ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Tuesday, September 4, 2012

ကျွန်မရှင်ကို အရမ်းချစ်တယ်...


ရှင်ကို အရမ်းချစ်တယ်....
တကမ္ဘာလုံး ရှင်ဘက်မှာ မရှိရင်တောင်..
ရှင့်ဘေးမှာ ကျွန်မရှိတယ်..
ရှင့်ကို ချစ်တယ်...

လူတစ်ယောက်မှ သီချင်းမဆိုရင်တောင်..
ဝမ်းနည်းတဲ့ အတွေးတွေမတွေးပါနဲ့ ...
လူတိုင်းမှာ ဒဏ်ရာရှိကြတယ်။။။

မင်းအထီးကျန်တိုင်း....
ငါရှိတယ်ဆိုတာ သတိရပါ....
မင်းအခက်အခဲတွေ ကြုံလာရင်...
ငါနာမည်ကို ခေါ်လိုက်ပါ။။။

စဉ်းစားမနေပါနဲ့ ငါ့နာမည်သာခေါ်လိုက်ပါ...
အနည်းဆုံးတော့ ငါမင်းကို ချစ်တယ်။။။
အမှောင်ထုထဲမှာ ဘာမှမမြင်ရဘူးဆို
ကျွန်မကို ယုံပြီး ရှေ့တိုးခဲ့ပါ.။။

လက်လျော့အရှုးံပေးချင်တယ်ဆိုရင်..
ရှင်ကကြယ်တစ်ပွင့်ဆိုတာ သတိရပါ....
မောပန်းလာချိန် ကျွန်မနာမည်သာ
ခေါ်လိုက်ပါ..။။။

အနည်းဆုံးတော့ ရှင်ကို ချစ်တယ်....
အမှောင်ထုထဲက ကျွန်မ ရှင့်ကို အလင်းပေးပါမယ်...
ကျွန်မကိုသာ တွေးလိုက်ပါ..
ခြေတုံချတုံမဖြစ်ပါနဲ့ 
ကျွန်မနာမည်သာ ခေါ်လိုက်ပါ..
ကျွန်မလည်း ရှင်ကိုယုံတယ်...
ရှင်ကို ချစ်တယ်...
ရှင်ကို ချစ်တယ်....
ရှင်ကို ချစ်တယ်....
Dancing Queen ကိုရီးယား ဇာတ်လမ်းထဲက မင်းသမီးဆိုတဲ့ သီချင်းလေးပါ ..ကြိုက်လို့ တင်ပေးလိုက်ပါတယ်။။.။
အခုတလော အရမ်းကြိုက်နေတဲ့စာသားနဲ့  နားထောင်ဖြစ်နေတဲ့ သီချင်းလေးပါ။။
ကြည့်ချင်သူများအတွက် ဒီနေရာ   ကသွားပါ..:) စာမရေးဖြစ်သေးတာနဲ့ ကြိုက်မိတာလေးမျှဝေပေးလိုက်ပါတယ်။။။ အားလုံးကျန်းမာပျော်ရွှင်ကြပါစေ...

16 comments:

  1. မင်းအထီးကျန်တိုင်း....
    ငါရှိတယ်ဆိုတာ သတိရပါ....
    မင်းအခက်အခဲတွေ ကြုံလာရင်...
    ငါနာမည်ကို ခေါ်လိုက်ပါ။။။
    အရမ်းကောင်းတဲ့စာသားလေးတွေနဲ့ကဗျာလေးကို
    ခံစားခဲ့ပါတယ်ဗျာ

    ReplyDelete
  2. တယ်ကောင်းပါလား။
    ကဗျာမှတ်လို့း)

    ReplyDelete
  3. အရမ်းကောင်းတယ် လမင်းရေ

    ကျေးဇူးပါနော်

    ReplyDelete
  4. ကျွန်တော်လည်း အစ်မရေးထားတဲ့ ကဗျာ ထင်နေတာ

    ReplyDelete
  5. အဟိ အဲလောက်တောင်ချစ်ပါလား
    လာရောက်အားပေးသွားတယ်နော် မမလမင်းလေးရေ
    ခင်တဲ့(အိမ်မက်ကောင်းကင်)

    ReplyDelete
  6. စဖတ်ဖတ်ချင်း လမင်းရေးတဲ့ကဗျာလေးထင်နေမိတာပါ
    စာသားလေးတွေ ကောင်းလှတယ်
    လမင်းကို အရမ်းချစ်တယ်(သူ့ကိုယ်စားပြောပေးတာနော်)

    ReplyDelete
  7. စာသားလေးတွေ အတိုင်းဆိုရင် ကောင်လေးက တော်တော်ကို ကံကောင်းတာဘဲနော်...

    ReplyDelete
  8. ရှင်ကို ချစ်တယ်...
    ရှင်ကို ချစ်တယ်....
    ရှင်ကို ချစ်တယ်..


    ကိုရီးယားအကြောင်းပြု သီလရှင်ကောင်းမှု့တော့ မလုပ်နဲ့နော်။ အဟဲ
    ကိုရီးယားအကြောင်းပြု သီလရှင် ရင်တွင်းစစ်စစ် များဖြစ်နေမလားနော်.

    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  9.့ မြတ်နိုးသူ(MUFL)September 5, 2012 at 2:48 AM

    လက်လျော့အရှုးံပေးချင်တယ်ဆိုရင်..
    ရှင်ကကြယ်တစ်ပွင့်ဆိုတာ သတိရပါ...
    ဒီစာသားလေးအရမ်းလှတယ်နော်
    အားပေးသွားပါတယ်

    ReplyDelete
  10. ကဗျာထင်နေတာ ...သီချင်းဖြစ်နေတယ်
    စာသားတွေကောင်းတယ်အမလမင်း....

    ReplyDelete
  11. အမရေ..စာသားလေးတွေကကောင်းသလို အဓိပ္ပါယ်လေးကလဲ အပြည့်ပဲ..
    သီချင်းရေးတဲ့လူကလဲတော်လိုက်တာ..ကိုရီးယားက သီချင်းရေးဆရာပြောပါတယ်...:P (စတာနော်) အမ..
    တင်ပေးတဲ့ အမချစ်ကိုလဲ ကျေးဇူးပါ...မိုးနတ်ဆီလဲ ကဗျာလေးတွေလာမန့်..မန့်ပေးတဲ့အတွက်ကျေးဇူး
    အများကြီးနော်..မ..
    ပျော်ရွှင်ပါစေ..
    ခင်တဲ့...မိုးနတ်

    ReplyDelete
  12. အရင်နေ့ က လာမန့်သေးတယ် ဘာတွေအဆင်မပြေမှန်းမသိဘူး
    လမင်းက ကျမရှင့်ကိုချစ်တယ် ဆိုတော့ တကယ်ပဲချစ်သူကိုချစ်
    တာလားလို့ ထင်ပြီးအပြေးအလွှားကိုလာဖတ်တာ
    ရင်ထဲက ခံစားရတာနဲ့တထပ်တည်း ကျလို့  တင်ထားတာမလား
    လမင်းလေး

    ReplyDelete
  13. ကဗျာမှတ်လို့ ဖတ်နေတာ....

    ReplyDelete
  14. တော်သေး အဆုံးထိဖတ်လိုက်ရလို့ နို့မို့ငါထင်တာမလွဲဘူးဆို
    အင်း.................

    အဟီး ............း)

    ReplyDelete