ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Thursday, March 8, 2012

ဗေဒါပန်းနှင့် ကျွန်မ>>>>>

လူဂုဏ်ဒြပ်တွေကြားတင့်တည်မှုမရှိလို့ အားငယ်နေလား ဗေဒါ ....

အားမငယ်ပါနဲ့ ဗေဒါ သူတို့တွေနင့်ရဲ့ စိတ်ဓာတ်နဲ့ အသုံးဝင်ပုံတွေကိုသူတို့မသြိ
ကလို့ပါ။။
ရေစုန်ရေဆန်မုန်းတိုင်တွေကြားအြ
ပုံးမပျက်...
နင့်ရဲ့ စိတ်ဓာတ် လူအများ မသိကြဘူးလေ...
အနံအဆင်မပြည့်စုံပေမယ့် နင့်ရဲ့ စိတ်ဓာတ်မာကျော့မှုတွေကို
ငါလေးစားမိတယ် ဗေဒါ ငါလေ နင့်ကိုအရမ်းအားကျမိတယ်.။။။.

တန်ဖိုးမဲ့လို့ နင်စိတ်ဓာတ်ကျအားမငယ်ပဲ ပင်လယ်ကျယ်ကြီးထဲ
မျောလွင့်ရင် နင်ငိုခဲ့တဲ့နေ့ တွေလည်းရှိမှာပေါ့နော်...
ငါကိုယ်ချင်စားမိတယ် ဗေဒါရယ်..။။။


နင့်ရဲ့ ဖွဲ့ စည်းပုံနဲ့ တွဲထားတဲ့အရောင်လေးက
အစိမ်းနဲ့ အပြာ လောကဓံကို နင်ခက်စိမ်းစိမ်းကြည့်နိုင်သလို
ချစ်ချင်မေတ္တာတို့ ရဲ့ သင်္ကေတဖြစ်တဲ့ အပြာလေးကလည်းဖော်ဆောင်နေလေရက်ေ
ပါ့ ..ဗေဒါ

ရေရှိတဲ့အရပ်ဒေသမှာပဲနင်ပျော်ေ
နတတ်တာဟာ အေးချမ်းမှုကိုနှစ်သက်တဲ့သဘောလားဗေဒါ
တခါတလေငါလည်းအေးချမ်းတဲ့နင်ကြို
ကည့်ပြီ ပီတိဖြစ်မိတယ်..
ရေစုန်ရေဆန်မျောနေတဲ့နင် အန္တရာယ်ကြားပန်းပန်လျှက်ပဲနော်။။။။ ...
သဇင်၊ နှင်းဆီ၊စံပယ် တို့လိုလူတွေကနင့်ကို ဈေးကြီးပေးမ၀ယ်ကြပေမဲ့ သူတို့ အသုံးဝင်တော့လည်း
နင့်ကို အမျိုးမျိုးသုံးကြပါလေရောလား။။။ ဗေဒါ ..

တနေ့အဒေါ်ကြီးတစ်ယောက်နင့်ကို သူတို့ အတ္တတွေကြောင့် အားမနာတမ်း
နင့်ရဲ့ အပွင့်ကို ခူးဆွတ်လို့ ပေါ့ ဘာတဲ့လည်း သွေးတိုး ဆီးချိုပျောက်တယ်ကြားလို့တဲ့
နင့်ရေပူပူထဲရောက်အုံးမှာပေါ့ေ
နာ် ဗေဒါ။။။။...
ဒါပေမဲ့ အားမငယ်ပါနဲ့ ဗေဒါရယ် ဒီလိုပါပဲ ငါတို့လူတွေလည်း အတ္တ၊ လောဘတွေကြား
ပူလောင်ကြပါတယ် ...ဗေဒါရယ်။

