
မဟုတ်ဘူးလေ တွေးနေတုန်းပဲ လမင်းနေတဲ့ နိုင်ငံ မှာငလျှင်လှုပ်တယ်။

သိပ့်မများပေမဲ့  5.9  ပေါ့ အိမ်တစ်ခုလုံး လှုပ်ခါသွားတယ် ။ အဲအချိန်မှာပဲ လမင်းအတွေးလေးရလာတယ်။
အော် အခုနေ ငါသေသွားခဲ့ ရင် ငါဘာတွေလုပ်ခဲ့ ပြီးပြီလဲပေါ့။
    သံသရာ အတွက်ပါ အခုတလော အရှုပ်တွေ လုပ်နေတာနဲ့ အရင်လို တောင် တရားဘက်မလှည့်နိုင်တော့ဘူး
အရင်က လမင်း အနည်းဆုံး တရား ၁နာရီ မိန်နစ် ၃၀ လောက်တော့ထိုင်ဖြစ်တယ်။
ဥပုသ်နေ့ တွေ ဥပုသ်စောင့်ဖြစ်တယ်။
   အခု လမင်း ဥပုသ်မစောင့်ဖြစ်တာ နစ်နဲ့ ကြာနေပြီး ကိုယ့်ကိုကိုယ်သိတယ်။ ခက်တာကလူဆိုတာက
ကောင်းတာဆို သိပ်လုပ်ချင်ကြတာမဟုတ်ဘူးလေ သိပြီးမလုပ်နိုင်တဲ့ လမင်း ဘယ်လောက်မိုက်လဲပေါ့။
အရင်လောက်မလုပ်နိုင်ပေမဲ့ တတ်နိုင်သလောက် လမင်းလုပ်ပါတယ် ဒါပေမဲ့ သံသရာ အတွက်စိတ်ချရပြီးလားပေါ့ တွေးရင်းတွေးရင်း ရင်မောလာတယ် ၊ လမင်းတတ်နိုင်သလောက်တော့
လုပ်ပါတယ်။ ဒါပေမဲ့ ဘာမှာမဟုတ်သေးဘူးဆိုတာ သိနေတယ် ကိုယ့်ကိုကိုယ် အထင်ကကြီးသေးတယ်။
ငါလောကဓံကို တော့ခံနိုင်ရည် ရှိနေပြီး ငါဘာပဲကြုံကြုံ တရားသဘောနဲ့ ဖြေရှင်းနိုင်မယ်ပေါ့။
  ဘာမှာမကြုံဖူးတော့ အဟုတ်ကြီးမှတ်နေတာပေါ့ ၊ ပြဿနာတစ်ခုဖြစ်တော့မှ လမင်း ဘာမှာမဟုတ်သေးဘူး
ဆိုတာ သိလိုက်ရတယ်။ ဒေါသ တွေလည်းထွက်လို့ ပေါ့ မျက်ရည်တွေလည်း ကျလို့ ပေါ့။။။
ဖြစ်ပြီးသွားတော့ တကယ်ကို ရယ်စရာ ဖြစ်သွားတယ်လေး၊ လူငယ်ဆိုတော့လည်း အချစ်ဆိုတာ နဲ့ မကင်းနိုင်
ဘူးပေါ့ ပူလောင်လိုက်တာ အခုထိပါပဲ ။
   အဲလိုတွေ ဖြစ်နေတာနဲ့ လမင်း လုပ်သင့်တာတွေမေ့နေတာလေး 23. 8 2011( 1.58)လောက်က
ငလျင် လှုပ်သွားမှာ အသိလေးကောက်ဝင်လာတယ်၊ အခုနေ ငါသေသွားရင်သံသရာ အတွက်တော့ မတွေးရဲ
စရာပါ ၊ ငါဘာတွက် အလုပ်တွေ ရှုပ်နေရတာလဲ အရှုပ်တွေ လုပ်နေရတာလဲပေါ့။
အခုနေသေသွားရင် သူများ နိုင်ငံ မှာ ဘယ်လိုနေမလဲမသိဘူး ရက်လည်ဆွမ်းသွတ် လေးတောင်လုပ်ပေးနိုင်ကြပါမလားပေါ့တကယ်ကိုကြောက်သွားတာပါ။လမင်းဒီရောက်တာ

(၄)နစ်ရှိပြီး တစ်ခါမှာ မကြုံဖူးတာ ဂျပန် မှာ ငလျင်လှုပ်တော့ စိတ်မကောင်းယုံကလွဲလို့  ဘာမှာ သိပ်မဖြစ်ခဲ့ဘူး။
  လူတိုင်းက ကိုယ်ကြုံမှာ ကြီးတယ် ၊ဆိုးတယ်ထင်ကြတာလေ အဲလိုပေါ့ လမင်းလည်း ကိုယ်လည်းကြုံရော
အမှန်ပြောရရင်း နဲနဲကြောက်တာပေါ့၊  ကမ္ဘာကြီးကလည်းဆုတ်ကပ်ရောက်နေပြီး သတင်းတွေမှာဆိုလဲ
မကောင်းတာပဲကြားနေရတယ် ၊သူငယ်ချင်းတို့ ရေး လမင်းပြောချင်တာက မေ့မေ့ လျော့လျော့မနေ လိုက်
ကြပါနဲ့ ဘာမဟုတ်တာတွေနဲ့ အချိန် မကုန်ကြပါတော့နဲ့ လို့ ပြောချင်နေတာ လိုရင်ကမရောက်ဘူး။
ပညာသင်တဲ့ အရွယ်ပညာသင်ပါ  စီးပွားရှာချိန်မှာလည်း ရှာပါ ၊ဒါပေမဲ့ ဘုရား တရား သံဏာ ကိုလည်း
မမေ့ ကြပါနဲ့ ကောင်းမူ ကုသိုလ်လေးတွေ လုပ်ကြပါ စိတ်ထား ကောင်းထားကြပါ ။ ကိုယ့်တတ်နိုင်သလောက်
ဆိုတာနဲ့  သတိလေးကပ်ပြီးသေချာလုပ်ကြပါ လို ပဲ တိုက်တွန်းပါရစေရှင်၊ ကုသိုလ် အကုသိုလ် ပဲ ကိုယ့်နောက်
ပါမှာမို့ ပါ  သတိလေးလက်ကိုင်ထားကြပါလို့ ပြောရင် ဒီလောက်ပဲပေါ့နော်။..
သူငယ်ချင်းတို့ လည်း အသိတရာလေးရစေချင်တဲ့ စေတနာလေးနဲ့ ဒီပိုစ့်လေး ရေးလိုက်ပါတယ်။
လမင်းကို နားလည်ပေးစေချင်ပါတယ်  အားလုံးကို ကျေးဇူးတင်ပါတယ် ။
အမှားပါရင်သီခံပေးကြပါ ။

2 comments:

  1. စေတနာ စကားလေးအတွက် ကျေးဇူး လမင်း။

    ReplyDelete
  2. လမ်းကြုံ တစ်ခါတည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းလိုက်ဦးမယ်။ မြတ် ခုချိန်ထိ ဘာမှ မလုပ်ရသေးဘူး။ :D

    ReplyDelete