ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
Wednesday, December 26, 2012
၂၀၁၂ ကို ပြန်လှည့်ကြည့်ခြင်း Tag
တဂ်ပိုစ့်လေးရဲ့ အစကတော့ပစ်ပစ်ခေါ် ခံစားမှုသံစဉ်ကပါ...ကြော်ငြာဝင်တာ..:)လမင်းစာရေးပျင်းးနေတာတော့ဝန်ခံချင်ပါတယ်။
 အခုတလောစိတ်ဓာတ်က အလိုလိုနေရင်းကိုကျနေတော့တာ..စာမရေးတော့ဘူးလို့ လည်းခဏခဏတွေးတယ်..။သံယောဇဉ်ကလည်း  မပျက်နိုင်ဖြစ်နေတယ်။။မြန်မာပြည်ရောက်ရင်လည်းမရေးနိုင်တော့မဲ့အတူတူအခုတည်းက အကျင့်လုပ်ထားတာပါ.. ဆင်ခြေ ဆင်လက်...:)
ပထမဆုံးရေးရမယ်ဆို.. ၂၀၁၂ ထဲမှာပဲ ယခု တဂ်ပိုစ့်ပိုင်ရှင်နဲ့ ခင်မင်ခဲ့တဲ့နှစ်ဆိုတော့ အမှတ်တရပေါ့နော်..
.နောက်ထပ် အမှတ်ရစရာက  လမင်း မျက်ရည် အပေါဆုံး နှစ်ဖြစ်ခဲ့ပါတယ်။။
ငိုခဲ့ရတဲ့ ရက်တွေ ရှိခဲ့သလို ပျော်ရွှင်ခဲ့ရတဲ့အချိန်တွေလည်းရှိခဲ့ပါတယ်..။။
၂၀၁၂ က လမင်း အတွက် အထူးခြားဆုံး နှစ်ဖြစ်ခဲ့တယ်ဆိုလည်း မမှားပါဘူး။။။
၁.. လမင်း တို့ ချစ်သူ သက်တမ်း (၁) .နှစ်ပြည့်ခဲ့တယ်.. ရန်ဖြစ်လိုက် စိတ်ကောက်လိုက်နဲ့ ဖြတ်သန်းခဲ့ကြတယ်။။။။
၂..လစာတိုးတဲ့နှစ်ဖြစ်သလို  ဒွိဟ ဖြစ်နေတဲ့ဆုံးဖြတ်ချက်ကိုလည်း ရဲရဲ ဆုံးဖြတ်နိုင်ခဲ့တဲ့နှစ်ပါ။။
အဲ့ဒါက မြန်မာပြည်ကို အပြီးပြန်တော့မယ် ဆိုတဲ့စိတ်ကူးကို အကောင်းအထည်ဖော်ခဲ့တဲ့နှစ်ပါ..