ဗေဒါနင့်ကိုမြို့ ပြလိုနေရာတွေမှာ သိပ့်မတွေ့ မိဘူးနော် အေးချမ်းရိုးသားတဲ့တောရွာလို
နေရာမှာတွေ့ ရတာများတယ်..  မြို့ ပြရဲ့ ပူလောင်မှုတွေကိုနင်သဘောမကျဘူးထင်တယ်။။။ငါလည်းမြို့ ပြက
ရောင်စုံလူတွေ ကြားဟန်ဆောင်မျက်နာဖုံးတွေနဲ့ ငါမပျော်ပါဘူး ဗေဒါရယ်။။။။
ငါနင့်ကိုအရမ်းသတိရတယ်။။။..
တနေ့နင်ရှိတဲ့အရပ်ကို ရောက်အောင်ပြန်လာပြီ နင့်နဲ့ စကားတွေအများကြီးပြောချင်မိတဲ့
ငါ့ရဲ့ စိတ်တွေပြင်းပြနေတယ်။။။ ဗေဒါရယ်..ငါလေနင့်ကို ငယ်ငယ်လေးထဲက ကြိုက်တယ်။။။..
နင့်လိုစိတ်ဓာတ်မျိုးနဲ့ ငါလောကဓံဆိုတာကိုကြံ့ကြံ့ခံနို
င်ရည်ရှိအောင်ဖြတ်သန်းနေပါတယ်။။။..
ငါစိတ်ဓာတ်ကျအားငယ်နေချိန်တိုင်
း နင်ကိုတမ်းတ သတိရမိတယ် ဗေဒါရယ်။။
ငါနင်ရှိတဲ့အရပ်ကို အရောက်ပြန်လာခဲ့မယ်။။။ အဲအချိန်ဗေဒါ ငါနင်နဲ့စကားတွေအများကြီးပြောမယ်။။


လမင်းရူးနေပြီထင်ကြတော့မယ်နော်။။ ပြောစရာရှားလို့ ဗေဒါနဲ့ စကားပြောရတယ်လို့ ဘယ်သူမှမပြောရင်
တောင်ပြောမယ့်သူကိုသိနေတယ် :D တကယ်တော့ဗေဒါပန်းနဲ့ ပတ်သက်ပြီ ကဗျာလေးရေးချင်တာပါ။။
ကဗျာရေး စာရေးကမကောင်းတော့ဗေဒါပန်းလေးတန်ဖိုးမဲ့သွားမှာစိုးတာကြောင့် စိတ်ထဲရှိတာလေး
ရေးမိပါတယ်။။ သူငယ်ချင်းတို့ များ ဗေဒါပန်းနဲ့ ပတ်သက်တဲ့ကဗျာလေးရေးတာဖတ်ချင်မိပါတယ်။။။
ဘလော့သူငယ်ချင်းညီကိုမောင်နှမအားလုံးကျန်းမာပျော်ရွှင်နိုင်ကြပါစေ....
                လမင်းငယ်..... 
ဗေဒါပုံလေးကို Fb က မလာပါတယ်။။:)

18 comments:

  1. ဗေဒါ Essay လေးဖတ်သွားတယ် အစ်မ။ ညီမက ရသ စာပေနဲ့ပတ်သက်လို့ ပါရမီမပါဘူး အစ်မရဲ့။ အစ်မပြောသလို ကိုယ်ရေးကာမှ ပိုဆိုးနေမှာစိုးလို့ မရေးတော့ပါဘူးနော်။

    ReplyDelete
  2. သူငယ်ချင်းရေ ... ဗေဒါ ကဗျာလေး လာဖတ်သွားပါတယ်။ စိတ်ထဲရှိတာရေးထားတာလေးကို ရင်ထဲကခံစားပြီးဖတ်သွားပါတယ်။

    ဗေဒါကဗျာလေး ဖတ်ချင်တဲ့သူငယ်ချင်းအတွက် လင့်ခ်လေး ပေးလိုက်ပါတယ်နော်။ အဲ့ဒီမှာ "တွယ်ရာမဲ့ဗေဒါ" ဆိုတဲ့ ကဗျာလေးက ဗေဒါကဗျာလေးတစ်ပုဒ်ပါပဲ။

    http://hopeofmind.wordpress.com

    ReplyDelete
  3. ဗေဒါဆိုတာ အကြမ်းအနု အစုံရတဲ့ပန်းတစ်ပွင့်ပါ

    ရေစုတ်မြောသွးပေမဲ့အားမငယ် သလို ဘဝကြီးကို

    စီးမြောရင်းနဲ့စိမ်ခေါ်ရဲတာဗေဒါပါ

    ReplyDelete
  4. ဗေဒါလေးလာဖတ်သွားတယ်ဗျာ....

