ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Saturday, March 31, 2012

သစ္စာဆိုသည်မှာ...

 စာမရေးဖြစ်တဲ့ လမင်း သီချင်းယောင်ယောင် စာအုပ်ယောင်ယောင် ရုပ်ရှင်ယောင်ယောင်နဲ့
ယောင်ယောင်တွေများနေရင် သူငယ်ချင်းတစ်ယောက်က သစ္စာတရားနဲ့ ပတ်သက်တာလေး
ရေးပါလားတဲ့ သူပြောလာတော့ သစ္စာတရားကိုသေချာပြန်တွေးကြည့်မိတယ်။
နင်ကဘာကြောင့်ရေးခိုင်းတာလည်းမေးတော့ အခုခေတ် လူတွေသစ္စာတရားမရှိကြတော့ဘူးတဲ့
စဉ်းစားစရာပဲနော်။ ဘာကြောင့်သစ္စာမရှိကြတော့တာလည်းဆိုတာ တွေးမိရင်......

သစ္စာတရားဆိုတာ ပါဠိက လာတာပါ မြန်မာလို အမှန်တရားလို့အဓိပ္ပာယ်ရပါတယ်။
.သစ္စာ+ အမှန်+တရား ကသဘောကိုပြောတာပါ..။အမှန်သဘောလို့ အဖြေရတာပေါ့။
အမှန်သဘော + အမှန်တရား လို့ အဓိပ္ပာယ်ရတဲ့ သစ္စာရားကို.....

မြန်မာလူမျိုးတွေအနေနဲ့လက်သုံးစကားလို့ ဖြစ်နေကြပါပြီ။
အများအားဖြင့်တော့ အိမ်ထောင်ရေးတို့ ချစ်သူ ရည်စား အဖွဲ့ အစည်း လူမူရေးနယ်ပယ်တွေမှာသုံးကြတာများပါတယ်။
ပြောချင်တာက သစ္စာအကြောင်းလေးပါ၊ အိမ်ထောင်ရေးဖောက်ပြန်တာတို့
သမီးရည်းစားဖောက်ပြန်တာတို့ကို သစ္စာမရှိဘူးလို့ ပြောကြပါတယ်..
လမင်းအထင်တော့အဲလိုသုံးတာမှားနေတယ်ထင်ပါတယ်။၊စောင့်ထိန်းမူမရှိဘူးဆိုပိုမှန်မယ်။
သစ္စာဆိုတာအမှန်တရားလေ သူကတော့မှန်တယ်ထင်လို့ လုပ်တာ ဖြစ်နိုင်ပါတယ် ။လူတိုင်းကကိုယ်မှန်တယ်ပဲထင်ကြတာမလား၊ ဥပမာလေး
တစ်ခုပြောကြည့်မယ်နော် ချစ်သူနှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်
ချစ်နေကြတယ်၊ ချစ်နေတဲ့ အချိန်တုန်ကတော့ ဒါအမှန်ပဲလေး နောက်တော့
ကောင်လေးကပဲဖြစ်ဖြစ် ကောင်မလေးကပဲဖြစ်ဖြစ် မချစ်နိုင်တော့လို့ အခြားလူ
ကိုပြောင်းချစ်လိုက်တယ်ဆိုပါတော့ အဲဒါကို သစ္စာမရှိဘူးလို့ပြောလို့ပြောနိုင်လား။
သူမှမချစ်နိုင်တော့တာလေ သူချစ်နေတုန်းကအမှန်ပဲလေ သူချစ်ခဲ့ပါတယ်။
စိတ်ဆိုတာကအမြဲပြောင်းနေတာဆိုတော့ အဲဒါကို သစ္စာမရှိဘူးလို့တော့ ပြောလို့
မရဘူးထင်တာပဲ. စောင်ထိန်းမူမရှိဘူးပဲပြောနိုင်မယ်.. လူတိုင်းက လှတာတွေ့ရင်.ဒါမှာမဟုက် အခုတွဲနေတဲ့ သူထက်သာတာတွေ့ ရင်ဘယ်သူမဆို စိတ်ကတော့ယိမ်းယိုင်နိုင်ပါတယ် ။ဒါကို ကိုယ်ကသတိလေနဲ့ စိတ်လေးကို စောင့်ထိန်းဖို့ပဲလိုတာပါ။ကိုယ့်သိက္ခာအတွက် ကိုယ့် ပတ်ဝန်းကျင်ကိုယ်နဲ့ပတ်သက်တဲ့သူတွေ

