ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
Tuesday, March 13, 2012
ပျောက်ရှနေသော မေတ္တာ>>>>>>
Hello ...Hello ....... အမေ....နေကောင်းလား.... ကောင်းပါတယ် သမီး...သမီးရော...နေကောင်းလား  ......ကောင်းပါတယ်....အမေ ....အိမ်ရောအဆင်ပြေလား။။။
ပြေတော့ပြေပါတယ်...သမီးညီမလေးတွေကျောင်းက အတန်းကြီးလာတော့ စရိတ်စကတွေအရမ်းကုန်လာတယ်..။
ဒါကကျွန်မ အိမ်ကိုဖုန်းဆက်တိုင်းကြားနေရတဲ
့အသံတွေပါ။။။။
ကျမတို့ ဘ၀ထဲအဖေထွက်သွားပြီတဲ့...နှော
က်ပိုင် ကျောင်းထွက်ပြီ အိမ်ထောင်ဦးစီးနေရာကို အလိုလိုရသွားခဲ့ပါတယ်။။။
    ဆင်းရဲစွာ ဘ၀ကိုဖြတ်သန်းခဲ့ပါတယ်။။  အမေက လမင်းကြီးဆို အဖေက လမင်းတို့ ဘ၀အတွက်နေမင်းကြီးမလား။။။
နေမင်းကြီး မရှိတော့တဲ့ နောက် ကျမ တို့ ဘ၀ အားကိုးရာမဲ့ တွယ်တာရာမဲ့ ဘ၀ကို ပင်ပန်းဆင်းရဲစွာရုန်းကန်လာခဲ့
ရတော့
ဆင်းရဲခြင်းကို ကျမ အလိုလိုကြောက်နေမိတယ်။။။ အသက်နဲ့ မမျှဘ၀ကို ဖြတ်သန်းရင်း .......
ရန်ကုန်မြို့ ဆိုတဲ့နေရာ ကျမခြေချမိခဲ့ပါတယ်။။။ အဒေါ်တစ်ယောက်ရဲ့ အဆက်အသွယ်နဲ့ ..ဗိုလ်ချုပ်ဈေးက စိန်ဆိုင်မှာ
အလုပ်ရခဲ့ပါတယ်။။။ ကျမရဲ့ ရိုးသားကြိုးစားမှုကြောင့်နေရာေ
လးတစ်နေရာကို ရထားခဲ့ပါတယ်.။။။။။
သူဌေးရဲ့ ယုံကြည်မှုနဲ့ အားကိုးမှုတွေကို ကျမရရှိပြီ သူဌေးကလည်း ကျောက်နဲ့ပတ်သက်တာကို သိထားသင့်သလောက်
ခဲ့ပါတယ်။။။။ ကျမ မိသားစု အိမ်စရိတ် ညီမတွေကျောင်းစရိတ် ထောက်ပံ့ရင် .......ကျမ ရဲ့ ငယ်ဘ၀ကို ကုန်လွန်စေခဲ့ရပါတယ်။။။။ရင်ခုန်
တတ်တဲ့အရွယ်မှာ
နှလုံးသားကိုအကြိမ်ကြိမ်ညာခဲ့ပြီ......အချစ်နဲ့ ..ဘ၀ ... နှလုံးသားရေးရာနဲ့ 
စီးပွားရေ...  အသက်နဲ့ မမျှ စဉ်းစားခဲ့ရပါတယ်။။။။။။
     အခုဆို ကျမ အသက် (၂၅) ကျော်လို့ (၃၀) နားရောက်နေခဲ့ပြီ .......ကြိုးစားလာခဲ့သမျှတွေ  ကျမ အကျိုးခံစားခွင့်ရခဲ့ပါတယ်။။။။။
