ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
Showing posts with label ဟင်းချက်နည်း. Show all posts
Showing posts with label ဟင်းချက်နည်း. Show all posts
Friday, December 7, 2012
တို.ဟူးသုပ်စားကြမယ်...
မင်္ဂလာပါရှင်... လမင်းပိုစ့်သစ်မတင်တာနည်းနည်းကြာသွားတယ်...အခုတလောစိတ်လေနေတာနဲ့ 
စာရေးဖို့ လည်းအာရုံမရဖြစ်နေတယ်... ဘလာ့လေးသရဲခြောက်မှစိုးတာကြောင့် အိမ်မှာ လုပ်စားဖြစ်တဲ့
တို.ဟူးလုပ်နည်းပဲတင်ပေးလိုက်ပါတယ်... :)ကိုယ်နည်းနဲ့ ကိုယ်ပေါ့....
ပဲမှုန့်ကိုတော့ကြိုက်နှစ်သက်ရာသုံးနိုင်ပါတယ်..မနက်တို.ဟူးလုပ်မယ်ဆို...  ပဲ မှုန့် တစ်ခွက်ကို ရေ တစ်ခွက်နဲ့ ဖျော်ပြီ ညအိပ်ထားပါတယ်... ပဲနဲ့ မတည့်တဲ့သူများအတွက်အလွန်အဆင်ပြေပါတယ်..ဗိုက်မပွတော့ပါဘူး။။
မနက်ကျိုတော့မယ်ဆို ကျိုမဲ့အိုးထဲကို မနက်ကချိန်တဲ့ခွက်နဲ့ ပဲ ရေ ၂ ခွက်ထည့်ပါ
ရေဆူလာပါက ညက ဖျော်ထားတဲ့ပဲမှုန့် ရေထည့်ကျိုပါ ၁၅ မိနစ်ဆိုရပါပြီ။။
အလုပ်မရှုပ်ချင်ရင်တော့  ပဲ ၁-ဆ၊ ရေ  ၃-ဆ ဖျော်ပြီးကျိုလည်းရပါတယ်.. ဆားနည်းနည်း နနွင်းထည့်ချင်လည်း နည်းနည်းထည့်နိုင်ပါတယ်.. လမင်းတော့မထည့်ဘူး..။။
ဖျော်ထားသောပဲရည်
၁၅ မိနစ် လောက်ကျိုပြီး အအေးခံပြီးသုပ်စားလို့ရပါပြီ
တို့ဟူးးသုပ်က ရှောက်ရွက်နဲ့ ပိုလိုက်ပါတယ် လမင်းတို့ ဆီမှာတော့မရှိလို့ နံနံပင်ပဲပေါ့ ကြက်သွန်ဖြူပါထည့်သုပ်ပါတယ် ဆီချက် ပဲမှုန့်  ငံပြာရည် မန်ကျည်းရည် ရသာမှုန့်  ငရုပ်သီးမှုန့် ရှိတာနဲ့  သုပ်စားလို့ ရပါပြီ ဟင်းအဖြစ်ထမင်းနဲ့ စားရတာ အဆင်ပြေသလို အဆာပြေလည်းစားလို့ ကောင်းတဲ့တို့ဟူးသုပ်ပါ အမိမြေ အလွမ်းပြေပေါ့..ကျန်တို့ဟူးများကို ကြော်စားလို့ လည်းကောင်းပါတယ်.. နောက်တစ်ခုပြောချင်တာ အရင်ပိုစ့်မှာ လမင်းဘလော့ဂါတွေနဲ့ အပြင်မှာတွေ့ ချင်တယ်ဆိုတာ တကယ်ပြောတာပါရှင်... အားလုံးနဲ့ လည်းခင်မင်ချင်ပါတယ်.. တစ်ခုပဲ လမင်းကအပြင်မှာ စကားနည်းသလို ဘလော့ဂါထဲမှာ ဆက်ဆံရေး အညံ့ ဆုံးထင်တာပဲ စိတ်ရင်းအမှန်ကတော့ အရမ်းကိုခင်တတ်ပေမဲ့ စကားပြောမကောင်းသလို ဘလော့ဂါတွေနဲ့ လည်း လမင်းသိပ်မသိဘူး သီးသန့် နေတတ်တဲ့အကျင့်ဖြစ်နေတာကြောင့်ထင်ပါတယ်... အခုအခြေအနေနဲ့ တော့ ဘယ်လိုမှတွေ့ ဖို့ မဖြစ်နိင်တာရယ်ကြောင့်ပါ။။။အားလုံးကိုခင်ပါတယ်ရှင်... ကျေးဇူးတင်ပါတယ်။။
ခုနှစ်ရက်သားသမီးအပေါင်းကျန်းမာပျော်ရွှင်ကြပါစေ...
Saturday, September 29, 2012
အုန်းနို့ခေါက်ဆွဲချက်နည်း..
မင်္ဂလာပါရှင်...
ဒီတစ်ခါတော့ လမင်းနဲ့ လုံးဝမတည့်တဲ့အုန်းနို့ခေါက်ဆွဲချက်စားဖြစ်တယ်။။ မိုးသူတောင်ကြီးသတိပေးတာနဲ့ ချက်အုံးမှာပဲပေါ့.. အခုပိုစ့်ရေးတော့ခေါင်းထဲနောက်နေတယ်။။
ဒါတောင်တစ်ပွဲပဲစားတာပါ။။ အုန်းနို့ကလူနဲ့ မတည့်ဘူးလို့ ကြားဖူးပေမဲ့ အခုနောက်ဆုံးသုသေတနအရအုန်းနို့ အုန်းဆီက လူ၏ခန္ဓာကိုယ်မှာလိုအပ်တဲ့အဆီဖြစ်တာကြောင့်ကောင်းတယ်။။ လိုအပ်တယ်စားသင့်တယ်လို့ ဖတ်လိုက်မိပါသေးတယ်။။ ဘာပဲဖြစ်ဖြစ်တန်ဆေးလွန်ဘေးပေါ့။။ အုန်းနို့ ခေါက်ဆွဲကို လူတော်တော်များများရှောင်ကြပါတယ်။။အထူးသဖြင့်လူကြီးတွေပေါ့... လမင်းလည်းစားရင်အီလည်လည်ဖြစ်တတ်တယ်...ဘာပဲဖြစ်ဖြစ်ငယ်တုန်းစားရတာစားမယ်ဆိုတဲ့စိတ်နဲ့ချက်လိုက်ပါသည်။။  တစ်ချို့ ကတော့ ကြက်ကိုပြုတ်ပြီးကုလာပဲမှုန့်ရေဖျော်ချက်ကြပါတယ်။။
လမင်းကတော့ကိုယ်ချက်တာပဲရေးပါမယ်..တစ်ယောက်နဲ့ တစ်ယောက်မတူဘူးပေါ့..