အတွက် စောင့်ထိန်းသင့်ပါတယ်။စိတ်ဆိုတာက အရမ်းမြန်တော့ လမင်းတို့ညဏ်နဲ့
လိုက်မမှီနိုင်ပါဘူး ။လင်မယားတွေဆိုလည်း ယောင်္ကျားလေးက အရက်သောက်
ဖဲရိုက် ဆိုးနေတဲ့ သူကို မိန်းမ တစ်ယောက်က အဲယောင်္ကျားကိုမပေါင်း
နိုင်တော့လို့ ကွာပြီး အခြားသူနဲ့ ယူသွားရင် အဲမိန်းကလေးကို သစ္စာမရှိဘူးလို့
ပြောနိုင်လား။ သူလည်မှန်တယ်ထင်လို့လုပ်တာပဲလေဒါမှာမဟုက် သည်းခံပြီး
ပေါင်းနေရမှာလား။.ဒါဆို သူအတွက် တရားပါ့မလား ။ကောင်းတဲ့သူကို ရှာတာပဲလေ.၊ မကောင်းတဲ့ သူကိုစွန့် သွားတာ သစ္စာမရှိဘူးလို့တော့ ပြောလို့မရပါဘူး။ ၊ရည်းစားတွေဆိုလည်း ကိုယ်မင်းကိုပဲချစ်တာပါ မင်းကလွဲရင်
ဘယ်သူကိုမှမချစ်ဘူးဆိုတာလည် မှန်တာပဲ နောက်တစ်ယောက်မတွေ့ မခြင်းပေါ့။
ဒါကို သူက ငါ့အပေါ်သစ္စာမရှိဘူးလို့တော့ မပြောနိုင်ပါဘူး။မချစ်ပဲနဲ့ ဟန်ဆောင်နေတာမှာအောက်တန်ကျတာပါ။ သိက္ခာပိုင်တော့ လိုတာပေါ့နော် ဒီလိုမဖြစ်သင့်ဘူး သူငါကြောင့် စိတ်ညစ်ရမယ် ငါလည်းမကောင်းဘူး ဒါမဖြစ်သင့်ဘူးလို့ စောင့်ထိန်းနိုင်ဖို့ပဲအဓိကပါ။...
ချစ်သူတွေ တစ်ယောက်နဲ့ တစ်ယောက် ချစ်လာကြတာကြာပြီး သူလည်းငါကို
သစ္စာရှိတယ် ငါလည်း သစ္စာစောင့်ထိန်းမယ်ဆိုတာပဲ ရှိမှာပါ။ သူတို့နှစ်ဦးရဲ့ စိတ်ထဲ
မှာလှတာတွေ့ မယ် ကိုယ့်ချစ်သူနဲ့ သာတာတွေ့ ရင် စိတ်ထဲမှာ တစ်ခဏတော့
သာယာမှာပါ၊ မဟုက်ဘူးဆိုရင်တော့ ညာတာပဲနေမယ်..စိတ်ဆိုတာကပြောင်
လည်မြန်တဲ့သဘောလေ  ဒါကို ကိုယ့်ကသတိလေးနဲ့  သေချာစောင့်ကြည့်နိုင်ရင်တော့
သိနိုင်ပါတယ်။ သစ္စာတရားက အမှန်တရားပါ သူသဘောနဲ့ သူပါ ။
ဒါကိုလူတွေ ကသူတို့ရဲ့အကျင့်၊ သိက္ခာတွေနဲ့ တွဲကြည့်ကြလို့ သစ္စာတရား
ဟာ ဖောက်ပြန်တယ် ဖြစ်ရတာပါ။ သစ္စာတရားဟာ လူတိုင်မှာ ရှိကြပါတယ်။
အကျင့် ၊သိက္ခာ နဲ့ စောင်စည်းမူသာ လူတိုင် မှာမရှိတာပါ။
အကောင်းဆုံးကတော့ တစ်ဦးနဲ့ တစ်ဦး စောင့်ထိန်းနိုင်ကြရင်တော့
လောကပြောနေတဲ့ သစ္စာမရှိဘူးဆို တာတွေ သက်သာမှာပါ သစ္စာဟာ
ဖောက်ပြန်မှုမရှိ တက်ပါဘူး ။လူတွေက ဖောက်ပြန် ကြတာပါ..။
သစ္စာရှိမှု မရှိမှုကို ဘယ်လို အရာတွေနဲ့  တိုင်းတာလည်းအပေါ်မှာပဲ မူတည်ပါတယ်။
  လမင်းအထင်နဲ့ အတွေးလေးပါ ။ ထင်ချင်သလိုထင်တတ်တာလည်း လမင်းအကျင့်ပါ။
လူတိုင်းမှာလွတ်လပ်စွာတွေးနိုင်ခွင့်ထင်နိုင်ခွင့်ရှိတယ်လေ အများနဲ့တော့ဘယ်တူနိုင်မလည်းနော်
လူတစ်ကိုယ်စိတ်တမျိုးလေး  တကယ်တော့သူငယ်ချင်းတစ်ယောက်ရေးခိုင်းတာဒီအဓိပ္ပာယ်ဟုတ်ချင်မှ
ဟုတ်မယ်။။  သစ္စာမရှိတဲလူတစ်ယောက်ကို အားမနာတမ်းရေးခိုင်းပုံပါ။။ လူတစ်ယောက်ကို အဲလိုပြောဖို့ 
ရေးဖို့ လမင်းမကျွမ်းကျင်ဘူးလေ အဲတော့ရေးတတ်သလိုပဲရေးလိုက်ပါသည်။။။
လမင်းရေးတာ မှားတာများရှိရင် သည်းခံဖတ်ပေးကြပါလို့ .......။။။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ.....................

