ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Thursday, June 7, 2012

လက်တလောမေးခွန်းတို့ ရဲ့ အဖြေ..

အခုတလောဖြစ်နေတဲ့အင်တာနက်ပေါ်ကပြဿနာ များထဲက လမင်းကို အမေးခံနေရတဲ့ပြဿနာက
ပိုမိုကြီးထွားနေပါတယ် :D တွေ့ ကြုံမေးသမျှကို လမင်းစိတ်ထဲရှိတာဖြေမှာ ဖြစ်တာကြောင့် မှားတာများ
ရှိခဲ့ရင် ( သို့ မဟုတ် ) မကြိုက်တာများတွေ့ ခဲ့ရင် နားလည်ပေးကြပါလို့ ပြောချင်ပါတယ်။။

မေးခွန်း (၁)...... ယခုဖြစ်နေတဲ့ လူအချင်းချင်း ညှဉ်းဆဲ သတ်ဖြတ်ချင်းကို လမင်း ဘယ်လိုမြင်ပါလဲ ???

ဖြေ...... ပိုးကောင်လေးတစ်ကောင်ကိုယ့်ကြောင့်အနာတရဖြစ်သွားရင်းတောင် စိတ်မကောင်းဖြစ်တတ်တဲ့
လမင်းက ဒီမေးခွန်းအတွက် ဖြေစရာလိုမယ်တောင်မထင်ပါဘူး။။ ပြောလိုက်ပါတယ်.. လမင်း ကြည့်ဖူးတဲ.
( Discovery ... Channel) က ကြီးနိုင်ငယ်ညှဉ်း တရားဥပဒေ မရှိ တဲ့လုပ်ရပ်လို့ ပဲ မြင်မိတယ်။။ပြုသူ
တစ်ခြား ခံရသူ တစ်ခြားဆိုတာမျိုးတွေ ဖြစ်နေတယ်.. ဘာသာရေးတို့ လူမျိုးရေးတို့ မပြောလိုပါဘူး။။ လူအချင်း
ချင်း အနေနဲ့ ပဲပြောချင်တာပါ။.. တိုင်းပြည်မှာ ဥပဒေရှိတယ်.. ထိုက်တန်တဲ့အမှုအတွက် ထိုက်တန်သလိုခံစားခွင့်
ရှိတယ်.။။။ အဲကိစ္စ နဲ့ပတ်သက်ပြီး ဦးလေးတစ်ယောက်ပြောပြချက်က ကလောင်ရေးထက်တာတဲ့..ခေတ်က အင်တာ
နက်ခေတ်တဲ့ ရေးလိုက်ကြတာ အမျိုးမျိုးပဲဆိုတော့ လောကမှာ ပညာတတ်တိုင်းအသိဥာဏ် မရှိဘူးတဲ့....ဒါက ဦးလေး
တစ်ယောက်ရဲ့ အမြင်ပေါ့.....ကိုယ်ရေးလိုက်တဲ့ စာက လူတစ်ဦးတစ်ယောက် အများစု ထိခိုက် သွားနိုင်တယ်ဆိုတာ
ထည့်တွေးစဉ်းစားဖို့ လိုပါတယ်... ကြီးတဲ့အမှုငယ်စေ ငယ်တဲ့ အမှုပပျောက်စေဆိုတဲ့ (ဥပဒေ) စည်းကမ်းကိုဖောက်ဖျက်
ရာရောက်နေပါတယ်။။။ မေးတဲ့သူကယောင်္ကျားလေးပါ.. လမင်းပြန်မေးပါတယ်..နင်ရောဘယ်လိုခံစားရလဲလို့  စိတ်မကောင်း
လွန်လို့ (Fb) တောင် မ၀င်ဖြစ်ဘူးတဲ့ သတင်းတွေပလူပျံနေတာပဲတဲ့..ဒါဆိုအဖြေကရှင်းနေပါပြီ ...................

