ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Monday, January 30, 2012

ပေးတိုင်းမယူပါနဲ့ 



မင်္ဂလာပါ သူငယ်ချင်းတို့ရေး ကောင်းသောနေ့လေးပါနော် လမင်းစိတ်လေးအရမ်းကိုရှုပ်

ထွေးနေတာနဲ့ ပို့စ်မရေးဖြစ်ဘူး ။ စိတ်ညစ်တာ စဉ်းစားရင်းနဲ့ ဒီအကြောင်းရေးရင်ကောင်းမယ်

အကြံရတာနဲ့ ရေးလိုက်ပါတယ်။ လမင်းကအပြင်သူငယ်ချင်းမရှိတော့ လမင်းပို့စ်ဖတ်ပေးတဲ့

သူငယ်ချင်းတွေကိုအရင်နီးဆုံး မိတ်ဆွေလို သတ်မှတ်ထားပါတယ်။

   လိုအပ်တာလေးတွေ အကြံညဏ်များပေးနိုင်ပါတယ် ။လမင်းလက်ခံပါတယ်၊ စကားပြောစရာဆိုလို့
ဒီသူငယ်ချင်းတွေပဲရှိတာဆိုတော့ ခင်မင်မူတိုင်းကို တန်ဖိုးထားပါတယ်။


  စကားရှည်သွားပြီး ထင်တယ် .ခင်မင်မူတိုင်းကစကြတာပေါ့နော်.
လမင်းလူတွေကိုအရမ်းခင်တက်တာ
အဖော်ငတ်တော့ လူတိုင်းကို ရိုးသာစွာ ပွင့်လင်းမူနဲ့ အရိုးသားဆုံးခင်တာပါ။


  အခုလမင်းရင်ဆိုင်နေတဲ့ ပြဿနာကတော့ လမင်းအကြောင်းကို ပုတ်ခတ်ပြီး လမင်းရဲ့ သိက္ခာကိုထိပါး
လာတဲ့ စကားတွေကို သူများတွေ ကိုပြောတာပါပဲရှင်. လမင်းသိသိချင်ဒေါသအရမ်းထွက်တာ

အသားတွေကို တုန်နေတာပဲ ရင်တစ်ခုလုံးလည်း ပူနေတာပဲ အဲညက လမင်းတစ်ညလုံးအိပ်လို့ မရဘူး။

  စရင်းရှင်းမယ်ပေါ့ ပြောတဲ့သူရော ပြဿနာကိုစတဲ့ သူရောပေါ့။ လမင်းကမနက်လင်းရင်အမြဲတမ်း
တရားနားတယ် ။အဲနေ့က တရားဘယ်နေမှန်းကိုမသိတော့ဘူး ဘာမှလည်းစားလို့မရ အိပ်လို့မရ

ပူလောင်လိုက်တာ  ပြောတဲ့ သူတွေကိုလည်းမေးလ်ပို့ပေါ့ စရင်းရှင်းမယ်တက်လာခဲ့ပေါ့။


   အဲညကပူလောင်ခြင်းမျိုးလမင်း သက်သတ်မကြုံဖူးဘူးတကယ်ပါ။ ဒါပေမဲ့ ပြောတဲ့ သူက တက်မလားဘူး
ငါဘာလုပ်ရမလဲ ငါဘာကြောင့်အခုလိုဖြစ်နေတာလဲ သေချာပြန်စဉ်းစားတယ်။

ငါ့ကို အခုလိုပြောတာ ငါတစ်ခါရှုံးနေပြီး ဒါကို နင့်ကထပ်ပြီးသူတို့ပေးတဲ့ အပူတွေကိုယူနေအုံးမယ်ဆိုရင်း
နင်နှစ်ခါရှုံးတော့မယ်။
ဆိုပြီး ကိုယ့်ကိုကိုယ်ဆုံးမရင်ဘာမဟုတ်တာကို နင်ဘာလို့အဟုတ်လုပ်နေတာလဲ အခုလိုဖြစ်နေတာ


  နင်လက်ခံထားလို့ နင်သာလက်မခံရင်သူတို့တွေဘာပဲပေးပေး ဘာပဲပြောပြောအခုလိုဖြစ်စရာမလိုဘူး။
နင်စိတ်ကိုလျှော့လိုက်ပါ ဘာအကျိုးရှိလို့ လဲ နောက်ဆို သူတို့နဲ့ ကင်းကင်းနေလိုက်ပေါ့။။



