ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Sunday, November 18, 2012

ရောင့်ရဲခြင်းနှင့်ပြည့်စုံခြင်း...

မင်္ဂလာပါရှင်........
 ဒီခေါင်းစဉ်လေးနဲ့ ပိုစ့်လေးတစ်ပုဒ်ရေးချင်နေတာကြာပြီး ။။ ပြည့်စုံခြင်းဆိုတဲ့စကားကို လမင်းခဏခဏတွေးဖူးတယ်။။ဘယ်လိုနေရာရောက်ရင် ပြည့်စုံပြီလည်းဘယ်လိုအရာတွေကငါဘ၀ကိုပြည့်စုံပြီလည်း ဆိုတာမျိုးပေါ့။။
 ဦးလေးတစ်ယောက်မေးဖူးတယ်။။
နင်ဘ၀ကပြည့်စုံနေပြီလား။။ အဲ့ မေးခွန်းရဲ့ အဖြေကို လမင်းသေချာပြန်စဉ်းစားကြည့်တယ်။။ ပြည့်စုံတဲ့ဘ၀ဆိုတာ ဘယ်အတိုင်းအတာကိုပြောတာလဲ။။
ကျန်းမာရေးကောင်းနေတယ်.. ပုံမှန်လစာလေးရှိတယ်.. ဆိုပြည့်စုံပြီလား။။။ ဒါလောက်နဲ့ ပြည့်စုံတယ်လို့  သက်မှတ်ရင်တော့ ပြည့်စုံပြီပေါ့။။
တစ်နေ့  လမင်းက ထီပေါက်ချင်ကြောင်းကိုညည်းလိုက်တယ်။။ ဒါကို ဦးလေးကကြားတော့ အဓိက ကကျန်းမာနေဖို့ ပဲတဲ့..ကျန်းမာခြင်းကလာဘ်တစ်ပါးဆိုတာတော့လူတိုင်းသိကြပေမဲ့
ကျန်းမာခြင်းရဲ့ တန်ဖိုးကိုတော့ မကျန်းမာတဲ့အချိန်တွေမှ သိကြတာဆိုတော့ နှာစေး ချောင်းဆိုးတောင်မဖြစ်ဖူးတဲ့ လမင်းက ကျန်းမာခြင်းတန်ဖိုးကိုမေ့ နေတာ သိပ့်မစမ်းပါဘူးနော်။။
ပုံမှန်လစာရှိနေတယ် ။။ကျန်းမာနေတယ်။။ ဘာလိုသေးလဲလို့ မေးလာတော့ ပြောလိုက်ချင်တာပေါ့.. လောကမှာ လိုအပ်နေတာတွေများတာကိုပေါ့။။
လမင်း မိသားစုနဲ့ ပျော်ရွှင်စွာ နေချင်တယ်.. ကိုယ်ပိုင် အလုပ်နဲ့ အောင်မြင်နေတဲ့ သူတစ်ယောက်ဖြစ်ချင်တယ်။။ ကိုယ့်အနာဂတ်ကို စိတ်ကြိုက်ပုံဖော်နိုင်တဲ့ အရည်အချင်းတွေရှိချင်တာပေါ့။။
