ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
Monday, May 21, 2012
စိတ်ဒဏ်ရာ..
အိမ်ရှေ့တံခါးဝမှာ ကလေးငယ် တစ်ယောက် ရဲ့  အားကိုးကြီးစွာ မျှော်လင့်နေတဲ့ပုံလေး ၀တ်ကောင်းစားလှလေးနဲ့ တစ်နေရာကို သွားဖို့ ဟန်လေးနဲ့ တက်ကြွနေတဲ့ သူပုံလေး  ...သမီး... အဖေ မလာသေးဘူးလား။ ဘယ် အချိန်လာမယ်ပြောလို့ လဲ  အိမ်ထဲမှာလာစောင့်နေပါ ခြင်ကိုက်မယ်.. အမေပြောတဲ့အသံ
သူ့အဖေလာရင် တစ်ခါတည်းထွက်လို့ ရအောင် အပြင်ကပဲစောင့်နေတဲ့ပုံရတယ်..
သမီးလည်းနော် အစွဲက ကြီးလိုက်တာ  ခက်ပါပြီ  ..ညဥ့်နက်နေပါပြီ.. ကလေးရဲ့ အဖေ မလာသေးပါ။။
ဘယ် အချိန် အိပ်ပျော်သွားလည်း မသိလိုက်ပေမယ့်  မနက်နိုးလာတော့ အိမ်ယာထဲရောက်နေခဲ့တယ်။။ အမေ ..........
အဖေ ညက ပြန်လာလား။။ လာတယ် သမီးရဲ့  အခုပဲပြန်ထွက်သွားတယ်။။ အလုပ်ရှိလို့ တဲ့ အဖေ ဘာပြောခဲ့လဲ....အမေ သမီးနိုးလာရင်းတောင်းပန်ပေးပါတဲ့.. ကျွန်မ သိတယ် အဖေ မပြောဘူးဆိုတာ..အမေကြားထဲက ၀င်ပြောပေးနေတာပါ။။။ အဖေက ကတိမတည်ဘူး နော်..အမေ.. ည(၇) နာရီပြန်လာပြီ...............
မီးပုံပွဲ လိုက်ပြပေးမယ် လို့ သမီးကိုပြောတယ် (၇) နာရီစောင့်နေပါဆိုလို့ သမီးစောင့်နေတာ ဖေဖေ ကတိမတည်ဘူး။။
ထို နေ့ ညက သီတင်ကျွတ် လပြည့်နေ့ ကျွန်မတို့ နယ်လေမှာ နှစ်တိုင်းလုပ်နေကြ ဆီမီးမျောပွဲရှိတယ်။အရမ်း
စည်းကားတဲ့နေပေါ့။။ ကလေးတစ်ယောက် အနေနဲ့ ဘယ်လောက်သွားချင်နေမလဲ... ဒါပေမဲ့ သူ့အဖေရဲ့  ကတိမတည်
အချိန် မပေးမှုတွေကြောင့် ကလေးငယ် စိတ်မှာဒဏ်ရာစတင်ရခဲ့ပါတော့တယ်။။ နောက်တစ်ချိန် အဖေသမီးတို့ 
ကျောင်း ကြက်တောင်ပြိုင်ပွဲရှိတယ်။  သမီးတို့ အသင်း အနိုင်ရထားတာ အခြားကျောင်းက သူတွေနဲ့ ယှဉ်ရမှာ
အဖေလာအားပေးပါလား ဆိုသော် ကလေးငယ်တစ်ယောက် သူ့ အဖေကို တောင်းခံနေရှားသည့် အသံ အဖေ မအားဘူး ။ သမီး ဆိုသော သူ၏ ဖခင်စကားအဆုံး... နောက် ထပ်စိတ်ဓာတ် ကျခဲ့ရပြန်သည်.. သမီးနိုင်ရင် သူငယ်ချင်းတွေကို