လိုအပ်သော ပစ္စည်း  ကြက်သား ကုလာပဲခြမ်း အုန်းနို့ ..နို့စိမ်း..ကြက်သွန်နီဖြူ..အရောင်တင်မှုန့်
ငံပြာရည်..နံနံပင် သံပရာသီး  ကြက်ဥ ..
ကုလာပဲကိုနူးအောင်ပြုတ်ထားလိုက်ပါတယ်.. ပဲပြုတ်နေတုန်း ကြက်သားသေးသေးလေးတွေလှီးထားပါမယ်.. ကြက်သွန်ဆီသတ်ရန် အနေတော်လှီထားပါမယ်..
ပဲနူးလာပါကကြိတ်စက်ဖြင့်ကြိတ်လိုက်ပါတယ်..
ကြိတ်စက်မရှိရင်ထောင်လို့ရပါတယ် ကုလာပဲမှုန့် နဲ့ လည်းချက်လို့ ရပါတယ်။။
ပဲကြိတ်ရည်ကိုဆူအောင်တည်ထားပါ..
ကြက်သားဆီသတ်ပြီးပဲအိုးထဲထည့်လိုက်ပါ..
အုန်းနို့ကိုတော့ အလွယ်ပဲသုံးလိုက်ပါတယ်.. တစ်ဗူးအကုန်ထည့်တယ်.. အိုးချကာနီးမှအုန်းနို့ ထည့်ပါတယ်.. နို့စိမ်းအရင်ထည့်ပါတယ်.. အရောင်နီတာလေးကြိုက်ရင်ဆီသတ်တုန်းကငရုပ်သီးမှုန့် နည်းနည်းပိုထည့်လိုက်ပါ.. လမင်းကတော့လျှော့ထားတယ်.. ကြက်သားဆီသတ်ထားထည့်ပြီးဆူလာရင်တော့ အပေါ့ အငန်မြည်းပြီး အုန်းနို့ထည့် ပါ ..စားလို့ ရပါပြီး ကြက်သွန်နီ နံနံပင် သံပရာသီး အရန်သင့်လုပ်ထားပြီးပွဲပြင်လို့ ရပါပြီး..
အကြော်က အာလူးကြော်ပါ ရှိတာလုပ်ထားပါသည်..:D
စားပါတော့မယ်... အားလုံးကျန်းမာပျော်ရွှင်ကြပါစေ....
Saturday, September 22, 2012
ကရင်တာလာပေါဟင်းချက်နည်း..
မင်္ဂလာပါရှင်........ဒီနေု့ လမင်းပို့ စ်သစ်တင်တာမဟုတ်ပါဘူး..ဆေ့(save)လိုက်တာကို သေချာမကြည့်မိလို့ ပိုစ့်တက်သလိုဖြစ်သွားတယ်.. စာလာဖတ်သူအားလုံးကိုတောင်းပန်ပါတယ်။။ တကယ်တော့လမင်း(၂၅)လောက်မှပိုစ့်သစ်တင်မလို့ ပါ။။ အခုတော့ ချက်စားဖြစ်တဲ့ ကရင်တာလာပေါဟင်းလေးတင်ပေးလိုက်ပါတယ်ရှင်။။ လိုအပ်သော ပစ္စည်းတွေက ငါး.စပါးလင် ဆန်လှော်မှုန့် ငံပြာရည်ရသာမှုန့် အသီးအနှံတွေကတော့ ဘူးသီး ခရ
မ်းသီး ပဲထောင့်ရှည်သီး.ပိန်းဥ ပင်စိမ်းရွက် မျှစ် ငရုပ်ကောင်းမှုန
ငါးပြုတ်ပြီးအသားနွှာ ကြက်သွန်နီဖြူဆီနည်းနည်းနဲ့ ဆီသတ်ပါ..
့်  ချက်နည်း..ငါးကိုစပါးလင် နနွင်းပြုတ်ပါ..
ဆီသတ်ထားပြီသားကို
Thursday, September 6, 2012
ဝက်သားသီဟိုဠ်ချက်နည်း...