မေးခွန်း (၂)....... လမင်း အသည်းကွဲဖူးလားတဲ့....
ဒီမေးခွန်းကို လမင်း ကြိုက်တယ်.... အသည်းတော့မကွဲဖူးပါဘူးလို့  စိတ်တွေတော့ အရမ်းကို ညစ်ခဲ့ဖူးတယ်...
အသည်းတို့ နှလုံးသားတို့ ဆိုတာ ကွဲဖို့ မှ မဟုတ်တာ သူတို့ တွေ ကျန်းမာနေမှာ လမင်းတို့ လူသားတွေ အသက်ရှင်ပြီးလုပ်ချင်တာလုပ်ခွင့်ရှိမှာလေ ... နင်အသည်းကွဲနေလို့ လားလို့ ပြန်မေးလိုက်တော့..ဟုတ်တယ်...
သူ့ ကောင်လေးပစ်သွားလို့ တဲ့.... ဒါအသည်းကွဲဖို့ မှ မလိုတာ သူကိုကျေးဇူးတင်လိုက်ပါ.. သူနင့်ကို မချစ်တော့လို့ ပစ်သွားတာလေ .. ဟန်ဆောင်ပြီ နင့်နားမှာနေပေးပြီ သူ့ စိတ်က နင့်ဆီမရှိတာမှကြောက်ဖို့ ကောင်းတာ။။ နင်ပျော်လိုက်တော့ ....ဘာလို့ လည်း ဆိုတော့ နင်ဟာ ကံကောင်းတဲ့သူဖြစ်သွားလိုပဲ...့ ပြောတော့ လမင်းမနောက်နဲ့ ဟာ ငါအတည်ပြောနေတာ ကိုယ်ချင်းမစာဘူး ကောင်မစုတ်တဲ့.. တကယ်တော့ လမင်းသူ့ ကို ကိုယ်ချင်းစာလို့ ပြောလိုက်တယ်ဆိုတာ သူသိမယ် မထင်ဘူး။။ ဘာလို့ လဲဆိုတော့ လမင်းခံစားဖူးလို့ ပါ.
ဘယ်လို လွမ်းကြောင်း ဘယ်လို ချစ်ကြောင်း မူရာမာယာများစွာနဲ့  ကွယ်ရာမှာတော့ တွေ့ တဲ့သူကို ချစ်တယ် ပြောပြီ
သူ့ မှာ ချစ်သူရှိကြောင်းမပြောရဲ ..... သူ့ သူငယ်ချင်းတွေနဲ့ တွေ့ ရင် ငါချစ်သူကို ငြီငွေ့ နေပြီ လို့ အပြောခံရတာထက် စားရင်.... သူအရမ်းကံကောင်းတာပေါ့...လောကကြီးက တရားပါတယ်... ကိုယ့်အချစ်နဲ့ မထိုက်တန်လို့ ပဲမှတ်လိုက်ပါ။။အသည်းကွဲနေသူများအတွက်ပါ။။။

မေးခွန်း (၃) မေတ္တာစစ် အချစ်စစ်ပေးတိုင်းပြန်ရတတ်လား :????