ငါ့မိသားစု အတွက် ငါ့အနာဂတ်အတွက်နဲ့  လူ့ လောက ကို ဖြတ်သန်းလာခဲ့ကြတာပဲမလား၊?? .. လူဆိုတာကလည်းခက်သားလား ပြီခဲ့တဲ့ အတိတ်ကို နောင်တတွေနဲ့ ဖြတ်သန်းမယ်.. ရောက်မလာသေးတဲ့အနာဂတ်ကိုကြိုတင်မျှော်မှန်းတမ်းတရင် လူ့ လောကထဲကထွက်သွားကြတဲ့သူတွေလည်းဒုနဲ့ ဒေးပေါ့။။။ ( TiBEt  ဘုန်းတော်ကြီး (Dalai LaMa )
ပြောတဲ့ စကားကို သတိရမိတယ်။။ လူတွေဟာ အနာဂတ် အတွက်ပဲ အလုပ်တွေလုပ် အနာဂတ်အတွက်ပဲ တွေးနေကြတာနဲ့ ပစ္စပ္ပုန်ဆိုတာကို ကောင်းကောင်းမခံစားလိုက်ရပဲ သေသွားကြတယ်တဲ့ )
ထိုစကားဟာ လမင်းကို ခြောက်လန့် လိုက်သလို ကိုင်လှုပ် နိုးလိုက်သလို ခံစားမိသွားတယ်။။
နောက်တစ်ခုက လူတွေဟာ ကျန်းမာရေးကို ဂရုမစိုက်ပဲ အလုပ်တွေလုပ်ငွေတွေရှာကြတယ်.. ကျန်းမာရေးလည်းမကောင်းရောငွေကို ကျန်းမာရေးနဲ့ လဲယူကြပြန်တယ်။။ဒီစကားကတော့သံသရာလည်ပုံလေးပေါ့။။။
လွန်ခဲ့တဲ့ တစ်လလောက်က ရန်ကုန်က အသိအဒေါ်ကြီးတစ်ယောက် အသဲကင်ဆာဖြစ်လို့ ဆိုပြီ ဘန်ကောက်ကိုဆေးကု သွားတယ်.. $ 3သောင်း ကုန်နေပြီ ရောဂါအခြေ အနေကို သေချာမသိရသေးဘူး။။
ဒါနဲ့ အိန္ဒိယ နိင်ငံက ခွဲစိတ်မှုပိုကောင်းတယ် ပြောကြတော့ တစ်ခါ အိန္ဒိယကိုပြေး ဟိုရောက်တော့ ထပ်ကုန်ပြန်တယ်။။ $ 3 သောင်း နေစရိတ်စားစရိတ် မပါဘူးထင်တယ်။။ အဲ့ တော့တစ်သက်လုံးရှာထားတာတွေ
အကုန်ထုတ် အိမ်တွေရောင်း ဒါက ရှိတဲ့သူတွေပေါ့.. မရှိတဲ့သူတွေ ကြတော့လည်း မပြည့်စုံမှုတွေကြား ထွက်ခွာသွားကြတာပါပဲလေ........
လူတိုင်းငါဘ၀ကပြည့်စုံသွားပြီလို့ ပြောပြီသေသွားကြတဲ့သူမရှိလောက်ပါဘူး။။ သူတော်စင်တွေတရားထူးရထားတဲ့သူတော်ကောင်းတွေမပါဘူးပေါ့။။

