ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Tuesday, January 31, 2012

မေမေလက်ဆောင်



ဒီနေ့ မေမေကို အရမ်းသတိရနေတာနဲ့ မေမေရဲ့ အကြောင်းလေးတွေစဉ်းစားမိလို့ ပိုစ့်လေးရေးချင်စိတ်ဖြစ်လာလို့ ချရေးမိလိုက်တယ်
လမင်းအမေရဲ့ သားသမီးတွေကို ဆုံးမပုံလေးတွေကို ပြန်လည်းအမှတ်ရတာနဲ့ သူငယ်ချင်းတို့အတွက် မျှဝေပေးလိုက်ပါတယ်နော်။
မေမေက လမင်းတို့ ညီမသုံးယောက်ကို လိမ္မာပါးနပ်စွာထိန်းသိမ်းနိုင်ခဲ့ပါတယ်.


လမင်းတို့ ညီမသုံးယောက်ကမေမေနဲ့ ပဲကြီးပြင်လာခဲ့ကြတာပါ မေမေကို အခြားအမေတွေက သမီးသုံးယောက်ကို ထိန်းသိမ်းရတာ ပင်ပန်းမယ်ပြောတိုင်း. မေမေပြန်ပြောတတ်တဲ့ စကားက ကျွန်မသမီးတွေက လိမ္မာပြီသာပါတဲ့ ဒါကမေမေလမင်းတို့ ကို ပထမဆုံး စိတ်ထဲကိုရိုက်သွင်းခဲ့တာပါ။
မေမေက လမင်းတို့ ကို သူငယ်ချင်း လိုညီမတွေလိုပဲဆက်ဆံပါတယ် ဒါပေမဲ့ ဘယ်တော့မှာတော့ မရယ်ဘူး အရမ်းသဘောကျရင်ပြုံးတာလောက်ပဲရှိတတ်တယ်၊
လမင်းတို့က မေမေကို ချစ်ကြောက်ရိုသေပေါ့။
မေမေကအိပ်ယာဝင်တိုင်ပုံပြင် အမြဲပြောပြတတ်တယ် ပုံပြင်တွေကပညာရစရာလေးတွေကြီးပါပဲ
အဲလိုပုံပြင်တွေနဲ့ ကြီးပြင်လာတဲ့ လမင်းတို့ က ဘယ်အရာကကောင်းတယ် မကောင်းဘူးဆိုတာ ကို ဆုံဖြတ်တတ်လာတယ်။
 နောက်တစ်ခုက မေမေကဘယ်တော့မှ လမင်းတို့ကို ဟိုလုပ်ပါလာ ဒီဟာကောင်းတယ် မပြောဘူး လုပ်ကြည့်ပါတဲ့
လုပ်ကြည့်မှာ ကောင်းတာဆိုးတာကို ဝေခွဲနိုင်မယ်တဲ့ မေမေပြောမယ်မှတ်ထားကြပါ။
သူများထက်သာချင်ရင် သူများထက် ကြိုးစားရတယ်တဲ့ သူလိုကိုယ်လိုနေရင်တော့ သူ့ လိုကိုလိုပဲဖြစ်မယ်တဲ့ မေမေက လမင်းတို့ ညီမတွေကို ချုပ်နိုင်ဆုံးစကားက ကျွန်မသမီးလေးတွေက လိမ္မာကြတယ်တဲ့ သူနေရာနဲ့ သူတော်ကြတယ်
အဲလိုပြောပြီလဲ အမေက လိမ္မာတယ် ပြောထားတာနော် နောက်မှ ယောင်မမြင်းစီးမထွက်နဲ့ လို့ ဘယ်တော့မှာ
သတိပေးစကားမပြောဘူး။
လမင်းစိတ်ထဲကို မေမေစကားလုံးတိုင်က နေရာယူခဲ့တယ် မေမေကငါတို့ ကို လိမ္မာတယ်ပြောထားတယ် ငါက လုပ်ချင်သလိုလုပ်လိုက်ရင် မေမေ မျက်နှာငယ်ရမယ်ဆိုတဲ့ စိတ်နဲ့ ဘယ်တော့မှာ စိတ်လိုက်မာန်ပါ မလုပ်ခဲ့ဘူး။လုပ်ချင်နေရင်တောင် မေမေစကားတွေကို ပြန်တွေးရင်း ရပ်တန့် သွားတတ်တယ်။
 လမင်းတို့ ကို ငယ်ငယ်ထဲက ကိုယ့်အားကိုကိုးနိုင်အောင်လည်းလေ့
ကျင့်ပေးခဲ့တယ် ကျောင်းကို ဘယ်တော့မှာ မေမေ မလာတတ်ဘူး ကျောင်းအပ်ချိန်ရောက်ရင်လည်း ပိုက်ဆံပေးလိုက်တယ် လမင်းကလည်း လမင်းအတွက်ပဲအပ်ရတာ
အငယ်နစ်ယောက်လဲ သူတို့ အတွက်သူတို့ အပ်ကြရတယ် မကူရဘူးလို့ လမင်းကိုမှာတတ်တယ်။
မေမေပြောတတ်တဲ့နောက်စကားက  အပြင်ကကိစ္စကို အိမ်ကိုသယ် မလာနဲ့တဲ့ အပြီရှင်းခဲ့ပါ ပြဿနာတိုင်းကိုလည်း မျှတစွာရှင်းတတ်ပါစေတဲ့ သူများကို လည်း အနိုင်ယူချင်တဲ့စိတ်မထားနဲ့ ကိုယ်ကလည်း အရှုံးမပေးနဲ့ တဲ့မမေ့မရတဲ့တန်ဖိုးရှိတဲ့စကားတွေပါ