ရတတ်တယ်.. ဒါပေမယ့် ကိုယ်ပေးလိုက်တဲ့သူဆီက ဖြစ်ချင်မှဖြစ်မယ်... သူနားမလည်ဘူး သေချာရှင်းပြပါတဲ့..
လမင်း ခံစားဖူးတယ်. ငါပေးထားတာ အစစ်တွေပါ ဘာလို့ အတုအယောင်တွေပဲရတာလည်းလို့ အကြိမ်ကြိမ်မေးဖူးတယ်။။ သက်ရောက်မှုတိုင်းမှာ တန်ပြန်မှုရှိတယ်ဆိုတာအဓိပ္ပာယ်က ဘာလဲလို့ တွေးဖူးတယ်။။ နှစ်ပေါင်းလပေါင်းများစွာ အဲဒီမေးခွန်းရဲ့ အဖြေကိုရှာနေခဲ့ဖူးတယ်။။။ တစ်နေ့ ဆရာတော်တစ်ပါးနဲ့ တွေ့ တော့ လမင်းမေးလိုက်တယ်..
ဆရာတော် တပည့်တော်လေ လူတိုင်းကို ရိုးသားဆုံးခင်မင်မှု စစ်မှန်သော မေတ္တာတွေသာပေးခဲ့ဖူးတာပါ။။
ဒါပေမယ့် တပည့်တော်ပြန်ရတာတွေက အတုအယောင် အဆောင်တွေ ပဲများတယ်.. ဒကာမလေး အခုဖြစ်နေတဲ့လက်တလော အကျိုးကိုပဲ မတွေးရဖူးတဲ့ အတိတ်က ဒကာမလေးရဲ့ ကံတွေပါလာတာနေမယ်..
နောက်တစ်ခုက ကိုယ်ပေးလိုက်တဲ့ သူဆီက မရတတ်ပေမဲ့ အခြားသူတွေဆီက ရပါတယ်..ဆရာတော်ကလည်းကိုယ်မလိုချင်တဲ့သူဆီကတော့ ဘာလုပ်ရမှာလဲ အဲလို မဟုတ်သေးဘူး ဒကာမလေး မေတ္တာတိုင်းမှ အသွား အပြန်ရှိတတ်ပါတယ်... ဒကာမလေး ချစ်တဲ့သူက အစစ်မပေးဘူးဆိုတာ
အရင်ဘ၀က ဒကာမလေးက သူ့ ကို အတုပေးထားဖူးလို့ ပါတဲ့ ဗုဒ္ဓ ဘာသာတစ်ယောက် အနေနဲ့ .. ဒါကိုလက်ခံရမယ်တဲ့.. ကိုယ်ကကူညီလိုက်လို့ အဲဒီသူက ကျေးဇူးမသိလို့ ဒေါသ ထွက်မနေပါနဲ့ တဲ့ သူထက်သာတဲ့သူဆီက အကူအညီတွေရနိုင်ပါတယ် လို့ ဆရာတော်မိန့်တော်မူတော့ လမင်း နှစ်၊ လ များစွာတွေးခဲ့တဲ့ မေးခွန်းအဖြေ ရသွားခဲ့ပါတယ်။။။ အဲဒီတော့ ငါပေးထားတာ အစစ်ပါ ဘာလို့ ငါအတုပဲရတာလည်း ဆိုတဲ့
မေးခွန်းမေးတဲ့သူငယ်ချင်းရေ ကျေနပ်ကောင်းပါတယ်.. လမင်းတော့အရမ်းကြိုက်တယ်။။ အဲဒီအတိုင်းပဲကျင့်သုံးပါတယ်။။ နောက်ထပ် တစ်ခုက ထိုသူဟာ အစစ်နဲ့ မထိုက်ဘူးလို့ တွေးလိုက်ပါနော်..

မေးခွန်း (၄) မေးသူ ယောင်္ကျားလေး ကျတော်ကို ဘယ်လို မြင်လဲ ??????
လူလို့ ပဲမြင်တယ်လို့ ပြောတော့ မနောက်နဲ့ လမင်းရာ အကောင်းမေးနေတာပါ.. ဘယ်လိုမြင်စေချင်တာလဲ အစမရှိ အဆုံးမရှိနဲ့  သေချာပြောလေ ..သြော် ကျတော်က မိန်းကလေးတွေကို ဆွဲဆောင်နိုင်တဲ့အရည်အချင်းရှိလား။။။
ဒီလိုရှိပါတယ်.. နင်က မိန်းကလေးတွေကိုပဲဆွဲဆောင်နိုင်ယုံသက်သက်ပဲလား တကယ်မချစ်ဘူးပေါ့။။
အဲလိုမဟုတ်ဘူးလေ ကျတော့်ကို မြင်တဲ့လမင်းအမြင်ပဲ သိချင်တာပါ ..ကောင်းပါပြီ.. လူတစ်ကိုယ် စိတ်တစ်မျိုးမို့ ပုံသေပြောလို့ မရပါဘူး။။ လမင်းမျက်စိထဲ စိတ်ထဲ နင်ကို ကြည့်မရဘူးဆိုပါတော့... ကြည့်ရတဲ့သူအတွက်တော့
နင်ဟာ သူမဘ၀အတွက်တော့ ဆွဲဆောင်နိုင်ဆုံး မင်းသားတစ်ပါးဖြစ်နိုင်ပါလိမ့်မယ်.... ဒီအဖြေကိုတော့ သူကြိုက်သွားပုံရပါတယ်။။ကျေးဇူးတင်ပါတယ်.. လမင်းတဲ့...