၃..အကြိုက်ဆုံး မွေးနေ့ လက်ဆောင်ရခဲ့တဲ့နှစ်လည်းဖြစ်ခဲ့တယ်။။
ဒီနှစ်ထူးခြားတာက မွေးနေ့ မှာ ပိုက်ဆံမကုန်ပဲဈေးကြီးလက်ဆောင်ရတဲ့နှစ်ပါ..:D
၎.. အချိန်ကို အများဆုံးဖြုန်းတဲ့နှစ်လည်းဖြစ်ခဲ့ပါတယ်။။
 ဂိမ်းဆော့လိုက် ကိုရီးယားကား ကြည့်လိုက်လုပ်ခြင်းဖြစ်သည်။။ အရင်က သူများတွေဂိမ်းဆော့ရင်
နင်တို့ တွေ အချိန်ပိုနေကြလား အလကား အချိန်ဖြုန်းကြတာလို့ ဆရာကြီးလေသံနဲ့ ပြောခဲ့သမျှ ပြန်လည်းအပြောခံရတဲ့နှစ်လည်းဖြစ်ခဲ့တယ်။။။
၅... ချစ်စံအိမ်ဘလော့လေးစဖြစ်တည်ခဲ့တဲ့နှစ်လည်းဖြစ်ခဲ့ပါတယ်။။
၆.. လမင်း ဖေ့ဘုတ် စသုံးတဲ့နှစ်လည်းဖြစ်ခဲ့ပါတယ်။။
ထူးဆန်းမနေဘူးလား ဟီး လမင်းဖေ့ဘုတ်သုံးတာ မကြာသေးဘူး...သူများတွေ ဖေ့ဘုတ် အကောင့်
တောင်းရင် မသုံးဘူးပြောရင် မပေးချင်လို့ ထင်ကြတယ်.. .. ဘာကြောင့်မသုံးတာလည်းဆို အကြောင်းပြချက်လည်း ခိုင်ခိုင်မာမာ မရှိဘူး.. မသုံးချင်လို့ မသုံးတာပါ.. အခုသုံးပါပြီး ဘာအကျိုးကျေးဇူးရလည်း ဆိုတော့ ခါးညောင်းတယ် လက်ညောင်းတယ်.. မျက်လုံးညောင်းတယ်..:)
၇.. လမင်း ဒီရောက်တာ (၅) နှစ်ကျော်ပြီ Dc က christmas tree  ဒီနှစ် အလှဆုံးနှစ်ဖြစ်တယ်...
၈.. မြန်မာပြည်က လူတွေဖုန်းတွေပဲ ကြွားပြီကိုင်နေကြလားမသိဘူး.. လူတိုင်းဖုန်းမှာတဲ့နှစ်ပါ..:)
၉.. လမင်း အကျင့်တစ်ခု လုပ်ထားတယ်.. လစာထဲကနေ အလှူလှူတတ်တာ  ၂၀၁၂ က အများဆုံးလှူနိုင်တဲ့နှစ်လည်း ဖြစ်ခဲ့ပါတယ်...
၁၀... ဘုရား တရားဘက် အားရုံအရမ်းနည်းခဲ့တဲ့နှစ်ဖြစ်ခဲ့လို့ ထင်တယ် စိတ်တွေတည်ငြိမ်မှုနည်းခဲ့တယ်။
ကျဒေါသ တက်ဒေါသတွေ ထင်တိုင်းကျဲတဲ့နှစ်ပါ....
၂၀၁၂ ကို လှည့်ကြည့်ဆိုလို့ ကြည့်လိုက်တာ ဘာမှလည်း မယ်မယ်ရရ မရှိခဲ့ပါလားနော်.. :(
တကယ်ဆို လမင်းက အတိတ်ဆိုတာကို လုံးဝကိုလှည့်မကြည့်တတ်တဲ့သူပါ.
. အနာဂတ်အတွက်ပဲအကောင်းဆုံး ပြင်ဆင်တတ်တယ်။..
 ပြီခဲ့တာတွေကိုခေါင်းထဲမထားတတ်ဘူး။။ ဘာပဲဖြစ်ဖြစ်ပါ ပြန်လှည့်ကြည့်လိုက်တော့လည်း အကောင်းအဆိုးပေါ်လာတာပေါ့လေ  ဘာမှလည်း အကျိုးရှိတာမလုပ်ခဲ့ပါလားနော်.. စိတ်ဓာတ်ကျတဲ့လေသံဖြင့်......:(
ဘလော့ဂါသူငယ်ချင်းအားလုံးလည်းနှစ်သစ်မှာ ကျန်းမာခြင်း ပျော်ရွှင်ခြင်း.တွေနှဲ့ စိတ်သစ် ကိုယ်သစ်ကို ပိုင်ဆိုင်နိုင်ပြီ အကျိုးရှိသောနှစ်သစ်ဖြစ်ကြပါစေရှင်....
Saturday, December 22, 2012
ဖတ်မိတော့ကြိုက်မိပါတယ်....
