ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
Thursday, September 6, 2012
ဝက်သားသီဟိုဠ်ချက်နည်း...
မင်္ဂလာပါရှင်......  လမင်းဟင်းချက်နည်းတွေတင်ပေးတာနဲ့ ပတ်သက်ပြီးပြောစရာလေးရှိပါတယ်။။။
လမင်းက ဟင်းပဲချက်ချက် ဘာပဲလုပ်လုပ်စိတ်မှန်းပဲလုပ်လေ့ရှိတယ်.. ငယ်ငယ်တည်းကအကျင့်ထင်တယ်။။။
လမင်းဟင်းချက်တာကိုစားဖူးတဲ့သူတွေက နည်းမေးတာတို့ ချက်နည်းသင်ပေးပါလို့ ပြောလာကြရင်လမင်းပြောရခက်တယ်။။။ ဘာလို့ လည်းဆိုတော့
လမင်းမှာ ချက်နည်းကို ချိန်ဆတာတို့  အသားဘယ်လောက်ကိုဆီဘယ်လောက်ထည့်ပါလို့ မရှိဘူး။။
ငါချက်တာကြည့် ငါထည့်တာထည့်လို့ ပြောလိုက်ရင် သူငယ်ချင်းတွေက မသင်ပေးချင်လို့ မြင်ကြတယ်.။။
ဒီမှာလည်း လမင်းကို မေးကြတယ် အဲ့နည်းလေ ဘယ်လိုချက်လည်း စာအုပ် ကိုင် ပြီးရေးဖို့စောင့်နေကြတဲ့သူတွေကိုလည်းအားနာမိတယ်။။ ငါချက်တာလက်မှန်းပဲ ချက်တယ်..ဒါဆိုလက်မမှန်ပဲ
ဖြစ်မှာပေါ့တဲ့.. အိုးကြီးတွေမချက်ဖူးပေမဲ့ လူ၁၅ ယောက်စာကို လက်မှန်းနဲ့ ချက်လုံးဝလက်ရာမပြောင်းဘူး။။
လမင်းကိုယ်တိုင်လည်း သူများတွေချက်နည်းကိုပဲကြည့်တယ် ဘယ်လောက်ထည့်ရမယ်ဆိုတာလုံးဝမကြည့်ပါ။။ပြီးတော့ လူတစ်ယောက်နဲ့ တစ်ယောက်လည်းချက်နည်းမတူကြဘူးလေ.. လမင်းကအပျော်သဘောရယ်.. ကိုယ်ချက်စားတာလေးကြွားချင်တာရယ်.တွေကြောင့် တင်ဖြစ်တာပါ။။။ အချိန် အဆ မပါလို့ အားနာမိပြန်တယ်.... နောက်တစ်ခုဝန်ခံရမှာက လမင်းစာရေးပျင်းပါတယ်။။။ စာဖတ်တာကိုပိုအားသန်တာကြောင့် ရေးတဲ့ဘက်မှာအားနည်းပါတယ်... စာတွေက ကဗျာမကျ ခံစားချက်ယောင်ယောင်တွေကိုလာအားပေးနေကြတဲ့သူငယ်ချင်းအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။။။
လမင်းဒီဘလော့လေးကို အပျင်းပြေ အပျော်သဘောလေးလုပ်ထားတာဆိုပေမဲ့ သံယောဇဉ်တော့ရှိပါတယ်။။။ လာလည်ကြသူတွေလည်းများကြပါတယ် မန်ဘာဝင်ပေးကြတဲ့သူငယ်ချင်းများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်.... တစ်ခါတလေစဉ်းစာမိတယ်။။
စာလာဖတ်တဲ့သူတွေကိုဘာအကျိုးရစေလည်းလို့ တွေးမိတယ်။။တကယ်ပါ.. စိတ်ကူးထဲမှာတော့စာတွေရေးနေလိုက်တာ အများကြီး ညဆိုလည်းရေးဖို့ ပဲတွေးနေမိတယ် တကယ်တမ်းကြတော့ မရေးဖြစ်ပြန်ဘူး။။။။။။အားလုံးကိုအားနာစွာနဲ့ ပဲ ကျေးဇူးတင်ပါတယ်။။။
အခုတစ်ခါလည်း ၀က်သား ချက်နည်းလေးတစ်ခုရတာနဲ့ ချက်စားဖြစ်တော့တင်မိပြန်တယ်...