မေးခွန်း (၅) ယောင်္ကျားလေးတွေက သူတို့ မှာ ချစ်သူရှိတာကို အခြားမိန်းကလေးတွေတွေ့ ရင် ချစ်သူရှိကြောင်းဘာလို့ ပေါ်တင်မပြောရဲကြတာလဲ.. မိန်းကလေးတွေကြတော့ ဘာလို့ ပြောရဲကြတာလဲ ???

လမင်းကြုံဖူးတယ်.. လိုင်းပေါ်မှာပေါ့ ဘယ်တော့မှ သူတို့ မှာ ချစ်သူရှိကြောင်းမပြောကြဘူး ပြောတာရှားတယ်..
အကိုတစ်ယောက်ရှိတယ် ခင်ဖို့ လည်းကောင်းပါတယ် လမင်းသူကိုလေးလည်းလေးစားတယ် စာရေးလည်းကောင်းတယ် လမင်းကိုလည်း အမြဲဆုံးမတတ်တယ်.. သူများတွေလိုတော့ စသိထဲကအီစီကလီ မပြောပါဘူး ဒါပေမဲ့ စသိတုန်းက သူက လူပျိုကြီးလို့ မိတ်ဆက်လာခဲ့တယ်။။။ လူပျိုကြီးဆိုတော့လည်းလူပျိုကြီးပေါ့ ... လမင်းကတော့ အားလုံးကိုအရိုးသားဆုံးပဲခင်တယ်. ပွင့်လင်းစွာပြောတတ်တယ် စိတ်ရင်းမှန်နဲ့ ခင်တယ်။။။ ကြာလာတော့ မိန်းမရှိကြောင်းပြောလာတဲ့အပြင် ကလေးတောင်ရှိသေးတယ်.. ဟီး.. ဒါ ဘာကိုပြောချင်တာလဲဆိုတော့ ယောင်္ကျားသဘာဝ ထင်တယ်။။။
နောက်တစ်ခု သူတကယ် မချစ်လို့ လည်းဖြစ်နိုင်ပါတယ်.. ကိုယ်တကယ်ချစ်တဲ့ မိန်းကလေး ချစ်သူကို
လူတိုင်းကို မိတ်ဆက်ပေးရဲရမယ်.. လူတိုင်းကိုပြောရဲရမယ်.. အဖြေကရှင်းနေပါတယ်.. မိန်းကလေးတွေကတော့
မေးလိုက်ရင်းးး ချစ်ချစ်နဲ့  ပြောနေတာ မမ ညီမမှာ ချစ်သူရှိတယ် လို့ သူတို့ ပြောရဲကြတယ်..
(Fb) တွေ ဘလော့တွေမှာလည်း ပေါ်တင်ကို သူတို့ ချစ်သူပုံကိုတင်ရဲကြတယ်... ဒါကိုကြည့်ချင်အားဖြင့် မိန်းကလေးတွေက ယောင်္ကျားလေးတွေထက် သတ္တိရှိကြောင့် ချစ်ကြောင်း ကို ပြနိုင်ခြင်းပဲလို မြင်မိပါတယ်။။
လမင်းအွန်လိုင်းပေါ်က သူငယ်ချင်းတွေကို အားလုံးငါမှာချစ်သူရှိကြောင်းကို ပြောထားပြီးသားပါ။။

မေးခွန်းများစွာရှိပါသေးတယ်.. လက်နာနေလို့ ဒီလောက်ပဲဖြေပြီရေးလိုက်ပါတယ်။။
လမင်းနင်ဆရာကြီးလာဆိုတော့ မဟုတ်ပါဘူး။။ ကြုံဖူးခဲ့တယ် နောက်ထပ်လည်းကြုံနေရအုံးမယ် လူ့ လောက ထဲမှာကျင်လည်နေရင် ရလာခဲ့သော အသိများနဲ့ အတွေ့ အကြုံကို ရေးထားခြင်းပါ သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ။။
အားလုံး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ...

17 comments:

  1. အဲလိုမှန်းသိရင် ပစ်ပစ်လည်း
    မေးခွန်းမေးပါတယ်...
    လမင်းး အပျိုကြီးလုပ်မှာလား..
    လမင်း ပစ်ပစ်ကို တကယ်ချစ်တာလား
    လမင်းးပစ်ပစ်အတွက်အဆင်သင့်ဆိုတာတကယ်လား
    လမင်းပစ်ပစ်ပြန်ရင် တူတူလိုက်ပြန်ပြီးလည်မှာလား
    လမင်းး ပစ်ပစ်စားချင်တာချက်ကျွေးမယ်ဆိုတာ တကယ်လား
    ဟင်းဟင်းးဟင်း
    အဲလိုမေးခွန်းတွေပေါ့ကွယ်..
    မေးလိုက်ချင်တာ...