    ReplyDelete
  5. ပန်းဗေဒါ နှင့် ကျွန်မ ခံစားချက်ပို့စ်လေးဖတ်သွားပါတယ် ညီမလေးရေ..
    ဗေဒါပန်း ရဲ့ တန်ဖိုးလေးမဲ့ သွားမှာစိုးလို့ ကဗျာအဖြစ်မဖန်တီးပဲ အခုလို
    ခံစားချက်ပို့စ်သဘေားလေးချရေးထားတာလည်းဖတ်လို့ ခံစားလို့ကောင်းပါ
    တယ်ညိမလေးရေ.. အကိုတို့ငယ်ငယ်က ဆရာဇော်ဂျီ ရေးတဲ့ ဗေဒါလမ်း
    ကဗျာတွေ ထဲက ပန်းပန်လျှက်ပဲ ကဗျာလေးကို ဖတ်ဖူးသလို သီချင်းလုပ်
    ဆိုထားတာလည်းနားထောင်ဖူးလို့ကြိုက်မိပါတယ်(ဆို-ဒေါ်ကြည်ကြည်ဌေး
    ထင်ပါတယ်)..ကဗျာရဲ့ အတိမ်အနက်ကို သိပ်ပြီးနားလည် မခံစားတတ်
    သေးပါဘူး... အခုတော့ ဗေဒါလမ်းကဗျာလေးတွေရဲ့ အတိမ်အနက်တွေ
    ကို နားလည်ခံစားတတ်နေပါပြီ...

    ဗေဒါလမ်းကဗျာ (၁၀) ပန်းပန်လျှက်ပဲ

    ညိုပြာပြာ လတာပြင်ခြေရင်း။
    လှိုင်းတက်ရာ ဗေဒါသက် ၊ လှိုင်းသက်ရာဆင်း။

    ဆင်းရလဲ မသက်သာ။
    အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့ လာ။
    အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
    အုန်းလက်ကြွေသူ့ နံဘေး၊ ဆောင့်ခဲ့ရသေး။

    ဆောင့်ခဲ့လဲ မသက်သာ။
    နောက်တစ်ချီ ဒီတစ်လုံးက ၊ ဖုန်းလိုက်ပြန်ပါ။
    မြုပ်လေပေါ့ ၊ ပေါ်မလာ၊ မဗေဒါအလှ။
    တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

    ပေါ်ပြန်လဲ မသက်သာ။
    ချောင်းအဆွယ် ၊ မြောင်းငယ်ထဲက ၊ ဘဲထွက်လို့လာ။
    ဘဲအုပ်မှာ တစ်ရာနှစ်ရာ ၊ မဗေဒါက တစ်ပင်ထဲ။
    အယက်အကန်ခံလို့
    ဗေဒါပျံအံကိုခဲ ၊ ပန်းပန်လျက်ဘဲ။ ။

    ဇော်ဂျီ


    စာလုံးပေါင်းမှားရင်တောင်းပန်ပါတယ် ညိမလေးရေ... ဒီကဗျာလေးက
    အကိုတို့ မမွေးခင် ၁၉၆၀ ၀န်းကျင်လောက်ကဗျာလေးပါ..ဘယ်အချိန်ဖတ်
    ဖတ် မရိုးသော၊ အဓိပ္ပာယ်လေးနက်သော ဗေဒါပန်း(ဗေဒါလမ်း) ကဗျာလေးပါ...

    ReplyDelete
  6. အကိုရာဇာထွေးကျေးဇူးတင်ပါတယ် လမင်းကြားတော့ကြားဖူးပါတယ်
    အကုန်မရဘူး ကော်ပီယူထားလိုက်ပါပြီ...

    ReplyDelete
  7. ကြယ်ပြာကျေးဇူးပါနော်သွားဖတ်ပြီcopy ယူလိုက်တယ်

    ReplyDelete
  8. ဗေဒါပန်းလေးအကြောင်းတီကာဖွဲ့သွားတဲ့လမင်းလေးရေ
    ဆရာဇော်ဂျီရဲ့ 'ပန်းပန်လျက်ပဲ'စာသားတွေကို
    မထင်မှတ်ပဲ မောင်ရာဇာထွေးရဲ့ ကွန်မန့်ကနေ ပြန်ရလိုက်လို့
    ကူးယူသွားတယ်နော် နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. အား...အနော်ကတော့ အတွေးတာရှိတာ စာကိုဖြောင့်အောင်မရေးတက်ဘူး...
    ကဗျာဆိုရင်တော့ အဝေးကြီး sis က ရေပြာပေါ်က ဗေဒါကိုကြည့်ပြီး ကြံကြံဖန်ဖန်ရေးသွားတယ် ဟဲ..ဟဲ ဖတ်လို့တော့ကောင်းသား...