 မိုးကုပ် ဆိုတဲ့ကျောက်လောကထဲကို ခြေချခွင့်တော့ရခဲ့ပါတယ်။။။ ကျမ သူဌေးရဲ့ ပံ့ပိုးမှုတွေလည်း အများကြီးပါခဲ့ပါတယ်။။။
ကျမ ရဲ့ မွေးမိခင်က (၁၅)နှစ်ဆိုတဲ့သက်တမ်းကုန်လွန် စေခဲ့သလို အခု ကျမ သူဌေးဆီမှာ ၁၀နှစ်ကျော်ခဲ့ပါပြီ။။။။။။။။
မိခင်တစ်ယောက်လို မေတ္တာမှီမယ်မထင်ပေမဲ့  သားသမီးတစ်ယောက်နှင့်မခြား သနာစွာနဲ့ ဖေးမကူးညီခဲ့ပါတယ်။။။။သူဌေး
မကလည်း ကျမလိုပဲ ဘ၀တူဆိုတော့  ကိုယ်ချင်စားခဲ့ပါတယ်။။။ကျမကို ချစ်သလောက် အားကိုးမှုလည်းရှိပါတယ်။။။ ကျမလည်း ကိုယ့်အလုပ်လိုသဘောထားလုပ်ကိုင်ခဲ့ပါတယ်။။။။
အခု လက်ရှိ ကျောက်လောက ..လူတွေ ကျမကို ပြောတတ်ကြတဲ့စကားပေါ့.. နင်တစ်ယောက်ထဲဒီလောကထဲကိုဝင်လာ
လို့ ရနေတာကို ဘာလို့ ဒေါ်(......) လောင်းရိပ်ကထွက်မလာသေးတာလဲတဲ့..
ကျမ မှာ အဲလိုစိတ်မျိုး ဘယ်တော့မှ မတွေးမိခဲ့ပါ။။။ စိတ်ကူးနဲ့တောင်မစဉ်းစားခဲ့ဘူး
ပါ။။။။ ဘာလို့လဲဆိုတော့ ကျမ ကို
ဆင်းရဲတွင်းထဲကနေ အခုလိုလူရိုသေ ရှင်ရိုသေ ဘ၀ကို ရောက်အောင်ပို့ပေးခဲ့တဲ့ ကျမ ရဲ့ ကျေးဇူးရှင်ပါ။။
ဆွေမျိုးတွေမရှိဘူးလား .... ရှိတာပေါ့ လူဂုဏ်ထည်တွေကြီးပါ ။။။။  ဒါပေမဲ့ မရှိ ခိုးနှိးမလှစုန်းမျိုးဆိုတာမျိုးပါ။။။
သူတို့ အိမ်ရှေ့ ဖြတ်လျှောက်သွားရင်တောင် မသိချင်ယောင်ဆောင်နေတတ်တာမျိုးေ
တွပါ။။။
ကျမ သူတို့ က အပြစ်မပြောချင်ပါဘူး။။။ ဖြစ်တတ်ကြတာပဲလေ အမေ ရော ကျမရော ပစ္စည်းဥစ္စာမရှိပေမဲ့ မာနတော့
ရှိကြပါတယ်။။။။
ငတ်သေရင်သေပါစေ ဘယ်ဆွေမျိုးတွေဆီကိုမှ အကူအညီမတောင်းခဲ့ပါ။။
အခုလို အခြေ အနေမှာ ကျမတို့ ဘ၀ရဲ့ မီးအိမ်ရှင်ဟာ လက်ရှိ ကျမ သူဌေးပဲလေ ....ဘာလို့ ကျမ သူတို့ ကိုထားပြီ.......
ကိုယ်လွတ်ရုန်းရမှာလဲ။။။ အဲလိုသစ္စာမရှိတဲ့အလုပ်မျိုး ကျမဘယ်တော့မှမလုပ်ပါ...အဲလို
စိတ်ကြောင့်ပဲ သူဌေးက အားကိုးမှုအပြည့်နဲ့ .