12 comments:

  1. ညလေးရေ အရင်ဆုံးမန့်လိုက်တယ်။ သစ္စာတော့ မကြီးလွမ်း မသိဘူး။ ဒါပေမဲ့ မေတ္တာကိုတော့ သိတယ်။ လူရွှင်တော်လေ။
    အဟီး..... သစ္စာအကြောင်းသိချင်ရင် ညလေးသမီးစံကို လက်တို့လိုက်
    လေ။ ဟိုနေ့က သူ ကိုသစ္စာဆီစာရေးပြီး ပလီပလာ တီတီတာတာ တွေပြောနေတယ်...
    အဟဲ
    ရေးတတ်သလိုရေး ညလေး. အဲတာကိုယ့်အတွေးဘဲ... ဟုတ်တယ်ဟုတ်...


    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  2. အားပေးသွားတယ်မမရေ
    အရမ်းကောင်းပါတယ်သစ္စာတရားကိုရှင်းပြထားတယ်

    ReplyDelete
  3. လာဖတ်သွားတယ်မမရေ
    မတွေ့တာကြာပေါ့

    ReplyDelete
  4. လူတွေကတော့ သစ္စာတရား ကို တစ်ဦးနဲ့တစ်ဦးကြား စောင့်ထိန်းမှုလို့ ယူဆကြတယ်။ အမှန်တော့ ကိုယ်မှ မချစ်ပါပဲနဲ့ ဆက်ချစ်နေရင် သစ္စာတရား (အမှန်တရား) ဘယ်ဟုတ်တော့မလဲ နော်။ ဖြစ်သင့်၏၊ မသင့်၏ဆိုတာ ဆုံးဖြတ်ရခက်ပါတယ်လေ။

    ReplyDelete
  5. ဟုတ်တာပေါ့
    သူ့အမြင် ကိုယ့်အမြင် ဘယ်တူပါ့မလဲ
    အစ်မရဲ့အမြင်လေးကို မှတ်သားသွားပါတယ်

    ReplyDelete
  6. အစ်မရဲ့ သစ္စာတရားအပေါ်အမြင်ကို ကြိုက်တယ်..။ တစ်ကယ်ကောင်းတဲ့ ပို့စ်လေးအတွက် ကျေးဇူးပါမမရေ. နောက်လည်း ဒီလိုမျိုးလေးတွေ များများရေးနိုင်ပါစေ. အားပေးနေပါတယ်.

