ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Thursday, March 29, 2012

ဖတ်မိတာလေးများ....

အခုရက် ပိုစ့်အသစ်မရေးနိုင်သေးလို့  ဖတ်မိတာလေးတင်ပေးလိုက်ပါတယ်..
ကဗျာရေးဖို့ လည်းအာရုံမလာနဲ့ အခုတလောသီချင်းပဲဆိုချင်နေတာ.. အဲပိုးကလည်းမသေးဘူး။။
ကြိုက်တဲ့သီချင်းမရလို့ စိတ်တိုတိုနဲ့ စာဖတ်ရင် ကြိုက်မိတာလေးမျှဝေပေးလိုက်ပါတယ်။.:)

(၁)ဂုဏ်ဆိုတာ......

အလုပ်လုပ်ရာ မှာ ဂုဏ်ရှိဖို့ထက် အပြစ်ကင်းဖို့ပို အရေးကြီးပါတယ်၊ အပြစ်ကင်းရင်ဂုဏ်ဆိုတာ အလိုလို ရှိလာတာပါ။

(၂)ရွေးချယ်ပြီး လုပ်ရတယ်....

လုပ်ချင်တာ လုပ်သင့်တာ လုပ်ဖြစ်တာလို့ ကိစ္စ (၃) မျိုး ရှိတယ်။
လုပ်ချင်တာတွေထဲက လုပ်သင့်တာကိုရွေးချယ်ပြီး လုပ်ရတယ်။
လုပ်သင့်တာတွေထဲက လုပ်ဖြစ်တာကိုရွေးချယ် လုပ်ရပါတယ်။

(၃)ပိုမိုအောင်မြင်ဖို့...........

အလုပ်လုပ်လို့ အောင်မြင်လာတာကို ဂုဏ်ယူ ကျေနပ်နေမည့် အစား လုပ်ငန်မှာ ဟာတာကိုဖြည့်

လိုတာကိုစွက် လွဲတာကိုတည့်ပေးရင် ပိုမိုအောင်မြင်ပါတယ်။

(၄)အောင်မြင်လာရင်..............

အလုပ်လုပ်လို့ အောင်မြင်လာရင် စိတ်ဓာတ်ကြွလာတက်တယ်  တက်ကြွပြီးလွတ်လာတက်တယ်...
အပြောကြီးလာတက်တယ်..........

(၅) အလုပ်နဲ့ အကျိုး......

အလုပ်မကြီးရင် အကျိုးမကြီး နိုင်ပါဘူး.....

(၆)အပြောမကြီးဖို့...............

အလုပ်ကြီးပြီး အပြောမကြီးဖို့ သိပ် အရေးကြီးပါတယ်..........

(၇) လူစွမ်းကောင်းဝါဒ ရှောင်ရှားကြ.............

အများအကျိုးရှိရေး ပြုလုပ်ရာမှာ တစ်ကိုယ်ကောင်းစွမ်းရည်ပြ လူစွမ်းကောင်းဝါဒကို
ရှောင်ရှားသင့်ပါတယ်။။။။။

(၈) စကားပြောကောင်းသူ...........

စည်းရုံးရေးကောင်းတဲ့ စကားပြောကောင်းသူတစ်ယောက်ဖြစ်ဖို့ရာ........
မှန်ကန်သောစကားကိုပြောရမယ်။
မိတ်ဖြစ်ရေးစကားကို စေ့စပ်ရေးစကားကိုပြောရမယ်။
ချိုသာယဉ်ကျေးစွာပြောရမယ်။
အဓိပ္ပါယ်ရှိသော စကားကို ပြောဆိုရမယ်။

(၉) ကိုယ်ကသာ သည်ခံ....

ကိုယ်က သူတပါးကို သည်းခံရတယ်၊  ဆိုတာမျိုးတာရှိစေရမယ်....
သူတစ်ပါးကကိုယ့် ကိုသည်းခံရတယ် ဆိုတာမရှိစေရဘူး။

(၁၀) အလုပ်မလုပ်ခင်.............

အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်........

   ၁ ၊အကျိုးရှိ မရှိ စဉ်းစားဝေဖန်းပါ..။

၂ ၊သင့်တော် မတော် သုံးသပ်ပါ ။

အကျိုးလည်းရှိ သင့်လည်း သင့်တော်ရင်လုပ်ပါ။။။။။။။

ပဏိတာရာမရွှေတောင်ကုန်းသာသနာ့ရိပ်သာကျေးဇူးရှင်ဆရာတော်၏ အဆိုအမိန့်များမှမျှဝေခြင်းပါ..

12 comments:

  1. တကယ်ကောင်းတဲ့စာလေးတွေပါ
    မှတ်သားသွားပါတယ်မမရေ

    ReplyDelete
  2. မှတ်သားစရာစာလေးပါပဲလမင်းရေ
    မနေ့က အမလှိုင်းပေါ်ရောက်တော့လမင်းမရှိတော့ဘူး

    ReplyDelete
  3. မှတ်သားဖို့ကောင်းတဲ့ စာလေးတွေပါ မမရေ.. အရမ်းကောင်းပါတယ်.

    ReplyDelete
  4. မှတ်သားသွားပါတယ် အစ်မရေ
    တကယ်ကောင်းတဲ့ စာလေးတွေပါ
    share ပေးလို့ ကျေးဇူးပါ

    ReplyDelete
  5. နုတ်ပတ် မှာကူးသွားတယ့်
    ခဏခဏဖတ်ရအောင်လို့ ဖုန်းထဲပါထည့်ထားလိုက်တယ်

    ReplyDelete
  6. ညလေလမင်း

    မကြီးလွမ်းလည်း လာရောက်ဖတ်ပြီး မှတ်သားသွားတယ်နော်။
    ဆိုချင်နေတဲ့သီချင်းလည်း ဆိုနိုင်ပါစေကွယ်



    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete
  7. ဖတ်သွားတယ် ညီမရေ။
    ပျော်ရွှင်ပါစေ။

    ReplyDelete
  8. အဆိုအမိန့် လေးတွေကို လေ့လာမှတ်သားသွားပါတယ် ညီမ...

    ReplyDelete
  9. လိုချင်တဲ့ သီချင်းကလည်း ရှိဘူး..
    ရှိတာမလို ၊ လိုတာမရှိတော့ ဖတ်မိတာလေးတွေတင်လိုက်တာပေါ့ နော်:P
    ဖတ်မှတ်သွားပါတယ် ညီမလေးရေ...
    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete
  10. လိုချင်တဲ့ သီချင်း ကလည်း ရှိဘူးနော် :P
    တင်ထားတဲ့ မှတ်သားဖွယ်ရာလေးများကို ဖတ်၊ မှတ်သွား
    ပါတယ် ညီမလေးရေ...

    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete
  11. မကြီးလမင်းရေ လာဖြစ်လိုက်ရင် နောက်ဆုံးချည်းဖြစ်နေတယ်နော်....ဆောရီးပါ...အစ်မရဲ့ ထုတ်နှုတ်ထားတဲ့ ဖတ်စရာလေးတွေက အင်မတန် ကောင်းမွန်မှန်ကန်ပြီး အကျိုးများတဲ့ စာလေးတွေပါ.....အခုလို တင်ပေးလို့ကို ကျေးဇူးတင်နေပါပြီ....ဟီးးးးးးးအဲလို တည်တည်တန့်တန့် ပြောရတာ တစ်မျိုးကြီးဘဲနော်.....ဟီးးးးးးးးးး

    ReplyDelete
  12. ဖတ်မိတာလေးတွေကို မှတ်မိသွားအောင် သုံးကြိမ်ဖတ်သွားပါတယ်

    ReplyDelete