ဒါလုပ်ရမယ် လို့ ဘယ်တော့မှ မိဘဆိုတဲ့ အရှိန် မသုံးတတ်ဘူး ရှေ့ကနေ ကောင်းတာတွေလုပ်ပြတတ်တယ်
မေမေ လုပ်တာကိုင်တာမှားတာတွေ့ ရင်ပြောပါ၊လူတွေတိုင်က ကိုယ်ကပဲမှန်တယ်ထင်ကြတာတဲ့ အမေဆိုပြီး မကြောက်ပါနဲ့  အမေ နေတာထိုင်တာ သမီးတို့ မကြိုက်ရင် ပြောနိုင်ပါတယ် အဲလိုပြောတော့လည်းမေမေကလမင်းတို့ သူငယ်ချင်းလိုဖြစ်သွားပြန်ရောပေါ့  လမင်းတို့ ငယ်ငယ်ထဲက ဘုန်းကြီးကျောင်းသွားတတ်အောင်လည်း နည်းပြပေးခဲ့တယ် ။
ဘုန်းကြီးကျောင်းတရားသွားနာနည်
းလေးကလည်း ကလေးဘ၀တုန်းက သတိမထားမိပေမဲ့ အခုပြန်တွေးမိတော့အရမ်းကို တန်ဖိုးရှိနေတယ်  မေမေဒီနေ့ ခေါင်းနည်းနည်းကိုက်နေတယ်။
သမီးတို့ ထဲက ဘယ်သူတရားသွားနာသွားမလဲ့ သမီးတို့ ကကျောင်းမှာသွားနာကြ့ မေမေက အိမ်ကနေ နာမယ်
ဘယ်သူ ပိုမှတ်မိလဲဆိုတာ ပြိုင်မလားတဲ့ ကလေးဆိုတော့လည်း အကုန်မှတ်မိရင်ဘာပေးမလဲလို့ မေးတော့
 အကုန်ပြန်ပြောနိုင်တဲ့သူက အမေ့ သမီးထဲမှာ အလိမ္မာဆုံးသမီးလို့ မေမေသက်မှတ်မယ်တဲ့  ဘာပဲဖြစ်ဖြစ်လေ
လူတိုင်ကတော့ လိမ္မာချင်ကြတာပဲမလား တရားကို သေချာနားထောင်လိုက်တာ ကလေးတွေဖြစ်ပြီ အိပ်မငိုက်ကြဘူးလို့ တောင် လူကြီးတွေကချီုကျုးကြတယ် တရားရဲ့ အဓိပ္ပာယ်ကို သေချာမသိပေမဲ့ ညီမနစ်ယောက်တရားနားပြီးပျော်ရွှ
င်စွာပြန်လာမေမေကို ပြောတော့
မေမေပြုံးတဲ့ အပြုံးလေးကို လမင်း အခုထိမှတ်မိနေသေးတယ် အမေ သမီးတွေက လိမ္မာပြီသာပါတဲ့ သမီးတို့ ကို နားခိုင်းပေမဲ့ မေမေလည်း အိမ်မှနားပါတယ်တဲ့ လမင်းတို့ ငယ်ငယ်ထဲက တရားနားတတ်အောင် သင်ယူလေ့ကျင့်ပေးခဲ့ပြန်တယ်။
သမီးတို့ မှတ်ထားပါတဲ့ လူတစ်ယောက်ရဲ့ အကျင့်သိက္ခာဆိုတာ ပညာ၊ဂုဏ် ၊စိန်၊ ရွှေ ရတရာနာ တွေမဟုတ်ဘူးတဲ့ လူတစ်ယောက်ရဲ့ အပြုအမှု အနေအထိုင် အပြောအဆို သူ့ တို့ ရဲ့ လုပ်ရက်တွေကို ကြည့်ရတယ် ဘယ်တော့မှာကိုယ်ဘက်ကိုပဲ မကြည့်ပါနဲ့ တဲ့ နှစ်ဦးနှစ်ဘက် ကို ကြည့်တတ်ရမယ်မျှတစွာတွေးတတ်ရမယ် ကိုယ်ချင်စားတတ်ရမယ် ကူညီတတ်ရမယ် ဘာပဲလုပ်လုပ်စေတနာလေးပါထည့်လုပ်
ပါတဲ့ ကောင်းတာလုပ်ရင်ကောင်းကျိုးပေးတယ် ကိုယ်ပြုတဲ့ ကံ ကိုယ်ပဲခံရတယ်တဲ့ မေမေ ရဲ့ ဆုံးမစကားတွေပါ လမင်း အကုန် လုပ်နိုင်တယ်လို့တော့ မပြောနှိုင်ပေမဲ့ တတ်နိုင်သလောက်တော့ ကြိုးစားလုပ်ဖြစ်ပါတယ်။ မေမေနဲ့ ဝေးနေပေမဲ့ မေမေဆုံးမခဲ့တဲ့စကားတွေက လမင်း
ဘယ်မှာနေနေ ဘယ်နေရာပဲရောက်ရောက်  မျက်နှာမငယ်ရလောက်အောင်ကို မေမေ လမင်းကို တန်ဖိုးမဖြတ်နိုင်တဲ့ အကောင်းဆုံးလက်ဆောင်ပေးခဲ့တာပါ။ မေမေရဲ့ ဆုံးမ စကားတွေကပြောမကုန်နိုင်သလို ရေးမကုန်နိုင်ပါဘူး
ဒီလောက်လေးနဲ့ ပဲ လမင်းရပ်ထားလိုက်ပါတော့မယ်နော်။ဒီပိုစ့်လေးနဲ့  မေမေကိုကန်တော့လိုက်ပါတယ်
အားလုံးချမ်းမြေ့ကြပါစေ :)