ကျမကိုအကြွင်းမဲ့ ယုံကြည်ခဲ့တာပါ။။။။
ကျောက်တွေ စိန်တွေ ဆို ကျမကို ဈေးဖြတ် အ၀ယ်လွတ်တာမျိုးတွေအထိကို စိတ်ချလိုရနေခဲ့တာပါ။။။။
အခုဆို အလုပ်သမားနဲ့ အလုပ်ရှင် ဆိုတာထက် အမေ အလုပ်ကို သမီးကို ဆက်လက်လုပ်ကိုင်နေသလို ကိုဖြစ်နေခဲ့ပါပြီ။။။
  တနေ့ သူဌေးဆီက ကျမ မထင်ထားခဲ့တဲ့ စကားကြားခဲ့ပါတယ်။။။။ အရွယ်လေးရှိတုန်း ကိုယ်ကိုနှစ်သက်တဲ့သူ
ရှိတုန်း တွေးဝေမနေပါနဲ့ ..... အချိန်တန်တော့လည်း ဒီလမ်းကိုလျှောက်ရမယ်ဆိုတာ အန်တီ နားလည်တယ်.... သမီး
ဘ၀ အတွက်အကောင်းဆုံးရွေးချယ်ပါ။။။ မိုးကုပ်ကဦး (......) သမီးကို သဘောကျလို အန်တီကို ပြောထားတယ်။။။
သမီး ဘယ်လိုသဘောရလဲ..... အန်တီကတော့သမီးကိုမေးထားပေးမယ်ပြောထားပါတယ်။။။သူဌေးပြောလာမှာပဲ
ကျမရဲ့ နှလုံးသားရေးရာကို ကျမမေ့နေခဲ့တာပါ။။။။ ကျမ..ဆင်းရဲခဲ့တော့ ဆင်းရဲရမှာကိုသေလောက်အောင်ကြောက်နေခဲ့လို့  နှလုံးသားကိစ္စတွေက ကျမကို အနောက်အယှက်ဖြစ်မှာစိုးတာကြောင့်
ခေါင်းထဲမထည့်ချင်ခဲ့တာပါ။။။။။။
သူဌေးပြောမှာ သတိပြန်ဝင်လာခဲ့တော့ ကျမ အသက် (၃၀) ၀န်ကျင်ထဲရောက်နေခဲ့ပါလေရော....
.............
ဒါပေမဲ့ ကျမ သဘောမတူခဲ့ပါ...... ကျမ မိသားစုကို ကျမရဲ့ ချွေးနှဲစာနဲ့ကိုယ်တိုင်လုပ်ကျွေးချင်တာ သူဌေးတစ်ယောက်ယူပြီ မျက်နှာငယ်လေးနဲ့ တောင်းပြီ ထောက်ပံ့မှုမပေးချင်ပါဘူး။။။
နောက်တစ်ခုက ကျမ သူဌေးကို ထားပြီထွက်မသွားချင်ဘူး။။။။ သူဌေးမ ကလည်း အောက်ခြေက တက်လာတော့
ကျမကို ကိုယ်ချင်စားတယ်။။။ ကျမလည်း သူဌေးကို ထားခဲ့ဖို့ လည်း ကျမမှာအင်အားမရှိပါဘူး။
အချစ်တွေ မေတ္တာတွေကိုလည်း ကျမ အယုံ အကြည်မရှိဘူး။။။။
လူတွေပြောနေတဲ့ ဒုတိယ ဘုရားသခင်ဟာငွေ... ငွေ ရှိရင် ဘာမဆို ဖြစ်တယ်ဆိုတဲ့ ... စကား ကျမ ..ပြောလိုက်ချင်ပါတယ်။။။။  အချစ်တွေ မေတ္တာကို ငွေနဲ့ ဝယ်ယူလို့ ရလား။ ရတယ်ဆို ကျမ ၀ယ်ကြည့်ချင်ပါတယ်။။။။ယောင်္ကျားတွေရဲ့ ချစ်တယ် ..ဆိုတဲ့စကားကို ယုံကြည်မှုမရှိခဲ့တာပါ..။။။။ အပျိုကြီးဘ၀ပဲကောင်းပါတယ်။။
သူဌေးရဲ့ ခိုင်းစေချက် အရ  အခုဆို ကျမ တိုင်းတပါးမှာ လူမျိုးခြားတွေနဲ့ ရင်ပေါင်းတန်ပြီ စီးပွားရေးလောကထဲခြေချလို့ 
နေရာ တစ်ခုကို ရနေပေမယ့် ကျမ ရှာနေတဲ့ငွေတွေက ကျမကိုချောက်ချားစေခဲ့ပါတယ်။။။ ကျမနားချဉ်းကပ်လာသမျှတွေက
အတုအရောင်အဆောင်တွေပဲ တွေ့ ခဲ့ရတယ်။။။။။ လူတွေပြောနေတဲ့ ဒုတိယ ဘုရားသခင်က မေတ္တာ စစ်ကိုတော့
ဝယ်ယူလို့ မရပါလားနော်။။။။ တကယ်တော့ ကျမ အတွေးခေါင်နေတာပါ ကျမကို မေတ္တာစစ်တွေ အချစ်စစ်ပေးဖို့
စောင့်နေတဲ့ အမေအို တစ်ယောက်လုံးရှိနေခဲ့တာကို မေ့နေခဲ့တယ်.... ငွေထောက်ပံ့ပေးယုံနဲ့ ပြည့်စုံနေပြီလို့
ထင်ထားခဲ့တယ်...အမေ အရင်လို ဖုန်းဆက်ရင်ငွေလိုကြောင်းမပြောတော့ပဲ....... သမီးဘယ်တော့ပြန်လာမလဲ...