    ReplyDelete
  10. တကယ်တော့ ကျနော်တို့ ဘ၀ဟာလည်း မမလမင်းငယ်ရဲ့ ဗေဒါပန်းနှင့်ကျွန်မကဗျာ လိုပါပဲ။ လောကဓံ တရားတွေရဲ့ ရိုက်ခတ်မှုတွေ၊ တိုက်ခိုက်ထိုးနှက်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ (ဆင်းရဲလိုက်၊ ချမ်းသာလိုက်၊ အခြွေအရံ ပေါများလိုက်၊ အထီးကျန်ဆန်သွားလိုက်၊ ကံဆိုးလိုက်၊ ကံကောင်းလိုက်၊ ငွေလှိုင်နေ သ…ည့်အခါတွေလည်းရှိ၊ ငွေလိုသဖြင့် မာနကိုနှိမ်ချပြီး ချေးရငှားရတဲ့အခါတွေလည်းရှိ၊ လူရာသွင်းသည့်အခါလည်းရှိ၊ ချောင်ထိုးခံ ရသည့် အခါတွေလည်း မနည်း)။ ဒါပေမယ့်လေ…ဘာပဲဖြစ်ဖြစ် ကဗျာထဲက ဗေဒါပင်လေး လိုပါပဲ ရောက်တဲ့နေရာမှာပျော်… ဘယ်လိုပဲဖြစ်ဖြစ် အလိုက်သင့်နေထိုင်ရင်း… အစဉ် ပန်းပန်လျှက်ပါ…

    ReplyDelete
  11. အတွေးလေးကောင်းတယ် မမရယ်
    ကန်ဒီလည်း ဗေဒါပန်းလို ဖြစ်ချင်လိုက်တာ.. အထူးသဖြင့် ခုလိုချိန်မှာ :)

    ReplyDelete
  12. ဗေဒါပန်းလေးအတိုင်းနေပေါ့ညီမလေးချိုရေ
    ဒီလိုပါပဲအပင်မြင့်ရင်လေတိုက်ပိုခံရတယ်တဲ့
    ဘယ်သူဘာပြောပြောခေါင်းထဲမထားပါနဲ့ စိတ်ပင်ပန်းတယ်လေနော်...

    ReplyDelete
  13. ဗေဒါအကြောင်းလေးလာဖတ်သွားတယ် လမင်းရေ

    ReplyDelete
  14. စာရေးသူတော်တော်များများကတော့
    ဗေဒါကို မိန်းကလေးနဲ့ တင်စားကြတယ်နော်
    မိန်းကလေးတွေက အားငယ်တတ်လို့ ထင်ပါရဲ့

    ReplyDelete
  15. လမင်းရေ...


    လာလည်သွားတယ်။ ဆက်လက်အားပေးနေမယ်။ ဗေဒါနဲ့ လမင်း လုပ်ပါကွယ်။ အဟဲ... ပျော်ရွှင်ပါစေ ညီမလေး....ဘလော့လေးက အပြင်အဆင်လေး ပိုလှလာတယ်..



    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete
  16. နာမည်ပြောင်းမည်."ဗေဒါ"ဟုး))

    ချစ်ခင်လျှက်
    သမံစီး

    ReplyDelete
  17. ပန်းဗေဒါ လေးအကြောင်းလာရောက်ဖတ်ခဲ့ပါတယ်

    ReplyDelete
  18. တခါတလေငါလည်းအေးချမ်းတဲ့နင်ကိုကြည့်ပြီ ပီတိဖြစ်မိတယ်..
    ရေစုန်ရေဆန်မျောနေတဲ့နင် အန္တရာယ်ကြားပန်းပန်လျှက်ပဲနော်။။။။ ... Thz sis :)

    ReplyDelete