ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Thursday, October 25, 2012

ချစ်သူအတွက်ကဗျာ


ချစ်သူ ငါမင်းနဲ့ တွေ့ မှ အချစ်ဆိုတာ
ခံစားတတ်လာခဲ့တာပါ
ပျော်ရွှင်မှုနဲ့ ထပ်တူ
ကြည်နူးမှုတွေ ထပ်လောင်း
ရိုးသားစွာ ၀န်ခံပါရစေ
အချစ်ဆိုတာ အတ္တတွေ
မာနတွေကင်းစင်နေမှ
အချစ်စစ်ဆိုရင် ငါနင့်ကို
ချစ်တာ စစ်မှန်မှုဆိုတာကို
နားလည်ပေးပါ
ဘယ်သူပိုချစ်လဲဆိုတာထက်
သာတဲ့ ချစ်ခြင်းတွေနဲ့ 
ချစ်မိတာပါ
တိုင်းတာလို့ မရတဲ့နက်နဲကျယ်ပြန့် တဲ့
သံယောဇဉ်နဲ့ တွယ်တာမိလေတော့
ဘယ်သူတွေများ ဖျက်လို့ ပြတ်နိုင်ပါမလဲ ချစ်သူ
အရာရာကို နားလည်ခြင်းတွေ
ယုံကြည်မှုတွေနဲ့ ချစ်ခဲ့ကြတဲ့
တို့ နစ်ယောက်ရဲ့  အချစ်ခရီးလမ်းမှာ
ဘယ်လိုမိစ္ဆာ တွေက ဖျက်နိုင်မှာလဲ
ချစ်တယ်ဆိုတဲ့ စကားထက်
ရင်ထဲကစကားကိုပဲကြားချင်နေတယ်
ချစ်သူရေ
နားထောင်ကြည့်ပါ ရင်ခုန်သံတွေ
ပုံမှန်ခုန်နေတာဟုတ်ရဲ့ လားလို့ 
စကားလုံး ဖွဲ့ နွဲ့ လို့ မရသလို
ကဗျာတွေလည်းမှီမယ်မထင်ဘူး ချစ်သူ
ငါတို့ နစ်ယောက် တူယှက်တွဲလို့ 
ယုံကြည်စွာခရီးဆက်ကြမယ်
ဘယ်သူဖျက်ဖျက် ဘယ်သူတားတား
ဘယ်သူတွေခွဲနေပါစေ
နားလည်မှုကြိုးတွေနဲ့ 
ချည်နှောင်ထားပြီ သစ္စာတရားကို
လက်ကိုင်ထားကာ
ပျော်ရွှင်စွာလျှောက်လှမ်းကြမယ်

14 comments:

  1. အပေါ်ဆုံးကပုံလေးက အင်မတန်ချစ်စရာ
    ကောင်းတဲ့သူနှစ်ယောက်ပုံလေးပါ
    အောက်ကပုံတွေကြည့်ပြီးလန့်သွားတယ်ဟယ်
    ကဗျာလေးကိုလဲခံစားခဲ့တယ်နော်
    ကဗျာထဲက အတိုင်းပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေလို့
    ချစ်တဲ့ sis jasmine

    ReplyDelete
  2. ပုံတွေကြည့်ပြီး နည်းနည်းတောင် လန့်သွားတယ်...၊း)
    နောက်တစ်ခါ လာရင်တော့ သကြားလုံးထုပ်တွေ၊ မုန့်ဖိုး အကြွေစေ့တွေနဲ့ လာမှ ဖြစ်မယ်...။း)

    ReplyDelete
  3. ချစ်သူတွေ ချစ်နေကြတာတွေ့ရင် ကြည်နူးမိတယ် :)

    ReplyDelete
    Replies
    1. စနိုးရေကျေးဇူးပါနော်

      Delete
  4. ကြောက်ပါတယ်ဆိုမှနော်... ဘာပဲဖြစ်ဖြစ်ကဗျာလေးက ကြည်နူးစရာလေးပါ...

    ReplyDelete
    Replies
    1. မကြောက်ပါနဲ့မမရေ ကလိထားတာပါ..ဟီး

      Delete
  5. ဘယ်သူပိုချစ်လဲဆိုတာထက်
    သာတဲ့ ချစ်ခြင်းတွေနဲ့ 
    ချစ်မိတာပါ
    အစ်မရေဖတ်ပြီးတော့ ကြည်နူးမှုလေးခံစားရတယ်။

    ReplyDelete
  6. အိုး ဟိုး ... တို့အစ်မကတော့
    အရမ်းကို ချစ်တတ်သူကြီးပါလား
    အချစ်ခံရသူ အစ်ကိုကြီးကတော့ ကံကောင်းတာပဲ
    လောကကြီးမှာ ကိုယ်ချစ်နေတဲ့သူတစ်ယောက်က
    ကိုယ့်ကို ပြန်ချစ်တာဟာ ကံကောင်းခြင်းတစ်ခုပဲတဲ့
    ဘယ်သူမှ ပြောတာ မဟုတ်ပါဘူး
    ကျွန်တော့် ခံယူချက်ပါ ... အဟိ

    ReplyDelete
    Replies
    1. ကျေးဇူးပါနွေလရေ..လောကကြီးမှာ ကိုယ်ချစ်နေတဲ့သူတစ်ယောက်က
      ကိုယ့်ကို ပြန်ချစ်တာဟာ ကံကောင်းခြင်းတစ်ခုပဲတဲ့ထောက်ခံတယ်..

      Delete
  7. အမြဲတမ်းခိုင်မြဲစွာ လက်တွဲနိုင်ပါစေဟာ
    ငါဆုတောင်းပေးတယ်..

    ငါ့ကိုလည်း ပြန်ဆုတောင်းပေးနော်..ဟီးးးး

    ReplyDelete
    Replies
    1. ကျေးဇူးဒေါ်ပစ် နင်လည်းဆန္ဒတွေပြည့်ပါစေနော်

      Delete
  8. သိပ်ချစ်တဲ့ ချစ်သူတွေ ထာဝရပျော်ရွှင်ပါစေ..လိုက်ဖက်တဲ့ စုံတွဲလေးကို ကြည့်ပြီး အားကျသွားပါတယ်နော်..
    ချစ်တဲ့
    အိမ်မက်

    ReplyDelete