ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Wednesday, February 29, 2012

ငါးထောင်တန်ဖုန်းအပေါ်ဘလော့ဂါတို့ အမြင် (တဂ်ပိုစ့်)

အခုတလောပျင်းပျင်းနဲ့ ဟင်းတွေပဲချက်နေတဲ့ လမင်း စာရေးပျင်းနေလို့ ဟိုယောင်ယောင် ဒီယောင်ယောင်
လုပ်နေတုန်း မောင်လေး အလင်းသစ်နဲ့ ညီမအိန်ဂျယ်လိုင် တဂ်လေးပေးထားတော့ ရေးလိုက်ပါမယ်။။
အကြွေးထားရင်မရေးဖြစ်တော့ဘူး။ ကိုယ့်အကြောင်းကိုယ်သိတယ်။
မေးခွန်းတွေစဖြေပါတော့မယ်။။။။။။

၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
        အရင် (၁၀)သိန်းတန် ဖုန်းတွေနဲ့ ယှဉ်ရင်တော့ တန်ဖိုးနည်းတယ်လို့ ပြောလို့ ရပါတယ်။။        လူတိုင်းတော့ကိုင်နိုင်မယ်မထင်ဘူး။။။။
နိုင်ငံတကာလို့ လူတန်းစားမရွေးကိုင်နိုင်ဖို့ ကြတော့ တန်ဖိုးနည်းလို့ တော့ ပြောလို့ မရပြန်ဘူးပေါ့။

၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။
          (၅၀၀၀) တန်ဖုန်းချပေးမယ်ဆိုတဲ့သတင်းကြားတော့ဝမ်းသာမိပါတယ် အခုလို စတေကာကပ်တာတွေ
လုပ်တာ ပိုထိရောက်တယ်လို့ တော့မြင်မိပါတယ်။။။။ တွေ့ တော့မတွေ့ ဖူးသေးဘူး ။:D

၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ
       အရမ်းကောင်းပါတယ် ။အောင်မြင်ပါစေလို့ ပဲမျှော်လင့်မိပါတယ်။။။။။

၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
     ကြိုဆိုတာပေါ့ရှင်... လူတိုင်းလည်းကိုင်နိုင်မယ် ဆက်သွယ်ရေးလည်းကောင်းမယ်ဆို ကြိုဆိုပါ၏ပေါ့။။။။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။
(၅၀၀၀) တန်ဖုန်းက ရွှေပြည်တံခွန်ကုမ္မဏိက စပြီအကောင်အထည်ဖော်တာလို့ သိရပါတယ်။။
    အမြင်ပြောရရင်တော့ မမြင်ရသေးလို့ ဘယ်လိုရေးရမလဲ သိတော့ဘူး။။။။  :P (၅၀၀၀) တန်ဖုန်းချပေးမယ်လို့ ကြားနေတာတော့ ကြာပါပြီ။  တကယ်ဟုတ်မဟုတ်စောင့်ကြည့်ရင် သတင်းတွေလည်း
အမျိုးမျိုးကြားရပြန်တယ်။။ တကယ်လို့ သာ မြန်မာပြည်မှာ အခုလို တန်ဖိုးနည်းဖုန်းတွေချပေးမယ်ဆို အရမ်းကို ၀မ်းသာ
စရာပေါ့ရှင်... တိုးတက်လာတဲ့ခေတ်ကြီးမှာ အခုလို လေးတွေလုပ်ပေးမယ်ဆို တိုင်းပြည်ရောလူမျိုးအတွက်ပါအဆင်ပြေ
ပြီအရမ်းကောင်းတာပေါ့။ မဖြစ်နိုင်သေးဘူးလို့ ထင်ပေမဲ့ ဖြစ်လာပါစေလို့ တော့ဆုတောင်းရတော့မယ်။။။ :pray

