ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
Wednesday, December 12, 2012
အမေ့ထံပေးစာ..
သို့ ...........
မေမေ နေကောင်းလား.. ကျန်းမာရေးကိုဂရုစိုက်ပါနော်...
.ဟို.. တလောကနေမကောင်းဘူး သတင်းကြားလို့ 
စိတ်ပူစွာ သမီးဖုန်းဆက်တော့  ဟဲလို ဟဲဟို ကြားလား သမီးကြားလား.. ဆိုတဲ့အမေ့ အသံ နေမကောင်းလို့ အားနည်းနေတဲ့ အမေကို ပိုသနားမိတယ်..
မေမေရယ်...
သမီးလေ အမေနား နေပြီ သေချာပြုစု ယုယချင်ပေမဲ့ မလွဲသာလို့ အမေရင်ခွင့်နဲ့ ဝေးရာကို ထွက်လာခဲ့ရတယ်..အမေ..........
သမီးချစ်တဲ့အမိမြေက သမီးအတွက် အလုပ်ရှားလိုက်တာအမေရယ်။။။
ဒါပေမဲ့ သမီးဒီရောက်မှ သိလိုက်ရတာက လူတော်တော်များများလည်းအလုပ်လက်မဲ့ဖြစ်နေကြတယ်လို့  ကြားရတော့စိတ်မကောင်းဖြစ်မိတယ်။ အမေရယ်... သမီးလည်း ကိုယ်ချစ်တဲ့မိသားစု နဲ့ ဘယ်ခွဲချင်ပါ့မလည်းလေ..............
ဖုန်းဆက်တိုင်းဘယ်တော့ပြန်လာမှာလဲ သမီးလို့ မေးတိုင်း သမီးရင်တွေနာရတယ် အမေ...........
ပြန်လာပါတော့ သမီးရယ်.. ဒီမှာပဲ လုပ်ကိုင်စားသောက်ကြတာပေါ့ .. ပြန်လာပါတော့နော်.. ဒီမှာလည်းတိုးတက်ပြောင်းလဲလာပါပြီ သမီးရယ်ဆိုတဲ့
အမေ့ရဲ့  မျှော်လင့်ချက် လေသံလေးကိုကြားတော့ ရင်စို့ မိတယ် အမေရယ်.......
သမီးတွေ့ နေ ကြားနေရတဲ့ တိုးတက်မှုတွေကတော့ ကုန်ဈေးနှုန်း နဲ့ ဆန္ဒပြမှုတွေပဲမြင်နေကြားနေရတယ်။.. အမေ....အလုပ်မရှိကြလို့ ထင်ပါတယ် အမေရယ်....လူတွေလည်း.ဆန္ဒပဲပြနေကြတော့တယ်။။..
ဘာပဲဖြစ်ဖြစ်ပေါ့.. အမေ.. သမီးချစ်တဲ့ အမိမြေနဲ့ အမေရင်ခွင်ကိုတော့ မရောက်ရောက်အောင်ပြန်လာမယ် ဆုံးဖြတ်လိုက်ပြီး အမေ.........
ဒီကလူတွေက နင်မိုက်လိုက်တာဟယ်..နတ်ပြည်ရောက်နေတာကို  ငရဲပြည်လိုနေရာမျိုးကို နင်တကယ်ပြန်မယ်ဟုတ်လား... နင်သတ္တိရှိလိုက်တာလို့ သမီးကို ပြောကြတယ် အမေ..
သူတို့ တွေမှာ သမီးရဲ့ ခံစားချက်တွေကို နားမလည်းကြတာအမေရယ်.. အမေ ရှိတဲ့အရပ်က သူတို့ ပြောသလိုသမီးကိုပူလောင်စေတယ်ဆိုရင်တောင်..
အမေ့ မေတ္တာရဲ့ အေးမြမှုတွေနဲ့ ယှဉ်လိုက်ရင် သမီးအတွက်တော့ အသေးအမွားလေးတွေပါ အမေ..
သမီး မကြာခင် အမေရှိတဲ့ အမိမြေကိုခိုလှုံဖို့ ပြန်လာတော့မယ် အမေမျော်လင့်ချက် တွေ ပြည့်တော့မယ် အမေ..
အမေလည်းကျန်းမာရေး ဂရုစိုက်ပါနော်..သမီးလည်းနေကောင်းပါတယ်။။
အမေကို ချစ်တဲ့ သမီးကြီးး..:)
ကျွန်မ ဖြစ်ချင်တဲ့မိသားစု ဘ၀လေးနေခွင့်အမြန်ရပါစေသာ..............
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ.............