မင်္ဂလာပါရှင်......  လမင်းဟင်းချက်နည်းတွေတင်ပေးတာနဲ့ ပတ်သက်ပြီးပြောစရာလေးရှိပါတယ်။။။
လမင်းက ဟင်းပဲချက်ချက် ဘာပဲလုပ်လုပ်စိတ်မှန်းပဲလုပ်လေ့ရှိတယ်.. ငယ်ငယ်တည်းကအကျင့်ထင်တယ်။။။
လမင်းဟင်းချက်တာကိုစားဖူးတဲ့သူတွေက နည်းမေးတာတို့ ချက်နည်းသင်ပေးပါလို့ ပြောလာကြရင်လမင်းပြောရခက်တယ်။။။ ဘာလို့ လည်းဆိုတော့
လမင်းမှာ ချက်နည်းကို ချိန်ဆတာတို့  အသားဘယ်လောက်ကိုဆီဘယ်လောက်ထည့်ပါလို့ မရှိဘူး။။
ငါချက်တာကြည့် ငါထည့်တာထည့်လို့ ပြောလိုက်ရင် သူငယ်ချင်းတွေက မသင်ပေးချင်လို့ မြင်ကြတယ်.။။
ဒီမှာလည်း လမင်းကို မေးကြတယ် အဲ့နည်းလေ ဘယ်လိုချက်လည်း စာအုပ် ကိုင် ပြီးရေးဖို့စောင့်နေကြတဲ့သူတွေကိုလည်းအားနာမိတယ်။။ ငါချက်တာလက်မှန်းပဲ ချက်တယ်..ဒါဆိုလက်မမှန်ပဲ
ဖြစ်မှာပေါ့တဲ့.. အိုးကြီးတွေမချက်ဖူးပေမဲ့ လူ၁၅ ယောက်စာကို လက်မှန်းနဲ့ ချက်လုံးဝလက်ရာမပြောင်းဘူး။။
လမင်းကိုယ်တိုင်လည်း သူများတွေချက်နည်းကိုပဲကြည့်တယ် ဘယ်လောက်ထည့်ရမယ်ဆိုတာလုံးဝမကြည့်ပါ။။ပြီးတော့ လူတစ်ယောက်နဲ့ တစ်ယောက်လည်းချက်နည်းမတူကြဘူးလေ.. လမင်းကအပျော်သဘောရယ်.. ကိုယ်ချက်စားတာလေးကြွားချင်တာရယ်.တွေကြောင့် တင်ဖြစ်တာပါ။။။ အချိန် အဆ မပါလို့ အားနာမိပြန်တယ်.... နောက်တစ်ခုဝန်ခံရမှာက လမင်းစာရေးပျင်းပါတယ်။။။ စာဖတ်တာကိုပိုအားသန်တာကြောင့် ရေးတဲ့ဘက်မှာအားနည်းပါတယ်... စာတွေက ကဗျာမကျ ခံစားချက်ယောင်ယောင်တွေကိုလာအားပေးနေကြတဲ့သူငယ်ချင်းအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။။။
လမင်းဒီဘလော့လေးကို အပျင်းပြေ အပျော်သဘောလေးလုပ်ထားတာဆိုပေမဲ့ သံယောဇဉ်တော့ရှိပါတယ်။။။ လာလည်ကြသူတွေလည်းများကြပါတယ် မန်ဘာဝင်ပေးကြတဲ့သူငယ်ချင်းများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်.... တစ်ခါတလေစဉ်းစာမိတယ်။။
စာလာဖတ်တဲ့သူတွေကိုဘာအကျိုးရစေလည်းလို့ တွေးမိတယ်။။တကယ်ပါ.. စိတ်ကူးထဲမှာတော့စာတွေရေးနေလိုက်တာ အများကြီး ညဆိုလည်းရေးဖို့ ပဲတွေးနေမိတယ် တကယ်တမ်းကြတော့ မရေးဖြစ်ပြန်ဘူး။။။။။။အားလုံးကိုအားနာစွာနဲ့ ပဲ ကျေးဇူးတင်ပါတယ်။။။
အခုတစ်ခါလည်း ၀က်သား ချက်နည်းလေးတစ်ခုရတာနဲ့ ချက်စားဖြစ်တော့တင်မိပြန်တယ်...
ကိုဂေါ်လီပြောတာတော့ ၀က်သား ကုလာချက်တဲ့ ဟီးရန်တိုက်ပေးနေသလိုဖြစ်နေသလားပဲ။။။ ဒီနည်းကို
လမင်းတစ်ခါစားဖူးတယ်.. သီဟိုဠ်အမျိုးသမီးတစ်ယောက်ချက်တာ.. လမင်းကြိုက်တယ်.. သူတို့ကတော့
ဝက်သားကိုအဲ့လိုပဲချက်စားကြတယ်ပြောပေမဲ့ အဲ့တုန်းကလမင်းကအလုပ်လည်းများ ဆိုတော့မချက်စားဖြစ်ဘူး။။ အခုဟိုနေ့ က ကိုဂေါ်လီနဲ့ စကားမစပ်ပြောရင်နဲ့ သူပြောသလိုချက်လိုက်တာ..
လမင်းစားချင်တဲ့နည်းလေးဖြစ်နေတယ်။။။ အရသာတစ်မျိုးပေါ့.. လမင်းကအစားအသောက်နဲ့ ပတ်သက်ပြီး
အချိန်ကုန်နေတာမျိုးကိုမကြိုက်တော့ လုံချက်တွေဆိုပိုကြိုက်တယ်.. ။။ အခုဟင်းကဆီသတ်ချက်လို့ ရသလို လုံချက်လည်းရပါတယ်။။။ လမင်းချက်နည်းပဲပြောတော့မယ်.နော်။။
ရှုပ်ကုန်မှာစိုးလို့ ပါ။။ အလုပ်ရှုပ်သက်သာပြီးစားလို့ ကောင်းပါတယ်။။။
ငရုပ်သီးမှုန့် ရသာမှုန့်  ဆီ စပါးလင်ငံပြာရည် ရောနယ်လိုက်ပါတယ်။။
နည်ထားပြီပုံပါ...
အိမ်မှာရှိတဲ့ပစ္စည်းဒါအကုန်ပါပဲ ...:p ဆိုင်လည်းမပြေးနိုင်ဘူး။။ လုံရေနဲ့ ပဲ မီးအေးအေးလေးနဲ့ ချက်ပါတယ် မိနစ် ၂၀လောက်ဆို အသားနူးပါပြီး မန်ကျည်းရည်လေအုပ်လိုက်ပါ..ဆီပြန်လာအောင်ခဏထားပြီး အရသာရှိတဲ့ဝက်သားသီဟိုဠ်ချက်ခေါ် ကုလာချင်လေးရပါပြီး...
ဒါကတော့ ပန်းဂေါ်ပီ သနပ်လုပ်နည်းလေးပါ.. တင်ပေးလိုက်ပါတယ်။။။
ပန်းပွင့် ဥနီ ကို သေးသေးလေးတွေလှီးထားပါတယ်...
ပန်းပွင့်တစ်ပွင့် ဦးနီ သုံးထောင့် နံနံစေ့ မဆလာ ရှာလကာရည် ဟင်းခက်ဇွန်း ၁ဇွန်း သကြား ၁ဇွန်း ဆီ ငါကျပ်သား
ငရုပ်သီး အရောင်တင်မှုန့် လိုပါတယ်။။
ရှာလာကာရည် သကြား ရေကို အနေတော်လေးထည့် ဆားထည့်ဆူလာအောင်ထား ပြီးရင်ပန်းပွင့် ဥနီထည့်လိုက်ပါ ထည့်ပြီးတာနဲ့ ချက်ချင် ရေစစ်လိုက်ပါ ပျော့သွားရင်မကောင်းဘူး ။။
ရေစစ်ထားပြီ....
