ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Friday, February 10, 2012

မေ့မရတဲ့ ဗိုလ်ချုပ်









ငယ်ငယ်က အမေပြောတတ်တဲ့အိပ်ယာဝင်ပုံပြင်
လို အမြဲတမ်းကြားနေတတ်တဲ့ မြန်မာသူရဲကောင်းဖခင်ကြီးအကြောင်း
ဘာကိုမှမသိ နားမလည်သေးတဲ့အရွယ်ထဲကကျွန်မ အတွက်တော့ ရာဇ၀င်ထဲက သူရဲကောင်းကြီးပေါ့။
   ရဲရင့်ပြတ်သားပုံတွေ  တည်ကြည်ခန့်ညားပုံ စကားပြောလေးနက်ပုံ တိုင်းပြည်အတွက်ကြိုးပမ်းခဲ့ပုံ
တွေဟာ
ကျွန်မ ကလေးဘ၀ (၃) နှစ်လောက်ထဲကနားရေ၀ခဲ့ရပါတယ်။
အမေဟာ ဗိုလ်ချုပ်ကိုလေးစားရုံမကပဲ ချစ်ခင်ပြီ ဗိုလ်ချုပ်ရဲ့ နေမှု ပုံစံက အစ ကျွန်မတို့ကိုပြောတတ်ပါသေးတယ်။
မနက်စာ စားလို့ ပဲပြုတ်နဲ့ ထမင်းဆီဆမ်းဆို ဗိုလ်ချုပ်အရမ်းကြိုက်ကြောင်း ငါးပိ ကျိုလို့ အနံလေးမွေးရင်
ဗိုလ်ချုပ်ကိုတမ်းတပြန်ရော  အမေရဲ့ အပြောနဲ့ ပဲ
ကျွန်မ ရဲ့ စိတ်ထဲမှာဗိုလ်ချုပ်ဟာ ကျွန်မ အဘိုးလို လို  ဖခင်လိုလိုနဲ့ 
ကျွန်မတခါမှ မမြင်ဖူးခဲ့ပါ၊  ဒါပေမဲ့ ကျွန်မ ဗိုလ်ချုပ်ကိုချစ်သည်၊ လေးစားခဲ့သည်။
ၾကားဖူးရုံနဲ ့ကၽြန္မေလးစားအားက်ခဲ့ရေသာသူရဲေ
ကာင်းကြီးပါ ။ ကျောင်းနေတတ်ခဲ့တဲ့အရွယ်ရောက်တော့
ကျွန်မ ဗိုလ်ချုပ်အကြောင်း ပိုသိလာခဲ့ရပါတယ် ပိုပြီလည်စိတ်ဝင်စားလာခဲ့တယ်။ မနက် ပဲပြုတ်နဲ့ ထမင်းမကြိုက်တဲ့ ကျွန်မက ပြဲ့ပုတ်ထမင်းစားတတ်လာခဲ့ပါတယ်။

ဗိုလ်ချုပ်နဲ့ပတ်သက်တာမှန်သမျှ စိတ်ဝင်စားလာခဲ့တယ် ကျွန်မ ဘ၀ရဲ့ လေးစားအားကျခဲ့ရတဲ့  ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။
ကျွန်မတို့ ရဲ့ တိုင်းပြည်လွတ်လပ်ရေး ရဖို့ ကြိုးပမ်းခဲ့သော  အာဇာနည်းသူရဲကောင်းကြီးပါ ကျွန်မတို့ တွေအခုလို့
အေးချမ်းစွာနေလာခဲ့ရတာဟာ ကျွန်မတို့ ရဲ့ ဖခင်ကောင်းကြောင့်ဆို  မည်သူကမျာ
းငြင်းနိုင်ပါ့မလဲနော်။
အခု ခေတ်လူငယ်တွေမေ့လောက်အောင်ဖြစ်ေ
နတဲ့ ဗိုလ်ချုပ်ကို အမှတ်ရရင်.........
ငယ်ငယ်ကအော်ဆိုဖူးတဲ့. လင်္ကာလေးကို သတိတရနဲ့  ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
 


 ဖေဖော်ဝါရီ ၁၃ မှာဗိုလ်ချုပ်မွေးနေ့ ပါ
၁၉၁၅ ရှေ့နေ ဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စု သား။

၁၉၄၇ ပြောင်းကြွတမလွန်၊
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင် တဆယ့်ကိုး။

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့သား။

ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် ဒို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။ ။
                                                  







    

                                                        
    ....


10 comments:

  1. ဗိုလ်ချုပ်ကဗျာလေးလာရောက်ဖတ်နေပါတယ်

    ReplyDelete
  2. အနာဂတ် လူငယ် များအတွက် စံပြ ဖြစ်ခဲ့ သူ တစ်ဦး ဖြစ်ပါတယ် ...
    အစ်မ နှင့် အတူ ထပ်တူထပ် မျှ လေးစားရ ပါသည် ... ။

    ခင်မင်စွာဖြင့်

    မောင်ဘုန်း

    ReplyDelete
  3. တခောတ်မှာ တစ်ယောက် ဆိုလောက်တဲ့ တို့ များရဲ့ နိုင်ငံဖခင်ပေါ့...

    ReplyDelete
  4. အခုနေအချိန်ထိ ဗိုလ်ချုပ်ရှိနေခဲ့ရင် တို့တတွေ အခုလို နိုင်ငံရပ်ခြားမှာ သူများကျွန်အဖြစ်နဲ့ နေရလိမ့်မယ်လို့ မထင်ဘူး.... တမ်းတမိတယ်
    ပြည်ထောင်စုရဲ့ ကျေးဇူးရှင်....

    ReplyDelete
  5. အစ်မရေ၊ ပြောရဦးမယ်။ ဟိုတလောက မောင်ဝမ်းကွဲလေးနဲ့ ရောက်တတ်ရာရာပြောရင်း၊ မေးလိုက်တာ ဖေဖော်ဝါရီ ၁၃ရက်က ဘာနေ့လဲ သိလားလို့ ဆိုတော့ မသိဘူးတဲ့။ တော်တော်လေး စိတ်လေသွားတာ အမှန်ပဲ။ ညီမက အဲဒီကဗျာလေးဆိုပြပြီး သားတို့ကျောင်းမှာ မသင်ရဘူးလား ဆိုတော့ သင်ရတယ်တဲ့ မမှတ်ထားတာတဲ့။ ကောင်းရော။

    ReplyDelete
  6. ၀တီ ကေပီအားပေးသွားတယ်....

    ReplyDelete
  7. (ကျွန်မ ကလေးဘ၀ (၃) နှစ်လောက်ထဲကနားရေ၀ခဲ့ရပါတယ်။) ကျမ ကလေး၃ ယောက်မရခင်ထဲက နားရေ ၀ခဲ့တာ..ဟုတ်စ........ဘုမှ မကြောက်ဝူးကွ

    ReplyDelete
  8. ဗိုလ်ချုပ်...
    "ကောင်းရာသုဂတိလားပါစေ"

    ချစ်ခင်လျှက်
    ညမတော်သမီးစံ

    ReplyDelete