16 comments:
  1. အွန် ....လမင်း တကယ်ကြီးပြန်လာတော့မှာလား
    ကိုယ်စိတ်ဆန္ဒရှိတဲ့နေရာ ဟာ ကိုယ့်အတွက်အေးချမ်းပါတယ်
    အထူးသဖြင့်မိသားစုနဲ့  သိုက်သိုက်ဝန်းဝန်းနေရတဲ့အရသာဟာ
    ဘာနဲ့ မှလဲလို့ မရနိုင်ပါဘူး ...(ပျော်ရာမှာမနေ တော်ရမှာနေ)ဆိုတဲ့စကားကို အံတုတာမဟုတ်ပါဘူး
    လူဘ၀တိုတိုလေးမှာ လူဟာစိတ်ချမ်းသာအောင်နေတတ်ဖို့ လိုအပ်ပါတယ်
    ReplyDelete
  2. မြန်မာပြည်ကို ပြန်လာဘို့ ဆုံးဖြတ်ပြီးပြီဆိုတော့ တီတင့်ဆီမကြာခင် ရောက်လာတော့မှာပေါ့နော်း)
    အမေ့ထံပေးစာလေးဖတ်ပြီး သမီးလိမ္မာတစ်ယောက်အဖြစ် ခံစားမိတယ် လမင်းလေးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  3. နတ်ပြည်အစစ်ကကိုယ့်မွေးရပ်မြေပါ
    တိုင်းတပါးမှ...ငရဲပြည်ပါ
    ဘယ်လောက်ပဲကောင်းပါတယ်ပြောပြော...
    ကိုယ့်တိုင်းပြည်...နေရတာအကောင်းဆုံးပဲ
    ဆန္ဒပြတယ်ဆိုတာ.....အဆိုးမဟုတ်ပါဘူး
    ကိုယ်လိုချင်နေတဲ့..ဆန္ဒကိုထုပ်ဖော်ပြတာပဲ
    ကိုယ်ချစ်နေတဲ့သူကို..ချစ်နေတဲ့ဆန္ဒရှိတာကို...မပြသပဲနေရင်..ကိုယ့်ဘယ်လိုပြန်ချစ်မလဲ
    ဆန္ဒပြတယ်ဆို.တာ..ရိုင်းရိုင်းတွေးရိုင်းရိုင်ပဲထွက်မှပေါ့....ယဉ်ယဉ်တွေးရင်...
    ReplyDelete
  4. လမင်းရေ တကယ်ပြန်တော့မလားဟင်........
    အမေ ကိုသတိရနေတာကတော့အရမ်းတူနေပြီ....
    ကိုယ့်ကိုကိုလဲ နေသင့်တဲ့နေရာ
    နေရမယ့်နေရာ ဆိုပြီးအမြဲစဉ်းစားနေမိတာပါ
    မိုးသူပြောသလိုပေါ့နော်
    လူ့ဘ၀တိုတိုလေးမှာ စိတ်ချမ်းသာအောင်နေတတ်ဖို့တော့လိုတယ်
    ပျော်ရွှင်တဲ့ ခရစ်စမတ်လေးဖြစ်ပါစေ
    sis jasmine
    ReplyDelete
  5. မမလမင်းပြန်သွားရင်လည်း ဘလော့လေးကိုတော့ ဆက်လက်ရေးသားဦးနော်
    ဘယ်သူမဆို ဘယ်နေရာဘယ်လောက်ကောင်းပါစေ ကိုယ့်မွေးရပ်ကိုတော့ ဘယ်မေ့နိုင်မှာလဲ
    ကိုယ်ချင်းစာပါတယ် မမလမင်း
    ဖြစ်ချင်တဲ့မိသားစု ဘ၀လေးနေခွင့်အမြန်ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်
    ပျော်ရွှင်နိုင်ပါစေနော်
    ခင်တဲ့(အိပ်မက်ကောင်းကင်)
    ReplyDelete
  6. လရိပ်လဲ မိသားစုနဲ့တူတူ သိုက်သိုက်ဝန်းဝန်းနေချင်တာ။
    အမေကို သတိမရအောင် ကြိုးစားဖြေဖျောက်လဲ သတိရတာဘဲ။
    အမိမြေနဲ့ဝေးကွာပြီး မိသားစုတူတူမနေရတဲ့လူတွေအားလုံးကို ကိုယ်ချင်းစာမိတယ်။
    ReplyDelete
  7. တစ်ပတ်လောက်အမေနဲ့ဝေးနေရတာတောင်
    သတိရတဲ့စိတ်တွေက အဆောင်ကနေ
    ပြန်ပြေးချင်လောက်အောင်ပါပဲ
    ကိုယ်ချင်းစာပါတယ်ဗျာ
    နိုင်ငံရေးကတော့
