ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
Thursday, March 21, 2013
အိမ်လွမ်းစိတ်
"" အိမ်လွမ်းစိတ် ""
အိမ်လွမ်းစိတ်နဲ့ 
တိုက်စားခဲ့တဲ့ အချိန်တွေလည်း
နှစ်ချို့ ခဲ့ပြီး။ အမေ........
ပျော်ရွှင်မှုတွေ ပျောက်ရှနေတဲ့
တိုင်းတစ်ပါးမှာ အလွမ်းတွေ
ချနင်းခဲ့တာသက္ကရာဇ်ပြိုခဲ့ပေါင်းများပြီး။ 
အိမ်ဝေးသူ တစ်ယောက်ရဲ့ 
လွမ်းစိတ်ကို ဘယ်သူက
ဖြေသိမ့် ပေးနိုင်မှာလည်း.. အမေ
 ပြက္ခဒိန်တွေနဲ့ ရန်ဖြစ်ခဲ့တဲ့
နေ့ ညတွေ ကို ဘယ်သူသိမှာလဲ..
အိမ်ပြန်ချင်တဲ့ သူတစ်ယောက်ရဲ့ 
မျှော်လင့်ချက်က
 ဝေးနေဆဲတဲ့လား။ အမေရယ်..
ဘ၀တွေလှဖို့ လွမ်းစိတ်တွေကို
ခဏမေ့ မိသားစု ဆိုတဲ့စိတ်နဲ့ 
ဖြေသာ နေခဲ့ရတယ်။ အမေ..
တစ်နေ့ ဆိုတဲ့ စိတ်နဲ့ 
အမေ့ ရင်ခွင်ငွေ့ ကို ခိုလှုံဖို့ 
အမေ့ အိမ်လေးဆီကို
အရောက်လှမ်းခဲ့မယ်။ အမေ.........
ဒီကဗျာက ပေါက်ကွဲပြီးရေးထားတာ ပြန်ရမဲ့ ရက် မပြန်ရလို့ ဒေါသလည်းပါတယ်။
ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုလည်း တော်တော် နားလည်သွားတယ်။ 
နောက်ဆုံးတော့ အိမ်ကိုလွမ်း အမေ့ ကို လွမ်းနဲ့ ထွက်ကျလာတဲ့ စာသားတစ်ချို့ ပါ..
21.3.2013
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ...
Sunday, February 24, 2013
ကျွန်မ အေးချမ်းသွားပြီး...
ကျွန်မလေ အရင်က လူတစ်ယောက်ဆီက ယုယမှု နွေးထွေးကြင်နာမှုတွေတောင်းတဖူးတယ်။။
 သူရှိရင် ပျော်တယ်.. သူသာ ကျွန်မကို ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့သူ  သူသာ ကျွန်မ ဘ၀လို့ 
ထင်မိခဲ့သေးတာ..ကျွန်မ တကယ် ရူးခဲ့တာပဲနော်...
 တကယ်တော့ ကိုယ့်ရဲ့ ဝမ်းနည်း ၀မ်းသာ ကို အခြားသူတစ်ယောက်က လုပ်ပေးနိုင်တယ်လို့ ထင်လိုက်တည်းက ကျွန်မ အတော်လေးအသိဥာဏ် မဲ့ခဲ့တာပဲ။။
တကယ်ပါ    အရင်အချိန်ကဆို ကျွန်မလေ သူကို ကောင်းစေချင်တဲ့ စိတ်  သူဘ၀ကို တိုးတက်စေချင်တဲ့စိတ် သူအနာဂတ်တွေကို လှပစေချင်ခဲ့တာပါ။။
ထိုအရာတွေကို ကျွန်မပဲဖြည့်ဆည်း ပေးချင်ခဲ့တာပါ။။  အဲ့လို စိတ်မျိုးနဲ့ အတူ သူနဲ့ ဘ၀တစ်ခုကို ပျော်ရွှင်စွာ လျှောက်လှမ်းချင်မိသေးတယ်။။။
ကျွန်မ တကယ်ရူးခဲ့တာပဲ။။ တကယ်တော့ မဖြစ်နိုင်တာတွေကို တွေးပြီရူးနေခဲ့တာကိုးးးးးး  ကိုယ့်စိတ်တောင် ကိုယ်မပိုင်တာ အခြားသူ တစ်ယောက်ရဲ့ စိတ်ကို ပိုင်ဆိုင်ချင်သေးတယ်။။
သူ အနာဂတ် သူ့ အတွေး သူ့ ဘ၀ ဖြစ်ချင်နေမိသေးတယ်။။။  စိတ်တူ ကိုယ်တူဆိုတဲ့ ဘ၀လေးကိုလည်း ပိုင်ဆိုင်ချင်သေးတာ အများတွေပြောနေကြတဲ့ နားလည်းမှုတွေဆိုတာတွေနဲ့ ပေါ့..။
ထို စိတ်တွေနဲ့ အတူ ကျွန်မ အရမ်းကို ပူလောင်ခဲ့ဖူးတယ်။ သူလည်းပူလောင်ခဲ့မှာပါပဲလေ...
သြော် ငါ အတော်လေး ရူးခဲ့တာပါလားလို့ နော်။။
ထို အရာတွေကို ကျွန်မ စွန့် လွှတ်လိုက်တော့ မှ ကျွန်မလိုချင်တဲ့ ပျော်ရွှင်မှု သာယာမှု ငြိမ်းချမ်းမှု ကို ရလိုက်တော့တယ်။။။
တကယ်တော့ ဘယ်သူကမှ ကိုယ့် ဘ၀ကို ပျော်ရွှင်အောင် ငြိမ်းချမ်းအောင်မလုပ်နိုင်ပါလားလို့ သိလိုက်တဲ့ အချိန်ကစ ကျွန်မ ဘ၀ အရမ်းကို အေးချမ်းသွားခဲ့တယ်။။
တကယ်တော့ ကိုယ့်ရဲ့ စိတ်သာလျှင် ကိုယ့်ကို အကောင်း အဆိုးကို ခံစားစေခဲ့တာပါ။။။။။။။။။။။။။။
ချစ်စံအိမ်
 ၂၄ ၂ ၂၀၁၃..
Thursday, February 21, 2013
အပိုင်အစများ (၁)
အချစ်နဲ့  အလွမ်းကြား
ငါ ဗျာများခဲ့တယ်။။
အချစ်ရဲ့ ချိုမြိန်မူထက်...
ရှတတ အလွမ်းတွေကို
မြိန်ရှက်စွာ စားသုံးဖူးတယ်။။။
အချစ်နဲ့ အလွမ်းကြား
မျှတအောင် ခံစားရင်းးးးးး
ငါတို့ နှစ်ယောက်ရဲ့ 
အဆုံးသတ်လှဖို့ ...
မာယာတွေ မသုံးပဲ
ဟန်ဆောင်မှုကင်းစွာ
နေလိုက်ကြမယ်.။။
(ချစ်စံအိမ်) ၂၁. ၂ .၂၀၁၃
Saturday, February 9, 2013
ပဲပြားသက်သတ်လွတ်ဟင်းများ....
မင်္ဂလာပါရှင်...စာရေးနည်းနေသော ဒေါ်လမင်း ဘလော့ကို ယောင်လည်လည်ရောက်လာခဲ့ပါတယ်။။:)
အကြောင်းက  ညီမလေးရိုးမြေကျက စာရေးနည်းနေတယ် ဆိုတာကတစ်ကြောင်း.. ညီမလေး  May thinn
လေးက ဘလော့ဆီကိုဆွဲခေါ်သလို ဖြစ်နေတာရယ်.။။ မနေ့ က ပဲပြားသက်သတ်လွတ်ဟင်းချက်စားဖြစ်တော့
တင်မိလေတော့... ဘလော့မှာတင်ပေးပါဆိုလာတယ်။ ဒါနဲ့ ဖေ့ဘုတ်မှာ ပဲပြောမယ်လုပ်တော့ သူမနာမည်ကို ရှာမရဖြစ်နေတာနဲ့ ဒီကိုရောက်လာခဲ့တယ်။။။ စာတွေလည်းရေးနေတာပါပဲ။။။
တစ်ခုမှပြီတာမရှိ.. အိပ်တော့မယ်ဆို ခေါင်းထဲရောက်လာတယ်။။ စဉ်းစားထားပြီ မနက်အားတော့ရေးမယ်လုပ်တယ်.. ဘယ်ကစရေးရမလည်းဖြစ်သွားတယ်။။ ဒါနဲ့ အိပ်ယာဘေး စာအုပ်
ဘော့(လ်)ပင် ထားအိပ်တော့လည်း ဟို တစ်စ ဒီတစ် ၀က်နဲ့ .. အပျင်းကြီးနေတာလည်းပါတယ်။။
ပြန်ရတော့မယ် ဆိုတော့ ဟိုသွားချင် ဒီဟာဝယ်ချင်နဲ့ စိတ်မတည်ငြိမ်တာလည်းပါတော့ စာဘက်မလှည့်နိုင်ပြန်ဘူး.. ။။ ဘလော့ မောင်နှမတွေကိုလည်း သတိရပါကြောင်း အားရင်အားသလိုလည်းလည်ဖြစ်ပါတယ်နော်။။။ စကားနည်းနည်းရှည်နေတာက ပဲပြားချက်နည်းလေးကလွယ်တာကြောင့် ကိုယ်ပြောချင်တာလေထည့်ရေးမိတာပါ...:D
အခုတလောလည်း ၀ိတ်ချတယ်မပြောချင်တော့ပါဘူးလေ.. ၀ိတ်မတက်အောင်ပဲပြောတော့မယ်။။ အသီးအရွက် နို့  ပဲ ၊  ပဲပြား ဒါတွေပို စားဖြစ်တယ်.. အသားတွေလည်း မစားချင်တော့ဘူး။။။
မှတ်ချက် မြန်မာပြည် ပြန်မှာဆိုတော့ အကျင့်ရအောင် ..:P  မြန်မာပြည်ကလူတွေပြောကြတယ်။။
အသား ၊ ငါး ဈေးတွေအရမ်းကြီးတာတဲ့ တော်ယုံလူတွေ မစားနိင်ကြဘူးတဲ့.. ဒါကြောင့်ပါ။။ :D
အသီး အရွက်တွေပဲကြတော့လည်းခန္ဓာကိုယ် က မလုံလောက်ပြန်ဘူး ထိုကြောင့် ပဲ၊ ပဲပြား နို့ တွေနဲ့ 
တွဲဘက်စားသောက်နေပါကြောင်းနှင့် ၀ိတ်ချသူ သို့ မဟုတ် ၀ိတ်မတက်စေချင်သူ....:)
ပဲပြား ဟင်း အတွက် လိုအပ်သော ပစ္စည်း
ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ဖြူ ၊ ပဲငံပြာရည် ၊ မန်ကျီရည် ၊ နံနံပင် ဆား ၊ နနွင်း ၊ရသာမှုန့် ဒါဆို
လုံလောက်ပြီး။။
ကြက်သွန်နီ ဖြူ ဆီသတ် ရောင်လေလှလာပြီဆို အရောင်တင်မှုန့် ငရုပ်သီးမှုန့် ပေါ့နော်..
သင့်တော်သလိုထည့်  နနွင်းထည့် ပဲငံပြာရည်က ငါးပြာရည် အစားသုံးတာပါ.. ဆားထည့်
ရသာမှုန့်  မန်ကျီရည်လေး နည်းနည်းထည့်  မထည့်ချင်လည်းရပါသည်..။။ ၃ မိနစ်လောက် ဆီဆက်သတ်ပြီ ပဲပြားတုံးလေးတွေထည့်မွှေ ပြီ ခဏထားပြီနံနံပင် အုပ်လိုက် ဒါဆိုရပါပြီ...။။
လွယ်တယ်နော်... လမင်းတို့ က ဟင်းကို အချိန် အကြာကြီးချက်နေရတာမျိုးလုံးဝ မကြိုက်ပါ..
အတတ်နိုင်ဆုံး ဘယ်လိုမြန်မအောင်ချက်ရမလည်းဆိုတာ အမြဲစဉ်းစားတယ်။။
ဘာလို့ လည်း သိလား ဟင်းချက်ပြီ မီးဖိုချောင်ထဲ အချိန်ကုန်နေတာကို လုံးဝမကြိုက်ပါ။။။
ချက်ရတာလွယ်ပြီ အရသာရှိတဲ့ ပဲပြားသက်သတ်လွတ်ဟင်းပါ။။။
နောက်တစ်နည်းပါ တင်ပေးလိုက်ပါတယ်။။။ အမျိုးမျိုးချက်စားပေါ့နော်....:)
လိုအပ်သော ပစ္စည်း..