သင့်
ခန္ဓာ
ကိုယ်ကို သင်ချစ်ချင် ချစ် မုန်းချင် မုန်းလိမ့်မည်..
သိုသော် ကမ္ဘာပေါ်မှာ သင် အသက်ရှင်နေသရွေ့ 
ကာလပတ်လုံး သင့်ခန ကိုယ်ကို သင်ပိုင်ဆိုင်ရလိမ့်မည်။။
ချစ်ခြင်းဆိုတာ သင်ရယူမျှော်လင့်ထားတာနဲ့  ဘာမှမဆိုင်ပါ။။
ချစ်ခြင်းဆိုတာ သင်ကပေးမယ်လို့ ရည်မှန်းထားတာပါပဲ။။
အလုံးစုံဆိုပါတော့..။။။
ကောင်းတဲ့အလုပ် အားလုံးကို လုပ်နိုင်သမျှလုပ်ပါ။။
ဘယ်နည်းနဲ့ ဖြစ်ဖြစ် သင်လုပ်နိုင်သမျှလုပ်ပါ။။
အားလုံးသောနည်းလမ်းများနဲ့ သင်လုပ်နိုင်သမျှလုပ်ပါ။။
နေရာအားလုံးမှာ သင်လုပ်နိုင်သမျှလုပ်ပါ။။
အချိန်ကာလ အားလုံးမှာ သင်လုပ်နိုင်သမျှလုပ်ပါ။။
အားလုံးလူတွေအတွက် သင်လုပ်သမျှလုပ်ပါ။။
သင်ဟာဘာပဲဖြစ်ဖြစ် စင်ကြယ်တဲ့သူဖြစ်ပါစေ။။
အကူအညီလိုအပ်နေတဲ့သူတွေကို သင်ကူညီလိုက်တာဟာ
ဒီနေ့သင်က ကောင်းတဲ့လုပ်ဆောင်ချက်နဲ့ ကူညီပေးတဲ့အတွက်.
တစ်နေ့ ကျရင် သင်လည်း တူညီတဲ့အကျိုးကို ခံစားရပါလိမ့်မယ်..
ဒါဟာ လူ့ လောကမှာ လှည့်လည်နေတဲ့ စက်ဝိုင်းလေးပဲဖြစ်တယ်။။
ကမ္ဘာကြီးက ပျားအုံတစ်ခုပါပဲ။။
ကျွန်ုပ်တို့ အားလုံး တံခါးတစ်ပေါက်တည်းက၀င်ကြတယ်။။
အခက်အခဲဆိုတာ စိတ်ဓာတ်ကျအောင် လုပ်ရမှာ မဟုတ်ဘဲ..
စိတ်ဓာတ်နိုးကြားတက်ကြွအောင် စေ့ဆော်ရမှာဖြစ်တယ်။။
လူတစ်ယောက်ရဲ့ စစ်မှန်တဲ့ကြွယ်ဝချမ်းသာမှုဆိုတာ
လောကကြီးအတွက်းမှာ ဘယ်လိုကောင်းတာတွေ
သူပြုလုပ်ခဲ့ သလဲဆိုတာပေါ်မှာ ဆုံးဖြတ်ပါတယ်။။
နေ့သစ်တိုင်းဟာ ကိုယ်ပိုင်လက်ဆောင်တွေကိုပေးကမ်းနေတယ်။။
သင့်ဘာပြောလိုက်သလဲ ဆိုတာကို သူတို့ က
မေ့ချင်မေ့လိမ့်မယ် ။။ ဒါပေမဲ့  သင်က သူတို့ကို ဘယ်လို
ခံစားစေသလဲဆိုတာကတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။။
ဘ၀ရဲ့ အကြောင်းရင်းက ပျော်ရွှင်ဖို့ မဟုတ်ဘူး။။
ဒါပေမဲ့ အဓိကကျတာက အကျိုးပြုနိုင်ဖို့ ၊ အသုံးကျဖို့ ၊ သင် အသက်ရှင် နေထိုင်ရစဉ်မှာ
ပြောင်းလဲမှု တချို့ ကို လုပ်ဆောင်နိုင်ဖို့ ဖြစ်တယ်။။
မိမိကိုယ်ကိုမိမိ တွေ့ ရှိအောင်ရှာဖွေနေတဲ့အခါ မိမိက ကမ္ဘာပေါ်မှာ.