အမေ ...ငွေတွေ မလိုတော့ဘူး... သမီးပဲလိုတယ်ဆိုတဲ့ စကား ခဏခဏကြားနေခဲ့ရပေမယ့်... ငွေနဲ့ နှစ်သိမ့်လို့ 
ရသလောက် နှစ်သိမ့်လာခဲ့တာ ဆယ်စုနှစ်တွေကျော်ခဲ့ပါပြီလေ... ဟုတ်တယ်..... ကျမ ကို မေတ္တာစစ်တွေပေးနေတဲ့
အမေရှိသေးတာကို မေ့နေခဲ့တာပါ။။ ငွေနောက်လိုက်ရင် မေတ္တာတရားတွေ နဲ့ ကင်းကွာနေခဲ့တာကြာခဲ့ပြီကို............
နာရီကြည့်လိုက်တော့ 8.18 am   ဆိုင်သွားရတော့မယ်...။။။
ငွေနောက်လိုက်ရအုံးမယ်လို့ တွေးရင်..... မေတ္တာစစ်ရှိရာ အမေရင်ခွင်ဆီအရောက်ပြန်နိုင်ဖို့ အလုပ်တွေ ခဏမေ့ထားပြီ ....
မသေမချင်လုပ်နေရမယ့်အလုပ်ကို ဖြတ်ထားခဲ့ပြီ ...အမေမေတ္တာခိုလှုံ ဖို့
ကျမ အမိမြေကို ပြန်ပြီ အေးချမ်းတဲ့အမေမေတ္တာရှိရာ အိမ်လေးကိုမျှော်လင့်တောင်းတရင်းးးးးးးးး
......................
13 comments:
  1. အမေ ...ငွေတွေ မလိုတော့ဘူး... သမီးပဲလိုတယ်ဆိုတဲ့ စကား ခဏခဏကြားနေခဲ့ရပေမယ့်... ငွေနဲ့ နှစ်သိမ့်လို့ 
    ရသလောက် နှစ်သိမ့်လာခဲ့တာ ဆယ်စုနှစ်တွေကျော်ခဲ့ပါပြီလေ... ဟုတ်တယ်..... ကျမ ကို မေတ္တာစစ်တွေပေးနေတဲ့
    အမေရှိသေးတာကို မေ့နေခဲ့တာပါ။။ ငွေနောက်လိုက်ရင် မေတ္တာတရားတွေ နဲ့ ကင်းကွာနေခဲ့တာကြာခဲ့ပြီကို....
    တကယ်ကိုကောင်းတဲ့စာသားလေးတွေပါ
    နောက်လဲများများရေးနိုင်ပါစေမမလမင်းငယ်
    အားပေးသွားပါတယ်
    ReplyDelete
  2. အမမေမေလဲအဲလိုပဲ ပိုက်ဆံမလိုတော့ဘူး
    သမီးနဲ့ပဲတူတူနေချင်တယ်တဲ့
    ခံစားရတယ်နော်
    ချစ်တဲ့ sis jasmine
    ReplyDelete
  3. ကိုယ့်ဒူးကိုယ်ချွန် ဘဝကို စိတ်ကျေနပ်တယ်
    သူဌေးနဲ့ရမှ အမေမျက်နှာအငယ်မခံနိုင်တာ
    သားကောင်းသမီးကောင်းရဲ့အတွေးလေးပါ
    လေးစားမိပါရဲ့
    ReplyDelete
  4. မကြီးလမင်းရေ.....စာလေးလာဖတ်သွားပါတယ်.....တကယ် ပျောက်ရှနေသော မေတ္တာလေး ပြန်တွေ့သွားတဲ့အတွက် ၀မ်းသာပါတယ်....ဒီ့ထက်စာများများရေးနိုင်ပါစေ....စာတွေ ဖတ်ဖို့စောင့်နေမယ်နော်......