ဆီကိုပူလာအောင်ထားပြီးမီးဖို ပေါ်က ချပြီ ၃မိနစ်လောက်ထားပြီ ငရုပ်သီးအရောင်တင်မှုန့်ထည့်ပါ မဆလာပါထည့်ပါ ထည့်တာစောရင်မဲသွားနိုင်လို့ ၃မိနစ် ကြားခိုင်းတာပါ နံနံစေ့လေးကိုလျော်ထားပြီးထည့်လိုက်ပါ.. အရသာရှိတဲ့ပန်းဂေါ်ပီသနပ်
ရပါပြီး ကြက်သွန်ဖြူကြိုက်သူများထည့်နိုင်ပါတယ်။။။။
ဟင်းနှစ်ခုကမလိုက်ပေမဲ့အဆင်ပြေတဲ့အခါချက်စားပေါ့...သက်သတ်လွတ်စားသူများအဆင်ပြေပါတယ်။။။ အားလုံးကျန်းမာပျော်၇ွှင်ကြပါစေ...
Friday, August 31, 2012
ထမင်းမြိန်စေတဲ့ရခိုင်ဟင်းလှော်..
မင်္ဂလာပါရှင်. ..စာမရေးဖြစ်သေးတာနဲ့ ထမင်းမြိန်စေမဲ့ တောနည်းခေါ်မလား ဆီမပါဟင်းခေါ်မလား... အမေကပြောတော့
ရခိုင်ဟင်းလှော်တဲ့..ရခိုင်လူမျိုးတစ်ယောက်ဆီကတတ်တာတဲ့ လမင်းအရမ်းကြိုက်တဲ့ ဟင်းပါ။။
ငယ်ငယ်ကတော့ခဏခဏစားဖြစ်ပေမဲ့
အခုအမေကိုချက်ခိုင်းရင် သမီးရေ အဲ့ဟင်းက အရွက်သာဆိုတာ ကုန်တာက အသားဟင်းချက်တာထက်ကုန်တယ်။။
ကုန်ဆို အခုခေတ်က အရွက်တွေဈေးကြီးနေတာကို လမင်းတို့ ငယ်ငယ်ကတော့နယ်မှာနေတော့ အရွက်တွေက လိုက်ခူးရင်
အများကြီးရတယ်။။။သမီး ဟင်းလှော်စားချင်ရင် လိုအပ်တဲ့အရွက်တွေလိုက်ခူးဆို ဟင်းတစ်ခွက်ဖြစ်တာပဲ။။ မြို့ရောက်တော့ အကုန်ဈေးကြီးတာနဲ့ သိပ့်မချက်စားဖြစ်ပါဘူး။။။ အခုလည်း လမင်း ဒီရောက်တည်းက အခုပထမဆုံးချက်စားဖြစ်တာပါ။။
အရွက်တွေရှင်းတာရယ်... ခြံထဲဘူးရွက် ပဲထောင့်ရှည် ရုံးပတီသီး ခရမ်းသီးတွေစိုက်ထားတော့ ကျန်တာသိပ်ပြီးတော့မ၀ယ်လိုက်ရပါဘူး။။
ဟင်းလှော် မှာလိုအပ်တာက .. ကန်စွန်းရွက် ချဉ်ပေါင်ရွက် မျှစ် ရုံးပတီသီး ဘူးရွက် ပဲထောင့်ရှည်သီး ထိကရုံရွက်လား ပင်လား :P
နယ်မှာတုန်းကတော့အစုံထည့်တယ်။။ အခုတော့တော်ပါပြီး ။။တော်ကြာအရွက်ဖိုးနဲ့ ချက်ဖြစ်မှာမဟုတ်တော့ဘူး..:D
ပါဝင်တဲ့အရွက်တွေကို အိုးထဲထည့်ပြီး။။ပုံပါအတိုင်း မျှင်ငါးပိ နနွင်းမှုန့် ဆီတစ်ဇွန်းရယ်..ဆား အချိုမှုန့်ထည့်..
ငြုပ်သီးစိမ်း ကြက်သွန်နီ ဖြူ ရောကြိတ်ထား ငြုပ်သီးစိမ်းများများထည့်ရပါတယ်။။ ရခိုင်ဟင်းဆိုတော့ စပ်မှစားကောင်းပါတယ်။။
ဒါကအရွက်တွေအကုန်ထည့်ထားပြီး..
ကြိတ်ထားသော ငရုပ်ကြက်သွန်တို့ နယ်တဲ့အခါ လက်ပူမှာ ကြောက်ရင်တော့ လက်အိတ်သို့ မဟုတ် ဇွန်းနဲ့ နယ်ပါ..
မွှေနေပါပြီး ဟင်းလှော်ဆိုတော့လှော်ရတာပေါ့..:P
ကျက်ပါပြီးရှင် ထမင်းမြိန်စေပြီးစပ်စပ်လေးစားလို့ ကောင်းမှကောင်း.. ကိုယ်ပဲချက် ကိုယ်ပဲကောင်းနေတာထင်တယ်။။:P
နောက်တစ်ခုကတော့ လမင်းသူငယ်ချင်းတစ်ယောက်လုပ်စားတတ်တဲ့နည်းလေးပါ။။
ပဲထောင့်ရှည်ရယ် ငါပိုငုပ်သီးစိမ်း ကြက်သွန်ဖြူ
ငါးပိကိုမီးအုံပေးလိုက်ပါ.. ဒါမှမဟုတ် အခုခေတ်ထောင်းပြီးသားငါးပိလေးတွေရှိပါတယ်။။ငြုပ်သီးစိမ်း ကြက်သွန်ဖြူထပ်ထည့်ပြီး
ထောင်းရပါတယ်.. လမင်းတော့ကြိတ်လိုက်တယ်။။ ဒီမှာထောင်းရမလွယ်ဘူး။။
ကြိတ်ဖို့ အဆင်သင့်ပါ..
