ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Saturday, March 24, 2012

ကျွန်မချစ်သူ....

စကားပြောရင် ဘုကျကျ
ဂျစ်ကန်ကန် သူစတိုင်
စိတ်ရယ်ပင် အလိုတို
စကားရယ် အလွန်နည်း
ပြောတဲ့ အတိုင်းလုပ်တတ်ပြီး
မလုပ်နိုင်လျှင် မပြောတတ်
လျှို့ ဝှက် တတ်ပြီး ရိုးသားသော
သူ့အသွင်ကဗျာ စာပေ စိတ်မ၀င်စား
ရည်းစားပင်များသေးသည်
မိန်းကလေးများကို အထင်မကြီး
ယုံကြည်စိတ်လည်းနည်းသေးသည်
အချစ်ကိုတန်ဖိုးမထား
ပြောတတ်သောစကား အချစ်ဆိုတာဘာလဲ
စိတ်ထားတော့အလွန်ကောင်း
တိုင်းချစ်ပြည်ချစ် မိသားစုပေါ်လည်းကြည့်ရှုတတ်ပေ
သံယောဇဉ်မရှိသလိုနေတတ်ပြီး
ရည်မှန်းချက်ရယ်အလွန်ကြီး
အခုများပင်
ချစ်တယ် ဆိုသောစကား နှုတ်ကမချ
စကားရယ်အလွန်ကြွယ်
သူချစ်တတ်နေပြီဟုဆို
ကဗျာများလဲဖတ်တတ်ပြီ လက်ဆောင်ကဗျာပင်ရေးတတ်နေပြီ
ချစ်တတ်လိုက်တာများ ကမ္ဘာမှာ သူ့လောက်ချစ်တတ်တဲ့သူ
ရှာယူရမလောက်ရှားနေသည်
စိတ်ကူးရယ်ယဉ်တတ်သေး
နုးညံ့လာသောသူ့ နှလုံးသား
မနာကျင်ပါစေနဲ့ ဟုဆို
အချစ်များပင် မလျှော့ပါနဲ့ 
အကြိမ်ကြိမ်တောင်းဆိုကာ
စိတ်များပင်လည်းရှည်တတ်နေပြီ
ချစ်၍ဟုဆို ဘာလုပ်လုပ် အပြစ်မမြင်
 လိမ္မာလာလိုက်တာသူမဟုတ်တဲ့အတိုင်း

ဘယ်သူကိုမှမကျုတော့
အသက်ရယ်ငယ်ပါသော်လည်း
ရင်ကျက်လို့နေသေး...
ဘာမှ မသိသလိုနေတတ်ပြီး
အမှားထောက်ပြတတ်သူ ကျွန်မချစ်သူ
သူကြောင်းရေးကာ သူသိပါရင်
တင်းနေလိမ့်မည်
သူကိုစလျှင် ပြုံးတတ်ပြီး ရစ်ပြန်ရင်လဲ
နားလည်အောင်ပြောတတ်သူ
သိတတ်နားလည်ပေးသော
ကျွန်မချစ်သူ ကျေးဇူး များပင်အကြိမ်ကြိမ်တင်မိပါတယ်
ပြောင်းလည်းမသွားတဲ့ချစ်ခြင်းနဲ့ သက်ဆုံးတိုင်ချစ်သွားမယ် ယုံ....

14 comments:

  1. အောင်မသေး ကောင်းကြသေးရဲ့လာ အရပ်ကတို့ ၇ဲ့. ခိခိ..ချစ်ချစ် ၀သဘော ၀သဘော ၀ရှိမှ ၀ိလုပ်ရတာ..တိန်

    ReplyDelete
  2. ခံစားပေးသွားပါတယ်...နော်

    ReplyDelete
  3. အားကျလာပြီ.. တူများလည်း ရေးဦးမှာပဲ.. :D :D

    ReplyDelete
  4. ကောင်းကြောင်းက များနေတယ် ( ဟွင်းးးးးးးးးး ) :P
    ချစ်သူအကြောင်း စာဖွဲ့တာ မတင်းလောက်ပါဘူးဗျ
    တင်းရင်လည်း အပ်ချိတ်သာ ဆောင်ထားလိုက်တော့ အစ်မ