    ReplyDelete
  2. မိန်းကလေးတွေက အခက်အခဲကိုလဲရင်ဆိုင်ရဲတယ် ဒုက္ခကိုလဲ ရင်ဆိုင်ရဲတယ်
    ယောက်င်္ကျားတွေထက်ပိုပြီးတော့လေ
    လမင်းဖြေတာမှန်ပါတယ်

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. ပစ်သဘော ပစ်သဘောပါ :P

    ReplyDelete
  5. အသည်းတော့မကွဲဖူးပါဘူး...ဒါပေမယ့်...အချစ်တွေတပွေ့တပိုက်နဲ့လမ်းဘေးဆင်းထိုင်ခဲ့ရဖူးတယ်

    ReplyDelete
  6. (၁)လောကမှာ ပညာတတ်တိုင်းအသိဥာဏ် မရှိဘူးတဲ့

    (၂)အသည်းတို့ နှလုံးသားတို့ ဆိုတာ ကွဲဖို့ မှ မဟုတ်တာ
    .လောကကြီးက တရားပါတယ်... ကိုယ့်အချစ်နဲ့ မထိုက်တန်လို့ ပဲမှတ်လိုက်ပါ။။အသည်းကွဲနေသူများအတွက်ပါ

    (၃)ကိုယ်ပေးလိုက်တဲ့ သူဆီက မရတတ်ပေမဲ့ အခြားသူတွေဆီက ရပါတယ်..

    (၄)နင်က မိန်းကလေးတွေကိုပဲဆွဲဆောင်နိုင်ယုံသက်သက်ပဲလား တကယ်မချစ်ဘူးပေါ့

    (၅)မိန်းကလေးတွေက ယောင်္ကျားလေးတွေထက် သတ္တိရှိကြောင့် ချစ်ကြောင်း ကို ပြနိုင်ခြင်းပဲလို မြင်မိပါတယ်။။

    မေးခွန်းများစွာရှိပါသေးတယ်.. လက်နာနေလို့ ဒီလောက်ပဲဖြေပြီရေးလိုက်ပါတယ်

    ဆရာလေး မလမင်းရေ ....
    အမေးအဖြတွေထဲက
    မိုးသူ အကြိုက်ဆုံးစာသားလေးတွေကူးယူသွားပါတယ် ဟီးဟီး :p

    ReplyDelete
  7. မန့်တာ ကွန်းမန့်ဘောက်စ်ထဲဝင်သွားတယ် လုပ်ကြပါဦးးးးးး

    ReplyDelete
  8. စောစောကတော့မပြောဘူး မေးစရာရှိတာမေးလိုက်ပါတယ်

    ReplyDelete
  9. မှတ်သားစရာတွေရလိုက်ပါတယ်။ ကိုယ်က အစစ်ပေးပြီး ပြန်မရရင် အရမ်းရင်နာရတာပဲနော်။

    ReplyDelete
  10. လက်ခုပ်တီး အားပေးသွားပါတယ် ညီမလေး.... မေးသူရော ဖြေသူရော တော်ပါ့။
    ((((အသည်းတို့ နှလုံးသားတို့ ဆိုတာ ကွဲဖို့ မှ မဟုတ်တာ)))) ချစ်ဖို့တော့ ဟုတ်တယ်မို့လား..အဟီး



    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  11. လမင်းရေ..