ရပါပြီးလွယ်ကူပြီး စားလို့ အရမ်းကောင်းပါတယ် အစိမ်းနံမကြိုက်သူများတော့ ကြိုက်မယ်မထင်ဘူး ပဲထောင့်ရှည်သီး
အစိမ်းနံနည်းနည်းထွက်ပါတယ်.. လမင်းကတော့ ဘူးသီးနုနုကို အချိုချက်လေးချက်ပြီးတွဲစားလိုက်တယ်။။
အခုတလော ဆီပြန်ဟင်းတွေ အသားဟင်းတွေမစားချင်တာနဲ့ .. ချက်စားတော့လည်း မောင်နှမတွေကိုသတိရလို့ တင်ပေးလိုက်ပါတယ်။။။ ထမင်းမြိန်ပြီး..
ကျန်းမာပျော်ရွှင်ကြပါစေ..
Thursday, August 23, 2012
မြောင်းမြမုန့်ဟင်းခါးချက်နည်း....
ဒီတစ်ခါတော့ လမင်းတို့ ဘက်က မုန့်ဟင်းခါးချက်နည်းလေးတင်ပေးလိုက်ပါတယ်။။။
ဧရာဝတီတိုင်းဘက်က ဒီနည်းပဲ ချက်ကြပါတယ်။။။ လမင်းရန်ကုန်စရောက်တော့ ရန်ကုန်မုန့်ဟင်းခါးမစား
တတ်သလိုပေါ့.. မြောင်းမြ မုန့် ဟင်းခါးတော့တစ်ချို့ ရန်ကုန်ကလူတွေကြိုက်ကြပါတယ်။။။
မြောင်းမြ မုန့်ဟင်းခါးပေါ့ ။။ဒေါ်ချိုတော့မဟုတ်ဘူးနော်... ဒေါ်လမင်းပါ..:D
ပထမ ငါးပြုတ်ပါမယ်.. လမင်းတော့ မုန့်ဟင်းခါးဆို ငါးခူပဲ သုံးပါတယ်.. ဂျင်း စပါးလင်. ငါးပြာရည်. နနွင်
ရောပြုတ်ပါတယ်။။။ ၁၅ မိနစ်လောက်ဆိုရပေမဲ့ လမင်းတော့ မိနစ် ၂၀ လောက်ထားလိုက်တယ်။။
ငါးကိုအရိုးထုတ် ကြက်သွန်နီ ဖြူ နဲ့ ဆီသတ် နနွင်းထည့်ပါတယ်...
အရောင်က အ၀ါရောင်ပေါ့.. ဆီသက်ပြီ ငါးနွှင်ထားတာ ထည့်ပါတယ်..ငါးပြုတ်ရည်ဆူလာရင် ငါးဆီသတ်ထားတာ
ထည့်လိုက်ပါတယ်။။ ၁၅ မိနစ်လောက်ကြာရင် ဆန်မှုန့် ရေဖျော်ထည့်ပါတယ်။။ နောက်ထပ် ၁၅ မိနစ်လောက်ကြာရင်တော့
ငရုပ်ကောင်းရယ် ကြက်သွန်ဖြူရယ်ထောင်းထားတာကို ထည့်ပါတယ်။။ လမင်းငရုပ်ဆုံ မိုက်တယ်နော်.. :D
ဒီပုံဖြစ်သွားပါပြီး ၁၅ မိနစ်လောက်ဆိုစားလို့ရပါပြီး လမင်းတော့မီးအေးအေးလေးနဲ့ ထားလိုက်တယ်..ဌက်ပျောအူ မရှိလို့ 
တရုတ်ဆိုင်က ဘာဥလည်းသိဘူး တရုတ်လို့ ရေးထားတယ်။။ ဒီကတော့အဲဒါကိုဌက်ပျောအူအနေနဲ့ ထည့်ကြတယ် ။။
မဆိုးဘူးကောင်းသားပဲ..
ပွဲပြင်ထားတော့ရန်ကုန်နဲ့ မတူဘူး ။။။ ပဲမှုန့် ဆီကျက် ထည့်ကြပါတယ်။။ ငရုပ် နံနံပင်.. ပဲသီးစိမ်းတို့ ထည့်စားတတ်ကြတယ်။။ ပြင်ထားပါပြီး။။။
စားပါတော့မယ်... လမင်းတို့ ဘက်ကတော့ ဘဲဥထည့်စားလေ့မရှိကြပါဘူး။။ အီကြာကွေးနဲ့ တော့တစ်ချို့တွေစားတတ်ကြပါတယ်။။ ချက်နေရင်ဆိုတော့ တစ်ချို့ပုံတွေမရိုက်မိလို့ အဆင်ပြေတာလေပဲ
တင်ပေးလိုက်ပါတယ်။။ချက်ရတာလွယ်ပြီးစားလို့ လည်းကောင်းပါတယ်.. ရန်ကုန်မုန့်ဟင်းခါးကနည်းနည်းအလုပ်များတယ်။။:P
လမင်းကတော့ ကိုယ့်ဒေသကချက်နည်းပဲကြိုက်တယ်... အကြိုက်ချင်တော့မတူဘူးပေါ့နော်.
ဘူးသီးကြော်ပါ မုန့်ဟင်းခါးနဲ့ စားစား ဒီတိုင်းပဲစားစား ကြော်စားဖြစ်လို့ ထည့်ပေးလိုက်ပါတယ်။။။ကြော်နည်းကလွယ်တော့
မရေးတော့ပါဘူး။။ .
ဒါကတော့ကောက်ဆွဲကြော် ကလေးတစ်ယောက်မွေးနေ့မှာ လက်ဆောင်အနေနဲ့ ကြော်ပေးလိုက်တာ မွေးနေ့ လက်ဆောင်ပေါ့..:D
နောက်ပိုင်းလမင်းချက်နည်းသိပ့်မတင်တော့ဘူးနော်.. ၀ိတ်ချနေလို့ ရှိတာနဲ့ ဖြစ်သလိုပဲစားနေပါတယ်။။
မုန့်ဟင်းခါးတော့မစားတာကြာလို့  ပြီးတော့ မြောင်းမြနည်းလည်းမတင်ဖူးသေးတာနဲ့ တင်ပေးလိုက်တာပါ။။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ...:)
Sunday, June 3, 2012
ရှမ်းထမင်းချဉ် လုပ်စားကြမယ်..