ကိုဂေါ်လီပြောတာတော့ ၀က်သား ကုလာချက်တဲ့ ဟီးရန်တိုက်ပေးနေသလိုဖြစ်နေသလားပဲ။။။ ဒီနည်းကို
လမင်းတစ်ခါစားဖူးတယ်.. သီဟိုဠ်အမျိုးသမီးတစ်ယောက်ချက်တာ.. လမင်းကြိုက်တယ်.. သူတို့ကတော့
ဝက်သားကိုအဲ့လိုပဲချက်စားကြတယ်ပြောပေမဲ့ အဲ့တုန်းကလမင်းကအလုပ်လည်းများ ဆိုတော့မချက်စားဖြစ်ဘူး။။ အခုဟိုနေ့ က ကိုဂေါ်လီနဲ့ စကားမစပ်ပြောရင်နဲ့ သူပြောသလိုချက်လိုက်တာ..
လမင်းစားချင်တဲ့နည်းလေးဖြစ်နေတယ်။။။ အရသာတစ်မျိုးပေါ့.. လမင်းကအစားအသောက်နဲ့ ပတ်သက်ပြီး
အချိန်ကုန်နေတာမျိုးကိုမကြိုက်တော့ လုံချက်တွေဆိုပိုကြိုက်တယ်.. ။။ အခုဟင်းကဆီသတ်ချက်လို့ ရသလို လုံချက်လည်းရပါတယ်။။။ လမင်းချက်နည်းပဲပြောတော့မယ်.နော်။။
ရှုပ်ကုန်မှာစိုးလို့ ပါ။။ အလုပ်ရှုပ်သက်သာပြီးစားလို့ ကောင်းပါတယ်။။။
ငရုပ်သီးမှုန့် ရသာမှုန့်  ဆီ စပါးလင်ငံပြာရည် ရောနယ်လိုက်ပါတယ်။။
နည်ထားပြီပုံပါ...
အိမ်မှာရှိတဲ့ပစ္စည်းဒါအကုန်ပါပဲ ...:p ဆိုင်လည်းမပြေးနိုင်ဘူး။။ လုံရေနဲ့ ပဲ မီးအေးအေးလေးနဲ့ ချက်ပါတယ် မိနစ် ၂၀လောက်ဆို အသားနူးပါပြီး မန်ကျည်းရည်လေအုပ်လိုက်ပါ..ဆီပြန်လာအောင်ခဏထားပြီး အရသာရှိတဲ့ဝက်သားသီဟိုဠ်ချက်ခေါ် ကုလာချင်လေးရပါပြီး...
ဒါကတော့ ပန်းဂေါ်ပီ သနပ်လုပ်နည်းလေးပါ.. တင်ပေးလိုက်ပါတယ်။။။
ပန်းပွင့် ဥနီ ကို သေးသေးလေးတွေလှီးထားပါတယ်...
ပန်းပွင့်တစ်ပွင့် ဦးနီ သုံးထောင့် နံနံစေ့ မဆလာ ရှာလကာရည် ဟင်းခက်ဇွန်း ၁ဇွန်း သကြား ၁ဇွန်း ဆီ ငါကျပ်သား
ငရုပ်သီး အရောင်တင်မှုန့် လိုပါတယ်။။
ရှာလာကာရည် သကြား ရေကို အနေတော်လေးထည့် ဆားထည့်ဆူလာအောင်ထား ပြီးရင်ပန်းပွင့် ဥနီထည့်လိုက်ပါ ထည့်ပြီးတာနဲ့ ချက်ချင် ရေစစ်လိုက်ပါ ပျော့သွားရင်မကောင်းဘူး ။။
ရေစစ်ထားပြီ....
