ပရဟိတဆိုသည်မှာ ကိုယ်ကျိုးမငဲ့အများအကျိုးအတွက်ဆောင်ရွက်နိုင်ရန်ဖြစ်သည်။
ထိုသို့ပရဟိတ ဆိုသော အရာကို ငွေကြေး၊ ဥစ္စာ၊ ဂုဏ်ဓန၊ ပကာသနတွေရှိမှလုပ်၍
ရသောအရာမဟုတ်ပေ။ လူတစ်ယောက် တွင်ပရဟိတ ဆိုသောစိတ်ဓာတ်ရှိရန်အထူး
လိုအပ်ပါသည်။ ပရဟိတဆိုသောစိတ်ဓာတ်သည် အများအားဖြင့် လူသားတိုင်း
တွင်ရှိကြပါသည်။ တစ်ချို့သည် ငွေဥစ္စာမရှိ၍ဟုဆိုကာ ပရဟိတဆိုသော အလုပ်နှင့်
စိတ်ဓာတ် ကိုမေ့လျော့နေတတ်ကြသည်။ တစ်ချို့ကြပြန်တော့လည်း ငွေ၊ ဥစ္စာ
ကြွယ်ဝလွန်းကာ အပျော်တွေနဲ့လုံးပန်း ဂုဏ်၊ ပကာသနတွေကြားမှာ ထိုပရဟိတ
စိတ်ဓာတ် ပရဟိတအလုပ်ကို မေ့လျော့နေတတ်ပြန်သည်။ပရဟိတဆိုသော
အလုပ်ကို တစ်ဦးတစ်ယောက်ထဲကမှသာလုပ်နိုင်မည်မဟုတ်ပါ။ လူသားတိုင်း
အားလုံးစုပေါင်း ကာ ပရဟိတ ထြိုဖူစင်သောအလုပ်ကိုလုပ်နိုင်ရန်လိုအပ်ပါသည်။
လူတစ်ဦးတစ်ယောက် မိမိကြောင့်ပြုံးပျော် နိုင်ရင်မိမိစိတ် သည်အလိုလိုပြုံးပျော်နိုင်
သည်မှာ မိမိကိုယ်တိုင်ပင်အသိဆုံးဖြစ်ပါလိမ့်မည်။ မိမိပြုလုပ်ခဲ့သော အလုပ်သည်
မည်သူအတွက်လဲ၊ ကိုယ့်အတွက်လား၊ ကိုယ့်မိသားစုအတွက်လား၊ အများသူငါ
အတွက်လား စဉ်းစားပါ။မိမိအတွက် ကိုယ့်မိသားစုအတွက်ဆိုရင်တော့လောဘနှင့်
ပြုလုပ်သော အတ္တဟိတစိတ်ဓာတ် ဖြစ်သည်။ ကိုယ်ပြုလုပ်ခဲ့ သောထိုအလုပ်သည်
ကိုယ်ကျိုးအတွက်မဟုတ်အများအတွက်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဖြူစင်မှုနဲ့ပီတိဖုံးသော
ပရဟိတစိတ်ပင်ဖြစ်သည်။ ကျွန်တော်တို့လူငယ်တွေသည် အများအားဖြင့် လူငယ်
ဆိုသောအရွယ်တွင်လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ အပျော်အပါးတွေကြားမှာ မအားလပ်နိုင်
အောင်ပင်ရှုပ်ထွေးလျှက်ရှိနေတတ်သည်။ လူငယ်များသည် ဖျတ်လတ် တတ်ကြွသော
ခွန်အားတွေရှိကြသည်။ ထိုသို့သော် ဖျတ်လတ်တတ်ကြွသော စိတ်ဓာတ်ခွန်အားတို့ကို
အများ အတွက်အကျိုးရှိသောအလုပ်ကို မိမိတတ်နိုင်သမျှ မိမိပတ်ဝန်းကျင်အသိုင်းဝိုင်း
အတွက် တစ်ထောင့်တစ်နေရာ ကနေလုပ်ကိုင်ပေးနိုင်ခြင်းသည် မိမိအတွက်အများအတွက်
အလွန်ပင်ကျေနပ်ဖွယ်ကောင်းသာ အကျိုးကျေးဇူးရလဒ်ဖြစ်သည်။ လူငယ်တိုင်းတွင်