တစ်ခုခုလိုက်ကျွေးလိုက်ပေါ့ ဆိုပြီ ငွေစက္ကူတချို့ နဲ့ နှစ်သိမ့်ခဲ့ပါသည်။။ ထို ပွဲကို တကယ်ပဲ အဖေ ရောက်မလာခဲ့ပါ။။
မိဘတွေနေရာမှာ အမေကို သာအမြဲတမ်းတွေ့ ရသော ကလေးငယ်ရဲ့ စိတ်ထဲမှာ အဖေဆိုတာကို စိမ်းလာခဲ့ပါတော့တယ်။။ အမေ ... အဖေက ဘာလို့ မိသားစု အတွက် အချိန်မရှိတာလည်း .... ဘာလို့ သမီးကို လျစ်လျူရှုထားတာလည်း သမီးနားမလည်ဘူး အမေ.. အဲလို မတွေးပါနဲ့ သမီးရယ်... အဖေလည်း အချိန်ပေးချင်မှာပါ အချိန်မရလို့ ပါ ။ သမီးလေးက နားလည်ပေးရမယ်နော်.. မိဘကို မပြစ်မှားရဘူးကွယ်....ဆိုသော
မေမေ အားပေးစကား.. ဒါပေမဲ့ အဖေက အခြားသူတွေ အတွက်တော့ ဘာလို့ အချိန်ရနေတာလည်းဆိုတာ ကျွန်မ
နားမလည်ခဲ့ဘူး။။။ ကျွန်မမှာ ညီမလေးနှစ်ယောက်ရှိပါတယ်.. သူတို့ အတွက်ဆို အဖေဟာ အမြဲတမ်းအားတယ်။။။
ကျွန်မ စာညံ့လို့ လား မတော်ခဲ့လို့ လား အဖေအတွက် ဂုဏ် မဲ့စေခဲ့လို့ လား။။ ၀န်ခံပါတယ် ကျွန်မဟာ စာအ၇မ်းညံ့ခဲ့ပါတယ်။။ ဒါကြောင့် အဖေရှက်တာလား။။ ကျောင်းကမိဘခေါ်ရင် အဖေ မလာပါ  အမေသာလျှင်
အမြဲတမ်း ကျွန်မနဲ့ အေးတူ ပူမျှ  ခံစားပေးခဲ့တယ်။။ ကျွန်မ စာညံ့ပေမယ့် အားကစားဘက်မှာတော့ ကျွန်မထူးချွန်တာပဲလေ  ...လူတိုင်းဟာ အကုန်တော်တယ်ဆိုတာမှ မရှိတာ.. ဒါကိုအဖေ မနှစ်သက်ခဲ့လို့ လား။။ အဖေဟာ ကျွန်မနဲ့ ပတ်သက်လာရင် အမြဲတမ်း အချိန် မရှိခဲ့သလို ကတိလည်း မတည်ခဲ့ပါဘူး။။။ အချိန်တွေ ကြာလာတာနဲ့ အမျှ ကျွန်မရဲ့ စိတ်ဒဏ်ရာတွေပိုဆိုးလာခဲ့ပါတော့တယ်.။။
အမြဲလိုလို အဖေနဲ့ ဆန့်ကျင်ဘက်သို့ လျှောက်လှမ်းလာခဲ့တော့... အဖေနဲ့  ကျွန်မကြား အမေ အမြဲတမ်း စိတ်ဆင်းရဲ ခဲ့ရပါတော့တယ်။။ ကျွန်မကို လျစ်လျူရှုတာ အချိန် မပေးတာ ကျွန်မ မုန်းတယ်။။ ကျွန်မ ချစ်တဲ့ အဖေကို ကျွန်မ