အလင်းရောင်ကို နောက်ဆုံးတွေ့ တဲ့ လူဆိုတာတောင်
ဘယ်တော့မှမေ့လိုရမှာ မဟုတ်ပါဘူး။။
အမှားတစ်ခုအပေါ်မှာ ဘယ်လို ရှုမြင်သုံးသပ်သလဲဆိုနဲ့ အပေါ်မှာ ကွဲပြားခြားနားပါတယ်။။
 ပိုစ့်သစ် မတင်ဖြစ်တာနဲ့ ကြိုက်မိတာလေးတင်ပေးလိုက်ပါတယ်ရှင်........
ဘ၀က ကစားနည်းတစ်မျိုးဆိုလျှင် စာအုပ်မှ.....
Wednesday, December 12, 2012
အမေ့ထံပေးစာ..
သို့ ...........
မေမေ နေကောင်းလား.. ကျန်းမာရေးကိုဂရုစိုက်ပါနော်...
.ဟို.. တလောကနေမကောင်းဘူး သတင်းကြားလို့ 
စိတ်ပူစွာ သမီးဖုန်းဆက်တော့  ဟဲလို ဟဲဟို ကြားလား သမီးကြားလား.. ဆိုတဲ့အမေ့ အသံ နေမကောင်းလို့ အားနည်းနေတဲ့ အမေကို ပိုသနားမိတယ်..
မေမေရယ်...
သမီးလေ အမေနား နေပြီ သေချာပြုစု ယုယချင်ပေမဲ့ မလွဲသာလို့ အမေရင်ခွင့်နဲ့ ဝေးရာကို ထွက်လာခဲ့ရတယ်..အမေ..........
သမီးချစ်တဲ့အမိမြေက သမီးအတွက် အလုပ်ရှားလိုက်တာအမေရယ်။။။
ဒါပေမဲ့ သမီးဒီရောက်မှ သိလိုက်ရတာက လူတော်တော်များများလည်းအလုပ်လက်မဲ့ဖြစ်နေကြတယ်လို့  ကြားရတော့စိတ်မကောင်းဖြစ်မိတယ်။ အမေရယ်... သမီးလည်း ကိုယ်ချစ်တဲ့မိသားစု နဲ့ ဘယ်ခွဲချင်ပါ့မလည်းလေ..............
ဖုန်းဆက်တိုင်းဘယ်တော့ပြန်လာမှာလဲ သမီးလို့ မေးတိုင်း သမီးရင်တွေနာရတယ် အမေ...........
ပြန်လာပါတော့ သမီးရယ်.. ဒီမှာပဲ လုပ်ကိုင်စားသောက်ကြတာပေါ့ .. ပြန်လာပါတော့နော်.. ဒီမှာလည်းတိုးတက်ပြောင်းလဲလာပါပြီ သမီးရယ်ဆိုတဲ့
အမေ့ရဲ့  မျှော်လင့်ချက် လေသံလေးကိုကြားတော့ ရင်စို့ မိတယ် အမေရယ်.......
သမီးတွေ့ နေ ကြားနေရတဲ့ တိုးတက်မှုတွေကတော့ ကုန်ဈေးနှုန်း နဲ့ ဆန္ဒပြမှုတွေပဲမြင်နေကြားနေရတယ်။.. အမေ....အလုပ်မရှိကြလို့ ထင်ပါတယ် အမေရယ်....လူတွေလည်း.ဆန္ဒပဲပြနေကြတော့တယ်။။..