    ReplyDelete
  5. ဒီလိုပါပဲပဲ လမင်းရေ အမေတိုင်းကတော့
    ReplyDelete
  6. မကြီးလမင်းရေ . . .
    စာဖတ်ရင်းနဲ့ ရင်ထဲနင့်တောင် နင့်လာတယ်
    ဘယ်လိုကြီး ခံစားရမှန်းမသိဘူးဗျာ
    ReplyDelete
  7. လမင်းရေ
    လာရောက်ဖတ်သွားတယ်။ အမေက သမီးဘယ်တော့ ပြန်လာမလဲမေးခွန်းမျိုး
    အလွမ်း အဖေလည်း ဖုန်းဆက်တိုင်း မေးခဲ့ဖူးပါတယ်။ ခဏလေးအတွေးတွေ အဖေ့ဆီ အပြေးရောက်သွားခဲ့သေး။။။
    ချစ်တဲ့
    မကြီးလွမ်း
    ReplyDelete
  8. ဖတ်ရင်း ဟက်ထိသွားတယ်... အရင်ထဲကဘ၀တူမောင်
    နှတွေလို့သဘောထားမိလို့ ကိုယ်ချင်းစာမိလို့ မောင်နှမလို
    သံယောဇဉ်တွယ်၊ ခင်မင်မိတာပါ... အခုတော့ ပိုပြီးလေး
    နက်သွားတယ်... ငွေဆိုတာ အချိန်မရွေးရှာလို့ ရပေမယ့်
    မိဘတွေက ကိုယ်ငွေရှာပြီးပြည့်စုံတဲ့အထိစောင့်နိုင်မစောင့်နိုင်
    ဆိုတာ ဘုရားရှင်ပဲ သိနိုင်မယ်... မိဘတွေဟာ သားသမီး
    တွေဆီကနေ ဘာမျှော်လင့်ချက်မှမထားပါဘူး... မလွဲသာမရှောင်
    သာလို့သာကိုယ့်သားသမီးတွေရဲ့အထောက်အပန့်ကို ခံယူကြတာ
    ပါ... အခုလိုမိဘတွေအနေနဲ့ အသက်အရွယ်လေးရလာတော့
    သူတို့အတွက် အကိုတို့သားသမီးတွေထောက်ပန့်နေတဲ့ ငွေတွေ
    ထက် သားသမီးတွေရဲ့ တုန့်ပြန်မေတ္တာ၊ အကြင်နာ တွေကိုသာ
    သူတို့မျှော်လင့်တမ်းတမိကြတာပါညီမလေးရေ.....ညီမလေးမှာ
    မိဘကို အလုပ်ကျွေးပြုရမယ့်ကုသိုလ်ကံပါလာ လို့အခုလို အမိအဖကို
    အလုပ်ကျွေးပြူရတာပါ... မိဘတွေ သက်ရှိထင်ရှားရှိနေသေးတာ
    လည်း ကိုယ့်ညီမအတွက်မဟာအခွင့်အရေးကြီးပါ... အခုချိန်မှာ ညီမလေး
    ကအကို့ထက်သာသလို၊ အကို့ထက်လည်း အခွင့်အရေးပိုရှိပါတယ်... ဘာ
    လို့လည်းဆိုတော့ အကို့မှာညီမလေးလို ပြုစုအလုပ်ကျွေးပြုစရာ မိဘတွေ
    မရှိတော့လို့ပဲ ညီမလေး... အကိုအခုငွေတွေဘယ်လောက်ပင်ရှာနိုင်ပါ
    စေ... မိဘတွေကို အလုပ်ကျွေးပြုနိုင်ဖို့အခွင့်အရေး မရှိတော့သလို
    မိဘတွေကို မှီပြီးရလာမယ့် ကုသိုလ်တွေကိုညီမလေးလို ရဖို့အခွင့်အရေး
