ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Tuesday, November 13, 2012

စိတ်ပြေရာပြေကြောင်း......

လမင်းစိတ်ရှုပ်တာဖြစ်ဖြစ် စိတ်မကြည်တာမျိုးတွေဖြစ်လာရင်ခြံထဲဆင်အပင်လေးတွေရေလောင်း
ဓာတ်ပုံရိုက်တာမျိုးလုပ်တတ်တယ်။။ အိမ်မှာအမေဆူရင်လည်းခြံထဲသွားနေတတ်တယ်...အမေကတော့
ဘွဲ့ ပေးထားတယ် ။။ ခံမပြောနားမထောင်တဲ့.. အခုလည်းပြောချင်တာပြောကြပါတော့လေဥပေက္ခာပြုထား
လိုက်ပြီး.. စိတ်ပြေရာပြေကြောင်းလမင်းရိုက်ထားတဲ့ပုံလေးတွေပြန်ကြည့်မိတယ်။။
ဘလော့မောင်နှတွေအတွက်တင်ပေးလိုက်ပါတယ်..။။အားပေးဝေဖန်ပေးကြတဲ့မောင်နှမများအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်.. လမင်းအတွက်မပူကြပါနဲ့ စိတ်ညစ်လည်းခဏပဲ.. ဘယ်အရာမှကြာကြာစိတ်ထဲ
မထားတတ်ဘူး.. :)စိတ်ပျိုမှကိုယ်နုမှာ စိတ်ကြည်မှ အလုပ်လုပ်ရတာအဆင်ပြေတာမလား..။။
ဒီတော့ဓာတ်ပုံလေးများသာရှုစားတော်မှုကြပါလော.................:)




အခန်းကနေလှမ်းရိုက်လိုက်တာ...အိမ်ရှေ့လမ်းလေးပေါ့.......


အိမ်ဘေးက သစ်ရွက်တွေအရောင်ပြောင်းလာရင် လမင်းပျော်တယ်.. ဒါပေမဲ့လည်းခဏပဲ...အခုတော့အရိုး
တန်တွေပဲကျန်ခဲ့တော့တယ် ဒီနေ့ မိုးရွာလို့ ဓာတ်ပုံရိုက်ရတာအဆင်မပြေဘူးဖြစ်နေတယ်..:(

ကောင်ကင်းကြီးနဲ့ အပြိုင်လှခိုင်းလိုက်တယ်...

သစ်ရွက်တွေရဲ့ အရောင်က အနီရောင် အ၀ါရောင် အ၀ါနုရောင်တွေပြောင်းတတ်တယ်..
လမင်းတော့အနီရောင်လေးတွေကိုပိုကြိုက်တယ်။။

အိမ်ပေါ်ထပ်ကနေရိုက်ချက်......
လမင်းစိုက်ထားတဲ့ခ၀ဲသီး..

အိမ်ဘေးကအမျိုးသမီးစိုက်ထားတာ လှလို့ ဓာတ်ပုံရိုက်ခွင့်တောင်းလိုက်လိုက်တယ်..
အမျိုးသမီးက ပြုံးနေတာပဲ သူ့ ပန်းပင်တွေကိုဓာတ်ပုံရိုက်လို့ ထင်ပါ့ပန်းနာမည်က ဒေလီယာတဲ့
တစ်ပင်တည်းကိုနှစ်ရောင်နဲ့ အရမ်းလှတယ်..
အိမ်ဘေးကအမျိုးသမီးအိမ်ဘက်ကနေ ကိုယ်နေတဲ့အိမ်ကိုလှမ်းရိုက်လိုက်တာ..

လမ်းလျှောက်ရင်းရှဉ့် မဲလေးဆော့ကစားနေတာလေးသဘောကျလိုက်ရိုက်လိုက်တာ..

လမ်းထိပ်မှာ အများကြီးပဲယုန်သေကိုဝိုင်းစားနေကြတာ တခါမှမမြင်ဖူးဘူး..အန်တီကပြောတော့
လဒတဲ့ မဟုတ်ဘူးထင်တာပဲ..သိဘူး။။

ကဲအခုတော့သစ်၇ွက်တွေအခုလိုဖြစ်သွားပါပြီ မမြဲခြင်းသဘောပေါ့နော်...

ဓာတ်ပုံလေးတွေကြည့်ပြီခဏတာစိတ်ကြည်လင်တယ်ဆို ၀မ်းသာမိမှာပါ..
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ..

15 comments:

  1. ရောက်ခဲ့ပါတယ် အစ်မရေ ... ဓာတ်ပုံထဲက သစ်ပင်တွေလိုပါပဲ
    အရာရာပြောင်းလဲ တာ သဘာဝ လို့  မြင်မိပါတယ် ... ။
    ဒီလိုပဲ ကျနော်တို့  စိတ်က လည်း သစ်ပင်တွေလိုပဲ ခဏခဏ ပြောင်းတက်တယ်နော် .... ကျနော် ကတော့ သဘာဝ လို့  မှတ်ယူထားပါတယ် ... ။