ဘာပဲဖြစ်ဖြစ်ပေါ့.. အမေ.. သမီးချစ်တဲ့ အမိမြေနဲ့ အမေရင်ခွင်ကိုတော့ မရောက်ရောက်အောင်ပြန်လာမယ် ဆုံးဖြတ်လိုက်ပြီး အမေ.........
ဒီကလူတွေက နင်မိုက်လိုက်တာဟယ်..နတ်ပြည်ရောက်နေတာကို  ငရဲပြည်လိုနေရာမျိုးကို နင်တကယ်ပြန်မယ်ဟုတ်လား... နင်သတ္တိရှိလိုက်တာလို့ သမီးကို ပြောကြတယ် အမေ..
သူတို့ တွေမှာ သမီးရဲ့ ခံစားချက်တွေကို နားမလည်းကြတာအမေရယ်.. အမေ ရှိတဲ့အရပ်က သူတို့ ပြောသလိုသမီးကိုပူလောင်စေတယ်ဆိုရင်တောင်..
အမေ့ မေတ္တာရဲ့ အေးမြမှုတွေနဲ့ ယှဉ်လိုက်ရင် သမီးအတွက်တော့ အသေးအမွားလေးတွေပါ အမေ..
သမီး မကြာခင် အမေရှိတဲ့ အမိမြေကိုခိုလှုံဖို့ ပြန်လာတော့မယ် အမေမျော်လင့်ချက် တွေ ပြည့်တော့မယ် အမေ..
အမေလည်းကျန်းမာရေး ဂရုစိုက်ပါနော်..သမီးလည်းနေကောင်းပါတယ်။။
အမေကို ချစ်တဲ့ သမီးကြီးး..:)
ကျွန်မ ဖြစ်ချင်တဲ့မိသားစု ဘ၀လေးနေခွင့်အမြန်ရပါစေသာ..............
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ.............
Friday, December 7, 2012
တို.ဟူးသုပ်စားကြမယ်...
မင်္ဂလာပါရှင်... လမင်းပိုစ့်သစ်မတင်တာနည်းနည်းကြာသွားတယ်...အခုတလောစိတ်လေနေတာနဲ့ 
စာရေးဖို့ လည်းအာရုံမရဖြစ်နေတယ်... ဘလာ့လေးသရဲခြောက်မှစိုးတာကြောင့် အိမ်မှာ လုပ်စားဖြစ်တဲ့
တို.ဟူးလုပ်နည်းပဲတင်ပေးလိုက်ပါတယ်... :)ကိုယ်နည်းနဲ့ ကိုယ်ပေါ့....
ပဲမှုန့်ကိုတော့ကြိုက်နှစ်သက်ရာသုံးနိုင်ပါတယ်..မနက်တို.ဟူးလုပ်မယ်ဆို...  ပဲ မှုန့် တစ်ခွက်ကို ရေ တစ်ခွက်နဲ့ ဖျော်ပြီ ညအိပ်ထားပါတယ်... ပဲနဲ့ မတည့်တဲ့သူများအတွက်အလွန်အဆင်ပြေပါတယ်..ဗိုက်မပွတော့ပါဘူး။။
မနက်ကျိုတော့မယ်ဆို ကျိုမဲ့အိုးထဲကို မနက်ကချိန်တဲ့ခွက်နဲ့ ပဲ ရေ ၂ ခွက်ထည့်ပါ
ရေဆူလာပါက ညက ဖျော်ထားတဲ့ပဲမှုန့် ရေထည့်ကျိုပါ ၁၅ မိနစ်ဆိုရပါပြီ။။