ပဲပြား ပဲငါပိ ပဲငံပြာရည် ကြက်သွန်မြိတ်.. ခရမ်းချဉ်သီး အသေးလေးတွေ.. ကြက်သွန်နီ ဖြူ  ဆား  ရသာမှုန့် ပေါ့နော်..
 ချက်နည်းကတော့.. ကြက်သွန်ဖြူကို ဆီသတ်  အရောင်လေးဝါလာရင် ပဲငါပိနည်းနည်းထည့် မွှေခဏထား  ခရမ်းချဉ်သီးထည့် ကြက်သွန်နီထည့် ကြက်သွန်နီက ကြိုက်သလိုလှီးနိုင်ပါတယ်.. အတုံး မဟုတ်လည်း အ၀ိုင်းလေးပေါ့... ခဏထား အရသာမြည်း ပဲငံပြာရည်ထည့်  ပဲပြားထည့် ၃ မိနစ်လောက်ထားပြီ ကြက်သွန်မြိတ် အုပ်လိုက်..
သူလည်း အရသာတစ်မျိုးနဲ့ စားလို့ ကောင်းပါသည်...။။။ အချိုချက်ပေါ့.. မြန်မာတွေ အနေနဲ့ တော့
အပေါ်ကနည်းက ပို ကောင်းမယ်ထင်တယ်။။ ကြိုက်နှစ်သက်သလိုချက်စားနိင်ပါသည်။။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ......................
Monday, January 28, 2013
ပန်းလေးရဲ့ ရာဇ၀င်......
မင်္ဂလာပါရှင်.............. ဒီပိုစ့်လေးစတင်ဖြစ်ပေါ်လာပုံက အိမ်မှာစိုက်ထားတဲ့ပန်း အနံကြောင့်လို့ ပဲပြောရမယ်...ပန်းလေးက အရမ်းလှတယ်.. ဒါပေမဲ့ အနံ့ က မကောင်းဘူး။။
အဲ့လိုနဲ့  ပန်းကိုကြည့်ပြီ စိတ်ကူးရတာနဲ့  ပိုစ့်လေးတစ်ပုဒ်တော့ရေးမယ် အကြံရသွားတယ်..:)
ပန်းလေးကြည့်ပြီ ရေးချင်တာက ကျွန်မ တို့ မိန်းမသားတွေကိုလည်း ပန်းလေးတွေနဲ့ နှိုင်းယှဉ်တတ်ကြတယ်။။ ကျွန်မတို့ မိန်းကလေးတွေရဲ့ ဘ၀ကလည်း ပန်းလေးတွေလိုပါပဲ..။
အရောင်အသွးကျော့ရှင်းနေမယ် အနံ့ လေးလည်းမွေးပျံ့နေမယ်ဆို လူတိုင်းက တန်ဖိုးထားမြတ်နိုးတတ်ကြစမြဲပါ။
ပန်းလေးမှာတောင် အရည်အချင်းပြည့်စုံနေမှာ လူတွေရဲ့ အာရုံစိုက်မှု တန်ဖိုးထားမှုတွေကို ရကြသလိုပဲ....ကျွန်မ တို့ မိန်းမသား ဘ၀ဆိုတာလည်း ထိုးနည်းတူပါပဲ။။။
ရုပ်ရည်ကတော့ ချောမော လှပ နေမယ်..  စိတ်ထားမကောင်း အကျင့်စာရိတ္တမကောင်းရင်လည်း လူတွေရဲ့  ရှုတ်ချမှုတွေ အထင်သေးမှုတွေခံရတတ်ပါတယ်။။။ဘယ်လောက်ပဲ ချမ်းသာတဲ့မိသားစုက
ပေါက်ဖွားလာပါစေ အကျင့်စာရိတ္တပျက်နေတဲ့မိန်းကလေးတစ်ယောက်ကို ဘယ်သူမှ အထင်ကြီးကြမှာ
မဟုတ်ပါဘူး။။  ကျွန်မ စိုက်ထားတဲ့ ပန်းကလည်းဈေးကြီးပါတယ်.. လှလည်းလှပါတယ်။။
သို့ သော် သူအနံ့ ကို မကြိုက်လို့  သူရှိတဲ့နေရာကိုမသွားတော့ဘူး.။။ ကိုယ်နဲ့ ဝေးတဲ့နေရာမှာပဲထားလိုက်တယ်။။။ခရေ ပန်းဆိုပါတော့ တန်ဖိုးလည်းမကြီးလှပါဘူး..ဒါပေမဲ့
မြေခတာတောင်ကောက်ယူမဲ့သူက အစဉ်သင့်ရှိတယ်... သူအနံ့ လေးကိုလူတိုင်းကြိုက်နှစ်သက်ကြတာကို..
ကျွန်မ ပြောချင်တာက လူတိုင်းမှာ တန်ဖိုးကိုယ်စီရှိကြပါတယ်။။.. ကိုယ့်တန်ဖိုးကိုယ်မြင့်တင်ပြီနေနိုင်ကြမယ်ဆိုရင်တော့ မလှပေမဲ့လည်း တန်ဖိုးထားမြတ်နိုးတဲ့သူတွေနဲ့ တွေ့ နိုင်ပါတယ်....။။
စိတ်ထားကောင်းပြီ မြတ်သောအကျင့်နဲ့ နေထိုင်ကြသူတွေဟာ ရုပ်မလှ မချောပေမဲ့ လူတိုင်းရဲ့ ချီးကျုးခြင်းကို ခံရတတ်ပါတယ်။။
ကျွန်မ တို့ လူသားတွေဟာ အထူးသဖြင့် မိန်းကလေးတွေပေါ့  မျက်နာ အလှ ရုပ်အလှကိုပဲ ဦးစားပေးပြင်ဆင်တတ်ကြတယ်။။ စိတ်ကိုပြူပြင်.ပြင်ဆင်ကြဖို့ မေ့နေတတ်ကြတယ်။။
ခန္ဓာကိုယ် အတွက်လည်း အားအင်ပြည့်အောင် အစား အသောက်ကောင်းတွေစားကြတယ်။။ အားဆေးတွေမှီဝဲသုံးဆောင်ကြတယ်။။ စိတ်အတွက်တော့ မေ့နေတတ်ကြတယ်။။
ကျွန်မ ကိုယ်တိုင်ပါပဲ..။ အခု မြန်မာပြည်မှာ ညီမငယ်လေးတွေအတွက်လည်း တကယ်ကို စိတ်မကောင်းဖြစ်မိရတယ်။။ ခေတ်မီဖို့  နိုင်ငံတကာနဲ့ ယှဉ်ပြီဝတ်နေလိုက်ကြတာ..
တကယ်ကို မျက်စေ့ထဲ အဆင်မပြေလှဘူး။..  တိုင်းတစ်ပါးမှာ ပေါင်းပေါ် ဒူးပေါ်ဝတ်တာ ကြည့်ရတာ မဆန်းပေမဲ့ မြန်မာလူမျိုး မြန်မာမိန်းကလေးတွေအနေနဲ့ တော့..
ဘယ်လိုမှ အဆင်မပြေလှဘူး။။ ကျွန် မလည်း ညီမလေး နှစ်ယောက်ရှိတယ် အမြဲပြောနေရတယ်.. အ၀တ် အစားဝတ်တာ နေရာဒေသ ကြည့်ဝတ်ပါလို့ ...
ကျွန်မ အခုနေ တဲ့နိုင်ငံမှာ နေကြတဲ့မြန်မာလူမျိုးတွေက ပြောကြတယ် မြန်မာပြည်လည်း ဘာဖြစ်ကုန်တာလည်း မသိဘူးတဲ့ မိန်းကလေးတွေဝတ်တာစားတာ တော်တော်လေးကိုကြည့်ရဆိုးတာတဲ့..
ကျွန်မ ကြည့်မိတယ် တွေ့ ပါတယ်.. ဒီက၀တ်သလောက်ကိုဖြစ်နေတာ.. ဒီက တောင်တစ်ချို့တွေပဲဝတ်ကြတာပါ... တစ်ချို့ဆိုတာ ဖြည့်တွေးပေးပါ။။။။သူတို့ ဝတ်တာက မျက်စေ့ထဲမှာရိုးနေပေမဲ့ ကျွန်မ တို့ မြန်မာ မိန်းကလေးတွေ မြန်မာလူမျိုးတွေအနေနဲ့ တော့ကြည့်ရတာအတော်လေးကိုဆိုးတာ..ကျွန်မ ပြောချင်တာက မိန်းကလေးဆိုတာ ကိုယ့်တန်ဖိုး ကို ကိုယ်တိုင်မြင့်တင်မှ အများကလည်း ကိုယ့်ကိုတန်ဖိုးထားတော့မှာပေါ့ကွယ်... အခု ကျွန်မ စိုက်ထားတဲ့ ပန်းပင်လေးကို အကြောင်းပြုပြီ စဉ်းစားမိတာလေးပါ။။။
ပန်းလေးကလှတယ် အနံ့ ကမကောင်းတော့ အဝေးကနေပဲ ကြည့်နေရတော့တယ်.. အစက ကျွန်မ အိပ်ခန်းထဲ ထားမယ်ပေါ့...
သူအနံ့ ကြောင့် သူ့ အလှကို အနီးကပ်  ခံစားခွင့်မရခဲ့တော့ဘူးပေါ့...
 ပန်းလေးလည်းကြည့်ချင်ကြမယ်ထင်တယ်... တင်ပေးလိုက်ပါတယ်.. ကျွန်မပြုစုပျိုးထောင်လာတာ
အချိန်အတော်လေးကြာမှပွင့်လာတာပါ.. ပွင့်လာတော့ ပန်းလေးက အရမ်းလှတယ်.. ဒါပေမဲ့..............:(
 ပန်းလေးနာမည်က ကပ်တလီယားတဲ့ မင်္ဂလာဆောင်တွေမှာသုံးတတ်ကြပါတယ်။။
လှပါတယ် အနံ့ လေးပဲ မကောင်းတာ............... အနံ့ လေးသာမွေးနေမယ်ဆို အဖိုးမဖြတ်နိုင်တဲ့ပန်းလေး
ဖြစ်မှာသေချာပါတယ်ရှင်.......
ပ.......
Wednesday, January 16, 2013
ကျွန်မ ချစ်တဲ့မေမေ..
 မင်္ဂလာပါရှင် မတွေ့ တာကြာပြီနော်.. :)
လူရယ်လို့ ဖြစ်လာကြရင် ကိုယ်ချစ်တဲ့သူ လေးစားအထင်ကြီးတဲ့သူ တစ်ယောက်မက ရှိတတ်စမြဲပါ။။
ဒီလိုပဲ ကျွန်မ ဘ၀မှာလည်း အထင်ကြီးလေးစားတဲ့သူတစ်ယောက်ရှိတယ်။
သူကတော့ ကျွန်မ ရဲ့ မွေးကျေးဇူးရှင် အမေပါ။။ အမေဟာ သူများအမေတွေလိုလည်းပညာတွေ အများကြီးမတတ်ထားသလို စီးပွားရှားကောင်းတဲ့ အမေတစ်ယောက်လည်းမဟုတ်ပြန်ဘူး။။
အိမ်မှာပဲ မယားဝတ်တရား နဲ့ အညီနေထိုင်ပြီ ကျွန်မတို့ ညီမ သုံးယောက်ကိုရှောက်စောက်ရင်နဲ့ ပဲ သူမ ရဲ့ အချိန်တွေကို ကုန်စေခဲ့ပါတယ်.။။
ဘယ်လိုပဲဖြစ်နေပါစေ.. လူတိုင်းမှာ အရည်အချင်းတွေကိုယ်စီပါလာစမြဲ မို့ လမင်းချစ်တဲ့ မေမေဟာလည်း သူမ အရည်အချင်းနဲ့ သူ မ အိမ်ထောင်ရေးကို ပဲ့ကိုင်ရင်..