အားလုံးမင်္ဂလာပါရှင်... ဒီတစ်ခါအလှည့်ကတော့ ရှမ်းထမင်းချဉ်ပါ... လမင်းတော့အရမ်းကြိုက်တယ်။။
မကြာမကြာလုပ်စားဖြစ်တယ်။။။ လုပ်စားဖြစ်တော့လည်း မောင်နှမတွေကိုသတိရပြန်ရော သတိရတော့
တင်မိပြန်ရောပေါ့.. ချက်ပြုတ်ဝါသနာပါလား ဆိုတော့ ပါဘူးရယ် အမှန်ပြောတာ.. မပါပေမဲ့ကိုယ်မှမချက်
ချက်မယ့်သူမရှိဘူး။။ ဟင်းချက်နည်းတင်တာနဲ့ ပတ်သက်လို့ လမင်းအမေးခံနေရပါတယ်။။ တကယ်ချက်တတ်တာလားတဲ့  ကြောင်တော့ကြောင်သွားတယ်။။ မသိရင်လမင်းပဲသူများချက်ထားတာယူတင်
သလိုပဲနော်..  မေးတဲ့သူတွေက လိုင်းပေါ်မှာ မသိလို့ မေးကြတာဖြေပေးနိုင်သေးတယ်.. ဆိုးတာက သူငယ်ချင်းအရင်းတွေက နင်က ဟင်းချက်တတ်တယ်.. ဟုတ်မှလုပ်ပါဟယ်တဲ့ မြန်မာပြည်မှာ ချက်တာလည်းမတွေ့ မိပါဘူး။။ ဒါလူကို အထင်သေးတာပဲ:P ဟင်းကို အစုံမချက်တတ်ပေမဲ့ချက်တိုင်းတော့ကောင်းအောင်ချက်နိုင်တယ် :P အိမ်ဖုန်းဆက်ရင်လည်း အမေက သမီးစားရသောက်ရ အဆင်ပြေလားမေးရင် ပြေပါတယ် အမေ .. ဒီမှာ အားလုံးဝယ်လို့ ရပါတယ်။။ ဘာဝယ်လာတယ် ..ဒီနေ့တော့ ဘာချက်စားဖြစ်တယ်ပြောတော့ အမေက သမီးတောင် ဟင်းချက်တတ်နေပြီကိုတဲ့ ..ကောင်းရော.. လမင်းမြန်မာပြည်ထဲကချက်တတ်တာပါ.. မီးဖိုချောင်ထဲမ၀င်ဖြစ်လို့ သာ အမေ မသိတာပါ မြန်မာပြည်မှာက အပြင်အလုပ်လုပ်တော့ မီးဖိုထဲ မ၀င်ဖြစ်တာကို အမေ မေ့နေပုံပဲ.. နောက်တစ်ခု အမေ ရော အဖေရော ဟင်းချက်ကောင်းကြတယ်။။
ဒါကိုမေ့နေကြလို့ များလား.. ဒီမိဘကမွေးလာတဲ့သမီး ဒီလောက်လေးမှ မချက်တတ်ရင်  မဟုတ်သေးပါဘူးလေနော်။။  ရှမ်းထမင်းချဉ်လေးစားရဖို့ စကားကရှည်လိုက်တာမပြောကြပါနဲ့နော်..ပြောကြလွန်လို့ ပါ။။
ကဲစပါပြီ..  လိုအပ်တာပစ္စည်းတွေက
ငါး ကြင်း သို့ မဟုတ် ငါးရံ့   လမင်းတို့ ဒီမှာငါးခူ တွေကကြီးတော့လမင်း ငါးခူပဲသုံးပါတယ်။။
ခရမ်းချဉ်သီး.. ထမင်း အနည်း အများပေါ်မှုတည်ပြီ ထည့်ပါ..
ပဲမှုန့်  ကြက်သွန်ဖြူ ဆီသတ် ငါးပြာရည်.. အရောင်လိုချင်ရင်တော့ အရောင်တင်မှုန့် ကို ဆီကျက်ချက်ထားပါ ချက်နည်းက ဆီကို ပူအောင်ပေးပြီ မီးပိတ်လိုက်ပါ တစ်မိနစ်လောက်ကြာမှအရောင်တင်မှုန့်ထည့်ပါ မဲသွားနိုင်လို့ ပါ.
ပထမ ငါးကိုပြုတ်ထားပါ  ခရမ်းချဉ်သီးကိုလည်းပြုတ်ထားပါ ရေနဲနဲလေးပဲထည့်ပြီ မီးအေးအေးနဲ့ ထားပါ။။
အလွယ်နည်းကတော့  Microwave ထဲ ၂မိနစ်လောက်ထားလိုက်ရင်ရပါပြီ.. လမင်းတော့ အဲဒါတွေသိပ်မသုံးဘူး မီးဖိုပဲသုံးဖြစ်တယ်.. အရသာမတူပါဘူး။။ တကယ် အဟုတ်..
ထမင်းလည်းချက်ထားအုံးနော်.. :P   ခရမ်းချဉ်သီးရရင်အခွံရယ်  အစေ့မပါအောင် ဇကာခွက်နဲ့  စစ်ထားပေးပါ..ကြက်သွန်ဖြူဆီသတ်က နနွင်းမထည့်ဘူးနော်..
 ပုံတွေရိုက်ထားတာပျောက်ကုန်တာတွေရှိတော့ ရှိတာလေးတင်ပေးလိုက်ပါတယ် ။။။
အားလုံးအဆင်သင့်ဖြစ်ပြီဆို ပန်းကန်ပြားထဲ ထမင်း နဲ့ အထက်က ပြောထားတဲ့ပစ္စည်းတွေ အကုန်ရောနယ်ပြီ အလုံးလေးတွေဖြစ်အောင်လုပ်ပါ..