အလင်းနဲ့ အိန်ဂျယ်ရေ ဖြေတတ်သလိုဖြေလိုက်ပါပြီ  လမင်းတော့မတဂ်တော့ပါဘူးနော်
တဂ်ထားတဲ့မောင်နှမတွေပဲဆက်လက်တာဝန်ယူကြပါကုန်လော့ .......ကျန်းမာပျော်ရွှင်ပြီ
(၅၀၀၀)တန်ဖုန်းကိုယ်ဆီနဲ့ ပွားနိုင်ပျော်နိုင်ကြပါစေ...:)


15 comments:

  1. တဂ်တဲ့အထဲတော့ထည့်ထားတယ် ဒါပေမယ့်ပိုစ့်တင်တာနောက်ကျနေလို့ မထည့်တော့ဘူးနော်ပြန်ဖြူတ်လိုက်တော့မယ် နော်း))လမင်းကရေးပြီးသွားလို့လေ
    အားပေးလျှက်


    ဒိုးကန်

    ReplyDelete
  2. လမင်းရဲ့ အမြင်လေးကို ဖတ်သွားတယ်။

    ခင်တဲ့
    မြတ်

    ReplyDelete
  3. မမ အမြင်လေး ဖတ်သွားတယ်ဗျို့

    ReplyDelete
  4. ပြည်သူတွေ အားလုံးကလဲ မျှော်လင့်နေကြတာပါဘဲလေ... ဖြစ်လာရင်တော့ အကောင်းဆုံးပေါ့... ဒါဆိုရင် ဆက်သွယ်ရေးတွေ လွယ်ကူအဆင်ပြေသွားမယ်လို့ ထင်တယ်....

    ReplyDelete
  5. တဂ်ပို့စ်လေးကို တူညီတဲ့ခံယူချက်နဲ့ အားပေးသွားတယ် လမင်းလေးရေ။
    ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. ဖြစ်လာပါစေ လို့  ပဲ ဆုတောင်းမိပါတယ် ...အစ်မရေ ..
    မောင်ဘုန်း လည်း အလုပ် များတောနဲ့  ဒီနေ့ မှ ရောက်ဖြစ် တယ် ။

    ReplyDelete
  7. ဖတ်ခဲ့ပါကြောင်း ခင်တဲ့လွမ်း

    ReplyDelete
  8. လာဖတ်သွားပါတယ်အမရေ...တကယ်သာဖြစ်လာရင်တော့လား...
    ဟိုးအရင်က သူဌေးတွေခါးမှာပဲ စံမြန်းတဲ့လက်ကိုင်ဖုန်း နှစ်လုံးလောက်ကို
    ကိုင်ပစ်မယ်... :P

    ReplyDelete
  9. အစ်မအမြင်လေးလေး ဖတ်သွားတယ် အစ်မရေ
    ကွန်တွေကျတာရော ... စာတွေကျက်နေတာရော
    မရောက်ဖြစ်ဘူး
    လာခဲ့တယ်နော်

    ReplyDelete
  10. ၅၀၀၀ တဲ့ တကယ်ပေါ်ရင်တော့မြန်မာပြည်ပြန်မှပဲ။

    ReplyDelete
  11. ဟိုက် ၀လာတယ်

    ReplyDelete
  12. လာမဲ့နှစ်မှာအကယ်ဒမီပေးရင် 5000တန်ဖုန်းရမှာ သေချာတယ် ခုတစ်လေး လူကြိုက်အများဆုံး ဖြစ်နေလို့ အမရေ ...လာရောက်အားပေးသွားတယ်နော် ခု1ခါဓါတ်ပုံတင်ရင် ကြီးကြီးတင်နော်...

    ReplyDelete
  13. မမရေ..ရေးပေးလို့ ကျေးဇူးပါလို့..အာာာဘွား..:):)

    ReplyDelete
  14. အမြင်တွေကိုလေ့လာသွားတယ်အမရေ

    ReplyDelete
  15. အမြင်လေးတွေကိုသဘောကျသွားပါတယ်။

    ReplyDelete