အဲဒါနဲ့ လမင်းတရားနားဖို့ရှာလိုက်တယ် ဆရာတော်ဦးဆေကိန္ဒ တရားနားလိုက်တယ်။။

တရားနာမည်က မပူခင်လောင်မှန်းသိတဲ့ ဆရားတော်ပြောသွားတာတော့စုံနေတာပဲ သူငယ်ချင်းတို့ ရှာပြီး

နားထောင်ကြည့်ပါ အရမ်းကောင်းပါတယ်။စိတ်လည်းအရမ်းအေးသွားတာ ဆရာတော်တွေကို

လည်းကျေးဇူးတင်ပါတယ်။ တခုတော့ရှိတာပေါ့နော် သိပြီးမလုပ်နိုင်ရင်မသိသေးလို့ပါတဲ့ လမင်းလည်း

ကြိုးစားနေပါတယ်။ ဘယ်သူပေးတဲအပူကိုမှာ လမင်းလက်မခံ
ဖြစ်အောင်ကြိုးစားနေလိုက်တယ် ဘယ်သူပေးပေး ကိုယ်ယူမှဖြစ်တာပါ၊ပေးတိုင်းမယူပါနဲ၊စိတ်ချမ်းသာခြင်းရင်ပေါ့။

   လမင်းစာလေးကိုအချိန်ပေးဖတ်ကြတဲ့ သူငယ်ချင်းတို့ ရဲ့ စိတ်ထဲတစ်ခုခုကျန်နေခဲ့ မယ်လို ထင်ပါတယ်။
သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးတင်ပါတယ် ။

9 comments:

  1. ယူတော့ဝူးကွ...........နည်းလို့ ဟဲ..ဟဲ

    ReplyDelete
  2. ဟုတ်ကဲ့ ... မယူမိအောင် ကြိုးစားပါမယ် ....

    ReplyDelete
  3. ကျွန်တော်လည်းစိတ်ရှုပ်ထွေးလာရင်မမလိုပဲတရားနားထောင်ဖြစ်တယ်လေအဲ့ဒါအကောင်းဆုံးပဲမမရေပေးတိုင်းမယူနဲ့ဆိုတာလေးကိုမှတ်သားသွားပါတယ်ဗျာ

    ReplyDelete
  4. တရားနားထောင်တာ အရမ်းကောင်းပါတယ်။ ပျှော်ရွှင်ချမ်းမြေ.ပါစေ။

    ReplyDelete
  5. ဖတ်ခဲ့ပါတယ်လမင်းရေ

    ReplyDelete
  6. ဘဝအတွက်သင်ခန်းစာလေးတွအမြဲတမ်း ဝေမျှပေးနိုင်ပါစေ...

    ReplyDelete
  7. လာရောက်ပြီးဖတ်နေပါတယ်

    ReplyDelete
  8. နော် လည်း မမလိုပဲ ကြုံဖူးပါတယ်
    ကျွန်တော်က ကိုယ့်ဘာသာကိုယ် ဖြေနိုင်ကြိုးစားတယ်
    ကျွန်တော့်ဖြေနည်းလေး ပြောပြရမလား
    အသုံးတည့်ရင် အသုံးချလို့ရအောင်လို့ပါ
    ကျွန်တော် ဘယ်လိုဖြေလည်းဆိုရင် . . .
    ကျွန်တော် အရမ်းစိတ်တိုဒေါသထွက် တော်တော်ပူလောင်နေပြီဆိုပါတော့
    အနိစ္စဆိုတဲ့ စကားလုံးကို အသံထွက် ရေရွတ်လိုက်တယ်
    ဒါမှ မရသေးဘူးဆိုရင် အနိစ္စဆိုတဲ့ စကားလုံးကို
    လျှောက်လွှာစာရွက်ပေါ် အိတ်သွန်ဖာမှောက် ချရေးလိုက်တယ်
    စိတ်တိုတာတွေ ကုန်သွားတဲ့အထိပေါ့
    အခုဆိုရင် အနိစ္စလို့ တော်တော်များများ တောင် ဆိုစရာမလိုတောဘူးဗျ
    ၁ဝ ကြိမ်လောက် ရွတ်လိုက်ရင် ပျောက်သွားတယ်
    စိတ်ဆိုတာ အစိုးရတာမဟုတ်တာဗျာ
    မတည်မြဲဘူးဆိုတာ သိနေမှတော့ မကောင်းတာနေ မြန်မြန်ရုန်းထွက်လိုက်တယ်
    ဒေါသတွေ လွတ်ကင်းပါစေ
    မေတ္တာထားပါ . . . မေတ္တာ = အဒေါသ
    ဆရာလုပ်တာဟုတ်ဝူးးးးးးးးးးးးးးးး

    ReplyDelete