ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Saturday, September 22, 2012

ကရင်တာလာပေါဟင်းချက်နည်း..

မင်္ဂလာပါရှင်........ဒီနေု့ လမင်းပို့ စ်သစ်တင်တာမဟုတ်ပါဘူး..ဆေ့(save)လိုက်တာကို သေချာမကြည့်မိလို့ ပိုစ့်တက်သလိုဖြစ်သွားတယ်.. စာလာဖတ်သူအားလုံးကိုတောင်းပန်ပါတယ်။။ တကယ်တော့လမင်း(၂၅)လောက်မှပိုစ့်သစ်တင်မလို့ ပါ။။ အခုတော့ ချက်စားဖြစ်တဲ့ ကရင်တာလာပေါဟင်းလေးတင်ပေးလိုက်ပါတယ်ရှင်။။ လိုအပ်သော ပစ္စည်းတွေက ငါး.စပါးလင် ဆန်လှော်မှုန့် ငံပြာရည်ရသာမှုန့် အသီးအနှံတွေကတော့ ဘူးသီး ခရ
မ်းသီး ပဲထောင့်ရှည်သီး.ပိန်းဥ ပင်စိမ်းရွက် မျှစ် ငရုပ်ကောင်းမှုန
ငါးပြုတ်ပြီးအသားနွှာ ကြက်သွန်နီဖြူဆီနည်းနည်းနဲ့ ဆီသတ်ပါ..
့်  ချက်နည်း..ငါးကိုစပါးလင် နနွင်းပြုတ်ပါ..
ဆီသတ်ထားပြီသားကို
ငါးပြုတ်ရည်ထဲထည့်လိုက်ပါ..
ငါးပြုတ်ရည်ဆူလာပါက ဆန်လှော်မှုန့်ထည့်ပါ..(၁၀)မိနစ်လောက်ထားပြီး..
လှီးထားသောအသီးများထည့်ပါ..
အသီးများထည့်ပြီုးု(၁၀)မိနစ်ကြာ ငရုပ်ကောင်း ထည့်အပေါ့အငန်မြည်းပြီး။။ ဟင်းအိုးချပြီးပင်စိမ်းအုပ် အရမ်းကိုစားကောင်းတဲ့ကရင်တာလာပေါဟင်းရပါပြီး
တာလာပေါဟင်းကို ငရုပ်သီးထောင်း သို့မဟုတ်ငံပြာရည်ချက် ငရုပ်သီးစိမ်းနဲ့တွဲဖက်စားကြပါတယ်။။ ဟင်းရဲ့ အဓိပ္ပာယ်ကို စည်းလုံးခြင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ချက်စားဖြစ်ကြတယ်လို့ မှတ်ခဲ့ဖူးပါတယ်..။ဘာလို့လည်းဆိုတော့ အသီး ဥတွေ မျှစ်တွေကိုတောထဲရှာ သစ်ဥသစ်ဖုတွေအကုန်ထည့်ချက်လေ့ရှိတော့ ဟင်းအိုးကလည်းကြီးပြီးများလာတော့ မိသားစု ဆွေမျိုးများစားနိုင် ပါတယ် လမင်းတို့ငယ်ငယ်ကတော့ တစ်အိမ်ချက်ရင် အမျိုးတွေအိမ်ကိုလက်ပေးရပါတယ်.. ဒါကလမင်းသိထားတာပါ။။ဘာအဓိပ္ပာယ်ရှိသေးလည်းတော့မသိတော့ပါဘူး..သိသူများရှိရင်ရေးသွားပေးပါနော်။။ ဆီပြန်ဟင်းမဟုတ်တော့လမင်းကြိုက်တယ်။။ စားလုံးလည်းကောင်းပါတယ်။။သိပ်မချက်ဖြစ်ပါဘူး။။ စားချင်စိတ်လေးဖြစ်လာတာနဲ့ တင်ပေးလိုက်ပါတယ်။။ အားလုံးကျန်းမာပျော်ရွှင်ကြပါစေ..

11 comments:

  1. ဟင်းနာမည်လေးကိုတော့ တစ်ခါမှမကြားဖူးဘူး
    ဒါပေမဲ့ ဟင်းလေးတွေကိုကြည့်ပြီး သရေတော့ကျမိသား :P
    ခင်တဲ့(အိမ်မက်ကောင်းကင်)

    ReplyDelete
  2. ကြားခဲ့ဖူးတာကြာပြီ တခါမှ မစားဖူးခဲ့ဘူးလမင်းရေ
    ချက်ရတာလွယ်မယ့်ပုံလေးပဲနော်တခါလောက်စမ်းချက်ကြည့်မယ်
    ချက်တဲ့အခါဖဘမှာ တင်ပေးမယ်နော်
    ချစ်တဲ့ jasmine

    ReplyDelete
  3. အဲလို ကရင်တလဘောဟင်းတခါမှမစားဖူးဘူး
    အရသာကောင်းမယ့်ပုံလေးပဲ
    ဟီးးးးး ချက်တတ်တဲ့ ကရင်မလေးတယောက်လောက်တော့
    ရှာအုံးမှ ဟား ဟား :P

    ခင်တဲ့
    မိုးသူ(တောင်ကြီး)

    ReplyDelete
  4. အသီးအရွက်တွေနဲ့ ချက်တာဆိုတော့ ကြိုက်တယ် မမ :)

    ReplyDelete
  5. အန်တီလေးမေခင်September 23, 2012 at 6:32 AM

    စည်းလုံးခြင်းအဓိပ္ပယ်ဆောင်တဲ.ကရင်တာလပေါ
    ဟင်းလေးကိုမြည်းစမ်းသွားပါတယ်ကွယ်။
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  6. တာလဘောဆိုတာ ဘာမှန်းမသိလို့ လာကြည့်သွားကြောင်းပါခင်ဗျာ
    ဟီးးး

    ReplyDelete
  7. ကရင်တာလပေါဟင်းတဲ့
    တခါမှတောင်မစားဘူးဘူး
    စားကောင်းမယ့်ပုံပဲနော်
    အားပေးသွားပါတယ်အမ

    ReplyDelete
  8. ကရင်တာလပေါဟင်းတဲ့ ခုမှ ကြားဖူးတယ်... စားကောင်းမယ်ထင်တယ်... စားဖူးကြည့်ချင်လိုက်တာ...

    ReplyDelete
  9. မမချက်ရင်စားရပြီဟေ့ ။ကျေးဇူးနော်လမင်း

    ReplyDelete
  10. ချက်ကြွေးရင်ပန်းကန်ပါဆေးနော်..စံတလုံး ပျောက်နေပါလား..အိမ်လာရေမခပ်တော့ဘူး..ခိခိ

    ReplyDelete
  11. သူငယ်ချင်း ကရင်မလေးတစ်ယောက် ချက်ကျွေးတာ စားဖူးတယ်
    အရမ်းကြိုက်တာ
    ခုတော့ချက်နည်းလေး ယူသွားတယ်နော်

    ReplyDelete