မမုန်းချင်ပါ။။ ဒါပေမဲ့ အဖေက့ ကျွန်မဆို အထင်မကြီးသလို အချိန်လည်း မပေးခဲ့ပါဘူး။။။ ကျွန်မနားအမြဲရှိနေပေးတာ ကျွန်မ အရမ်းချစ်တဲ့ အမေပါ။။ ကျွန်မ ဘ၀မှာ အမေကိုသာ အချစ်ဆုံးဖြစ်သလို အမေကလည်း ကျွန်မကို အချစ်ဆုံးဖြစ်မှာပါ။။ ကျွန်မရဲ့ စိတ်တွေ အဖေကြောင့် ကြမ်းတမ်းလာခဲ့တယ်  .အရွဲ့ တိုက်တတ်တဲ့ အကျင့်တွေ ရလာခဲ့တယ် .. အလိုမကျမှုတွေနဲ့  ကျွန်မ ဘ၀ကို ဖြတ်သန်းလာခဲ့တယ်။။။
ကျွန်မ ခံစားရသလို အဖေကို ခံစားစေချင်ခဲ့တယ်။။ ကျွန်မ ငရဲကြီးမလား။။ ကျွန်မ မတွေးချင်တော့ဘူး။။
အမေ.. သမီးကျောင်းထွက်ပြီ ရန်ကုန်မှာပဲ နေတော့မယ် .. အဒေါ်တွေအိမ်မှာနေပြီ အလုပ်တစ်ခုခုလုပ်မယ်လို့ ကျွန်မ အမေ့ကို တိုင်ပင်တော့ မဖြစ်နိုင်ပါဘူး သမီးရယ်  ... သမီးအရမ်းငယ်သေးတယ်..
လောကကြီးအကြောင်း လူတွေအကြောင်းနားမလည်နိုင်သေးဘူးလို့ အမေ ပြောလာခဲ့တယ်။။။ သမီး အမေစိတ်ဆင်းရဲနေတာမမြင်ချင်တော့ဘူး ..... သမီးနဲ့ အဖေပြဿနာ ဖြစ်တိုင်း အမေ ငိုနေတာလည်း သမီး မ ဖြစ်ချင်တော့ဘူးးး အဖေကိုလည်း သမီး မမုန်းချင်လို့ ပါ။။ သမီးဒီလမ်းကိုလျှောက်ခွင့်ပေးပါ ။။။ အမေ...
သမီးကို သွားခွင့်ပေးပါ။။ ဒီလိုနဲ့ ကျွန်မ အိမ်နဲ့ ခွဲခဲ့တဲ့
 အချိန် (၅) နှစ်လောက်မှာ  အဖေဆီက ဖုန်းလာခဲ့တယ်။။။ အဖေ သမီးနဲ့ တွေ့  ချင်တယ်ဆိုတဲ့ အသံ ကျွန်မ ရဲ့ 
မသိစိတ်က ပျော်နေပေမဲ့ ကျွန်မရဲ့ သိစိတ်ကလက်မခံခဲ့ ပါ။။ သမီး မအားဘူး အဖေ  အလုပ် တွေအရမ်းများနေတယ်။။ အလုပ်ကိစ္စနဲ့  ခရီးသွားရမယ်.... သမီး အဖေ အတွက် အချိန်မပေးနိုင်တာခွင့်လွတ်ပါလို့  .. ကျွန်မ ပြောလိုက်တော့.. အဖေဘယ်လိုခံစားရမလည်း ကျွန်မ ..မသိပေမယ့်
ကျွန်မ ခံစားခဲ့သလို ခံစားစေချင်တာတော့ အမှန်ပဲ.. ကျွန်မရဲ့ မကောင်းတဲ့ စိတ်ဓာတ်တခု အရိုးစွဲလာခဲ့တာကတော့
လူတိုင်းဟာ ခံစားဖူးမှ ခံစားတတ်မယ်ဆိုတဲ့ ဝေါဟာရ တစ်ခုဟာ ကျွန်မ နှလုံးသားမှာအရိုးစွဲ   လာခဲ့ပါတယ်။။  အလုပ်ထဲမှာလည်း ကျွန်မ ထိုနည်းအတိုင်းပဲကျင့်သုံးလာခဲ့တယ်။။ ဒီအကျင့်ဟာ ကောင်းမကောင်း ကျွန်မ ဝေဖန်စမ်းစစ်တာမျိုးလည်း ဘယ်တော့မှ မလုပ်ခဲ့ပါ။။ ငါခံစားရသလို ပြန်ခံစားရမယ်ဆိုတဲ့ စိတ်နဲ့ ကျွန်မ ဘ၀ကို ပူလောင်စွာလျှောက်လှမ်းခဲ့တယ်။။။  ကျွန်မ ကိုယ်တိုင်လည်း မည်သူကို မှ ထိခိုက် နာကျင်အောင် မလုပ်ခဲ့သလို ကျွန်မကို လုပ်ခဲ့ရင်လည်း ခေါင်းငုံ့ နေတဲ့အစားမျိုး မဟုတ်ခဲ့ပါ။။။