ကျွန်မတို့ တွေကို ထိန်းကျောင်း ဆုံးမ ပြုစု ပျိုးထောင်ပေးခဲ့ပါတယ်။။
အမေဟာ မောင်နှမတွေထဲမှာ အကြီးဆုံးဖြစ်သလို မိဘကိုလည်းကြည့်ရှုစောက်ရှောက်ခဲ့တယ် ။ မိတွေစကားကိုလည်းနားခံခဲ့သူတစ်ယောက်ပါ။။။
ထိုသို့ သောအရည်အချင်းတွေကြောင့် အမေကို ချစ်သည်. လေးစားခဲ့သည်...လူတော်တော်များများက  အဖေကိုပဲ လေးစားအားကျ အထင်ကြီးတာမျိုးတွေပဲဖတ်ဖူးခဲ့တယ်..။
ကျွန်မကပဲ အမေချစ်သမီးဖြစ်လို့ လား မသိ အမေကိုပဲ လေးစားတယ်  အမေ့စကားသာလျှင် အရာရောက်ခဲ့သလို အမေသာလျင်ကျွန်မကိုလွှမ်းမိုးနိုင်ခဲ့ပါတယ်။။
ထို ကြောင့် ကျွန်မ သည် အဖေရဲ့ အပြစ်တင်ခြင်းကို မကြာခဏဆိုသလို ခံစားရတတ်ပါတယ်။။။
ကျွန်မ ကလေး ဘ၀တည်းက အဖေမေးတတ်တဲ့စကား အဖေနဲ့ အမေကို ဘယ်သူပိုချစ်လည်းဆို မစဉ်းစားပဲဖြေတတ်တာက အမေကို ပိုချစ်တယ်ဟူသည်..။။
အဖေ မျက်နာပျက်သွားမှသာ အဖေကိုလည်း ချစ်ပါတယ်ဟု ဖြေသိမ့်ပေးတတ်ခဲ့သည်။။
အမေဟာ ကျွန်မကို ဘယ်လောက်အထိလွှမ်းမိုး နိုင်လည်းဆိုရင် အမေပြောလိုက်တဲ့စကားဟာ ကျွန်မ အတွက် ဘယ်လောက်ပဲခက်ခဲနေပါစေ ဖြစ်အောင်လုပ်ပေးခဲ့ နားခံခဲ့တာကြီးပါပဲ...။
အမေစကားသာလျှင် ကျွန်မ ခေါင်းထဲရောက်သည်.. အမေစကားသာလျှင် အတည်ဖြစ်ခဲ့ပါတယ်။။။
ထို့ ကြောင့် အဖေကတော့ ကျွန်မကို မကြည်လင်ခဲ့ပါဘူး။။။ အငယ်နှစ်ယောက်ကတော့ အဖေမှ အဖေဖြစ်ကြသည်.။။။
အမေကို ချစ်တယ် ကြောက်တယ် လေးစားတယ် .. ကျွန်မ သည် အမေကို ဘာကြောင့်ချစ်တာလည်းဆိုတာ အကြောင်းပြချက်တော့ ခိုင်ခိုင်မာမာ မရှိခဲ့ပေမဲ့ အမေနဲ့ နေတာများတာပါသလို
အမေဟာ တည်ကြည်ပြီ  အားလုံးက လည်း ချီးကျူးတတ်ကြပါသည်.။။ အမေရဲ့ ကောင်းတဲ့ အကျင့်က သူများ အတင်း မပြောတတ်သလို သူများလာပြောလည်းနားမထောင်တတ်ဘူး။။ ငယ်ငယ်က ကျွန်မတို့ ကရွာမှာနေကြတာ ရွာဆိုတာက တစ်ယောက်အကြောင်းတစ်ယောက်ပြောပြီ အပြစ်တင်နေကြတတ်တာမျိုးလေ.. အမေရဲ့ ထူးခြားချက်က တစ်ယောက်တည်းသီသန့် နေတတ်တာ
အားနေရင် ပုတီစိပ်နေတတ်တယ်.. အဲ့လိုမှမဟုတ်ရင်ကျွန်မတို့  တို့ ညီမတွေနဲ့ စကားပြောတယ် ။။ ဘယ်တော့မှဆုံးမတဲ့လေသံမျိုးမသုံးဘူး။။
အမေနေသလိုနေ ဆိုတဲ့အမူအရာနဲ့ ပဲပြတတ်တယ်။။။ ရှေ့တမျိုး ကွယ်ရာတစ်မျိုး အမေ မပြောတတ်သလို သူမ မုန်းသော အရာသည်လည်း ထိုအရာဖြစ်သည်...။။
အမေဟာ ကရင်လူမျိုး ပီပီ ရိုးသားသည် ပွင့်လင်းသည် ဖြောင့်မတ်တည်ကြည်သည်.. အမေနှုတ်ကနေဆဲတာမျိုးကို ကျွန်မ တစ်သက်မကြားခဲ့ဖူးသလို ကျွန်မတို့ ဆဲမိရင်လည်းထိုက်သင့်တဲ့အပြစ်ကို
ပေးတတ်ပါတယ်.. ကျွန်မ ငယ်ငယ် က တစ်ခါ ဆဲဖူးတယ်.. သူငယ်ချင်းတစ်ယောက်နဲ့ ရန်ဖြစ်ရင် အမေကြားသွားလို့ အပြစ်ပေးခံရတာကို ကျွန်မ မေ့လို ရမယ် မထင်တော့ဘူး။။
ထို အချိန်က စ ကျွန်မ ဘယ်တော့မှမဆဲတော့ပါ။။။ :)  အမေပေးခဲ့တဲ့ အလေ့ အကျင့်ကောင်းတွေက  မနက်နိုးတာနဲ့ ရေ တစ်ခွက်သောက် မျက်နာသစ်ပြီတာနဲ့ ဘုရားခန်းထဲရောက်တတ်တာရယ်။။
 သူငယ်ချင်းများများ မထားတတ်ခဲ့ . တရားစာ အုပ်များသာ ဖတ်တတ်ခဲ့..အိမ်သန့် ရှင်းရေးကို ပိုင်နိုင်ခဲ့    သနပ်းခါးကိုသာ စွဲမြဲစွာလိမ်းတတ်ခဲ့ ပြီ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဘ၀ကို လျှောက်လှမ်းခဲ့သူဖြစ်လာခဲ့တယ်။
ရှက်ရှက်နဲ့ ဝန်ခံရရင်  အမေ ကျွန်မကို အားမရခဲ့တာ ငရုပ်သီးထောင်တာပါ.. ကျွန်မရဲ့ လက်နှစ်ဘက်စလုံးက ညောင်းတတ်တယ် ဟင်းတွေပါတွေဆိုလည်း ကြာကြာမမွှေနိုင်ဘူး..:D
ထိုကြောင့် ထမင်နဲလည်းမထိုးနိုင်ပါ..:D  အမေပြောတတ်တဲ့စကားက မိန်းမလေးဆိုတာ အိမ်မှုကိစ္စနိုင်ရမယ် ။ မလုပ်ချင်နေလို့ ရတယ်။။ မတတ်တာမျိုးမဖြစ်စေနဲ့ တဲ့...
အမေဟာ ကျွန်မ မျက်လုံးထဲက အလှဆုံးသော အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့တယ်။။ အမေ မိတ်ကပ်လိမ်းတာ ကျွန်မ တစ်သက် မမြင်ဖူးသလို ကျွန်မတို့ ကိုလည်း ကိုယ်တိုင်သနပ်ခါးသွေးလိမ်းပေးတတ်တာမျိုးပါ။။
 သနပ်ခါးလိမ်းပေးတိုင်တဲ့ အမေပြောတတ်တဲ့ စကား  သမီး အသက်( ၂၅)နှစ် ကျော်မှ မိတ်ကပ် စမ်းလိမ်းချင်လိမ်းကြည့်ပါတဲ့ ဒါဟာ မိတ်ကပ်ရဲ့ အကောင်းအဆိုးကို နားလည်းအောင်ပါတဲ့။။
အမေ ချစ်သမီးပီပီ  မိတ်ကပ်ကို မလိမ်းခဲ့ပါဘူး။။ အခု ကျွန်မ အသက် (၂၉) ဖြစ်ပြီ  မိတ်ကပ်လိမ်းသင့်တဲ့အရွယ်ရောက်နေပါပြီ .. အကျင့်မရသေးလို့ မလိမ်းတတ်ခဲ့ပြန်ဘူး။။
မျက်နာပေါ်မိတ်ကပ်တင်လိုက်တာနဲ့ ပူလာတယ်.. ဘာဖြစ်တာလည်းမသိဘူး။။ :(
အမေကို ဖုန်းဆက်တုန်းက မေးဖူးတယ်.။ အမေ သမီး မိတ်ကပ် စမ်းလိမ်းကြည့်ရမလား  ။ လိမ်းသင့်တယ်ထင်ရင်လိမ်းပေါ့ သမီး ..ဒါမှ မိတ်ကပ်လိမ်းတာ ဘာထူးခြားလည်း ဘာမကောင်းလည်းဆိုတာသိရမှာပေါ့တဲ့..
အမေ တစ်သက်တော့ တစ်ခါမှ မလိမ်းဖူးတဲ့ အမေ မလိမ်းလို့ သမီးတို့ မလိမ်းရဘူးဆိုတာမျိုးမဖြစ်စေချင်ဘူးတဲ့ သမီးစမ်းကြည့်ပါဆိုလို့  ဈေးကြီးပေးဝယ်ပြီ မလိမ်းတတ်လို့ လက်ဆောင်ထုတ်ထဲ ပါသွားလေရဲ့ :D
အမေစကားနားထောင်ခဲ့တဲ့ ကျေးဇူးကတော့ ကျွန်မ ဘယ်တုန်းကမှ ဒုက္ခ မရောက်ခဲ့ဖူးတာပါပဲ။။အလုပ်တစ်ခုခုလုပ်တော့မယ်ဆိုလည်း အမေကို တလိုက် ကန်တော့လိုက်တာနဲ့ အားလုံး အဆင်ပြေသွားတတ်တာလည်း ကျွန်မ ရဲ့ ယုံကြည်မှုတစ်ခုလိုဖြစ်လာခဲ့တယ်။။။ ဘာကြောင့် အမေ အကြောင်းတွေရေးနေမိပါလည်း အမေကို အရမ်းလွမ်းနေတယ် အမေလည်း ကျွန်မကိုလွမ်းနေတာသေချာနေပါတယ်။။  သတင်းတစ်ခု အနေနဲ့  အမေရှိတဲ့ မြန်မာပြည်ကို  ၃ လပိုင်း ပြန်မယ်လို့ ဆုံးဖြတ်ထားပါတယ်။။။ဘလော့ဂါများနဲ့ လည်းအားရင်အားသလိုတွေ့ ဖို့ စိတ်ကူးထားပါကြောင်း
ခြင်းဖြစ်ပါကြောင်း.. စာဖတ်သူတို့ သည် စာရေးသူတို့ ရဲ့ အားဆေးမဟုတ်ပါလားရှင်.. မန်ဘာတောင်တိုးလာလို့ အားနာစိတ်နဲ့ စိတ်ထဲရှိတာလေရေးချလိုက်မိပါသည်။။။
အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ... ကျေးဇူးတင်ပါသည်..
Wednesday, December 26, 2012
၂၀၁၂ ကို ပြန်လှည့်ကြည့်ခြင်း Tag
တဂ်ပိုစ့်လေးရဲ့ အစကတော့ပစ်ပစ်ခေါ် ခံစားမှုသံစဉ်ကပါ...ကြော်ငြာဝင်တာ..:)လမင်းစာရေးပျင်းးနေတာတော့ဝန်ခံချင်ပါတယ်။
 အခုတလောစိတ်ဓာတ်က အလိုလိုနေရင်းကိုကျနေတော့တာ..စာမရေးတော့ဘူးလို့ လည်းခဏခဏတွေးတယ်..။သံယောဇဉ်ကလည်း  မပျက်နိုင်ဖြစ်နေတယ်။။မြန်မာပြည်ရောက်ရင်လည်းမရေးနိုင်တော့မဲ့အတူတူအခုတည်းက အကျင့်လုပ်ထားတာပါ.. ဆင်ခြေ ဆင်လက်...:)
ပထမဆုံးရေးရမယ်ဆို.. ၂၀၁၂ ထဲမှာပဲ ယခု တဂ်ပိုစ့်ပိုင်ရှင်နဲ့ ခင်မင်ခဲ့တဲ့နှစ်ဆိုတော့ အမှတ်တရပေါ့နော်..
.နောက်ထပ် အမှတ်ရစရာက  လမင်း မျက်ရည် အပေါဆုံး နှစ်ဖြစ်ခဲ့ပါတယ်။။
ငိုခဲ့ရတဲ့ ရက်တွေ ရှိခဲ့သလို ပျော်ရွှင်ခဲ့ရတဲ့အချိန်တွေလည်းရှိခဲ့ပါတယ်..။။
၂၀၁၂ က လမင်း အတွက် အထူးခြားဆုံး နှစ်ဖြစ်ခဲ့တယ်ဆိုလည်း မမှားပါဘူး။။။
၁.. လမင်း တို့ ချစ်သူ သက်တမ်း (၁) .နှစ်ပြည့်ခဲ့တယ်.. ရန်ဖြစ်လိုက် စိတ်ကောက်လိုက်နဲ့ ဖြတ်သန်းခဲ့ကြတယ်။။။။
၂..လစာတိုးတဲ့နှစ်ဖြစ်သလို  ဒွိဟ ဖြစ်နေတဲ့ဆုံးဖြတ်ချက်ကိုလည်း ရဲရဲ ဆုံးဖြတ်နိုင်ခဲ့တဲ့နှစ်ပါ။။
အဲ့ဒါက မြန်မာပြည်ကို အပြီးပြန်တော့မယ် ဆိုတဲ့စိတ်ကူးကို အကောင်းအထည်ဖော်ခဲ့တဲ့နှစ်ပါ..