ဆီကိုပူလာအောင်ထားပြီးမီးဖို ပေါ်က ချပြီ ၃မိနစ်လောက်ထားပြီ ငရုပ်သီးအရောင်တင်မှုန့်ထည့်ပါ မဆလာပါထည့်ပါ ထည့်တာစောရင်မဲသွားနိုင်လို့ ၃မိနစ် ကြားခိုင်းတာပါ နံနံစေ့လေးကိုလျော်ထားပြီးထည့်လိုက်ပါ.. အရသာရှိတဲ့ပန်းဂေါ်ပီသနပ်
ရပါပြီး ကြက်သွန်ဖြူကြိုက်သူများထည့်နိုင်ပါတယ်။။။။
ဟင်းနှစ်ခုကမလိုက်ပေမဲ့အဆင်ပြေတဲ့အခါချက်စားပေါ့...သက်သတ်လွတ်စားသူများအဆင်ပြေပါတယ်။။။ အားလုံးကျန်းမာပျော်၇ွှင်ကြပါစေ...
12 comments:
  1. ၀က်သားမစားတော့ ၀က်သားနေရာမှာ ကြက်သားမြင်ယောင်ပီး မျက်စိအစာကျွေးသွားပါတယ်။
    ReplyDelete
  2. လမင်းချက်တာဘဲ စားရရင်ပိုကောင်းမယ်။ မချက်တတ်လို့း)
    ReplyDelete
  3. အရမ်းသဘောကျသွားပြီ... ယောင်းမတွေလဲ ဖတ်လို့ ရအောင် http://www.shwehub.com/ မှာ သွားပေးတယ်နော်...
    ReplyDelete
  4. ချက်ရမှာပျင်းတယ် လမင်းရာ ချက်ပြီးသားစားရတာပဲကြိုက်တယ်ကွာ
    ယောက်ျားများယူမိရင်တော့ခက်မှာပဲ
    ReplyDelete
  5. လမင်းလိုဘဲအကုန်လုံးချက်အဲဒါအကောင်းဆုံးဘဲ
    ReplyDelete
  6. လမင်းကအားလုံး လုပ်တတ်တာပဲ
    တော်တယ်ညလေးရေ
    ReplyDelete
  7. ဆိုင်မှာသာစားဖူးတာ ဘိုချက်လဲခါမှ
    ဆူးစမ်းဖူးဝူး ဟဟ ခုမှပဲတိဒေါ့ဒယ်
    ReplyDelete
  8. ချက်ကြွေးလေ ပီးရင် ပန်ကန်ပါဆေးပေး...စံစံ ရေခပ်ခဲ့..ခိခိ..မရှိတုံး ဖဲ့တာ ပြန်မတိုင်နဲ့ နော်
    ReplyDelete
  9. မကြီးလွမ်းလည်း လာရောက်အားပေးသွားပါတယ်။
    ရိုးမြေကျလိုဘဲ ဝက်သားမစားတော့ (သေနတ်)လေးဘဲ ကြည့်သွားတယ်... အယ်..မွှားလို့...
    သနပ်နော်...သေနတ် ဟုတ်ဘူး... သေနတ်က သေတတ်တယ်...သနပ်က စားကောင်းတယ်..
    ခင်တဲ့
    မကြီးလွမ်း
    ReplyDelete
  10. အမွှေးအကြိုင်တွေထည့်ချက်တာ စားကောင်းမယ့်ပုံပဲနော် ..၀က်သားအနံ့ပျောက်သွားတော့ ပိုကောင်းတာပေါ့
    ReplyDelete