    အရာရာ အဆင်ပြေပါစေလို့  ဆုတောင်းခဲ့ ပါတယ်

    ခင်မင်စွာဖြင့်

    မောင်ဘုန်း

    ReplyDelete
  2. ဒေလီယာတွေမြင်တော့တောင်ကြီးကိုသတိရတယ် အရမ်းကိုပေါတယ်
    စိုက်စရာမလိုဘူး မိုးကုန်ခါနီးပြီးဆိုရင်သူ့အလိုလိုထွက်လာတယ် နေရာတိုင်းပါပဲလမင်းရေ
    စိတ်ထဲမှာမခံစာနဲ့တော့နော် လမင်းကခံစားပြနေရင်ရေးတဲ့သူကပျော်နေမှာလေ.....သစ်ပင်လေးတွေအရမ်းလှတယ်
    ချစ်တဲ့ sis jasmine

    ReplyDelete
  3. စိတ်ဆိုတာက အချိန်တိုင်းစက္ကန့် တိုင်း
    ပြောင်းနေတာပဲလေ
    ဘုရားရှင်ကိုယ်တိုင်က ဟော ပါတယ်
    စိတ် ဟာ ကုဋေ ပေါင်း ကိုးထောင်ရှိတယ်တဲ့

    ReplyDelete
  4. လင်းတတွေကအဲလောက်သေးလားဟင်အစ်မလမင်း။ တူများမန့်တာတွေကပေါ်လဲပေါ်ဘူး။ဟူးးးးးးး

    ReplyDelete
  5. မရေ...စိတ်ချမ်းသာသလိုသာနေပါ..
    သူများတွေကို ဂရုစိုက်မနေပါနဲ့မ...
    ပုံလေးတွေ အရမ်းလှပြီး အသက်ဝင်တယ်..
    မမလမင်းက ရိုက်တာတော်လို့ဖြစ်မယ်....
    ကိုယ့်ကို စိတ်ဒုက္ခပေးတဲ့သူတွေကြောင့်
    ကိုယ့်စိတ်က ဘာမှပြောင်းလဲမသွားဘူးဆိုတာ ပြလိုက်ပါ..
    နေမြဲတိုင်းနေ...မ...ဘာမှအများကြီးတွေးမနေနဲ့..သိလား
    ချစ်တဲ့..ညလေးမိုးနတ်

    ReplyDelete
  6. ပန်းတွေလှလိုက်တာ :D :D

    ReplyDelete
  7. ရဲရဲနီနေတဲ့ သစ်ပင်က ကြည့်ရတာ အမြင်တစ်မျိုးဆန်းပြီး မျက်စိပသာဒ ရှိလိုက်တာ... ဘာသစ်ပင်လို့ ခေါ်လဲမသိဘူး...

    ReplyDelete
  8. ပုံလေးတွေ လာရောက် အားပေးသွားတယ် ညီမလေးရေ
    ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete
  9. ကူးကူးလှိုင်November 15, 2012 at 3:04 AM

    ဒေလီယာပန်းတွေ အရမ်းလှတာပဲနော် စိတ်ထဲအေးသွားတယ် ပျော်ရွှင်ပါစေ ညီမလေးရေ...

    ReplyDelete
  10. ရဲရဲနီသစ်ပင်လေးတွေနှင်ဒေလီယာပန်းပုံလေးလာရောက်
    အားပေးသွားပါတယ်ကွယ်။စိတ်ပျော်ရွှင်ချမ်းမြေ.ပါစေ။
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  11. ဘယ်အရာကိုမှ စိတ်ထဲ ကြာကြာမထားတတ်ဘူး။ စိတ်ညစ်လည်း ခဏပဲ။ အဲဒီစိတ်ဓာတ်လေးဟာ ဒေလီယာပန်းလေးလိုပဲ ချစ်ဖို့ကောင်းလိုက်တာ။ ခ၀ဲပင်လည်း မြင်ဖူးသွားပြီ။ ကျေးကျေး လမင်းရေ။ လဒမဟုတ်သလို ကျီးကန်းတွေလည်း မဟုတ်ပြန်ဘူး။
    ခင်မင်တဲ့

    ReplyDelete
  12. လမင်းရေ ဒေလီယာပန်းနီနီကြီးတွေကို အရမ်းကြိုက်တယ်

    အဆုပ်လိုက် အဆုပ်လိုက်နဲ့ တော်တော်လေးလှတယ်နော်

    ခင်တဲ့

    မိုးသူ(တောင်ကြီး)

    ReplyDelete
  13. ဒေလီယာလေးတွေ လှလိုက်တာ လမင်းရေ ..
    ငှက်ကတော့ လဒမဟုတ်တာ သေချာပါတယ်။ ယုန်သေကို စားနေတာဆိုတော့ အပြင်မှာ မြင်နေရရင် အသည်းသိပ်ယားဖို့ကောင်းမယ်။

    ReplyDelete
  14. ကျွန်တော်လည်း စိတ်ရှုပ်လာရင် ကင်မရာယူပြီး...လူတွေနဲ့ဝေးရာက ရှုခင်ေးလးတွေသွားသွားရိုက်ပြီး..စိတ်ဖြေနေကျပါပဲ..

    ပြန်ရောက်လာရင်..တစ်ယောက်ထဲ..ကိုယ်ရိုက်လာတဲ့ပုံလေးတွေပြန်ကြည့်ရတာလည်း.စိတ်ချမ်းသာစရာပဲဗျာ..(၀ါသနာပါရင်ပေါ့)

    ReplyDelete