ဒါကတော့တွဲဖက်စားဖို့  ဂျုးမြစ် မြေပဲ ငရုပ်သီးခြောက်ကြော် ပဲပုပ်ကြော် ကြက်သွန်မြိတ်..
ကဲ ပြီးပြီဆို စားသုံးလို့ ရပါပြီရှင်..မေ့နေတာ ငါးပြုတ်ရည်က ဟင်းချိုလုပ်သောက်နိုင်ပါတယ်.. ကြက်သွန်မြိတ်ထည့် ငရုပ်ကောင်း မှုန့် ထည့်ပြီ သောက်နိုင်ပါတယ်.. ဂလု ဂလု :D ဓာတ်ပုံတစ်ချို့ပျောက်လို့  အဆင်ပြေသလောက်တင်ပေးလိုက်ပါတယ်...ရေးထားတာရှုပ်များနေလာမသိဘူး:D
အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ...
Tuesday, May 15, 2012
ဝက်သားချဉ်ချက်စားကြမယ်..
အခုတလော ဟင်းချက်နည်းမတင်တာကြာလို့ တင်ပေးလိုက်ပါတယ်။။ ကိုယ်ကြိုက်တာကိုယ်တင်ထားတာနော်.. ဘာဖြစ်နေမှန်းကို မသိဘူး ငယ်ငယ်က ၀က်သားမစားဘူး .. ၀က်သားလို့ချက်တယ်ပြောတာနဲ့ ခေါင်းမူးလာတာ..အိမ်က ၀က်သားချက်ရင် လမင်းအတွက် အခြားချက်ပေးရတယ်။။ အခုများတော့ ၀က်သား ၀က်သားနဲ့ လူလည်းဝက်ရုပ်လေးပေါက်နေပြီ ဟီး ၀ိတ်ချမယ် ၀က်သားမစားတော့ဘူးလို့တင်းထားပေမယ့် ဆိုင်ရောက်လို့ သုံးထပ်သားလေးများမြင်လို့ကတော့ အလိုလိုခြင်းထဲရောက်နေတတ်တာ ၀က်သားပါ.။။ အခု ချက်နည်းကလည်း ငယ်ငယ်က အဖေချက်ရင် ကြံကြံဖန်ဖန် လူတွေများ ထမင်းသိုးနဲ့လုပ်စားကြတယ်ပြောတတ်တာလေ ၀က်သားချဉ်ချက်စားလို့တော့ အဖွားအိမ်ပြေးတာပဲ တွေ့ နာနဲ့ကို မစားချင်တာ.. အခုများတော့ အဲအရသာကို ကြိုက်နေပြန်ရော လူတွေ လူတွေ ပြောင်းလိုက်တတ်ကြပုံပြောပါတယ်။။ ကဲပါ စကားရှည်နေတာ လိုအပ်တာ က ၀က်သား ထမင်း ဆား နနွင်း အသားမှုန့် အရောင်တင်မှုန့် ဆီ အနည်းငယ်ပါ။။
ပထမ ၀က်သားကို အနေတော်တုံးထားပြီ ဆား နနွင်း အသားမှုန့် အခု အချိုမှုန့်မသုံးတော့ဘူး ထမင်း နဲ့နယ်တော့မယ်။။
နယ်ပြီသားလေးကို ဗူးတခုနဲ့ထည့်ထားပါ အချဉ် အရမ်းကြိုက်ရင် (၃)ရက်ထားပါ .. လမင်း (၂) ရက်ထားပါတယ်။။
ဒါကတော့ ချက်လို့ရပြီပေါ့ အချဉ်တည် ထားတဲ့ဝက်သားကို အရောင်တင်မှုန့် ဆီ ကြက်သွန်နီ ဖြူ ရောနယ်ပြီ ရေနဲနဲနဲ့ ဆီသတ်ပါမယ်။။
သေချာတော့ စောင့်ကြည့်ရပါတယ် ထမင်းပါတော့ အိုကပ်နိုင်ပါတယ်.. ဆီပြန်လာ၇င် အသားအုပ်အောင် ရေထည့်လိုက်ပါ.. မီးသေးသေးနဲ့ ချက်ထားပါ မကြာခဏမွှေးပေးပါ..ဆီပြန်လာလို့ အသားနူးလာရင်စားလို့ရပါပြီ။။
အသင့်စားလို့ရပါပြီ အိမ်မှာတော့ အဆင်ပြေသလိုထည့်စားတာ ဓာတ်ပုံရိုက်လို့ ပန်းကန်ထဲထည့်ထားတာပါ ..:D
Saturday, April 28, 2012
ငါးသလောက်ချက်စားကြမယ်...
မင်္ဂလာပါရှင် တခုတလော စိတ်လေးနဲနဲရှုပ်နေတာနဲ့ဘလော့လေးလာလည်ကြတဲ့သူတွေပျင်းနေလောက်ရောပေါ့နော်။။ မပျင်းရလေအောင်ဟင်းချက်ကျွေးမယ်နော်။.. ကြိုက်သလောက်စားပါ အ၀စားပါ။။
ငါးသလောက်ကို ဆား ၊နနွင်း ၊ ငံပြာရည် ၊အချိုမှုန့် နယ်ထားထားပါ။။
ကြက်သွန်နီ ဆီသက်ပါ အရောင်နီလာရင်ငရုပ်သီးမှုန့်ထည့်ပါ ငါးသလောက်ချက်ရင်လမင်းကြက်သွန်ဖြူမသုံးပါ။။။ ကြိုက်ရင်သုံးနိုင်ပါတယ် ဒါဆီသတ်ပြီ ငါးထည့်လိုက်ပါပြီ။။ ပြီရေနဲနဲထည့်ပါ အနံမွှေးလာရင်ငါးဆိုတာကျက်ပါပြီး လမင်းခရမ်းချဉ်သီးသုံးပါတယ်။။ မန်ကျည်းရည်နဲနဲထည့်ပါတယ် ။။ ဟင်းအိုးချတော့မယ်ဆို နံနံပင်အုပ်လိုက်ပါ။။အရမ်းလွယ်ပြီ ချက်ရတာမြန်ပါတယ်။။။
ဒါကတော့အဆင်သင့်စားလို့ရပါပြီ ငါးသဘောက်ကို အများကတော့ပေါင်းစားကြပါတယ် အရိုးကြောက်ကြလို့ပါ လမင်းကတော့အခုလိုလေးချက်စားတာပိုကြိုက်ပါတယ် အရိုးလည်းခဏခဏဆူးပါတယ် :P ဟင်းချက်လည်းမတင်ဖြစ်တာကြာတော့ ရိုက်ထားမိတာလေတင်ပေးလိုက်တာပါ။။ အခုတလောဝိတ်ချနေတာဆိုတော့ ဟင်းသိပ့်ချက်မစားဖြစ်တာလေ ချက်မိရင်စားမိတယ်။။ စားမိတော့ သိတဲ့အတိုင်းပဲ :D
Tuesday, April 3, 2012
ငါးသလောက်ပေါင်းနဲ့  စိတ်ထွက်ပေါက်..
