ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Friday, March 23, 2012

လွမ်းမိပါတယ်သင်္ကြန်ရယ်.


 ဧပရယ်သင်္ကြန်ရောက်ခဲ့ပြန်ပေါ့
(၁၃၇၄) နှစ်သစ်အကူးတန်ခူး နွေမှာ လေညင်းတွေနဲ့ 
ပိတောက်တွေလည်းပွင့်အုံးမယ်ပေါ့
..
လွမ်းဆွတ်တမ်းတ ဟိုအရင်သင်္ကြန်..
ခွဲခွာခဲ့ပေါ့ နှစ်များစွာတိုင်.......
မမေ့နိုင်တဲ့ တို့ မြန်မာတို့ သင်္ကြန်ရက်
ပွင့်ချပ်ဝါတို့ စည်းချက်ညီစွာ ယိမ်းနွဲ့ လို့ နေ
ငုဝါတွေလည်းအပြိုင်လှလျှက်..
ပန်းချီဆန်တဲ့တို့ မြန်မာသင်္ကြန်...
ဧပရယ်ရောက်တိုင်းစိတ်မှာမြူးကြွ
အို သင်္ကြန်ရယ် ..
ဒီနှစ်လည်းအရင်နှစ်လိုပဲ ငါတစ်ယောက်ထဲပေါ့.
အရမ်းလွမ်းတယ်... သင်္ကြန်ရယ်...
သတိရတိုင်းလွမ်းတယ်.. လွမ်းတိုင်းပြန်ချင်တယ်...
 
 
သင်္ကြန်ရောက်တော့မယ်ဆိုတော့ခန္ဓာကိုယ်ကပိုးတွေထကြွလာပါတော့တယ်...
တကယ်တော့ကိုယ်တိုင်သင်္ကြန်းသီချင်းလေးဆိုချင်တာပါ အသံကကြောင်သံထွက်နေတော့
ချစ်သူကို အကူအညီတောင်းရပါတယ်...သူကလည်းဈေးကိုင်သေးတာ မဆိုပေးဘူးတဲ့
နောက်တော့လည်းဆိုပေရှာပါတယ်.. ဒီလိုတော့လည်း သဘောကောင်းသားနော်..
..သက်ြန်အလွမ်းတွေကိုထပ်တူခံစားပေးအတွက်..ကျေးဇူးတင်ပါတယ်...ချစ်သူရေ......
ဘ၀တူဘလော့ဂါမောင်နှမတွေလည်းသင်္ကြန်သီချင်းလေးနားထောင်ရင် အတူတူလွမ်းကြတာပေါ့နော်..

13 comments:

  1. ပထမ လာနားထောင်သွားတယ်။ ချစ်သူက ဆိုပေးတယ်ဆိုတော့ မင်းချစ်သူလား ...ကိုယ့်ချစ်သူလား ။။။ သင်္ကြန်းပိုးကလည်း မသေးဘူးနော်။ အဟဲ...
    နက်ဖြန်ကျရင် မကြီးလွမ်းလည်းဆိုမယ်။။ဟော်တော်.....ဗျိုင်းမကြီးစို. ဆိုလားဘဲ...

    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete
  2. အိမ်မက်စေတမာန်ဆိုတဲ့သင်္ကြန်သီချင်းလေးနဲ့လွမ်းသွားတယ်မမလမင်းငယ်

    ReplyDelete
  3. ကြွားထှာအေ....ခိခိ..နာလည်းချိုမယ်ကွာ..ဘာချစ်လဲ

    ReplyDelete
  4. သီချင်းလေးနားထောင်ရင်း.. သင်္ကြန်ကို ပိုလွမ်းသွားပြီ. :)

    ReplyDelete
  5. သင်္ကြန်သီချင်းလေးတွေကိုတော့လွမ်းမိပါတယ်

    ReplyDelete
  6. ဒီသီချင်းလေးနားထောင်ပြီး
    အရင်တုန်းက သင်္ကြန်ကို လွမ်းမိတယ်

    ReplyDelete
  7. သင်္ကြန်ဆိုတာကလဲ လွမ်းမောဖွယ်ရာ ရိုးရာပွဲတော် တစ်ခုပါဘဲ...

    ReplyDelete
  8. ကောင်းတယ်သီချင်းရော အသံရော ... :)

    ReplyDelete
  9. အော်... တို့များ ဘလော်ဂါ မောင်နှမတွေ စုပေါင်းပြီး လည်လိုက်ရင် အတော့်ကို ပျော်ဖို့ ကောင်းမှာပဲနော် ....

    ReplyDelete
  10. အင်း လမင်း ရဲ့ ချစ်သူဖြစ်ရတာလည်း မလွယ် ပါလားနော် :P
    သီချင်းလေးလည်း နားထောင်သွားပါတယ် ညီမလေးရေ...
    သင်္ကြန်ပိုးတော့ မရှိပါဘူး... ဒါပေမယ့် အခုလိုသင်္ကြန်ရဲ့ အငွေ့
    အသက်တွေနဲ့ ဝေးနေတာ တော်တော်ကြာပြီမို့ သင်္ကြန်ကို လွမ်းမိ
    တာတော့ အမှန်ပါ... အကိုတို့နေတဲ့ kuala lampur မှာတော့
    ပိတောက်ပင်တွေ ရှားပါတယ်.. penang မှာတော့ ပိတောက်ပင်တွေ
    တော်တော်ပေါလို့ သင်္ကြန် ရောက်တာနဲ့ ပိတောက်တွေပွင့်ပြီး လမ်းတ
    လျှောက်မွေးနေတာမို့ ပြိးခဲ့တဲ့နှစ်ကတော့ သင်္ကြန်ရနံ့ လေးတော့ပြန်
    လည်ခံစားမိပါတယ်... ဒီနှစ်တော့ KL မှာပဲနေရတော့ အခုလာမယ့်
    သင်္ကြန်လည်း လွမ်းရအုန်းမှာပေါ့...
    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete
  11. သင်္ကြန်သီချင်းလေး နားဆင်သွားပါတယ် ခင်ဗျာ

    ReplyDelete