အခု လည်း အဖေခံစားသွားရမှာလားဆိုတဲ့စိတ်မျိုးရှိပေမဲ့  ကျွန်မ ကျေနပ်နေတတ်သေးတာပါ။။။
 နောက်နေ့ အမေဆီက ဖုန်းလာပါတယ်... သမီး အဖေက သမီးကို အရမ်းတွေ့ ချင်နေတယ်.. တွေ့ ခွင့်ပေးလိုက်ပါ ...သမီးရယ် ..ဆိုသော အမေ စကားသံ.  သမီးမတွေ့ ချင်ဘူး အမေ .. သမီး ဘ၀မှာ အဖေ မရှိခဲ့တာ ကြာနေပြီ....
အမေတွေ့ ချင်ရင် လာတွေ့ ပါ သမီးတော့ အိမ်ကို ပြန်မလာချင်သေးဘူး အမေ....သမီးရယ် အငြိုးကြီးလိုက်တာ ဆိုတဲ့ တစ်ဘက်ကအမေညည်းသံ......
ငရဲကြီးတတ်တယ်.. သမီးလေးရယ် လိမ္မာပါတယ်... အိမ်က ထွက်သွားတာလည်းကြာနေပြီ ....စိတ်ကို လျှော့လိုက်ပါတော့လား။။ အမေပဲကြားထဲကနေ တောင်းပန်ပါတယ်။။ အဖေနဲ့ တွေ့ ကြည့်လိုက်ပါ။။
အဖေပြောတာကို သမီးသေချာနားထောင်လိုက်ပါ။။။ သမီးနားမထောင်ချင်ဘူး အမေ... သမီးအတွက် အချိန်မရှိခဲ့တဲ့ အဖေ နဲ့ သမီး စကားမပြောချင်သလို သမီးအချိန်တွေဟာလည်း အဖေ အတွက် မဟုတ်ဘူး။။
အမေ ..အဖေ အကြောင်းပဲပြောနေရင် ဖုန်းချလိုက်တော့မယ်... အမေကို သတိရရင် ဖုန်းဆက်လိုက်မယ်နော်..
ဖုန်းချလိုက်တော့မယ် အမေ..။။။ အမေဘက်က အသံကို ကျွန်မ မကြားတော့ပါ။။။ အမေစိတ်ဆင်းရဲနေမယ်ဆိုတာ ကျွန်မ ကောင်းကောင်းနားလည်ပါတယ်။။ ငယ်ငယ် ထဲက ကျွန်မနဲ့ အဖေကြား အမေ စိတ်ညစ်ခဲ့ရတယ်။။။
 တစ်နေ့ ကျွန်မ အလုပ်ကိစ္စနဲ့ အပြင်သွားရင် အဖေ လုပ်ဖော်ကိုင်ဖက် ဦးလေးကြီးတစ်ယောက်နဲ့ တွေ့ တော့ လှမ်းခေါ်လို့ ကျွန်မစကားပြောရင် နေ့လည်စာကျွေးခဲ့ပါတယ်။။ သမီးကငယ်ငယ်က အေးအေးလေးနေ တတ်တော့အခု လိုစီးပွားရေးလုပ်နေတာ အံ့သြ မိတယ်။။။  သမီးအဖေ က သမီးကို စိတ်မချဘူး အမြဲပြောနေတာလေ  ဦးလေးတို့တောင်ဝိုင်းပြောကြသေးတယ်... သူအလိုလို အဆင်ပြေသွားမှာပါလိုဝိုင်းပြောဖူးကြတယ်..့ ..