ဒီတခါတော့ငါးသာလောက်ပေါင်းကြတာပေါ့ လမင်းကငါးသာလောက်ဆို အချဉ်လေးနဲ့ ချက်တာပဲ
ကြိုက်တာပါ။။ တချို့ကတော့အရိုးကြောက်ကြတော့ ပေါင်းစားတတ်ကြပါတယ်။။
စကားရှည်နေတာ ပါဝင်တဲ့ပစ္စည်းတွေပဲ ပြောတော့မယ်။။
စပါးလင်၊ ကြက်သွန်နီ၊ဆား၊အချိုမုန့်၊ ခရမ်းချဉ်သီး၊ ရှလကာရည်၊နနွင်
ငါးကို ဆား အချိုမုန့် ရှလကာရည် နနွင် တို့နဲ့ မိနစ်(၃၀) လောက်နယ်ထားပါ။
ပြီရင်ပြထားတဲ့ပေါင်းအိုးကို အောက်ခံအနေနဲ့ စပါးလင်ခံထည့်ပါ အနံသဘောနဲ့ အိုးမကပ်အောင်ပေါ့ :D
ပြီရင် ပုံအတိုင်း အိုးထဲကိုနယ်ထားတဲ့ငါးထည့်ပြီ ခရမ်းချဉ်သီး ကြက်သွန်နီ ပဲငံပြာရည်အရောင်အနေနဲ့
ထည့်ပါ ငရုပ်သီးသုံးချင်လည်း ပဲငံပြာရည်အစား ငရုပ်သီးထည့်ပါ။။
ရေကို ငါးမြုပ်အောင်ထည့်ပြီ (၄၅) မိနစ် ပေါင်းပါ။ပြည့်လိုရေရှိသေးတယ်ဆို ဆီပြန်အောင်ထားလိုက်ပါ။
 အခုလိုစားချင်စဖွယ်ရသွားပါပြီ
အဆင်ပြေပါစေနော် ၄၅ မိနစ်ပြည့်ရင်ရေကျန်နိုင်ပါတယ်။။ ဆီပြန်အောင်ထားရမယ်နော်။။
အခုဆို လမင်းသီချင်းပဲဆိုနေတယ်လို့ ပြောရဘူးနော်.. ဟင်းလည်းချက်ပါတယ်။။:P
ငါးဟင်းလေးလည်းမြည်းရင် သင်္ကြန်သီချင်းလေးပါတင်ပေးထားတယ်နော်
ငါးဟင်းနဲ့ မြုစွမ်ပြီနားညည်းအောင်လုပ်တယ်လို့ပြောရဘူးနော် စိတ်ထွက်ပေါက်အနေနဲ့ အော်တာပါ:P
Sunday, March 25, 2012
မုန့် ဟင်းခါးချက်စားကြရအောင်..
 ငါးခူ၊ ဂျင်၊စပါးလင်၊ကြက်သွန်နီ၊ ဖြူ ဆန်မှုန့် ၊နနွင်းဆား၊၊ ပဲကျက်မှုန့်၊ငံပြာရည်၊ငရုပ်ကောင်း
ပထမ ငါးကိုငံပြာရည် နနွင်း ဆား အချိုမှုန့် စပါးလင်နဲ့ ပြုတ်ပါ....ပုံပါအတိုင်အသားနွှာထားပါ..
ဂျင်နဲ့ စပါးလင် ကြက်သွန်ဖြူကိုကြိတ်ထားပါ။။ထောင်းလို့လည်းရပါတယ်။။
 ဒီပုံအတိုင်းကြက်သွန်နီဆီအရင်သက်ပါ... ဂျင်နဲ့ စပါးလင် ကြက်သွန်ဖြူကိုကြိတ်ထားထည့်ပါ..
အရောင်နီလာရင်ငရုပ်သီးမှုန့်ထည့်ပါ လိုသလောက်ပေါ့ စပ်မယ်နော် သတိ..:)
 ပြီရင်ငါးထည့်ဆီသက်ပါ.. မွှေးလာပြီဆို ငါးပြုတ်ရေထဲထည့်လိုက်ပါ...
ဆူလာရင်တော့ ဆန်မှုန့်၊ ပဲကျက်မှုန့်ရေဖျော်ထည့်ပါ..ဟင်းရည်ချိုအောင် အချိုမှုန့်သုံးနိုင်ပါတယ်..မိနစ် (၂၀ )လောက်တော့ထားပြီ.. ငရုပ်ကောင်းမှုန့်ထည့်လိုက်ပါ အပေါ့အငန်မြည်းပြီ သုံးဆောင်လို့ရပါပြီ:)
တနင်္ဂနွေကလုပ်စားဖြစ်တာပါ မတင်ဖြစ်တာ အခုတော့အားရပါရစားသွားကြပါနော်...
မေ့နေတာ နံနံပင်၊သံပရာသီး၊ ကြက်ဥကတော့ အဆင်ပြေသလိုပေါ့...
ပဲကြော်တော့လမင်းမြန်မာဆိုင်က၀ယ်ထားတာကျန်တာလေးထည့်ထားတာပါ..
ငရုပ်သီးပါတာလမင်းစားမလို့နော်..:P