    စိတ်ဝင်တစားဖတ်သွားတယ်။

    ချစ်တဲ့
    မြတ်

    ReplyDelete
  12. လက်နာနေဒယ်ဒဲ့

    အဖြေလေးတွေ ကောင်းပါတယ်ဆိုမှ

    အရေးထဲ ဆေးလိမ်းကွာ ပီးရင်ဆက်ရေး မိုက်ဒယ်

    ReplyDelete
  13. အဖြေလေးတွေက ကောင်းတယ်.. နောက်ထပ် ထပ်မေးမယ့်မေးခွန်းတွေနဲ့ အဖြေတွေကို စောင့်ဖတ်နေမယ်နော်..း)

    ReplyDelete
  14. ဖြေထားတာတွေအားလုံး ကောင်းပါတယ်.. အောက်ဆုံးအဖြေကို အကြိုက်ဆုံးပဲ. ဒါပေမယ့်. တချို့မိန်းကလေးတွေတော့ ချစ်သှူရှိရက်နဲ့ မရှိပါဘူးဘာညာသာရကာ အီစီကလီပုံစံမျိုးတွေ တွေ့ဖူးတယ်..။ မိန်းကလေး ယောက်ျားလေးဆိုပြီးပြောတာထက် လူအမျိုးအမျိုးစိတ်အထွေထွေပဲ ဆိုသလိုပေါ့

    ReplyDelete
  15. အခ​န်း​ဆက်မ​ရိုက်ပါ​နဲ့​ အစ်မ​ရ​ယ်
    ဖတ်တဲ့​​သူ​မှာ ဆတ်တ​ငင်ငင်နဲ့​ ...
    ( ဟွ​န်း ... သွပ်ပြားက လက်နာ​ေ​န​ပါ​တယ္ဆို​ေ​န​မွ )

    ReplyDelete
  16. အင်း.... ဘလော့မလည်တာလည်းကြာပေါ့..
    အခုမှသီလရှင်ရဲ့ အမေးအဖြေကို ဖတ်ရတယ်...
    အံရော အရပ် ကတို့ရေ... သီလရှင်(လမင်း)လည်းအတင်း
    တုတ်တတ်တယ်ဗျာ:... ထင်တောင်မထင်ရဘူး... ဟိုတယောက်
    က.. သူ့ကိုပြောတာ လူပြို ကြီးလို့ ပြောတာပါ.. လူပျိုကြီးလို့ပြော
    တာမဟုတ်ပါဘူး... သူစာရိုက်မှားရင်တောင် ပျို နဲ့ ပြို ကိုပြင်ပြင်
    ပေးနေကျပါ... အဲနောက်ဆုံး အဖြေတော့ မကြိုက်လို့ အထွန့်
    တက်လိုက်အုန်းမယ်... ယောက်ကျားလေးတွေက ကိုယ့်ချစ်သူကို
    အရမ်းချစ်လို့ ထုတ်မကြွားတာ... တစ်နည်းပြောရရင် တန်ဖိုးရှိအရာ
    လို့သတ်မှတ်ပြီး သူခိုး၊ သူဝှက်ရန်ကိုကြောက်လို့ ရှိတာကို ထုတ်မကြွား
    တာ... မယုံရင် ကောင်လေးတွေကိုမေးကြည့် :P အပျိုကြီးတွေနဲ့
    ပြောရတာ တခါတလေလက်ပေါက်သိပ်ကပ်တာပဲ ... :P

    ReplyDelete
  17. လမင်းရဲ့ အတွေးအမြင် ခံယူချက်ကလေးကို
    လာဖတ်သွားတယ်..ကောင်းပါတယ်..
    လူတွေစိတ်ဝင်စားခြင်းခံရတဲ့သူဆိုတာ
    အဲ့လိုပဲဖြေရှင်းရမှာပဲ..စိတ်ဝင်စားလို့ မေးကြတာလေ..
    ဒါပေမယ့် လမင်းရယ်.စိတ်သည်လည်းမမြဲသလို.
    ယောင်္ကျားမိန်းမ သည်လည်း တစ်မျိုးတစ်စားထဲတော့
    မဟုတ်ဘူး..စိတ် ကမမြဲတဲ့အတွက်..
    ချစ်တယ် ဆိုတာလဲ မမြဲသလို မုန်းတယ် ဆိုတာလဲမမြဲဘူး..
    မမြဲတဲသဘောတရားတွေ ကြောင့်ပြောင်းလဲတာပါပဲ...
    ဒါ က ဘုရားဟောတာလေးကို လေ့လာထားလို့ 
    မဟုတ်ရင်အဲ့လောက်ကိုသိမှာမဟုတ်ဘူး...

    လမင်း ရဲ့သဘောထားကြေငြာချက်ကို လာဖတ်သွားတယ်နော်..:P

    ReplyDelete