အဖေက ကျွန်မ အတွက် စိတ်ပူတယ်တဲ့  (ရယ်) ရီ ချင်မိပါတယ်။။ မဖြစ်နိုင်တာ ဦးလေးရယ်  အဖေက ကျွန်မကို
ဘယ်တော့တုန်းကမှ စိတ်ပူခဲ့တာမဟုတ်ပါဘူး။။ အမြဲတမ်း ဥပေက္ခာပြုထားတာပါ။။ မဖြစ်နိုင်တာ သမီးရယ်....
ဦးလေးတို့ အမြဲတမ်းမေးဖူးတယ် ခင်ဗျာ သမီးသုံးယောက်ထဲမှာ ဘယ်သူကို အချစ်ဆုံးလည်းမေးတိုင်း  ညည်း အဖေဖြေတဲ့ အဖြေဟာ အမြဲတမ်း ပြောင်းလည်းမသွားတတ်တာ တစ်ခုပဲရှိတယ်။။ အဲဒါက ကျွန်တော်သမီးသုံးယောက်ထဲမှာ ကျွန်တော် စိတ်မချဆုံးက သမီးကြီးပဲတဲ့ အေးစက်စက် နဲ့ ရိုးတယ်.. လောကကြီးကို ဘယ်လိုများလျှောက်လှမ်းမလည်းမသိဘူး ပညာရေးလည်း စိတ်မ၀င်စားဘူး။။
ကျွန်တော်သူကိုတော့ အရမ်းစိတ်ပူမိတယ်  အငယ် နှစ်ယောက် အတွက် ကျွန်တော် စိတ်ချရတယ်တဲ့..
လုံးဝ မဖြစ်နိုင်တဲ့ စကားကို ကျွန်မ ကြားနေခဲ့ရတယ်။။ မဖြစ်နိုင်တာမပြောပါနဲ့ ဦးလေးရယ်။။ အဖေအကြောင်းပြောလာရင် နားမထောင်ချင်တော့တာ အကျင့်တစ်ခုလိုဖြစ်နေတဲ့ ကျွန်မ က ...အလုပ်လေးရှိသေးလို့ သွားလိုက်ပါအုံးမယ် ဦးလေး ...နောက်ကြုံရင်တွေ့ ကြပါအုံးမယ်..ကျွန်မရှင်းပြီးသားနော် ဦးလေး... သွားလိုက်ပါအုံးမယ်ရှင်.. ကျွန်မ ကျောပေးထွက်ခဲ့လိုက်ပေမယ့်
အတွေးတွေက ကျွန်မ ခေါင်းထဲ ၀င်ရောက်နောက်ယှက်နေပါတော့တယ်... ထိုနေ့ ကျွန်မ ဆိုင်ကနေ အိမ်ကိုစောစောပြန်လာပြီ .. အမေဆီဖုန်းဆက်ခဲ့တယ်.. အဖေ နေမကောင်းဘူးတဲ့  ... ကျွန်မ စိတ်ထဲ တမျိုးဖြစ်သွားတယ်။။ ဘာဖြစ်တာလဲ အမေ .. သမီးကို လွမ်းတာနေမှာပေါ့လို့  အမေပြောတော့ စိတ်ထဲနင့်နေအောင်ခံစားရတယ်။။။  ဟုတ်တယ် သမီး တကယ်ဆို သမီးအဖေက သမီးကို စိတ်မချဆုံးနဲ့ အချစ်ဆုံးပါ။။ ဒါတွေကို သမီးတစ်နေ့နားလည်လာပါလိမ့်မယ်ဆိုတဲ့စိတ်နဲ့  အမေ ဘာမှမပြောခဲ့တာ..
