နင်သိလား...
ငါတို့ နှစ်ယောက်ကြား
လေစိမ်းတွေ ၀င်ရောက်တိုက်ခိုက်နေတယ်ဆိုတာ
..နင်သိလား.
ငါတို့  နှစ်ယောက်ကြားမှာ
သံသယတွေများခဲ့ကြတာ
နင်သိလား...
ပျော်ရွှင်ကြည်နူးမှုတွေ
ပျောက်ရှနေတဲ့ ဘ၀မှာရော
ငါပျော်နေတယ်လို့ နင်ထင်လား...
ကျောခိုင်းပြီလျှောက်နေမှတော့
တစ်ဖြည်းဖြည်းနဲ့ ငါတို့ နှစ်ယောက်
ဝေးကွာခြင်းဘက်ကိုဦးတည်နေကြပြီးဆိုတာရော
နင်သိလားးး
ငါတို့ နှစ်ကြားမှာသူစိမ်းတွေ
ဝင်ရောက်နောက်ယှက်နိုင်တယ်ဆိုတာရော
နင်သိလား..
ချစ်သူနှစ်ဦးကြားမှာ ယုံကြည်မှု
အပြန်အလှန်လေးစားမှု
နားလည်ခြင်းတွေကုန်ခမ်းနေတယ်ဆိုတာရော
နင်သိလား...
ငါတို့ လျှောက်လှမ်းနေတဲ့လမ်းတွေ
မတူမှပေါ့ အနီးဆုံးငါတို့နှစ်ယောက်ဟာ
ကျောခြင်းကပ်ဝေးနေကြတာရော
နင်သိလားး...
ငါတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေး
စိမ်းကားမာကျောနေတယ်ဆိုတာရော
နင်သိလား..
ဘာတွေပဲဖြစ်နေပါစေ..
ငါနင်ကိုမှ မမေ့နိုင်တာ..
ရှေ့ဆက်ချစ်ဖို့ ငါမှာ
အင်အားတွေအပြည့်နဲ့ ဆိုတာရော
နင်သိလား။။။။
ကဗျာတော့မဟုတ်ဘူး.. စိတ်ကူးလေးရတာနဲ့ ရေးလိုက်မိပါတယ်။။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ...
ခံစားချက်လေးကို ခံစားသွားပါတယ်
ReplyDeleteမမလမင်းရေ သူမသိရင်ကျွန်တော်သွားပြောပေးလိုက်မယ်နော် :P
ReplyDeleteစိတ်ကူးလေးက ကောင်းလိုက်တာ
ကဗျာလေးလိုပါပဲ
အားပေးသွားတယ်နော်
ခင်တဲ့(အိမ်မက်ကောင်းကင်)
သက်ဆိုင်သူသိမသိတော့မသိဘူး
ReplyDeleteသမီးတော်တို့ တော့သိသွားပြီ
တွေ့ရင်ဆုံးမ လိုက်ပါ့မယ်
နားလည်မှူတွေမလွဲစေနဲ့လို့ ....
ချစ်မယ်ဆိုတာချည်းပဲ ဇွတ် :P
ReplyDeleteဘာတွေပဲဖြစ်နေပါစေ..
ReplyDeleteငါနင်ကိုမှ မမေ့နိုင်တာ..
ရှေ့ဆက်ချစ်ဖို့ ငါမှာ
အင်အားတွေအပြည့်နဲ့ ဆိုတာရော
နင်သိလား။။။။
ကဗျာလေးအားပေးသွားပါတယ်ကွယ်
ခင်တဲ့အန်တီလေးမေခင်
ပျော်ရွှင်ကြည်နူးမှုတွေ
ReplyDeleteပျောက်ရှနေတဲ့ ဘ၀မှာရော
ငါပျော်နေတယ်လို့ နင်ထင်လား.
စာသားလေးတွေမိုက်တယ်အမ
အားပေးသွားပါတယ်
နင်သိလားဆိုလို့ ဘာများဆုံးမ မလဲလို့ လာဖတ်တာ အချစ်အကြောင်းဖြစ်နေတာကို ။ ဘွာတေး သူသိအောင် ဘလော့ဂါတွေဝိုင်းကူညီပေးရမလားဟင်
ReplyDeleteကျောခိုင်းပြီလျှောက်နေမှတော့
ReplyDeleteတစ်ဖြည်းဖြည်းနဲ့ ငါတို့ နှစ်ယောက်
ဝေးကွာခြင်းဘက်ကိုဦးတည်နေကြပြီးဆိုတာရော
နင်သိလားးး
သိတော့သိပါတယ်။
အားပေးသွားတယ် ညီမလေး။
ReplyDeleteနင်သိလားလို့ပြောနေတာ
သူမသိပေမဲ့ လာဖတ်တဲ့
မောင်နှမတွေအကုန်သိသွားတယ်။
ခံစားချက် စစ်စစ်တွေပေါ့...
ခင်တဲ့
မကြီးလွမ်း
မသိဘူးအမရေ....ဘယ်သူအတွက်ရေးတာလဲဟင်..သူသိအောင်မိုးနတ်တို့ပြောပေးရမလား...:P
ReplyDeleteသိတာကတော့ မိုးနတ်က ကဗျာထင်နေတာ...ကဗျာမဟုတ်ဘူးသာဆိုတယ်..ကဗျာလေးလိုပါပဲနော်
စာသားလေးတွေကောင်းတယ်..
အားပေးသွားတယ်နော်
ခင်မင်နေတဲ့..မိုးနတ်
ဝ သိလယ်.၀ သိလယ် ..ဟက်ဟက်...
ReplyDeleteခေါင်းစဉ်နဲ့ ဖော်ထုတ်ထားတဲ့ခံစားချက် ကွက်တိပဲနော်
ReplyDeleteစာသားလေးတွေကောင်းတယ်လမင်းရေ
မရှိတာထက် မသိတာခက် လို့ပဲ ဆိုရတော့မယ် ထင်ပါရဲ့ ညီမရေ..၊
ReplyDeleteမသိခြင်းကြောင့် ဖြစ်ရတဲ့ ပူလောင်မှုကလည်း မသိချင်ယောင်ဆောင် လို့ကို မရဘူးနော်..။း)
နင်သိလားတဲ့ မေးနေပြီ
ReplyDeleteရည်ရွယ်သူ သိပါစေလို့ ဆုတောင်းပေးခဲ့တယ်နော်
ကဗျာလေးအရမ်းကောင်း :)