၃..အကြိုက်ဆုံး မွေးနေ့ လက်ဆောင်ရခဲ့တဲ့နှစ်လည်းဖြစ်ခဲ့တယ်။။
ဒီနှစ်ထူးခြားတာက မွေးနေ့ မှာ ပိုက်ဆံမကုန်ပဲဈေးကြီးလက်ဆောင်ရတဲ့နှစ်ပါ..:D
၎.. အချိန်ကို အများဆုံးဖြုန်းတဲ့နှစ်လည်းဖြစ်ခဲ့ပါတယ်။။
 ဂိမ်းဆော့လိုက် ကိုရီးယားကား ကြည့်လိုက်လုပ်ခြင်းဖြစ်သည်။။ အရင်က သူများတွေဂိမ်းဆော့ရင်
နင်တို့ တွေ အချိန်ပိုနေကြလား အလကား အချိန်ဖြုန်းကြတာလို့ ဆရာကြီးလေသံနဲ့ ပြောခဲ့သမျှ ပြန်လည်းအပြောခံရတဲ့နှစ်လည်းဖြစ်ခဲ့တယ်။။။
၅... ချစ်စံအိမ်ဘလော့လေးစဖြစ်တည်ခဲ့တဲ့နှစ်လည်းဖြစ်ခဲ့ပါတယ်။။
၆.. လမင်း ဖေ့ဘုတ် စသုံးတဲ့နှစ်လည်းဖြစ်ခဲ့ပါတယ်။။
ထူးဆန်းမနေဘူးလား ဟီး လမင်းဖေ့ဘုတ်သုံးတာ မကြာသေးဘူး...သူများတွေ ဖေ့ဘုတ် အကောင့်
တောင်းရင် မသုံးဘူးပြောရင် မပေးချင်လို့ ထင်ကြတယ်.. .. ဘာကြောင့်မသုံးတာလည်းဆို အကြောင်းပြချက်လည်း ခိုင်ခိုင်မာမာ မရှိဘူး.. မသုံးချင်လို့ မသုံးတာပါ.. အခုသုံးပါပြီး ဘာအကျိုးကျေးဇူးရလည်း ဆိုတော့ ခါးညောင်းတယ် လက်ညောင်းတယ်.. မျက်လုံးညောင်းတယ်..:)
၇.. လမင်း ဒီရောက်တာ (၅) နှစ်ကျော်ပြီ Dc က christmas tree  ဒီနှစ် အလှဆုံးနှစ်ဖြစ်တယ်...
၈.. မြန်မာပြည်က လူတွေဖုန်းတွေပဲ ကြွားပြီကိုင်နေကြလားမသိဘူး.. လူတိုင်းဖုန်းမှာတဲ့နှစ်ပါ..:)
၉.. လမင်း အကျင့်တစ်ခု လုပ်ထားတယ်.. လစာထဲကနေ အလှူလှူတတ်တာ  ၂၀၁၂ က အများဆုံးလှူနိုင်တဲ့နှစ်လည်း ဖြစ်ခဲ့ပါတယ်...
၁၀... ဘုရား တရားဘက် အားရုံအရမ်းနည်းခဲ့တဲ့နှစ်ဖြစ်ခဲ့လို့ ထင်တယ် စိတ်တွေတည်ငြိမ်မှုနည်းခဲ့တယ်။
ကျဒေါသ တက်ဒေါသတွေ ထင်တိုင်းကျဲတဲ့နှစ်ပါ....
၂၀၁၂ ကို လှည့်ကြည့်ဆိုလို့ ကြည့်လိုက်တာ ဘာမှလည်း မယ်မယ်ရရ မရှိခဲ့ပါလားနော်.. :(
တကယ်ဆို လမင်းက အတိတ်ဆိုတာကို လုံးဝကိုလှည့်မကြည့်တတ်တဲ့သူပါ.
. အနာဂတ်အတွက်ပဲအကောင်းဆုံး ပြင်ဆင်တတ်တယ်။..
 ပြီခဲ့တာတွေကိုခေါင်းထဲမထားတတ်ဘူး။။ ဘာပဲဖြစ်ဖြစ်ပါ ပြန်လှည့်ကြည့်လိုက်တော့လည်း အကောင်းအဆိုးပေါ်လာတာပေါ့လေ  ဘာမှလည်း အကျိုးရှိတာမလုပ်ခဲ့ပါလားနော်.. စိတ်ဓာတ်ကျတဲ့လေသံဖြင့်......:(
ဘလော့ဂါသူငယ်ချင်းအားလုံးလည်းနှစ်သစ်မှာ ကျန်းမာခြင်း ပျော်ရွှင်ခြင်း.တွေနှဲ့ စိတ်သစ် ကိုယ်သစ်ကို ပိုင်ဆိုင်နိုင်ပြီ အကျိုးရှိသောနှစ်သစ်ဖြစ်ကြပါစေရှင်....
Saturday, December 22, 2012
ဖတ်မိတော့ကြိုက်မိပါတယ်....
သင့်
ခန္ဓာ
ကိုယ်ကို သင်ချစ်ချင် ချစ် မုန်းချင် မုန်းလိမ့်မည်..
သိုသော် ကမ္ဘာပေါ်မှာ သင် အသက်ရှင်နေသရွေ့ 
ကာလပတ်လုံး သင့်ခန ကိုယ်ကို သင်ပိုင်ဆိုင်ရလိမ့်မည်။။
ချစ်ခြင်းဆိုတာ သင်ရယူမျှော်လင့်ထားတာနဲ့  ဘာမှမဆိုင်ပါ။။
ချစ်ခြင်းဆိုတာ သင်ကပေးမယ်လို့ ရည်မှန်းထားတာပါပဲ။။
အလုံးစုံဆိုပါတော့..။။။
ကောင်းတဲ့အလုပ် အားလုံးကို လုပ်နိုင်သမျှလုပ်ပါ။။
ဘယ်နည်းနဲ့ ဖြစ်ဖြစ် သင်လုပ်နိုင်သမျှလုပ်ပါ။။
အားလုံးသောနည်းလမ်းများနဲ့ သင်လုပ်နိုင်သမျှလုပ်ပါ။။
နေရာအားလုံးမှာ သင်လုပ်နိုင်သမျှလုပ်ပါ။။
အချိန်ကာလ အားလုံးမှာ သင်လုပ်နိုင်သမျှလုပ်ပါ။။
အားလုံးလူတွေအတွက် သင်လုပ်သမျှလုပ်ပါ။။
သင်ဟာဘာပဲဖြစ်ဖြစ် စင်ကြယ်တဲ့သူဖြစ်ပါစေ။။
အကူအညီလိုအပ်နေတဲ့သူတွေကို သင်ကူညီလိုက်တာဟာ
ဒီနေ့သင်က ကောင်းတဲ့လုပ်ဆောင်ချက်နဲ့ ကူညီပေးတဲ့အတွက်.
တစ်နေ့ ကျရင် သင်လည်း တူညီတဲ့အကျိုးကို ခံစားရပါလိမ့်မယ်..
ဒါဟာ လူ့ လောကမှာ လှည့်လည်နေတဲ့ စက်ဝိုင်းလေးပဲဖြစ်တယ်။။
ကမ္ဘာကြီးက ပျားအုံတစ်ခုပါပဲ။။
ကျွန်ုပ်တို့ အားလုံး တံခါးတစ်ပေါက်တည်းက၀င်ကြတယ်။။
အခက်အခဲဆိုတာ စိတ်ဓာတ်ကျအောင် လုပ်ရမှာ မဟုတ်ဘဲ..
စိတ်ဓာတ်နိုးကြားတက်ကြွအောင် စေ့ဆော်ရမှာဖြစ်တယ်။။
လူတစ်ယောက်ရဲ့ စစ်မှန်တဲ့ကြွယ်ဝချမ်းသာမှုဆိုတာ
လောကကြီးအတွက်းမှာ ဘယ်လိုကောင်းတာတွေ
သူပြုလုပ်ခဲ့ သလဲဆိုတာပေါ်မှာ ဆုံးဖြတ်ပါတယ်။။
နေ့သစ်တိုင်းဟာ ကိုယ်ပိုင်လက်ဆောင်တွေကိုပေးကမ်းနေတယ်။။
သင့်ဘာပြောလိုက်သလဲ ဆိုတာကို သူတို့ က
မေ့ချင်မေ့လိမ့်မယ် ။။ ဒါပေမဲ့  သင်က သူတို့ကို ဘယ်လို
ခံစားစေသလဲဆိုတာကတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။။
ဘ၀ရဲ့ အကြောင်းရင်းက ပျော်ရွှင်ဖို့ မဟုတ်ဘူး။။
ဒါပေမဲ့ အဓိကကျတာက အကျိုးပြုနိုင်ဖို့ ၊ အသုံးကျဖို့ ၊ သင် အသက်ရှင် နေထိုင်ရစဉ်မှာ
ပြောင်းလဲမှု တချို့ ကို လုပ်ဆောင်နိုင်ဖို့ ဖြစ်တယ်။။
မိမိကိုယ်ကိုမိမိ တွေ့ ရှိအောင်ရှာဖွေနေတဲ့အခါ မိမိက ကမ္ဘာပေါ်မှာ.
အလင်းရောင်ကို နောက်ဆုံးတွေ့ တဲ့ လူဆိုတာတောင်
ဘယ်တော့မှမေ့လိုရမှာ မဟုတ်ပါဘူး။။
အမှားတစ်ခုအပေါ်မှာ ဘယ်လို ရှုမြင်သုံးသပ်သလဲဆိုနဲ့ အပေါ်မှာ ကွဲပြားခြားနားပါတယ်။။
 ပိုစ့်သစ် မတင်ဖြစ်တာနဲ့ ကြိုက်မိတာလေးတင်ပေးလိုက်ပါတယ်ရှင်........
ဘ၀က ကစားနည်းတစ်မျိုးဆိုလျှင် စာအုပ်မှ.....
Wednesday, December 12, 2012
အမေ့ထံပေးစာ..
သို့ ...........
မေမေ နေကောင်းလား.. ကျန်းမာရေးကိုဂရုစိုက်ပါနော်...
.ဟို.. တလောကနေမကောင်းဘူး သတင်းကြားလို့ 
စိတ်ပူစွာ သမီးဖုန်းဆက်တော့  ဟဲလို ဟဲဟို ကြားလား သမီးကြားလား.. ဆိုတဲ့အမေ့ အသံ နေမကောင်းလို့ အားနည်းနေတဲ့ အမေကို ပိုသနားမိတယ်..
မေမေရယ်...
သမီးလေ အမေနား နေပြီ သေချာပြုစု ယုယချင်ပေမဲ့ မလွဲသာလို့ အမေရင်ခွင့်နဲ့ ဝေးရာကို ထွက်လာခဲ့ရတယ်..အမေ..........
သမီးချစ်တဲ့အမိမြေက သမီးအတွက် အလုပ်ရှားလိုက်တာအမေရယ်။။။
ဒါပေမဲ့ သမီးဒီရောက်မှ သိလိုက်ရတာက လူတော်တော်များများလည်းအလုပ်လက်မဲ့ဖြစ်နေကြတယ်လို့  ကြားရတော့စိတ်မကောင်းဖြစ်မိတယ်။ အမေရယ်... သမီးလည်း ကိုယ်ချစ်တဲ့မိသားစု နဲ့ ဘယ်ခွဲချင်ပါ့မလည်းလေ..............
ဖုန်းဆက်တိုင်းဘယ်တော့ပြန်လာမှာလဲ သမီးလို့ မေးတိုင်း သမီးရင်တွေနာရတယ် အမေ...........
ပြန်လာပါတော့ သမီးရယ်.. ဒီမှာပဲ လုပ်ကိုင်စားသောက်ကြတာပေါ့ .. ပြန်လာပါတော့နော်.. ဒီမှာလည်းတိုးတက်ပြောင်းလဲလာပါပြီ သမီးရယ်ဆိုတဲ့
အမေ့ရဲ့  မျှော်လင့်ချက် လေသံလေးကိုကြားတော့ ရင်စို့ မိတယ် အမေရယ်.......
သမီးတွေ့ နေ ကြားနေရတဲ့ တိုးတက်မှုတွေကတော့ ကုန်ဈေးနှုန်း နဲ့ ဆန္ဒပြမှုတွေပဲမြင်နေကြားနေရတယ်။.. အမေ....အလုပ်မရှိကြလို့ ထင်ပါတယ် အမေရယ်....လူတွေလည်း.ဆန္ဒပဲပြနေကြတော့တယ်။။..