ညှာတာစိတ်၊စာနာစိတ်၊ ကူညီတတ်သောစိတ်များရှိရန်အလွန်လိုအပ်သည်။
စာရေးဆရာမ ဆရာမသန်းမြင့်အောင်က ကိုယ်ချင်းစာစိတ်ဆိုတဲ့ လူသားချင်းစာနာမှုနဲ့
လူတစ်ယောက်ဖြစ်လာ ရင် လူတစ်ယောက်မှာရှိသင့် ရှိထိုက်တဲ့ လိုအပ်ချက်နဲ့ အခွင့်
အရေးတွေကိုပြည့်စုံသင့်တယ်ဆိုတဲ့ ခံယူချက်နဲ့ လူသားတိုင်းကိုကူညီပါတယ်
ဆိုတဲ့စကားဆိုခဲ့ပါသည်။ ကျွန်တော်တို့လူတစ်ယောက်ဖြစ်လာရင်လူတစ်ယောက်မှ
တစ်ဦးနှင့်တစ်ဦး လူသားအားလုံးတိုင်းမှာ ရသင့်ရထိုက်တဲ့လူ့အခွင့်အရေးတွေရှိပါတယ်။
လူသားတိုင်းရရှိ သင့်သော လိုအပ်ချက်နဲ့ အခွင့်အရေးတွေကို ပေးနိုင်ခြင်းသည်
ပရဟိတဆိုသော စိတ်ဓာတ်နှင့် အလုပ်ပင်ဖြစ်သည်။ ကျွန်တော်တို့ လူငယ်တိုင်းတွင်
ပရဟိတ လူသာချင်းစာနာသောစိတ်ဓာတ်ရှိရန်အထူးလိုအပ်ပါသည်။ အထူးသဖြင့်
ဆင်းရဲနွမ်းပါးသောသူများ ထိုဆင်းရဲနွမ်းပါးသောပတ်ဝန်ကျင်အသိုင်းအ၀ိုင်းမှ
ဆင်းသက်ပေါက်ဖွား လာသော ကလေးသူငယ်များသည် အများအားဖြင့်
သူတို့အရွယ်နှင့် သူတို့ရရှိသင့်သော အခွင့်အရေးများဆုံးရှုံး နေတတ်ကြသည်မှာ
လူတိုင်းသိသောအချက်ပင်ဖြစ်သည်။ ကလေးသူငယ်များ ရသင့်ရထိုက်သော အခွင့်အရေး
များကိုပေးစွမ်းနိုင်ရန် ကျွန်တော်တို့လူငယ်များသာမကအများက၀ိုင်းဝန်းကာစုပေါင်း
ကူညီခြင်းဖြင့် ကလေးငယ် များကိုဖြည့်ဆည်းပေးသင့်ပါသည်။ ထိုသို့သော်လိုအပ်ချက်များ
ရရှိသင့်သော လူ့အခွင့်အရေးများကို လူသား တိုင်းရရှိနိုင်ရန်ရေးမှာ ကျွန်ုပ်တို့လူသားတိုင်းတွင်
တာဝန်ရှိပါသည်။
သိပ်ကောင်းတဲ့ ပို့စ်လေးပဲ... မှန်တယ်ဗျာ.. အမြဲတမ်းယူသော လက်ဖြစ်မနေကြပဲ.. ပေးသောလက်ရဲ့ ကြည်နူးမှုကိုလည်း ခံစားကြည့်တတ်ကြစေချင်တယ်... ကိုယ်ရလို့ ပျော်ရတာထက်.. ကိုယ်ပေးလိုက်လို့ ပျော်သွားတဲ့ သူတို့မျက်နှာကို ကြည့်ပြီး ကြည်နူးရတာက ပိုပြီးသာတယ်ဆိုတာ ခံစားကြည့်စေချင်မိတယ်...
ReplyDelete'ပရဟိတ'ကို လူသားတိုင်းစိတ်ဝင်စားသင့်တာပေါ့ ချစ်စံအိမ်ရေ။
ReplyDeleteဆင်းရဲချမ်းသာမရွေးအဓိကကျတဲ့လူသားတို့ရဲ့'အများအတွက်ဆောင်ရွက်ရာမှာ
စေတနာပါပါနဲ့လုပ်ပေးချင်တဲ့စိတ်ဓာတ်'ရှိဘို့သာလိုတယ်လို့ တီတင့်ထင်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်