    မရှိတော့ပါဘူး... ဒါကြောင့် မိဘတွေရှိနေသေးတဲ့ သူတွေအနေနဲ့ အချိန်
    ရတုန်းလေး မိဘတွေကို အလုပ်အကျွေးပြုကြပါ... မိဘတွေကိုမှီပြီးရ
    လာမယ့်ကုသိုလ်တွေကို အခွင့်အရေးရတုန်းလေးရအောင်ယူကြပါလို့အကို
    ပြောချင်ပါတယ် ညီမလေးရေ... အကိုဘာကိုပြောချင်တယ်ဆိုတာညီမလေး
    နားလည်မယ်လို့ ထင်ပါတယ်... နိဗ္ဗာန်မရောက်သေးသ၍ကျင်လည်ရာ
    ဘ၀တိုင်း ဘ၀တိုင်းမှာ အမိအဖကိုအလုပ်အကျွေးပြုရသောသူ၊ လက်ရှိ
    ဘ၀မှာရော နောင်သံသရာ ဘ၀မှာပါသာယာချမ်းမြေ့ ပြီးပျော်ရွင်စရာကောင်း
    တဲ့မိသားစုဘ၀လေးကိုသာ ရရှိပါစေလို့ အကိုအမြဲတောင်းလေ့ ရှိတဲ့ဆုကိုပဲ
    အကိုညီမလေးအတွက် တောင်းပေးခဲ့ပါတယ် ညီမလေးရေ...
    ခင်မင်စွာဖြင့်
    ရာဇာထွေး
    ReplyDelete
  9. အကိုရာဇာထွေး ကျေးဇူးတင်ပါတယ် အကိုပေးတဲ့ဆုလည်းလမင်းပြည့်ချင်ပါတယ်..
    ReplyDelete
  10. အော်..စာလေးဖတ်ပြီး ဘာပြေားလို့ပြေားရမှန်း မသိတော့ဝူး...အိမ်း ကဲ ကဲ မေတ္တာစစ်ကို အမြန်ဆုံးရပါစေ(မှတ်ချက်...လူရွှင်တော်မေတ္တာ မဟုတ်ပါ)
    ReplyDelete
  11. လမင်းရေ ဘ၀လေးကတော့ တူတူလေးပါပဲလားဗျ ဖတ်သွားပါတယ်ဗျာ...။
    ခင်မင်စွာဖြင့် (လွမ်း)
    ReplyDelete
  12. အမေ့ကိုတော့ လွမ်းသားပဲ..ဟဟဟစတာနော်ငါညီမ
    ReplyDelete
  13. လမင်းရဲ့ စိတ်ဓါတ်ကို သဘောကျမိတယ်။ ကြယ်ပြာကတော့ အိမ်ကို တစ်နှစ်တစ်ခါ ရအောင်ပြန်တယ်။ ၁ နှစ်ကျော်ပြီး လ အနည်းငယ်စွန်းသွားတာနဲ့ နေလို့ ထိုင်လို့မရတော့ဘူး။ သူတို့တွေလဲ အသက်ကြီးလာကြပြီ ကိုယ်တွေအသက်ကလဲရပ်နေတာမဟုတ်ဘူး။ ဘယ်အချိန်မှာ ဘယ်သူက အရင်သွားမလဲ မသိတဲ့အခြေအနေမှာ ကိုယ်ပေးနိုင်သလောက်အများဆုံးအချိန်ကို မိဘကိုပေးနိုင်အောင် အမြဲကျိုးစားနေတယ်။ မိဘတွေက အသက်ကြီးလာလေ ကိုယ်တွေဆီက နွေးထွေးမှုကိုလိုချင်လေဆိုတာ လက်တွေ့မို့ လမင်းလဲ မိဘဆီ မကြာခဏပြန်ပါလို့ တိုက်တွန်းချင်ပါတယ်။ အနည်းဆုံး တစ်ပတ်ပဲဖြစ်ဖြစ်ပေါ့။
    ReplyDelete