သမီး အဖေလုပ်ခဲ့တာတွေဟာ  သမီးကို လူလောကထဲကျင်လည်အောင် နေတတ်ထိုင်တတ်အောင် လူမကြောက်တတ်အောင် ကိုယ့်အားကိုယ် ကိုးတတ်အောင် သင်ပေးခဲ့တာပါ။။ သမီးအားကစားပြိုင်ပွဲတွေနိုင်တယ်လို့ ကြားတိုင် မျက်ရည်ကျ ဂုဏ်ယူခဲ့တာ  သမီးအမြင်စောင်းနေတဲ့ အဖေပါပဲ .. သမီးမှ မသိခဲ့တာ... ပညာတော်စေချင်တာက သမီးကရိုးတော့ လူတွေနှိမ်တာ မခံရလေအောင် ပညာလေးနဲ့တခုခုလုပ်ကိုင်စားသောက်နိုင်အောင် ပညာတော်စေချင်ခဲ့တာပါ... သမီးရယ်.. အဖေကို အထင်မလွဲပါနဲ့ သမီး ငရဲ ကြီးမှာ အမေစိုးရိမ်လို့ ပါ.. အဖေကို နားလည်ပေးလိုက်ပါ...ဆိုတဲ့အမေ စကားမပြီခင်မှာပဲ ကျွန်မ မျက်ရည် များတားဆီးမရစွာ  ကလေးတစ်ယောက်လို ငိုချလိုက်ပါတော့တယ်..
ဟုတ်ပါတယ် ကျွန်မ ဘ၀ ဟာ အခုလို လူတွေနဲ့ တန်တူ လှုပ်ရှားနေခဲ့တာ အဖေကြောင့်ပါ အဖေကို မခံချင်စိတ်နဲ့ 
ကျွန်မ ကြိုးစားခဲ့တယ် လူကြောက်တတ်ပြီ  နေရာတိုင် အမေ သို့  အဖေပါမှာ သွားရဲ လာရဲ တတ်တဲ့ ကျွန်မဟာ အဖေကို နာကြည်း (ကြီး) စိတ်နဲ့ တစ်ယောက်ထဲနေတတ်အောင် လေ့ကျင့်လာခဲ့တာပါ။။။
အရာရာကို ပျော့ညံ့တတ်တဲ့ ကျွန်မ ဟာ စိတ်ဓာတ်တွေမာကျောလာခဲ့တာလည်း အဖေကြောင့်ပါ။။
အခုလို နေရာကို ရောက်လာခဲ့တာလည်း အဖေကြောင့်ပါ။။။ အမေ ..အမေ . သမီးပြန်လာမယ်.. အခုချက်ချင်
သမီးပြန်လာခဲ့မယ်  .. ... အဖေကို ခွင့်လွတ်ပေးဖို့ တောင်းပန်မယ်.. ကျွန်မ အချိန်တွေ အဖေကိုပေးတော့မယ်။။ သမီးးပြန်လာတော့မယ်... အမေ...
15 comments:
  1. ခံစားချက်ချင်းလေးတော့တူတယ် လမင်းရယ် ဒါပေမဲ့
    လွမ်း အဖေဆိုတာကို သိပ်မုန်းတယ်...... ဆောရီးပါ လမင်းရယ်
    ReplyDelete
  2. တစ်ယောက်နဲ့  တစ်ယောက်တော့ ခံစားချက် မတူနိုင်ဘူးပေါ့ဗျာ
    ကျွန်တော့်ဘ၀မှာတော့ ကျွန်တော့်အဖေက အကောင်းဆုံး စံပြတစ်ယောက်ပဲ .. :)
    ReplyDelete
  3. ဟုတ်တယ် အဖေတွေက သမီးအကြီးဆုံးကို အချစ်ဆုံးပဲလို့ ထင်တာပဲ
    ReplyDelete
  4. တယ်ဟုတ်ပါလား....ကြိုးစားထား
    ReplyDelete
  5. ဟုတ်တယ်..။တခါတခါကျတော့လည်းမိဘတွေနဲ့သားသမီးတွေကြားမှာနားလည်မှုလွဲနေတာလေးတွေရှိတတ်တယ်
    ReplyDelete
  6. မိဘဆိုတာ လောကမှာ တုနိုင်းလို့မရတဲ့မေတ္တာရှင် ကျေးဇူးရှင်တွေပဲလေ
    ReplyDelete
  7. မကြီးလမင်းရဲ့ စာလေး ဖတ်ပြီးခံစားသွားပါတယ်ဗျာ.......သားသမီးကို မချစ်တဲ့မိဘဆိုတာ မရှိသလို အချိန်မပေးချင်တဲ့ မိဘဆိုတာလည်းမရှိပါဘူး..သားသမီနဲ့မိဘကြား အမြဲတမ်း အဆင်ပြေပြေ ချစ်ချစ်ခင်ခင် နေနိုင်ကြပါစေဗျာ.....