အလုပ်မရှုပ်ချင်ရင်တော့  ပဲ ၁-ဆ၊ ရေ  ၃-ဆ ဖျော်ပြီးကျိုလည်းရပါတယ်.. ဆားနည်းနည်း နနွင်းထည့်ချင်လည်း နည်းနည်းထည့်နိုင်ပါတယ်.. လမင်းတော့မထည့်ဘူး..။။
ဖျော်ထားသောပဲရည်
၁၅ မိနစ် လောက်ကျိုပြီး အအေးခံပြီးသုပ်စားလို့ရပါပြီ
တို့ဟူးးသုပ်က ရှောက်ရွက်နဲ့ ပိုလိုက်ပါတယ် လမင်းတို့ ဆီမှာတော့မရှိလို့ နံနံပင်ပဲပေါ့ ကြက်သွန်ဖြူပါထည့်သုပ်ပါတယ် ဆီချက် ပဲမှုန့်  ငံပြာရည် မန်ကျည်းရည် ရသာမှုန့်  ငရုပ်သီးမှုန့် ရှိတာနဲ့  သုပ်စားလို့ ရပါပြီ ဟင်းအဖြစ်ထမင်းနဲ့ စားရတာ အဆင်ပြေသလို အဆာပြေလည်းစားလို့ ကောင်းတဲ့တို့ဟူးသုပ်ပါ အမိမြေ အလွမ်းပြေပေါ့..ကျန်တို့ဟူးများကို ကြော်စားလို့ လည်းကောင်းပါတယ်.. နောက်တစ်ခုပြောချင်တာ အရင်ပိုစ့်မှာ လမင်းဘလော့ဂါတွေနဲ့ အပြင်မှာတွေ့ ချင်တယ်ဆိုတာ တကယ်ပြောတာပါရှင်... အားလုံးနဲ့ လည်းခင်မင်ချင်ပါတယ်.. တစ်ခုပဲ လမင်းကအပြင်မှာ စကားနည်းသလို ဘလော့ဂါထဲမှာ ဆက်ဆံရေး အညံ့ ဆုံးထင်တာပဲ စိတ်ရင်းအမှန်ကတော့ အရမ်းကိုခင်တတ်ပေမဲ့ စကားပြောမကောင်းသလို ဘလော့ဂါတွေနဲ့ လည်း လမင်းသိပ်မသိဘူး သီးသန့် နေတတ်တဲ့အကျင့်ဖြစ်နေတာကြောင့်ထင်ပါတယ်... အခုအခြေအနေနဲ့ တော့ ဘယ်လိုမှတွေ့ ဖို့ မဖြစ်နိင်တာရယ်ကြောင့်ပါ။။။အားလုံးကိုခင်ပါတယ်ရှင်... ကျေးဇူးတင်ပါတယ်။။
ခုနှစ်ရက်သားသမီးအပေါင်းကျန်းမာပျော်ရွှင်ကြပါစေ...
Sunday, November 25, 2012
အမှတ်တရနေ့ 
လမင်းသဏ္ဍာန် ချစ်သူ့ဟန်ကို
စိတ်မှာစွဲထင် အမြဲပင်လို
အသည်းတွင် ပဲ့တင်ထပ်အောင်
ရစ်ပတ်နှောင်ဖွဲ့  ချည်ထုံးမည်။…..
ရင်မှာချစ်ခြင်း ပျိုမြစ်ခြင်းနဲ့
ယိုယွင်းဘယ်ခါ မရှိပါပဲ
ရင်နဲ့ရင်းသူ ချစ်ရသူကို
သက်ထက်ဆုံးတိုင် ချစ်သွားမည်။…..
ချစ်သူရေးတဲ့ကဗျာ :)
ဝေးကွာခြင်းရဲ့ တစ်ဘက်ဆီမှာ
ချစ်ခြင်းမေတ္တာတွေနဲ့ လမ်းခင်းထားတယ်
ချစ်သူ...........
ပြန်ဆုံမဲ့ရက်တွေကို
သစ္စာတရားတွေနဲ့ 
လျှောက်လှမ်းရင်းပေါ့.....