ဘာပဲဖြစ်ဖြစ်ပေါ့.. အမေ.. သမီးချစ်တဲ့ အမိမြေနဲ့ အမေရင်ခွင်ကိုတော့ မရောက်ရောက်အောင်ပြန်လာမယ် ဆုံးဖြတ်လိုက်ပြီး အမေ.........
ဒီကလူတွေက နင်မိုက်လိုက်တာဟယ်..နတ်ပြည်ရောက်နေတာကို  ငရဲပြည်လိုနေရာမျိုးကို နင်တကယ်ပြန်မယ်ဟုတ်လား... နင်သတ္တိရှိလိုက်တာလို့ သမီးကို ပြောကြတယ် အမေ..
သူတို့ တွေမှာ သမီးရဲ့ ခံစားချက်တွေကို နားမလည်းကြတာအမေရယ်.. အမေ ရှိတဲ့အရပ်က သူတို့ ပြောသလိုသမီးကိုပူလောင်စေတယ်ဆိုရင်တောင်..
အမေ့ မေတ္တာရဲ့ အေးမြမှုတွေနဲ့ ယှဉ်လိုက်ရင် သမီးအတွက်တော့ အသေးအမွားလေးတွေပါ အမေ..
သမီး မကြာခင် အမေရှိတဲ့ အမိမြေကိုခိုလှုံဖို့ ပြန်လာတော့မယ် အမေမျော်လင့်ချက် တွေ ပြည့်တော့မယ် အမေ..
အမေလည်းကျန်းမာရေး ဂရုစိုက်ပါနော်..သမီးလည်းနေကောင်းပါတယ်။။
အမေကို ချစ်တဲ့ သမီးကြီးး..:)
ကျွန်မ ဖြစ်ချင်တဲ့မိသားစု ဘ၀လေးနေခွင့်အမြန်ရပါစေသာ..............
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ.............
Friday, December 7, 2012
တို.ဟူးသုပ်စားကြမယ်...
မင်္ဂလာပါရှင်... လမင်းပိုစ့်သစ်မတင်တာနည်းနည်းကြာသွားတယ်...အခုတလောစိတ်လေနေတာနဲ့ 
စာရေးဖို့ လည်းအာရုံမရဖြစ်နေတယ်... ဘလာ့လေးသရဲခြောက်မှစိုးတာကြောင့် အိမ်မှာ လုပ်စားဖြစ်တဲ့
တို.ဟူးလုပ်နည်းပဲတင်ပေးလိုက်ပါတယ်... :)ကိုယ်နည်းနဲ့ ကိုယ်ပေါ့....
ပဲမှုန့်ကိုတော့ကြိုက်နှစ်သက်ရာသုံးနိုင်ပါတယ်..မနက်တို.ဟူးလုပ်မယ်ဆို...  ပဲ မှုန့် တစ်ခွက်ကို ရေ တစ်ခွက်နဲ့ ဖျော်ပြီ ညအိပ်ထားပါတယ်... ပဲနဲ့ မတည့်တဲ့သူများအတွက်အလွန်အဆင်ပြေပါတယ်..ဗိုက်မပွတော့ပါဘူး။။
မနက်ကျိုတော့မယ်ဆို ကျိုမဲ့အိုးထဲကို မနက်ကချိန်တဲ့ခွက်နဲ့ ပဲ ရေ ၂ ခွက်ထည့်ပါ
ရေဆူလာပါက ညက ဖျော်ထားတဲ့ပဲမှုန့် ရေထည့်ကျိုပါ ၁၅ မိနစ်ဆိုရပါပြီ။။
အလုပ်မရှုပ်ချင်ရင်တော့  ပဲ ၁-ဆ၊ ရေ  ၃-ဆ ဖျော်ပြီးကျိုလည်းရပါတယ်.. ဆားနည်းနည်း နနွင်းထည့်ချင်လည်း နည်းနည်းထည့်နိုင်ပါတယ်.. လမင်းတော့မထည့်ဘူး..။။
ဖျော်ထားသောပဲရည်
၁၅ မိနစ် လောက်ကျိုပြီး အအေးခံပြီးသုပ်စားလို့ရပါပြီ
တို့ဟူးးသုပ်က ရှောက်ရွက်နဲ့ ပိုလိုက်ပါတယ် လမင်းတို့ ဆီမှာတော့မရှိလို့ နံနံပင်ပဲပေါ့ ကြက်သွန်ဖြူပါထည့်သုပ်ပါတယ် ဆီချက် ပဲမှုန့်  ငံပြာရည် မန်ကျည်းရည် ရသာမှုန့်  ငရုပ်သီးမှုန့် ရှိတာနဲ့  သုပ်စားလို့ ရပါပြီ ဟင်းအဖြစ်ထမင်းနဲ့ စားရတာ အဆင်ပြေသလို အဆာပြေလည်းစားလို့ ကောင်းတဲ့တို့ဟူးသုပ်ပါ အမိမြေ အလွမ်းပြေပေါ့..ကျန်တို့ဟူးများကို ကြော်စားလို့ လည်းကောင်းပါတယ်.. နောက်တစ်ခုပြောချင်တာ အရင်ပိုစ့်မှာ လမင်းဘလော့ဂါတွေနဲ့ အပြင်မှာတွေ့ ချင်တယ်ဆိုတာ တကယ်ပြောတာပါရှင်... အားလုံးနဲ့ လည်းခင်မင်ချင်ပါတယ်.. တစ်ခုပဲ လမင်းကအပြင်မှာ စကားနည်းသလို ဘလော့ဂါထဲမှာ ဆက်ဆံရေး အညံ့ ဆုံးထင်တာပဲ စိတ်ရင်းအမှန်ကတော့ အရမ်းကိုခင်တတ်ပေမဲ့ စကားပြောမကောင်းသလို ဘလော့ဂါတွေနဲ့ လည်း လမင်းသိပ်မသိဘူး သီးသန့် နေတတ်တဲ့အကျင့်ဖြစ်နေတာကြောင့်ထင်ပါတယ်... အခုအခြေအနေနဲ့ တော့ ဘယ်လိုမှတွေ့ ဖို့ မဖြစ်နိင်တာရယ်ကြောင့်ပါ။။။အားလုံးကိုခင်ပါတယ်ရှင်... ကျေးဇူးတင်ပါတယ်။။
ခုနှစ်ရက်သားသမီးအပေါင်းကျန်းမာပျော်ရွှင်ကြပါစေ...
Sunday, November 25, 2012
အမှတ်တရနေ့ 
လမင်းသဏ္ဍာန် ချစ်သူ့ဟန်ကို
စိတ်မှာစွဲထင် အမြဲပင်လို
အသည်းတွင် ပဲ့တင်ထပ်အောင်
ရစ်ပတ်နှောင်ဖွဲ့  ချည်ထုံးမည်။…..
ရင်မှာချစ်ခြင်း ပျိုမြစ်ခြင်းနဲ့
ယိုယွင်းဘယ်ခါ မရှိပါပဲ
ရင်နဲ့ရင်းသူ ချစ်ရသူကို
သက်ထက်ဆုံးတိုင် ချစ်သွားမည်။…..
ချစ်သူရေးတဲ့ကဗျာ :)
ဝေးကွာခြင်းရဲ့ တစ်ဘက်ဆီမှာ
ချစ်ခြင်းမေတ္တာတွေနဲ့ လမ်းခင်းထားတယ်
ချစ်သူ...........
ပြန်ဆုံမဲ့ရက်တွေကို
သစ္စာတရားတွေနဲ့ 
လျှောက်လှမ်းရင်းပေါ့.....
နှလုံးသားတွေ
နီးနေသမျှ
နီးခြင်းဝေးခြင်းဆိုတာ
ငါတို့ နှစ်ယောက်နဲ့ 
လုံးဝမသက်ဆိုင်
ပျော်ရွှင်ကြည်နူးဖို့ 
အချိန်ကိုတမ်းတရင်.းးးး
နေ့ရက်တွေကို..
ခဏမေ့ထားလိုက်ကြမယ်..
 ချစ်သူ..
 ကိုယ်ရေးထားတာ ..:D
ဘာလိုလိုနဲ့ လမင်းတို့ ချစ်သူသက်တမ်း(၁) နှစ်ပြည့်ခဲ့ပြီးး
မဖြစ်နိုင်ဘူးဆိုတဲ့ခေါင်းစဉ်အောက်မှာ ပြဿနာပေါင်းများစွာနဲ့ 
ငိုခဲ့ရတဲ့ရက်တွေရှိခဲ့သလို ပျော်ရွှင်ကြည်နူးခဲ့တဲ့အချိန်လေးတွေလည်းရှိခဲ့ဖူးတယ်။။။
 ဘာပဲဖြစ်ဖြစ်ပေါ့ .ချစ်ခြင်းမေတ္တာကိုအရင်းခံ နားလည်မှုတွေနဲ့ 
ခရီးဆက်ကြရင်းသစ္စာတရားကိုအဖော်ပြု သက်ဆုံးတိုင်ချစ်သွားကြမယ်နော်..
birthday wish လုပ်ပေးကြသော မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်..
ဘာမှမကျွေးလိုက်ရလို့ စိတ်မကောင်းဖြစ်မိပါတယ်..အပြင်မှာတွေ့ ကြရင်အရမ်းကောင်းမှာပဲဆိုတဲ့စိတ်ကူးနဲ့ 
ဘလော့ဂါများအားလုံးကိုတွေ့ ချင်ပါကြောင်း...:)
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ........။
Wednesday, November 21, 2012
ဒီနေ့ ...
 ဘုရား တရား သံဃာနှင့်
မိဘဆရာသမားအားရိုသေစွာ
ရှိခိုးလျှက်...
 ကိတ်ကအသေဆုံး ရှာဝယ် ဘယ်သူမှမစားကြဘူး
ဝိတ်တက်မှာကြောက်ကြလို့ တဲ့..
စားပွဲကတော့ညနေမှာပါ..:)
ကုန်ခဲ့ပြန်ပြီသက္ကရာဇ်တွေ
ခေါက်ရိုးကျိုးနေတဲ့ငါ့ဘဝ
ဘာတွေများထူးလာခဲ့လဲ.
မရေရာတဲ့လမ်းတွေမှာ
သေချာတဲ့လမ်းကစောင့်မျှော်နေ
သက်တမ်းရင့်လာတဲ့နဲ့ အမျှ
နေရမဲ့ရက်က နုလာခဲ့ပါလား..
လောကမှာသက်မှတ်ချက်
မွေးနေ့ တဲ့ မွေးတဲ့နေ့ ပေါ့
တရွေ့ ရွေ့ နဲ့ ကုန်လာလိုက်တာ
ကုသိုလ်အထုပ်သေးသေးရယ်...
သံသရာလည်အုံးမည်..
မွေးနေ့ ရောက်တိုင်း
မိဘကိုတမ်းတ
ဒီတစ်သက်ခန္ဓာမြဲသမျှ
မိဘကျေးဇူးဆပ်ခွင့်ရပါစေသာ.....
အသက်ပေးကာမွေးဖွားပေးခဲ့သော
မွေးမိခင်နှင့်ကျွေးဖခင်အား ရှိခိုးကန်တော့ပါတယ်..
ကျေးဇူးရှိခဲ့ဖူးသောသင်ဆရာ မြင်ဆရာများအားလည်း
ရှိခိုးကန်တော့ပါတယ်..
အာလုံးကျန်းမာပျော်ရွှင်ကြပါစေ
.........
Sunday, November 18, 2012
ရောင့်ရဲခြင်းနှင့်ပြည့်စုံခြင်း...
မင်္ဂလာပါရှင်........
 ဒီခေါင်းစဉ်လေးနဲ့ ပိုစ့်လေးတစ်ပုဒ်ရေးချင်နေတာကြာပြီး ။။ ပြည့်စုံခြင်းဆိုတဲ့စကားကို လမင်းခဏခဏတွေးဖူးတယ်။။ဘယ်လိုနေရာရောက်ရင် ပြည့်စုံပြီလည်းဘယ်လိုအရာတွေကငါဘ၀ကိုပြည့်စုံပြီလည်း ဆိုတာမျိုးပေါ့။။
 ဦးလေးတစ်ယောက်မေးဖူးတယ်။။
နင်ဘ၀ကပြည့်စုံနေပြီလား။။ အဲ့ မေးခွန်းရဲ့ အဖြေကို လမင်းသေချာပြန်စဉ်းစားကြည့်တယ်။။ ပြည့်စုံတဲ့ဘ၀ဆိုတာ ဘယ်အတိုင်းအတာကိုပြောတာလဲ။။
ကျန်းမာရေးကောင်းနေတယ်.. ပုံမှန်လစာလေးရှိတယ်.. ဆိုပြည့်စုံပြီလား။။။ ဒါလောက်နဲ့ ပြည့်စုံတယ်လို့  သက်မှတ်ရင်တော့ ပြည့်စုံပြီပေါ့။။
တစ်နေ့  လမင်းက ထီပေါက်ချင်ကြောင်းကိုညည်းလိုက်တယ်။။ ဒါကို ဦးလေးကကြားတော့ အဓိက ကကျန်းမာနေဖို့ ပဲတဲ့..ကျန်းမာခြင်းကလာဘ်တစ်ပါးဆိုတာတော့လူတိုင်းသိကြပေမဲ့
ကျန်းမာခြင်းရဲ့ တန်ဖိုးကိုတော့ မကျန်းမာတဲ့အချိန်တွေမှ သိကြတာဆိုတော့ နှာစေး ချောင်းဆိုးတောင်မဖြစ်ဖူးတဲ့ လမင်းက ကျန်းမာခြင်းတန်ဖိုးကိုမေ့ နေတာ သိပ့်မစမ်းပါဘူးနော်။။
ပုံမှန်လစာရှိနေတယ် ။။ကျန်းမာနေတယ်။။ ဘာလိုသေးလဲလို့ မေးလာတော့ ပြောလိုက်ချင်တာပေါ့.. လောကမှာ လိုအပ်နေတာတွေများတာကိုပေါ့။။
လမင်း မိသားစုနဲ့ ပျော်ရွှင်စွာ နေချင်တယ်.. ကိုယ်ပိုင် အလုပ်နဲ့ အောင်မြင်နေတဲ့ သူတစ်ယောက်ဖြစ်ချင်တယ်။။ ကိုယ့်အနာဂတ်ကို စိတ်ကြိုက်ပုံဖော်နိုင်တဲ့ အရည်အချင်းတွေရှိချင်တာပေါ့။။
ငါ့မိသားစု အတွက် ငါ့အနာဂတ်အတွက်နဲ့  လူ့ လောက ကို ဖြတ်သန်းလာခဲ့ကြတာပဲမလား၊?? .. လူဆိုတာကလည်းခက်သားလား ပြီခဲ့တဲ့ အတိတ်ကို နောင်တတွေနဲ့ ဖြတ်သန်းမယ်.. ရောက်မလာသေးတဲ့အနာဂတ်ကိုကြိုတင်မျှော်မှန်းတမ်းတရင် လူ့ လောကထဲကထွက်သွားကြတဲ့သူတွေလည်းဒုနဲ့ ဒေးပေါ့။။။ ( TiBEt  ဘုန်းတော်ကြီး (Dalai LaMa )
ပြောတဲ့ စကားကို သတိရမိတယ်။။ လူတွေဟာ အနာဂတ် အတွက်ပဲ အလုပ်တွေလုပ် အနာဂတ်အတွက်ပဲ တွေးနေကြတာနဲ့ ပစ္စပ္ပုန်ဆိုတာကို ကောင်းကောင်းမခံစားလိုက်ရပဲ သေသွားကြတယ်တဲ့ )
ထိုစကားဟာ လမင်းကို ခြောက်လန့် လိုက်သလို ကိုင်လှုပ် နိုးလိုက်သလို ခံစားမိသွားတယ်။။
နောက်တစ်ခုက လူတွေဟာ ကျန်းမာရေးကို ဂရုမစိုက်ပဲ အလုပ်တွေလုပ်ငွေတွေရှာကြတယ်.. ကျန်းမာရေးလည်းမကောင်းရောငွေကို ကျန်းမာရေးနဲ့ လဲယူကြပြန်တယ်။။ဒီစကားကတော့သံသရာလည်ပုံလေးပေါ့။။။
လွန်ခဲ့တဲ့ တစ်လလောက်က ရန်ကုန်က အသိအဒေါ်ကြီးတစ်ယောက် အသဲကင်ဆာဖြစ်လို့ ဆိုပြီ ဘန်ကောက်ကိုဆေးကု သွားတယ်.. $ 3သောင်း ကုန်နေပြီ ရောဂါအခြေ အနေကို သေချာမသိရသေးဘူး။။
ဒါနဲ့ အိန္ဒိယ နိင်ငံက ခွဲစိတ်မှုပိုကောင်းတယ် ပြောကြတော့ တစ်ခါ အိန္ဒိယကိုပြေး ဟိုရောက်တော့ ထပ်ကုန်ပြန်တယ်။။ $ 3 သောင်း နေစရိတ်စားစရိတ် မပါဘူးထင်တယ်။။ အဲ့ တော့တစ်သက်လုံးရှာထားတာတွေ
အကုန်ထုတ် အိမ်တွေရောင်း ဒါက ရှိတဲ့သူတွေပေါ့.. မရှိတဲ့သူတွေ ကြတော့လည်း မပြည့်စုံမှုတွေကြား ထွက်ခွာသွားကြတာပါပဲလေ........
လူတိုင်းငါဘ၀ကပြည့်စုံသွားပြီလို့ ပြောပြီသေသွားကြတဲ့သူမရှိလောက်ပါဘူး။။ သူတော်စင်တွေတရားထူးရထားတဲ့သူတော်ကောင်းတွေမပါဘူးပေါ့။။
ပြည့်စုံခြင်းဆိုတဲ့ မေးခွန်းကို နောက်တစ်ယောက်က ထပ်မေးလာခဲ့တယ်။။ နင်ဘ၀ပြည့်စုံနေပြီလာတဲ့.ဒီတစ်ကြိမ်တော့မစဉ်းစားပဲ လမင်းပြန်ဖြေလိုက်တယ်။။ရောင့်ရဲတတ်တဲ့စိတ်ကို ထားနိုင်ရင်တော့ငါဘ၀ကပြည့်စုံနေပါပြီလို့ ...
အခုတော့လည်း ပြည့်စုံခြင်းဆိုတဲ့ စကားလုံးရဲ့ အောက်မှာရောင့်ရဲတဲ့စိတ်နဲ့  နေတတ်အောင်လေ့ကျင့်နေပါတယ်။။။:)
အားလုံးကျန်းမာပျော်ရွှင်သော ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ..
Tuesday, November 13, 2012
စိတ်ပြေရာပြေကြောင်း......
လမင်းစိတ်ရှုပ်တာဖြစ်ဖြစ် စိတ်မကြည်တာမျိုးတွေဖြစ်လာရင်ခြံထဲဆင်အပင်လေးတွေရေလောင်း
ဓာတ်ပုံရိုက်တာမျိုးလုပ်တတ်တယ်။။ အိမ်မှာအမေဆူရင်လည်းခြံထဲသွားနေတတ်တယ်...အမေကတော့
ဘွဲ့ ပေးထားတယ် ။။ ခံမပြောနားမထောင်တဲ့.. အခုလည်းပြောချင်တာပြောကြပါတော့လေဥပေက္ခာပြုထား
လိုက်ပြီး.. စိတ်ပြေရာပြေကြောင်းလမင်းရိုက်ထားတဲ့ပုံလေးတွေပြန်ကြည့်မိတယ်။။
ဘလော့မောင်နှတွေအတွက်တင်ပေးလိုက်ပါတယ်..။။အားပေးဝေဖန်ပေးကြတဲ့မောင်နှမများအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်.. လမင်းအတွက်မပူကြပါနဲ့ စိတ်ညစ်လည်းခဏပဲ.. ဘယ်အရာမှကြာကြာစိတ်ထဲ
မထားတတ်ဘူး.. :)စိတ်ပျိုမှကိုယ်နုမှာ စိတ်ကြည်မှ အလုပ်လုပ်ရတာအဆင်ပြေတာမလား..။။
ဒီတော့ဓာတ်ပုံလေးများသာရှုစားတော်မှုကြပါလော.................:)
အခန်းကနေလှမ်းရိုက်လိုက်တာ...အိမ်ရှေ့လမ်းလေးပေါ့.......
အိမ်ဘေးက သစ်ရွက်တွေအရောင်ပြောင်းလာရင် လမင်းပျော်တယ်.. ဒါပေမဲ့လည်းခဏပဲ...အခုတော့အရိုး
တန်တွေပဲကျန်ခဲ့တော့တယ် ဒီနေ့ မိုးရွာလို့ ဓာတ်ပုံရိုက်ရတာအဆင်မပြေဘူးဖြစ်နေတယ်..:(
ကောင်ကင်းကြီးနဲ့ အပြိုင်လှခိုင်းလိုက်တယ်...
သစ်ရွက်တွေရဲ့ အရောင်က အနီရောင် အ၀ါရောင် အ၀ါနုရောင်တွေပြောင်းတတ်တယ်..
လမင်းတော့အနီရောင်လေးတွေကိုပိုကြိုက်တယ်။။
အိမ်ပေါ်ထပ်ကနေရိုက်ချက်......
လမင်းစိုက်ထားတဲ့ခ၀ဲသီး..
အိမ်ဘေးကအမျိုးသမီးစိုက်ထားတာ လှလို့ ဓာတ်ပုံရိုက်ခွင့်တောင်းလိုက်လိုက်တယ်..
အမျိုးသမီးက ပြုံးနေတာပဲ သူ့ ပန်းပင်တွေကိုဓာတ်ပုံရိုက်လို့ ထင်ပါ့ပန်းနာမည်က ဒေလီယာတဲ့
တစ်ပင်တည်းကိုနှစ်ရောင်နဲ့ အရမ်းလှတယ်..
အိမ်ဘေးကအမျိုးသမီးအိမ်ဘက်ကနေ ကိုယ်နေတဲ့အိမ်ကိုလှမ်းရိုက်လိုက်တာ..
လမ်းလျှောက်ရင်းရှဉ့် မဲလေးဆော့ကစားနေတာလေးသဘောကျလိုက်ရိုက်လိုက်တာ..
လမ်းထိပ်မှာ အများကြီးပဲယုန်သေကိုဝိုင်းစားနေကြတာ တခါမှမမြင်ဖူးဘူး..အန်တီကပြောတော့
လဒတဲ့ မဟုတ်ဘူးထင်တာပဲ..သိဘူး။။
ကဲအခုတော့သစ်၇ွက်တွေအခုလိုဖြစ်သွားပါပြီ မမြဲခြင်းသဘောပေါ့နော်...
ဓာတ်ပုံလေးတွေကြည့်ပြီခဏတာစိတ်ကြည်လင်တယ်ဆို ၀မ်းသာမိမှာပါ..
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ..
Sunday, November 11, 2012
ပေါက်ကွဲခြင်း...
မင်္ဂလာပါရှင်... လမင်းစာရေးချင်စိတ်ပျောက်နေတာနဲ့ ဘလော့ကိုပစ်ထားလိုက်တာ အချိန်တောင်နည်းနည်းကြာသွားတယ်။။  စာမရေးတော့ဘူးလို့ တွေးနေတာ  ဘလော့သံယောဇဉ်ကလည်းမသေးပါလားနော်...ဒီနေ့ ဘလော့ထဲရောက်တော့ (Cbox၀)မှာရေးထားတာတွေ့ တော့ စိတ်ထဲဒေါသထွက်သလိုစိတ်မကောင်းဖြစ်သလို ဘယ်လိုဖြစ်သွားမှန်းကိုမသိဘူး။။
ဘလော့ကိုလာလည်တယ် ။။ကြိုက်ရင်ဖတ်သွား မကြိုက်ရင် လာမဖတ်တော့နဲ့ ပေါ့..
အုန်းစားတယ်ပြောရအောင် လမင်းလည်းအတင်းလာဖတ်ပါ.. မခေါ်မိပါဘူး။။
လမင်းလည်း ဘလော့တွေလိုက်ဖတ်တယ်။။ မကြိုက်ရင်လည်းလှည့်ပြန်လာတယ်။။သူများကိုဝေဖန်တဲ့အလုပ် လမင်းဘယ်တော့မှမလုပ်ဘူး။။
ပြောချင်တာက လမင်းစာရေးဆရာမဟုတ်သလို ကဗျာဆရာလည်းမဟုတ်ဘူ။။ လမင်းဘလော့မှာ
လမင်းရေးချင်တာရေးမယ် တင်ချင်တာတင်မယ်။။ ဒါလမင်းရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပဲလေ...
လမင်းရေတာတွေတင်တာတွေမကြိုက်ရင်လာမဖတ်နဲ့ .ရပါတယ်.. လာဖတ်ပြီပြောချင်တာပြောသွားပေမဲ့
ခံရတဲ့သူရဲ့ စိတ်ထဲမှာတော့အနှောက်မယှက်ဖြစ်မိတာပေါ့... ကွန်မန့် မှာလည်း နာမည်မပါပဲလာရေးတာတွေရှိသေးတယ်.. ရေးချင်တာရေးပါ လမင်းမဖျက်ဘူး။။ ဒါပေမဲ့ရေးတော့မယ်ဆို
သေချာစဉ်းစားပါ.. ငါရေးလိုက်တာက သူများအတွက် ဘာကျိုးရစေလည်းပေါ့..လမင်းချစ်သူတော့တွေ့ ရင်ဖျက်ထားပေးတတ်တယ်။။လမင်းကတော့လုံးဝဖျက်ဘူး။။ သူများကိုဝေဖန်ရဲ တဲ့သတ္တိကိုချီးကျုးလို့  ဘာလို့ လည်းဆိုတော့လမင်းသူများတွေကို မဝေဖန်ရဲ ဘူး။။
လမင်းတစ်ခုခုလုပ်တော့မယ်ဆို အပြောခံရတော့တာပဲ... ဂိမ်းဆော့တော့လည်းဆော့လို့ တဲ့ အားနေလို့ တော့မဟုတ်ပါဘူး.. ဒီခေတ်ကြီးထဲမှာ အားနေတဲ့သူရှားပါတယ်..ဒါပေမဲ့အားတဲ့အချိန်လေးစိတ်ပြေလက်ပျောက်ဆော့တယ်..... လူတိုင်း တစ်ခုမဟုတ်တစ်ခု ရူးကြ ပေါကြတာပဲလေ...
ကိုယ်စိတ်ထဲရှိတာလုပ်လိုက်လို့ ပေါတယ် ပြောရင်လည်းအပြောခံလိုက်မယ်။။
တစ်ခုတော့စဉ်းစားကြပါ။။ ကိုယ်လုပ်တာပဲကောင်းတယ် သူများလုပ်တာတော့ မကောင်းဘူးပေါတယ်...ရူးတယ်..လို့ တော့မပြောနဲ့ ပေါ့။။။ လမင်းမှာ စိတ်ကူးကောင်းတွေစကားလုံးလှလှတွေမရှိတော့ ကဗျာကောင်းကောင်းတွေလည်းမရေးနိုင်ဘူး..
တစ်ခါတလေ စိတ်ကူးရှိရာ ကဗျာယောင်ယောင် ခံစားချက်ဆန်ဆန်ရေးတတ်တယ်။။
စိတ်ထဲရေးချင်တာလေးရေးတယ်။။ ဒါကိုနားလည်စေချင်တယ်။။ လမင်းဘလော့မှာရေးထားတာမကြိုက်ရင် လာမဖတ်ပါနဲ့ ရတယ်။။ လူရှုပ်တာကြောက်လို့ ..
လမင်းစာရေးတယ်... ဘလော့လေးရှိတယ်ဆို Gtalk က သူငယ်ချင်းတွေမသိသလို..Facebook မှာလည်းသူငယ်ချင်းများများမထားဘူး.. ရှိတဲ့သူငယ်ချင်းတွေကလည်းဘလော့မောင်နှမတွေပဲများတာ..တစ်ချို့သူငယ်ချင်းတွေမသိကြပါဘူး..
လမင်းကိုယ်တိုင်းကစကားနည်းတော့သူငယ်ချင်
များများမထားတတ်ဘူး။။ စကားရှုပ်တာလည်းလမင်းမကြိုက်ဘူး.. အဲတော့အခုဘယ်သူနဲ့ မှစကားတောင်
မပြောဖြစ်တော့ဘူး။။ အားရင်ဂိမ်းဆော့မယ်..စာဖတ်မယ်.. ။။
ဘယ်သူကိုမှ ငါစာရေးတယ် ငါဘလော့လာဖတ်ပါအုံး ။။Member ၀င်သွားပေးပါလို့ လည်း မပြောဖူးဘူး။။
နောက်တစ်ခု ပိုက်ဆံရနေလို့ စာရေးနေတာလည်းမဟုတ်ဘူး.. ကိုယ်စိတ်ထွက်ပေါက်အနေနဲ့ ရေးတာလောက်ပဲရှိတယ်။။စိတ်ထဲရှိတာရေးမယ် ခံစားရတာရေးမယ်
ပျော်စရာတွေမျှဝေမယ်.. အချင်းချင်း အားပေးမယ် ..နှစ်သိမ့်ကြမယ်.. ဒါကိုလမင်းပျော်တယ်ကျေနပ်တယ်။။ ကျေးဇူးပြု၍ စိတ်အနှောက်အယှက်ဖြစ်စရာများမရေးပါရန်
မေတ္တာရပ်ခံပါတယ်ရှင်..........
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ..........
Saturday, October 27, 2012
မေ့မရတဲ့ဟိုတစ်ချိန်ကသီတင်းကျွတ်...
၂၀၁၂ အောက်တိုဘာ ( ၃၀)ရက် ၁၃၇၄) ခုနစ် သီတင်းကျွတ်လပြည့်နေ့လေးရောက် လာပြန်ပြီးပေါ့..
 ၁၉၉၇ အောက်တိုဘာလ(၁၆)၁၃၅၉ခုနစ်က သီတင်းကျွတ်ညလေး ကို ပြန်လည်းတမ်းတမိပါတယ်။................လွန်ခဲ့သော ၁၄ နစ်ကျော်ဝန်းကျင်ကပေါ့...........
မနက်ဖြန်ဆို သီတင်းကျွတ်လပြည့်နေ့  ဒီညနေတည်းက တစ်ရွာလုံး အလုပ်တွေများနေကြတယ် ။
မနက်အာရုံဆွမ်းကပ်လှူဖို့ အတွက် လမင်းတို့ နယ်လေးမှာ အစဉ်မပြတ်လုပ်တဲ့ ထုံးစံလေးက
နယ်နီးကပ်က အာဂန္တုသံဃာတော်များအာရုံဆွမ်းခံကြွတော်မှုကြတယ် အနယ်နယ် အရပ်ရပ်ကပေါ့
အရမ်းကို ချစ်စရာကောင်းတဲ့ စလေ့ထုံးစံလေးပါ။
လူကြီးတွေ မြို့ တက်ဆွမ်းချက်ဖို့ ဆီမီးကပ်ဖို့ ကို စက်လှေတွေ လှေတွေနဲ့ သွားဝယ်ကြ ၊လမင်းတို့ လူငယ်တွေကလည်း
ရွာကျောင်း အလှူလုပ်ဖို့ တို့ အာဂန္တုသံဃာတော်တွေ အတွက် ခေါင်းအုံဆောင် အသစ်တွေလိုက်ငှားကြပေါ့။
ရွာလမ်းတစ်လျှောက်ကို ဆီမီးထွန်းဖို့ ယောင်္ကျားလေးတွေကလည်းရွာလမ်းတစ်လျှောက် မီးချောင်းတွေတက်ဖို့ လုပ်ကြ.
အားလုံး အလုပ်ကိုယ်စီနဲ့ ပေါ့ ။ ညနေ (၇)နာရီလောက်ထဲက ဆီမီးပူဇော်ဖို့ ဖယောင်းတိုင်တွေထွန်းထားကြတယ်။
(၈) နာရီလောက်ထဲကစပြီ ဗုဒ္ဓမြတ်စွာဘုရား ၀ါတွင်ကာလပတ်လုံး တာဝတိံသာနတ်ပြည်တွင်မိခင်တော်စပ်
ခဲ့ဖူးသောသန္တုဿီတနတ်သားအားအဘိဓမ္မာတရားတော်များကိုဟောကြားတော်မှုခဲ့ ပြီးလူပြည်သို့ ပတ္တမြားစောင်းတန်၊
ရွှေစောင်းတန်၊ငွေစောင်းတန် နတ် ဗြဟ္မာများစွာနဲ့ ပြန်လည်ကြွလာတော်မှုခြင်းကို (၁၂) နာရီအထိ စောင့်မျှော်ပူဇော်ကြ
ဘုရားရှင်ကို အာရုံပြု ကုသိုလ်ပွား လိုက်ကြတာ ညဉ့် နက်သန်းခေါင်ကျော် တဲ့ အထိပါပဲ တစ်ရေလောက်အိပ်တဲ့သူကအိပ်ပေါ့။။။
မအိပ်ကြပဲ အာရုံဆွမ်းအတွက်ချက်ပြုတ်ကြတဲ့ သူတွေလည်းချက်ပေါ့ လူငယ်တွေ မအိပ်ကြအောင်လည်းရွာမှာ
ညလုံးပေါက် ဗီဒီယို ပြကြ ချစ်သူစုံတွဲတွေလည်း ချိန်းတွေ့ ကြ လိုက် ချောင်းတဲ့သူတွေလည်းချောင်းပေါ့
ရွာချောင်းလေးမှာလည်းဆီမီးတွေမြောကြနဲ့ လမင်းတို့ လူငယ်တွေတော့မအိပ်ကြတော့ဘူး ၄နာရီ ခွဲ လောက်တော့
သံဃာတော် များ ရွာတစ်လျှောက်အာရုံဆွမ်းခံကြွတော်မှုကြ မီးစက်တွေနိုးကြ ရွာရိုတစ်လျှောက် မီးများထိန်ထိန်လင်းလို့ 
ယောင်္ကျားလေးတွေကပ္ပိယ ကျောင်းသား လုပ်ကြ ခြံထွက် သစ်သီးဝလံ ၊ဆန်၊ စပါး ရွာထွက် ပစ္စည်းအကုန်လှူကြ မိန်းကလေးတွေက ဆွမ်းလောင်ကြ သံဃာတော်များကိုရှိခိုး ဦးညွှတ်ကြ သံဃာတော်မြတ်များကို အားရပါးရပူဇော်ကြလိုက်တာ မနက် လင်းစပြု သံဃာတော်များလည်း ဆွမ်းဘုန်းပေးပြီး မနက် (၈)နာရီလောက်ဆို
ကိုယ့်ရွာ ကိုယ့်ကျောင်းပြန်လည်းကြွတော်မူကြ ယောင်္ကျားလေးတွေက အလှူခံပစ္စည်းတွေကို စက်လှေထဲပို့ ပေးကြ
လမင်းတို့ မြန်မာလူမျိုးတွေများ သဒ္ဓါတရားကောင်းလိုက်ကြတာများ စက်လှေတိုင်းမှာ ဆန်၊ စပါး ခြံထွက် သစ်သီးဝလံတွေ
စက်လှေအပြည့်ပဲ စားဖို့ သာမရှိရင်နေမယ် လမင်းတို့ နယ်ဘက်က ရွာသူရွာသားများရဲ့ သဒ္ဓါတရားကောင်းကြပုံကတော့ ပြောမကုန်
နိုင်လောက်အောင်ကို များကြတာ လမင်းတို့ ဆို လယ်ယာမလုပ်ကြဘူး
မေမေ ဆို စားဖို့ စပါးလှောင်ထားတာ ကုန်တာပဲ အားလုံးလည်းပြီရော စပါးတစ်အိတ်ပဲကျန်ခဲ့တယ် လမင်းတို့ နယ်ဘက်မှာလယ်ယာမရှိတဲ့ သူတွေလည်း စပါးလှောင်ထားကြတဲ့ အကျင့်ရှိကြတယ် ဈေးကြီးပေးမ၀ယ်ရအောင်ပေါ့ ။ မေမေပြောနေကြစကားက သမီးရယ် အမေ လှူနေရရင် စိတ်ထဲ
ပျော်နေတာ မလှူရရင် စိတ်မရွှင်ဘူးတဲ့ သီတင်းကျွတ်မှာမဟုတ်ပါဘူး
မြန်မာလူမျိုးတွေဟာ (၁၂) လရာသီလိုက်ကို အလှူ ရေစက်လက်နဲ့ မကွာ
လှူဒါန်း ကြတာပါ။။
အဲလောက်ကို အလှူ ဒါန်းပေးကမ်းရက်ရောကြတာပါ။နောက်ထက်ချစ်စရာဓလေ့က ရိုးသားကြတယ် ခင်မင်ဖို့ ကောင်းကြတယ် ပွင့်လင်းတယ်။
ဒါတွေက လမင်းတို့ နယ်ဘက်က အလေ့အကျင့်ကောင်းလေးတွေပေါ့ အဖိတ်နေ့ ထဲက အလုပ်များကြတာ လပြည့်ညလုံးပေါက် မအိပ်ကြပဲ မိုးအလင်း မောတယ် ပန်းတယ်လို့ ဘယ်သူမှာ မညည်းငြူကြပါဘူး။
သံဃာတော်တွေပြန်ကြွပြီးနောက်မိဘ ၊ ဘိုးဖွား ရွာရှိသက်ကြီးရွယ်အိုတွေကို ရွာလုံးပေါက် လိုက်ကန်တော့ကြ ခြံထွက် ငှက်ပျောသီး ၊ မုန့် ၊ ဖယောင်းတိုင်၊စေတနာရှိတာ အမျိုးမျိုးနဲ့ ကန်တော့ကြ မှားတာရှိတာတွေတောင်းပန်ကြ နဲ့ ချစ်စရာ
စလေ့ထုံးစံလေးတွေ ပျော်ရွှင် ကြည်နူးရင်ခုန်ဖွယ် နေ့ရက်တွေကို
ဘယ်တော့မှာမေ့နိုင်မယ် မထင်တော့ပါဘူး ။ဘယ်နေရာဘယ်ဒေသပဲရောက်နေပါစေ လမင်းတို့ ရဲ့ နယ်သီတင်းကျွတ်လေးကိုတော့ ပြန်လည်းတမ်းတသတိရဆဲပါ ဟို အရင်းငယ် ဘ၀ကို ပြန်မရနိုင်တော့ပေမဲ့  လမင်းနေခဲ့တဲ့ နယ်မြို့လေးကိုတော့ တစ်ခေါက်လောက်တော့ ပြန်ရောက်ချင်ပါသေးတယ်။ သီတင်းကျွတ်ရောက်တိုင်း လမင်းရင်ခုန်သံတွေဟာ ဟို.. ဟို. နစ်တွေက
ရင်ခုန်သံတွေထုံမွှမ်းထားတဲ့ရွှေသီတင်းကျွတ်လေးကိုတော့ အမြဲ အမှတ်ရဆဲပါ ဒီစာလေးရေးနေရင်းနဲ့ ကို လမင်းနေခဲ့တဲ့ နယ်လေးကို ပြေးသွားချင်မိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်တိုင်းတစ်ပါးကိုရောက်နေပေမဲ့ လမင်းဟာမြန်မာလူမျိုး
ဖြစ်တာကြောင့် မြန်မာတို့ ရဲ့ အထူးခြားဆုံး လတွေထဲက လတစ်လဖြစ်တဲ့ ရွှေသီတင်းကျွတ်လေးကိုတော့ဘယ်တော့မှာမမေ့ဘူးဆိုတာပြောရင်.......