12 comments:

  1. သိပ်လိမ္မာတဲ့ သမီးလေးအတွက် အမရဲ့မေမေ ကျေနပ်နေမှာပါ.. :)

    ReplyDelete
  2. အော်....အားလုံးရဲ့ "မေမေ..."သတိရလိုက်တာ...

    ReplyDelete
  3. ညီမ အမေက တော်လိုက်တာ... အမေဖြစ်သူက တော်တော့ သမီးလိမ္မာလေးတွေ ပိုင်ဆိုင်ခွင့် ရတာပေါ့... ရှေ့ဆက် ဒီထက်ပို လိမ္မာအောင်နေ ညီမရေ... သား၊ သမီး လိမ္မာမှ မိဘတွေ မျက်နှာကောင်း ရမှာလေ...

    ReplyDelete
  4. ဖတ်နေရင်း အမေကိုသတိရနေမိတယ်

    ReplyDelete
  5. မေမေ ကိုလွမ်းတယ်

    ReplyDelete
  6. ဟင့် လွမ်းသွားပြီ မမရေ....

    ReplyDelete
  7. လိမ္မာသိတတ်တဲ့သမီးလေးကိုပိုင်ဆိုင်ခွင့်ရထားတဲ့
    လမင်းလေးရဲ့မေမေအတွက်ဝမ်းသာကြည်နူးပီတိဖြစ်မိတယ်ကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. တူတူပဲ ဒို့ မရေ ..သားလည်းလွမ်းနေပြီပေါ့

    ReplyDelete
  9. သမီးတို့ မှတ်ထားပါတဲ့ လူတစ်ယောက်ရဲ့ အကျင့်သိက္ခာဆိုတာ ပညာ၊ဂုဏ် ၊စိန်၊ ရွှေ ရတရာနာ တွေမဟုတ်ဘူးတဲ့ လူတစ်ယောက်ရဲ့ အပြုအမှု အနေအထိုင် အပြောအဆို သူ့ တို့ ရဲ့ လုပ်ရက်တွေကို ကြည့်ရတယ်ဆိုတဲ့စာသားလေးကလန်းတယ်နော်မှတ်သားသွားပါတယ်မမရေ

    ReplyDelete
  10. မေမေ့ကိုချစ်သောချစ်စံအိမ်လေးကိုအလည်ရောက်ပြီး မေမေအကြောင်းလေးတွေဖတ်သွားပါတယ်

    ပျော်ရွှင်ပါစေ

    မဒိုးကန်

    ReplyDelete
  11. အမေဆိုတာ ဖွဲ့သီလို့မဆုံးသော မေတ္တာရင်ပြင်ကြီးတစ်ခုပါပဲ ။

    ReplyDelete
  12. သိပ်လိမ္မာတဲ့ သမီးလေးအတွက် အမရဲ့မေမေ ကျေနပ်နေမှာပါ.. ခင်မင်စွာဖြင့် (လွမ်း)

    ReplyDelete