    ReplyDelete
  5. ကျွန်တော့်အမချစ်ပုံများ..ပြောင်းလည်းမသွားတဲ့ချစ်ခြင်းနဲ့ သက်ဆုံးတိုင်ချစ်သွားမယ် ယုံ....တဲ့လန်းတယ်ဗျာ
    အမတို့ချစ်ခြင်းခိုင်မြဲပါစေဗျာ

    ReplyDelete
  6. လိပ်ကြီ့း့အဲလေမှားလို့ ပေါက်ပြား
    ဒါလဲဟုတ်သေးပါဝူး ဟီးဟီးးးးးး

    နောက်တာနော် စိတ်မဆိုးကြေ့း
    စိတ်မဆိုးရင်အကြောင်းပြန်ပေးနော်
    :D

    ReplyDelete
  7. မိန်းကလေးများကို အထင်မကြီး------
    အဲဒီစိတ်လေးဖျောက်ဖို့ကောင်းတယ် တွေ့တဲ့မိန်းကလေးတိုင်း ကိုလဲ
    အထင်ကြီးရမယ်မဆိုလိုပါဘူး

    ReplyDelete
  8. အယ် .... အဲ့လောက်တောင်လားကွယ် ...
    တို့  ... အစ်မ တော့ ကံကောင်းတာပေါ့နော် ....

    ReplyDelete
  9. သြော် ချစ်လိုက်ကျ တာ(အားကျလိုက်ပါဘိ)...
    အင်း ဒီလိုလေးတွေဖတ်ရကြားရလေ ကိုယ့် ကို ကိုယ်
    မချင့် မရဲဖြစ်လေပဲး( ... ကုသိုလ်ကံ ကို က စိပ်ပုတီး နဲ့
    အရိပ်ကြီး ခို ရမယ့် ဇာတာပါလာလို့လား မသိဘူး ဟေ့ ထီပေါက်ပြီး
    ထီလက်မှတ်ပျောက်နေတဲ့ ဘ၀... ကိုယ့် ညီမတွေ ကိုကြည့်ပြီး အား
    ကျလိုက်တာ... အဆောင်ကောင်းလေးများရှိရင် ပေးကြပါ... Download ဆွဲပြီး သိမ်းထားချင်လို့ :P
    (ရယ်စရာလေးများပြောခဲ့တာပါ)
    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete
  10. ကြယ်ပြာMarch 25, 2012 at 6:30 AM

    သူချစ် မချစ်တော့မသိဘူး ... လမင်းချစ်တာတော့ သေချာတယ် ....

    ReplyDelete
  11. အယ်..မမလမင်း တကယ်ကြွားနေပြီ...ချစ်ကြပါ...အနော်တို့လည်း ပြန်ပြီးချစ်တော့မယ် ဟီးဟီး...အကိုကြီးနှင့်မမလမင်း အချစ်တွေ အဆပေါင်း etc..တိုး၍ အမြန်ဆုံး အာဝါဟ ဝိဝါဟ ဘာညာသာတကာ နေကြာကွာစိ အမြန်ဆုံး ဘဝကို နှစ်ယောက်အတူ လျှာက်လှမ်းနိုင်ပါစေ...အလွမ်းများနှင့် ကင်းဝေးပါစေ....ပျော်ရွှင်ခြင်းများနှင့်ပြည့်စုံပါစေ...



    အောင်အောင်^ှo^ု

    ReplyDelete
  12. ညီလေး အောင်အောင် ရေ...
    အပျိုကြီးတွေကဒီလိုပဲ ညီလေးရ... မချစ်ရင်နေ၊ ချစ်မိပြီဆိုရင်
    တော့ ဟဲဟဲ... ဘာမှ ပြောမသွားဘူးနော် ညီမလေး :P
    (စိတ်ဆိုးရဘူးနော် :P)
    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete
  13. လမင်းရေ ချစ်သောသူနဲ့ထာဝရရွှေလက်တွေခိုင်ခိုင်မြဲတွဲနိုင်ပါစေကွယ်

    ချစ်တဲ့
    အမဒိုးကန်

    ReplyDelete
  14. နေရဲ့အလင်းApril 6, 2012 at 2:03 AM

    ကဗျာကတော့ ကောင်းပါတယ် အကြောင်းအရာက အကောင်းကြီးဖြစ်နေလို့ပါ
    ခံစားပြီးရေးထားတာက အရမ်းကောင်းတယ်

    ReplyDelete