    ReplyDelete
  7. လမင်းရဲ့ အမြင်လေးဖတ်ခဲ့တယ်နော်

    ReplyDelete
  8. မကြီးလမင်းရေး ဖောက်ထွက်အတွေးဆိုတာ ဒါကိုခေါ်တာထင်တယ်နော်....ဒီလိုစိတ်ကူးတွေ ရဖို့မလွယ်ဘူး.....မိုက်တယ် မကြီးလမင်းရေ.....အမြင်ဆိုတာ ကြည့်သူပေါ်မှာဘဲ မူတည်တာနော်.....ဟုတ်တယ်ဟုတ်.......

    ReplyDelete
  9. မလမင်းရေ
    သစ္စာဆိုတာ အခုလက်ရှိခေတ်အနေ အထားအတွက်
    သစ်စက်မှာရှိသလားလို့ မေးယူရလိမ့်မယ်ထင်ပါ၇ဲ့ ဗျာ

    ခင်တဲ့ 
    မိုးသူ(တောင်ကြီး)

    ReplyDelete
  10. သစ္စာတရားအကြောင်း ဖွဲ့ ဆိုထားတာလေးကို လေ့လာဖတ်မှတ်သွားပါတယ် ညီမ...

    ReplyDelete
  11. ဟန်ကြည်April 2, 2012 at 10:59 AM

    အနှစ်ဗလာသားနဲ့ ဖွဲ့စည်းထားတဲ့
    အချစ်အညာသမားအတွက်တော့
    သစ္စာတရားဆိုတာ ...

    လူကြားကောင်းရုံ ဟစ်တဲ့အသံ
    သူများခေါင်းပေါ် စိုက်မယ့်အလံ
    နေစားကောင်းအောင် လွှင့်တဲ့အကြံပဲ ဖြစ်နေမှာပေါ့လေ...

    ဒီပို့စ်ကိုဖတ်ရင်းကနေ သစ္စာတရားဆိုတာနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်တွေးဖြစ်တယ်...ဥပမာ သူခိုးတစ်ယောက်က ဒီအိမ်ကို ခိုးကိုခိုးမယ်လို့ သစ္စာပြုထားပြီး ခိုးဖြစ်အောင် ခိုးတာမျိုး...

    သစ္စာတရားဟာ ကောင်းကျိုးချည်းပဲလား ဆိုးကျိုးရောလားဆိုတာ ဂဃနဏ စဉ်းစားပြီးရင်တော့ ပို့စ်တစ်ပုဒ်ရေးဖို့ တေးထားလိုက်ပါရဲ့...ပို့စ်ကောင်းတစ်ခုအတွက် ကျေးဇူးပါ...

    ( လင့်ခ်ပြန်ပြန်ရှာနေရလွန်းလို့ လင့်ခ်ယူသွားပါပြီဗျား )

    ReplyDelete
  12. မှန်ရာ ကို ... သစ္စာ ဆိုပါမည်... ဘုရားသခင်ထံ
    တိုင်တည် ဖူးပါသည်.... ရင်မှာတယောက်ထဲ ချစ်ခဲ့ ဖူး
    ပါသည်.... မင်းကလွဲ၍ ဘယ့်သူ့ မှကိုယ် မချစ်ပြီ...
    (ကိုယ့်အမျိုးသမီးကို ပြောတာပါးP)... သစ္စာ ဆိုတာ
    ကို ကိုယ့် ညီမသရုပ်တွေခွဲပြနေတာပေါ့လေ ... အကို
    တော့ သစ္စာ + မှန်ကန်ခြင်း= အမြဲတန်း မှန်ကန်နေခြင်း
    ဆိုတာလောက်ပဲ သိတာဟေ့ ...နောက်သိတဲ့ သစ္စာ က
    သစ္စာ လေးပါပဲ :P... အဲဒိထက်ဘာမှ ပိုသိတော့ ဘူး..:P
    ပို့စ်လေးဖတ်သွားပါတယ်ညီမလေးရေ... ရယ်စရာလေးတွေ
    ပြောခဲ့တာမို့ စိတ်ဆိုးရဘူးနော် ...

    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete