ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Thursday, March 15, 2012

မေမြို့ မိုးရဲ့ တဂ်ပိုစ့်လေးပါ>>>>>>

  အခုဖြစ်တဲ့ပြဿနာရဲ့ မြေပုံပါ။။။ဧရာဝတီကယူလာတာပါ။။
လမင်း အမှန်ဝန်ခံရရင် အခု ဖြစ်နေတဲ့ကိစ္စကို လုံးဝမသိပါ။။ မသိဆို ငါ နိုင်ငံရေး ဘာသာရေးတွေနဲ့ ဝေးဝေးနေတော့မယ်စိတ်ကူးနဲ့ ပါ။
အရင်ကတော့နိုင်ငံရေးနဲနဲ စိတ်ဝင်စားပါတယ်။။။။ ဟိုဘက်ကဒီလိုပြော ဒီဘက်ကဟိုလိုပြောနဲ့ ကြားထဲ
လမင်းတို့ ပြည်သူတွေပဲ မသိနားမလည်နဲ့ ဟိုဘက်ကမှန်သလို ဒီဘက်ကဟုတ်သလိုနဲ့  ဒေါသထွက်ရပါတယ်။။။
အဲနောက်ဆုံးဖြတ်တယ် ။။။နိုင်ငံရေး ဘာသာရေးဘယ်တော့မှရှင်းလို့ ရတဲ့အရေး မဟုတ်တော့ ငါလည်းဘာမှမတတ်နိုင်ဘူး။
ဥာဏ်လေးတစ်ထွာတစ်မှိက်နဲ့ အေးဆေးနေပါလို့ ကိုယ့်ကိုကိုယ်ဆုံးမပြီနေလာတာ (၁)နှစ်လောက်ရှိပြီ။။။။
ဒါဟာလည်းမြန်မာတွေရဲ့ စိတ်ဓာတ်ထင်ပါတယ်:P..
ကိုယ်နဲ့မဆိုင်ရင် ဝေးဝေးနေဆိုတဲ့စကားပုံသွားသတိရမိတယ်။။။. အခုတဂ်ပိုစ့်လေးကလည်းနိုင်ငံရေးမဟုတ်ဘူးလေ အမျိုးသားရေးဆိုတော့ရေးကြည့်မယ်ပေါ့။  ခက်တာက လမင်းက အမျိုးသမီးဖြစ်နေတယ် ။။:D စတာနော် .ဒီလိုစိတ်မျိုးတွေကြောင့်ထင်ပါ့။

မြန်မာတွေနောက်ကျကျန်ခဲ့တာလားဆိုပြီ။။။ မဖြစ်သေးပါဘူး ဘာမှမလုပ်နိုင်ပေမယ့် သိထားသင့်တယ်ဆိုပြီ။။။
သတင်းတွေတော့နားထောင်ဖြစ်ပေမယ့် အရင်လိုတော့ စိတ်ဆိုးတာဝေဖန်တာမျိုးမလုပ်ဖြစ်တော့ဘူး။။။
အခု ဘင်္ဂလားဒေ့ရေနက်ပိုင်ကိစ္စကလည်း ကြားနေတာတော့ကြာပါပြီ။.. ကိုယ်နဲ့ မဆိုင်သလိုပဲနေလာလိုက်တာ. အခု
မောင်လေးမေမြို့ မိုးတဂ်တော့မှာ သြော်အဲလိုဖြစ်သွားတာလားဆိုပြီ အံ့သြေနေတာပါ။။ ဒါလည်း အမှန်ဝန်ခံခြင်းပါ။။။
တကယ်ကို ဘာမှမသိလိုက်ရတာပါ။။။။ နောက်တခုက လမင်း facebook  လုံးဝမသုံးပါ။။။ ဒါလည်းလမင်း
စိတ်မများချင်တာကြောင့်ပါ... ကိုယ့်ဘလော့လေးမှာပဲ ပျော်ချင်တာကြောင့်ပါ။။ ဘလော့လည်တာလည်း လမင်းလင့်ချိတ်ထားတဲ့ဘလော့ဂါ မောင်နှမတွေဆီလောက်ပဲရောက်ဖြစ်ပါတယ်။။။။ ဒါဆိုလမင်း ဘာမှမသိတာသေချာသွားပြီနော် :P. လမင်းပြောချင်တာက ကမ္ဘာကြီးမှာ ကိုယ်မသိတာတွေ အများကြီးရှိနေသေးတယ်ဆိုတာပါ။။။
  စိတ်ထဲရှိသလို
ရေးချင်တာပေါ့ ဘာမှမသိတော့ ဘာမှမရေးတာကောင်းပါတယ်လေ ဟုတ်တယ် ဟုတ် :)
  အခု ရေနက်ပိုင်ကိစ္စလည်း ခိုးသွားတာလား လုယူသွားတာလား လူအမျိုးမျိုးစိတ်အထွေထွေဆိုတော့ အမျိုးမျိုးပြောကြပါလိမ့်မယ်။။။။ လမင်းပြောချင်တာက တရားတယ်ဆို ကောင်းတာပါပဲလေ အခုဖြစ်တဲ့ပြဿနာက
နိုင်ငံခေါင်းဆောင်တွေတောင် ဘာမှမတတ်နိုင်တာ ပြည်သူအနေနဲ့ မကျေနပ်လို့ ဘာထူးမှာလည်း နောက်တခုက
တစ်ဦးတစ်ယောက်ထဲဆုံးဖြတ်တဲ့ ကိစ္စ မဟုတ်ပါဘူး ကမ္ဘာက ပညာရှင်တွေ ဥပဒေသမားတွေ တရားသူကြီးတွေ
ကဆုံးဖြတ်လိုက်တာပါ။။။ လမင်းရော တရားတယ်ထင်လားဆိုရင်တော့ ပေးလိုက်ရပါပြီ ဒါကိုကိုယ့်ကဒေါသ
ထွက်နေရင် နှစ်ခါရှံးပါတယ်..ဒါကြောင့်ရှုံးခဲ့တယ်လို့ သတ်မှတ်ရင်လည်းအပြုံးမပျက်ရှုံးစေချင်ပါတယ်။။။။

၁) ဘင်္ဂလားဒေ့ရှ်အနိုင်ရသွားတဲ့ရေပိုင်နက်ကိစ္စကိုဘယ်လို မြင်သလဲ..။

ဘယ်လိုမြင်လဲဆိုတော့ ဒီရေနက်ပိုင်ကရေနံထွက်တာလူတိုင်းသိထားကြပါတယ်.။
ဘာကြောင့်ရှုံးသွား ရတာလည်းဆိုတာ ပညာရှင်တွေသိကြပါတယ်။။ဒီရေနက်ပိုင်ကတန်ဖိုးရှိတော့လူတိုင်းလိုချင်ကြပါတယ်။။
မြန်မာပြည်ရလည်းဝမ်းသာပါတယ်။။  မရတော့လည်း ဘာမှမတတ်နိုင်တော့မေတ္တာစိတ်နဲ့ သဘောထားလိုက်တာ စိတ်အေးချမ်းမှာပါ.။. လူဦးရေးအနေနဲ့ မြန်မာနိုင်ငံနဲ့ အရမ်းကိုကွာခြားပြီများနေတာဆိုတော့သူတို့တွေဆင်းရဲလို့ ရေနက်ပိုင်လှူလိုက်
တယ်လို့ သဘောထားလိုက်တာအကောင်းဆုံးပါ။....

(၂) မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရသလဲ..။

စိတ်မကောင်းဖြစ်မိပါတယ်။။။ ဒါတော့တကယ်ပါ ...စိတ်မကောင်းဖြစ်တာကလွဲလို့ ဘာမှမတတ်နိုင်တော့ဘူးလေ.....

(၃)
တိုင်းပြည်ကိုချစ်တဲ့ပြည်သူတစ်ယောက်အနေနဲ့.ဘယ်လို လုပ်သင့်သလဲ..။
ပထမအနေနဲ့ တော့ ပညာတတ်ရှိဖို့ လိုတယ်။။ ကမ္ဘာမှာ နိုင်ငံခေါင်းဆောင်တွေဟာ တကယ်ပညာရှင်တွေ
ပညာတတ်တွေ ကြီးပါ။။။ကမ္ဘာနဲ့ ယှဉ်နိုင်ဖို့ ကမ္ဘာအဆင့်မှီ ပညာရှင်တွေ အများကြီးလိုအပ်ပါတယ်။။
ဒါမှ အမှားအမှန်ကိုသေချာဝေဖန်နိုင်ကြမှာပါ...
အခုတော့ဘာမှလုပ်လို့ မရပါဘူး ဒါကပြည်သူအနေနဲ့ ပေါ့  ကိုယ်တိုင်းပြည် ကိုယ့်လူမျိုးကိုလူတိုင်းချစ်ကြပါတယ်။။
တချို့အရာတွေ ကိုယ်တွေ ဘာမှမတတ်နိုင်လို့ ဘာမှလုပ်လို့ မရပါဘူး။။ တာဝန်ရှိတဲ့သူတွေပဲလုပ်ကြပါစေ
တာဝန်ရှိတဲ့သူတွေဆိုတာကလည်း ကမ္ဘာကိုယှဉ်နိုင်တဲ့ အသိဥာဏ်တွေ ပညာတွေလိုပါတယ်။။။
ပြည်သူတွေလုပ်နိုင်တာက အချင်းချင်း ချစ်ကြပါ..စည်းလုံးမှုရှိပါ .ဖေးမကူညီပါ ။။
တစ်ကိုယ်ကောင်းစိတ်မထားကြပါနဲ့ လို့ ပဲပြောလို့ပဲရပါတော့မယ်။။။။

လမင်းရေးသွားတာ အမှားများတွေ့ ခဲ့ရင် ဘာမှမသိတဲ့သူရေးသွားတာပါဆိုပြီနားလည်ခွင့်လွတ်ပေးကြပါရှင် . ကဲ...မောင်လေးမေမြို့မိုးရေ... ရေးတတ်သလိုနဲ့ စိတ်ထဲရှိတာကို ရေးလိုက်မိပါတယ်...
မောင်လေးကြိုက်တဲ့အဖြေမပါခဲ့ရင်နားလည်ပေးပါ..... တဂ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။။။။

12 comments:

  1. လာလည်သွားပါတယ် ဗျ ကျွန်တော်လဲ ခရီးထွက်နေလို့  ဘယ် blog ကိုမှ လျှောက်လည်ဖြစ်ခဲ့ ပါဘူး အခုမှ စာတွေ လိုက်ဖတ် နေရတယ် ဗျာ အခုက မြန်မာပြည်က ဘာလို့ အရှုံးပေးလိုက်ရတာလဲ မသိဘူးနော်

    ReplyDelete
  2. လမင်းပြောတာမှန်ပါတယ်..လွင်ပြင်ဘာမှ မသိသေးဘူး

    ReplyDelete
  3. မမရေ.. ပို့စ်လေးလာဖတ်သွားပါတယ်.ညီမလဲ တူတူပဲ အဲဒီကိစ္စကို ရေရေရာရာ သိပ်မသိဘူး. :)

    ReplyDelete
  4. မသိတာကောင်းတယ်ပဲပြောရမလားမသိဘူး

    နှမြောလိုက်တာအခုမှပဲ သိသွားလို့ထင်ပါရဲ့

    ReplyDelete
  5. မကြီးလမင်းရေ ဘာမှမသိတဲ့လူ လာဖတ်သွားတယ်ဗျ......စိတ်မကောင်းယုံကလွဲလို့ ဘာမှမသိတော့ပါဘူးဗျာ........

    ReplyDelete
  6. wတူတူပဲလမင်းရေ
    အဲတာတွေကိုမသိဘူး ကွန်နက်လဲခုနေရာမှာလုံးဝမကောင်းဘူးဟယ်
    စိတ်ညစ်နေတာ ဘလော့တစ်နေရာလည်ဖို့ကို နက်က သုံးခါလောက်ပြန်တင်နေရတယ်လေ
    မောင်တစ်လုံးပြောသလိုဖလန်းဖလန်းမထနိုင်တော့ဘူးဖြစ်နေတယ်
    လာရောက်ဖတ်ခဲ့ပါပြီနော်----(ဒါပေမယ့်ဘာမှမသိပါ)
    ချစ်တဲ့ sis jasmine

    ReplyDelete
  7. ပစ်ပစ်လည်း သေချာမသိဘူးအဲကိစ္စကို..
    မေမြို့မိုးတက်ဂ်လိုက်မှသာ...သေချာဖတ်ဖြစ်တယ်
    facebook မှာတော့ ပွက်လောညံနေတာပါဘဲ..

    ReplyDelete
  8. ခုတော့ ဘာမှမသိလိုက်ဘူးအစ်မ
    စိတ်လည်းမကောင်းပါဘူးအစ်မ
    အနုနည်းနဲ့လာလုသွားတာ

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. အင်းကြားရတဲ့ သတင်း ကမကောင်းလိုက်တာ...
    မြန်မာ - ဘင်္ဂလားဒေရှေ့် ရေပိုင်နက်အငြင်းပွားတဲ့
    ကိစ္စ ဂျာမနီနိုင်ငံဟမ်းဘတ်မြို့ က ITLOS (International
    Tribunal for the Law of the Sea)ခုံရုံးမှာ ကြားနာ
    စစ်ဆေးနေတယ် ဆိုတဲ့ သတင်းတွေ ဖတ်မိထားပါတယ်..
    နိုင်ငံတကာရေပိုင်နက် ပိုင်ဆိုင်မှု ဥပဒေတွေ ကိုလည်းဘယ်လိုစံနှုန်း
    တွေနဲ့သတ်မှတ်လည်းဆိုတာကို လည်းအကို့အနေနဲ့ ဘာမှမသိတဲ့
    သူမို့ နားမလည်ပါဘူး... သို့သော် မြန်မာနိုင်ငံသားတယောက်အနေ
    နဲ့တော့ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ဒီကိစ္စမှာ မြန်မာနိုင်ငံ
    အနိုင်ရတာကို ပဲလိုချင်ပါတယ်...အကို့လိုပဲ မြန်မာနိုင်ငံသားတိုင်းဖြစ်
    ချင်ကြမှာပါ... အခုတော့ ဒီ ဘင်္ဂလား ကိုရှုံးရတယ်လို့ခံပြင်းမိတာ အ
    မှန်ပါ...ရေနံလုပ်ကွက်ရှိလို့ လိုချင်လို့ပဲဖြစ်ဖြစ်၊ ဘာအတွက်လိုချင်လို့ပဲ
    ဖြစ်ဖြစ်ပါ... အခုတော့သူနိုင်လို့ ကိုယ့်ဖက်ကရှုံးတော့ အရင်ကကိုယ်ပိုင်
    တာလို့ သတ်မှတ်ထားတဲ့နေရာသူများရသွားတော့ ကိုယ့်ရေပိုင်နက်ဆုံးရှုံး
    သွားသလိုခံစားရပါတယ်... အကိုတို့ မမွေးခင် 1974 ခုနှစ်ဝန်းကျင်
    လောက်ကတည်းက ရေပိုင်နက်အငြင်းပွားလာခဲ့တာအခုချိန်ထိဆိုရင်နှစ်ပေါင်း
    30 လည်းကျော်လာပါပြီ... အခုလိုသတ်သတ် မှတ်မှတ် သူ့ရေပိုင်နက်၊ ကိုယ့်ရေပိုင်နက် သတ်မှတ်လိုက်ပြီလို့ သိရတော့လည်းတခုကောင်းသွား
    တာပေါ့...လုပ်စရာရှိတာကို ပြတ်ပြတ်သားသား လုပ်လို့ရသွားတာပေါ့... အဲအခု သတ်မှတ်ထားတဲ့ ကိုယ့်ရဲ့ ပိုင်နက်လေးထပ်ပြီးပဲ့မပါသွားရလေအောင်
    ထိန်းသိမ်းကာကွယ်ကြတာပေါ့... ၀မ်းသာစရာတခုက အရင်အငြင်းပွားနေ
    တဲ့ရေပိုင်နက်ထဲမှာ မြန်မာဖက်နေ သဘာဝဓာတ်ငွေ့ ရှာဖွေခွင့် ရရှိထားတဲ့
    ဒေဝူး အင်တာနေရှင်နယ် ကော်ပိုရေးရှင်းကလုပ်ကိုင်နေတဲ့ ရခိုင်ကမ်းလွန်ဒေ
    သ လုပ်ကွက် တွေအားလုံး မြန်မာပိုင်နက်ထဲမှာ ကပ်ပြီးပါလာတာမို့ အရှုံးထဲ
    ကနေ အမြတ်လို့ ပဲစိတ်ထဲမှာဖြေလိုက်ပါတယ်... ဒါပေမယ့် ဒီဘင်္ဂလား
    ကိုရှုံးလိုက်ရလို့တော့ စိတ်ထဲတော်တော်ခံပြင်းမိတယ်... ပို့စ်လေးအတွက်
    ကွန်မန့်ရေးရင်း လူမျိုးရေးတွေပါအစွန်းရောက်ကုန်ပြီ ညီမလေးရေ...:P
    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete
  11. ဟူးးးးးး မလွယ်ဘူးဗျာာာာာ

    ReplyDelete