ပြည့်စုံခြင်းဆိုတဲ့ မေးခွန်းကို နောက်တစ်ယောက်က ထပ်မေးလာခဲ့တယ်။။ နင်ဘ၀ပြည့်စုံနေပြီလာတဲ့.ဒီတစ်ကြိမ်တော့မစဉ်းစားပဲ လမင်းပြန်ဖြေလိုက်တယ်။။ရောင့်ရဲတတ်တဲ့စိတ်ကို ထားနိုင်ရင်တော့ငါဘ၀ကပြည့်စုံနေပါပြီလို့ ...

အခုတော့လည်း ပြည့်စုံခြင်းဆိုတဲ့ စကားလုံးရဲ့ အောက်မှာရောင့်ရဲတဲ့စိတ်နဲ့  နေတတ်အောင်လေ့ကျင့်နေပါတယ်။။။:)
အားလုံးကျန်းမာပျော်ရွှင်သော ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ..




11 comments:

  1. ဟုတ်ပါတယ် .. ထရီဆာကတော့ လက်ခံပါတယ်၊ လူသား တစ်ယောက် အဖို့ အောင်မြင်ကျော်ကြားနေမှ ပြည့်စုံနေတာမဟုတ်ပါဘူး၊ ကိုယ့်မိသားစုနဲ့ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းရနေရင်ကိုပဲ ဒါဟာ ပြည့်စုံခြင်း ပါ ။ :))

    ReplyDelete
  2. တန်ဖိုးရှိတဲ့ရသစာပေလေးဖတ်ရှုသွားပါတယ်အမ။

    ReplyDelete
  3. မွေးဖွားရာကနေသေဆုံးချိန်အထိ ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်သူရယ်လို့ မရှိဘူးလို့ယူဆတယ် လမင်းလေးရေ။
    ဘဝမှာ တင်းတိမ်ရောင့်ရဲခြင်းကို လက်ကိုင်ထားမှသာ လိုအပ်မှုတွေကိုဥပက္ခောပြုနိုင်ပြီး စိတ်ဆင်းရဲမှုကင်းမှာပေါ့နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ဟုတ်တယ် ချစ်စံအိမ်လေးရေ
    ရောင့်ရဲတင်းတိမ်တတ်ခြင်းဟာ ပျော်ရွှင်ရခြင်းတစ်မျိုးပါပဲ

    ချစ်တဲ့

    ဂျာရစ်

    ReplyDelete
  5. ရောင့်ရဲတတ်တဲ့စိတ်ကို ထားနိုင်ရင်တော့ ဘ၀ကပြည့်စုံနေပါပြီ.....
    မှန်လိုက်လေ...မမလမင်းရေ...
    လောဘကြီးတဲ့ မိုးနတ်လဲ အဲဒါကို တခါမကမေ့နေတတ်တယ်...
    သတိပေးလို့ ကျေးဇူးပါနော်..
    ချစ်တဲ့...မိုးနတ်

    ReplyDelete
  6. ဟုတ်တယ်လမင်းရေ
    ကျန်းမာရေးကလူ့ဘ၀မှာအဓိက အကျဆုံးပါပဲ
    ဘာပဲဖြစ်ဖြစ် လူက ကျန်းမာနေရမယ်
    ကျန်းမာရေးကောင်းခြင်းကလဲ ဘုရားသခင်ပေးတဲ့လက်ဆောင်ပဲလေ
    မဂျက်ကိုဘုရားသခင်ကအဲဒီလက်ဆောင်မပေးထားဘူး......
    ကျန်းမာရင်စိတ်လဲပျော်ရွှင်စေတယ်

    ReplyDelete
  7. ချစ်စံရဲ့အတွေးလေးတွေ သဘောကျတယ်ကွာ။ လမင်းက တယ်ကံကောင်းတဲ့ အမျိုးသမီးပေပဲနော်။ ရှင်ဗာကုလနဲ့ နင်လားငါလားပဲ ကျန်းမာတဲ့နေရာမှာ ပြောပါတယ်။ အတတ်နိုင်ဆုံးကြိုးစားပြီး ရလာတဲ့ရလာဘ်အပေါ် တင်းတိမ်ကျေနပ်နိုင်ရင် ပြည့်စုံပြီပေါ့။ အဲဒါလေးလည်း သဘောကျတယ်။
    ခင်မင်တဲ့

    ReplyDelete
  8. ကျန်းမာချင်ပါတယ် လမင်းရေ။

    ReplyDelete
  9. ကိုယ့်ကိုကိုယ်ကျေနပ်နေသမျှ ကိုယ့်ဘဝက ပြည့်စုံနေမှာပဲလေ....

    ReplyDelete
  10. ဟုတ်တယ်နော် ရောင့်ရဲတတ်ဖို့ ကြိုးစားရမယ်...

    ReplyDelete
  11. သိပ်ကောင်းတဲ့ ပိုစ့် လေးပါ ချစ်စံအိမ်ရေ ... ရောင့်ရဲတင်းတိမ်မှုက ပြည့်စုံခြင်းပါပဲ ...။

    ReplyDelete