    ကျွန်တော်တို့ ဒီလိုတွေပဲဖြစ်နေအုံးမှာပဲဗျာ.....။
    ReplyDelete
  8. ပြန်တော့မယ်ပေါ့ မမ
    ကန်ဒီလည်း ပြန်ချင်နေပြီ >.<
    ReplyDelete
  9. အမေ သက်ရှိထင်ရှား ရှိနေချိန်မှာ အမေ့နားမှာ နေပြီး ပြုစုခွင့် ရတာဟာ နည်းတဲ့အခွင့်အရေး မဟုတ်ပါဘူး၊
    မျှော်လင့်ထားတာတွေ အမြန်ဆုံး ဖြစ်လာပါစေ ညီမရေ...။
    ReplyDelete
  10. ပြန်သာလာခဲ့တော့မမရေ။
    ReplyDelete
  11. အမေ့ဆီင်္ ပြန်တော့မယ်ဆိုတော့ ကိုယ်စား ပျော်ရွှင်မိတယ် အစ်မ..။ မွေးရပ်မြေမှာလည်း အများအကျိုးသယ်ပိုးနိုင်ရင်း အောင်မြင်ပါစေနော် <3
    ReplyDelete
  12. အေးမြန်မြန်ပြန်လာခဲ့တော့သမီးရေ
    အမေစောင့်နေမယ်နော်
    သမီးမောင်လေးကလည်း ဖာဂူဆန်ကြိုက်တယ်ကြီးပြောနေတယ်
    အဲ့တာသမီးပြန်လာရင် နင့်မောင်လေးစားဖို့ ဖာဂူဆန်နဲနဲလောက်ဝယ်ခဲ့ပါအေ:P
    အမေ့အတွက်တော့ထူးထူးထွေထွေဝယ်မနေပါနဲ့
    သမီတို့ဆီမှာခေတ်စားနေတဲ့ လေဒီဂါဂါ ဆိုလား လေဒီဂါဝင်ဆိုလားပဲ:P
    အဲတာလေးတစ်စုံလောက်ပါအေ
    နင့်ညီမလေးကတော့ ဘာဆိုလည်းအေ ငါလည်းနားမလည်ပါဘူး ဘော်ချဲချဲ နဲ့ ဘီးကျဲကျဲ ဆိုလာ
    ReplyDelete
  13. အေးဟာ..အခုလိုလေးဖတ်ရတော့လည်းစိတ်မကောင်းဘူးဟာ
    ပြန်ဟာ..စဉ်းစားမနေနဲ့တော့
    ReplyDelete
  14. ညီမလေးလည်း ပြန်မှာမမရေ..... စောတာနဲ့ နောက်ကျတာပဲကွာတယ်...
    အမေအေးရိပ်မှာ မပြည့်စုံမှုတွေ ရျိပေမယ့်လည်း နွေးထွေးမှုနဲ့ လုံခြုံမှု အပြည့်ရှိပါတယ်မမရေ..
    ReplyDelete
  15. ဟယ်...တကယ်ပြန်လာမှာလားမရေ..
    မမလမင်းကိုလေ မိုးနတ်တကယ်ပဲတွေ့ဖူးချင်မိတယ်....
    မမ အမေကတော့ ဒီစာလေးကို ဖတ်ရရင် အရမ်းပျော်နေမှာပဲနော်
    ပြန်လာမယ်သိရလို့ အရမ်းဝမ်းသာနေမိတယ်မ....
    မောင်လေးမိုးခ ပြောသလို နိုင်ငံရေးကတော့ ဒီလိုပါပဲလေ..
    ချစ်တဲ့ မိုးနတ်
    ReplyDelete
  16. ညီမလေးရေ...
    တိုင်းတစ်ပါးကို နတ်ပြည်လို့ယူဆသူတွေနဲ့ မမတို့အယူအဆကတော့ အနည်းနဲ့အများ ကွာတာပေါ့။
    သူတို့ပြောတဲ့နတ်ပြည်ကြီးမှာ အမိမြေကိုလွမ်း သက်ကြီးရွယ်အိုမိဘတွေကို လွမ်းတာထက် အနီးကပ်
    ပြုစုစောင့်ရှောက် ကိုယ့်လက်လေးနဲ့လုပ်ပေးခွင့်ရချင်တာကို သူတို့မှ မခံစားတတ်တာ။
    အကြံတူနေတော့ မြန်မာပြည်မှာ ပြန်ဆုံကြတာပေါ့။ ပျော်ပျော်ပါးပါး။
    မကြီးလည်း ညီမလေးလိုပါဘဲ အိမ်ကပြန်လာဖို့အမြဲပြောတိုင်း နာကျင်မှု့ထပ်တိုးခဲ့ရတယ်.
    ညီမလေးလိုရာဆန္ဒပြည့်ဝပါစေ.
    ချစ်တဲ့
    မကြီးလွမ်း
    ReplyDelete