နှလုံးသားတွေ
နီးနေသမျှ
နီးခြင်းဝေးခြင်းဆိုတာ
ငါတို့ နှစ်ယောက်နဲ့ 
လုံးဝမသက်ဆိုင်
ပျော်ရွှင်ကြည်နူးဖို့ 
အချိန်ကိုတမ်းတရင်.းးးး
နေ့ရက်တွေကို..
ခဏမေ့ထားလိုက်ကြမယ်..
 ချစ်သူ..
 ကိုယ်ရေးထားတာ ..:D
ဘာလိုလိုနဲ့ လမင်းတို့ ချစ်သူသက်တမ်း(၁) နှစ်ပြည့်ခဲ့ပြီးး
မဖြစ်နိုင်ဘူးဆိုတဲ့ခေါင်းစဉ်အောက်မှာ ပြဿနာပေါင်းများစွာနဲ့ 
ငိုခဲ့ရတဲ့ရက်တွေရှိခဲ့သလို ပျော်ရွှင်ကြည်နူးခဲ့တဲ့အချိန်လေးတွေလည်းရှိခဲ့ဖူးတယ်။။။
 ဘာပဲဖြစ်ဖြစ်ပေါ့ .ချစ်ခြင်းမေတ္တာကိုအရင်းခံ နားလည်မှုတွေနဲ့ 
ခရီးဆက်ကြရင်းသစ္စာတရားကိုအဖော်ပြု သက်ဆုံးတိုင်ချစ်သွားကြမယ်နော်..
birthday wish လုပ်ပေးကြသော မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်..
ဘာမှမကျွေးလိုက်ရလို့ စိတ်မကောင်းဖြစ်မိပါတယ်..အပြင်မှာတွေ့ ကြရင်အရမ်းကောင်းမှာပဲဆိုတဲ့စိတ်ကူးနဲ့ 
ဘလော့ဂါများအားလုံးကိုတွေ့ ချင်ပါကြောင်း...:)
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ........။
Wednesday, November 21, 2012
ဒီနေ့ ...
 ဘုရား တရား သံဃာနှင့်
မိဘဆရာသမားအားရိုသေစွာ
ရှိခိုးလျှက်...
 ကိတ်ကအသေဆုံး ရှာဝယ် ဘယ်သူမှမစားကြဘူး
ဝိတ်တက်မှာကြောက်ကြလို့ တဲ့..
စားပွဲကတော့ညနေမှာပါ..:)
ကုန်ခဲ့ပြန်ပြီသက္ကရာဇ်တွေ
ခေါက်ရိုးကျိုးနေတဲ့ငါ့ဘဝ
ဘာတွေများထူးလာခဲ့လဲ.
မရေရာတဲ့လမ်းတွေမှာ
သေချာတဲ့လမ်းကစောင့်မျှော်နေ
သက်တမ်းရင့်လာတဲ့နဲ့ အမျှ
နေရမဲ့ရက်က နုလာခဲ့ပါလား..
လောကမှာသက်မှတ်ချက်
မွေးနေ့ တဲ့ မွေးတဲ့နေ့ ပေါ့
တရွေ့ ရွေ့ နဲ့ ကုန်လာလိုက်တာ
ကုသိုလ်အထုပ်သေးသေးရယ်...
သံသရာလည်အုံးမည်..
မွေးနေ့ ရောက်တိုင်း
မိဘကိုတမ်းတ
ဒီတစ်သက်ခန္ဓာမြဲသမျှ
မိဘကျေးဇူးဆပ်ခွင့်ရပါစေသာ.....
အသက်ပေးကာမွေးဖွားပေးခဲ့သော
မွေးမိခင်နှင့်ကျွေးဖခင်အား ရှိခိုးကန်တော့ပါတယ်..
ကျေးဇူးရှိခဲ့ဖူးသောသင်ဆရာ မြင်ဆရာများအားလည်း
ရှိခိုးကန်တော့ပါတယ်..
အာလုံးကျန်းမာပျော်ရွှင်ကြပါစေ
.........