    ReplyDelete
  8. ပစ်ပစ်May 22, 2012 at 11:11 AM
    လမင်းရေ
    မိဘဆိုတာ စိတ်မဆိုးကောင်းပါဘူးကွယ်..
    ReplyDelete
    Replies
    1. မိဘနဲ့သားသမီးကြားမှ သံသယ တွေဟာ မထားကြတာအကောင်းဆုံးပါဘဲ
      သားသမီးဘဲငရဲကြီးတတ်လို့ပါ
      ခင်မင်လျှက်
      အမမဒိုးကန်
      Delete
  9. ညီမလေးရေ...တကယ်တော့ မိဘဟာ မိဘပါဘဲ။ ညီမလေး စိတ်ခံစားမှုမျိုးကို တစ်ချို့လူတွေလည်း
    ခံစားဖူးကြမှာပါ။ မကြီးကိုယ်တိုင်လည်း အမေ့ဆီက ဒီလိုမျိုးလေး ခံစားဖူးပေမဲ့ နာကျည်းမှု့တွေ မပါဘဲ
    ကြေကွဲမှုတစ်ခုနဲ့ဘဲ သင်ခန်းစာယူပြီး ကိုယ့်သားသမီးတွေအတွက် ဆင်ခြင်ရတာပေါ့။ ညီမလေးလည်း မိဘနေရာ
    ရောက်ခဲ့ရင် ဒီလိုမဖြစ်အောင် သတိလေးဆောင်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါလို့ မကြီးပြောချင်ပါတယ်။
    ချစ်တဲ့
    မကြီးလွမ်း
    ReplyDelete
  10. ဟန်ကြည်May 23, 2012 at 12:00 PM
    အလုပ်များနေလို့ မရောက်တာကြာသွားတယ်...ရောက်ရောက်ချင်း ပို့စ်ကောင်းတစ်ခု ဖတ်လိုက်ရတော့လည်း အတန်သား...
    မိဘမေတ္တာကို ဖော်ကြူးနိုင်တဲ့ ၀ထ္ထုတွေများများရေးသင့်တာပေါ့လေ...ခေတ်ကာလအနေအထားအရ လူငယ်လူကြီး အမြင်ကွာဟမှုတွေ များလာတာမို့ သားသမီးနဲ့ မိဘကြားမှာလည်း အရင်ခေတ်ကထက် အဖုအထစ်တွေ ပိုများလာတာကိုး...ဒါတွေကို တတ်နိုင်တဲ့ ဘက်ကနေ ဖြန်ဖြေပေးခြင်းဟာလည်း စာပေသစ္စာပဲ မဟုတ်ပါလား...
    ReplyDelete
  11. ဖေဖေနဲ့မေမေကိုအရမ်းချစ်တတ်တဲ့ မဂျက်ကတော့ဖတ်ပြီး ခံစားခဲ့ရတယ်
    ReplyDelete
  12. ကောင်းလိုက်တဲ့ဝတ္ထုလေးနော် ဖတ်ရင်းခံစားသွားပါတယ်
    ကျွန်တော်လည်းလေ ခံစားချက်တွေရှိခဲ့ဖူးပါတယ်
    တကယ်တော့ မိဘဟာ မိဘပါပဲ သားသမီးတိုင်းကို သူတို့ချစ်တတ်ကြတာပေါ့
    ReplyDelete