ရင်ခုန်ပျော်ရွှင်မိပါကြောင်း နှင့် ဒီနေရာလေးကနေ ကျေးဇူးရှင် မိဘနှစ်ပါ့း အဘိုး အဖွားနှင့်
 ဆရာသမားတို့နှင့်တစ်ကွ ကျေးဇူးရှိခဲ့ဖူးသောကျေးဇူးရှင်တို့အာရှိခိုးကန်တော့လိုက်ပါတယ်...........
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ..
Thursday, October 25, 2012
ချစ်သူအတွက်ကဗျာ
ချစ်သူ ငါမင်းနဲ့ တွေ့ မှ အချစ်ဆိုတာ
ခံစားတတ်လာခဲ့တာပါ
ပျော်ရွှင်မှုနဲ့ ထပ်တူ
ကြည်နူးမှုတွေ ထပ်လောင်း
ရိုးသားစွာ ၀န်ခံပါရစေ
အချစ်ဆိုတာ အတ္တတွေ
မာနတွေကင်းစင်နေမှ
အချစ်စစ်ဆိုရင် ငါနင့်ကို
ချစ်တာ စစ်မှန်မှုဆိုတာကို
နားလည်ပေးပါ
ဘယ်သူပိုချစ်လဲဆိုတာထက်
သာတဲ့ ချစ်ခြင်းတွေနဲ့ 
ချစ်မိတာပါ
တိုင်းတာလို့ မရတဲ့နက်နဲကျယ်ပြန့် တဲ့
သံယောဇဉ်နဲ့ တွယ်တာမိလေတော့
ဘယ်သူတွေများ ဖျက်လို့ ပြတ်နိုင်ပါမလဲ ချစ်သူ
အရာရာကို နားလည်ခြင်းတွေ
ယုံကြည်မှုတွေနဲ့ ချစ်ခဲ့ကြတဲ့
တို့ နစ်ယောက်ရဲ့  အချစ်ခရီးလမ်းမှာ
ဘယ်လိုမိစ္ဆာ တွေက ဖျက်နိုင်မှာလဲ
ချစ်တယ်ဆိုတဲ့ စကားထက်
ရင်ထဲကစကားကိုပဲကြားချင်နေတယ်
ချစ်သူရေ
နားထောင်ကြည့်ပါ ရင်ခုန်သံတွေ
ပုံမှန်ခုန်နေတာဟုတ်ရဲ့ လားလို့ 
စကားလုံး ဖွဲ့ နွဲ့ လို့ မရသလို
ကဗျာတွေလည်းမှီမယ်မထင်ဘူး ချစ်သူ
ငါတို့ နစ်ယောက် တူယှက်တွဲလို့ 
ယုံကြည်စွာခရီးဆက်ကြမယ်
ဘယ်သူဖျက်ဖျက် ဘယ်သူတားတား
ဘယ်သူတွေခွဲနေပါစေ
နားလည်မှုကြိုးတွေနဲ့ 
ချည်နှောင်ထားပြီ သစ္စာတရားကို
လက်ကိုင်ထားကာ
ပျော်ရွှင်စွာလျှောက်လှမ်းကြမယ်
Thursday, October 18, 2012
သူမဟာ.. အမေ.....
အလင်းရောင်မလာခင် မနက်တိုင်း အမျိုးသမီးတစ်ယောက် ဈေးတောင်ခေါင်းပေါ်ရွက်ကာ လူမမယ်ကလေးနှစ်ယောက်ကိုရိုးသားစွာဈေးရောင်ကျွေးခဲ့တယ်..
သူမဟာ အနိုင်းမဲ့မေတ္တာတွေးနဲ့ ကျွန်မတို့ ညီမနှစ်ယောက်ကိုပေးနိုင်စွမ်း
ခဲ့တဲ့ ကျေးဇူးရှင် အမေပါ..သမီးကြီး အမေဈေးသွားရောင်းတော့မယ်.. မုန့် စားဖို့ ထားခဲ့တယ် ..ညီမလေးနိုးလာရင်သေချာကျွေးလိုက်နော်...ရောင်းနေတဲ့ ကောက်ညှင်ထုပ် ..မုန့်ဖက်ထုပ်များကို ကိုယ်တိုင်းတော့အငက်ခံကာ ကျွန်မတို့ ညီမနှစ်ယောက်အတွက်တော့..မနက်တိုင်းချန်ထားနေကြ..
နေပူ မရှောင် မိုးရွာမရှောင် တစ်ရွာဝင် တစ်ရွာထွက် ဈေးတောင် ကိုခေါင်းပူပူရွက်ရင်းးး ကျွန်မတို့ ကို ကျွေးမွေးပြုစုခဲ့တာ... အမေပါ.. ပညာသင်ချိန်ရောက်လို့ ကျောင်းတက်ရတော့မယ်ဆိုတဲ့အမေရဲ့ အသိ
စိတ် အရင်ကထက် ပိုပင်ပန်းလာခဲ့ရရှားတယ်.. ငါသမီးလေးတွေ လူ့ အောက်မကျအောင် မျက်နာ မငယ်ရအောင် .. သူများသားသမီးတွေလို ပညာသင်ခွင့်ရအောင်.. အမေအလုပ်ကိုကြိုးစားခဲ့ရပြန်တယ်..
အသက်လေးရလာတော့ပင်ပန်းဒဏ်ကိုအံတုရင် ငါ့သမီးတွေအတွက်ဆိုတဲ့ဇောနဲ့ နေ့ မနား ညမနား လောကဓံကို မိန်းမသားတစ်ယောက်တည်း အားအင်အပြည့်ရုန်းကန်ရင်..သမီးတွေ ပညာတတ်ကြီးဖြစ်တာအမေ
မြင်ရရင် သေပျော်ပါပြီး ... သမီးတို့ ရယ် ဆိုတဲ့ ..အမေစကားသံ.. မျှော်လင့်ချက်ပေါင်းများစွာနဲ့ ..မညည်းမငြူ ဘ၀ ကို အရှုံးမပေး.. ဘယ်လိုစိတ်ဓာတ်အင်အားတွေနဲ့ ဖြစ်မလည်း...မိခင်ဆိုတဲ့ အားအင်တွေကလွဲ
အခြားတွေးစရာမရှိနိုင်..ငါဈေးသည် ..ဖြစ်လို့ ငါသမီးတွေဘယ်တော့မှဈေးသည် မဖြစ်ရဘူးဆိုတဲ့ ကြွေးကြော်သံ..........ှ..........အမေ ဒီနေ့ နေမကောင်းဘူး မလား ..သမီးဈေးရောင်းထွက်မယ်လို့ ပြောလိုက်တာနဲ့ .
အမေ ဘာမှမဖြစ်ဘူး.. သမီး.. ညီမလေးကို ထိန်းရင်းစာကျက်နော်.. အမေဈေးရောင်းထွက်လိုက်အုံးမယ်.....နိုင်းယှဉ်လို့ မရတဲ့အမေ့ မေတ္တာ..သားသမီးတွေအရွယ်ရောက်လို့ ပညာစုံ .ကြင်ယာပါစုံတော့ အိုမင်းမစွမ်းသာတဲ့
အမေအို ပီတိဆေးတွေစား.. သားသမီးတွေအတွက်ဆုတွေ မနားတမ်းပေးနေလိုက်တာ..ခန္ဓာမစွမ်းနိုင်တော့ပေမဲ့ မေတ္တာတရားတွေကစွမ်းနေသေးတာကို..သားသမီးတွေဆိုးသမျှကို ...မေတ္တာမပျက်..
အချစ်မလျော့ပဲ.. ပေးစွမ်းနိုင်တဲ့ အမေ...နောက်ဆုံး အိမ်အိုကြီးမှာ အမေအိုတစ်ယောက်တည်း.. အထီးကျန်နေချိန်တွေမှာတောင် ငါ့သားသမီးတွေ အဆင်မှပြေရဲ့ လား... နေထိုင်ကောင်းကြရဲ့ လာ...
အလုပ်အကိုင်တွေရော ကောင်းကြရဲ့ လား..ဆိုတဲ့ မေးခွန်းတွေကြား.. စိုးရိမ်စိတ်တွေနဲ့ မေတ္တာတွေမကုန်နိုင်...သံယောဇဉ်တွေမကုန်နိုင်မခန်းနိုင်..သူမဟာ အမေပါ..
ကြီးကျယ် မြင့်မြတ်တဲ့..မေတ္တာတွေနဲ့ ..
နွေးထွေးမှုပေးနိုင်ဆုံးရင်ခွင်ကို..
ပိုင်ဆိုင်ထားသူဟာ..
အမေပါ..သူမဟာ အမေပါ.......
သူမရဲ့  ကြီးကျယ်မြင့်မြတ်တဲ့ နာမည်က အမေ..
သူမရဲ့ အလှဆုံး အချိန်က ရင်သွေးငယ်ကို
ဘေးအန္တရယ်ကင်စွာလွယ်ထားသောအချိန်..
သူများရဲ့ ရဲစွမ်းသတ္တိတွေပြည့်နေချိန်ဟာ..
သူမရင်သွေးကို မွေးဖွားနေစဉ်..
သူမရဲ့ အနှိုင်မဲ့မေတ္တာကြီးမာချိန်ဟာ..
သားသမီးတို့ ဘေးရန်တစ်ခုခုရောက်ရောက်နေချိန်..
လောကဓံကို အံတု သားသမီးလက်ကိုဆွဲ
ဘ၀ကိုရဲရဲလျှောက်ပြီးအင်အားတွေပြည့်ပြီး
သူမမျက်လုံးမှကျလာသော အရည်များသည်..
သားသမီးတွေအတွက်သာ အောင်မြင်မှု
ရှုံးနိမ့်မှုတွေကို..ဝေမျှနေချိန်ဟာ..
သူမမျက်ဝန်ဟာ အလှဆုံး အချိန်နဲ့ 
ဝမ်းနည်းကြေကွဲဆုံး ပျော်ရွှင်ကြည်နူးဆုံးအချိန်ဖြစ်တယ်။။။
သူမဟာ... အမေ.. အနှိုင်မဲ့မေတ္တာတွေကို ပိုင်ဆိုင်ထားသူ..
ကြင်နာနွေးထွေးမှုတွေကို ပေးစွမ်းနိုင်သူ..
လုံခြုံမှုတွေနဲ့အတူ လမ်းကောင်းလမ်းမှန်ကိုညွှန်ပြပေးနိုင်သူ
သူမဟာ.... အမေ...
ပုံလေးတွေကိုဂူဂဲလ်မှာတွေ့ လို့ အမေမေတ္တာရေးဖွဲ့ ချင်စိတ်ဖြစ်လာတာနဲ့ လိုအပ်ချက်ပေါင်းများစွာနဲ့ 
ရေးဖွဲ့ လိုက်ပါသည်..
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ...
Tuesday, October 16, 2012
မိန်းကလေးတို့ ဆင်ခြင်ဖို့ 
ဆရာအတ္တကျော်ရှင့်
သမီးက ဆရာ့ပရိတ်သတ်ပါ။ သမီးနာမည်က နှင်းဝင့်ဖြူပါဆရာ။ မိတ္ထီလာမြို့မှာ
နေပါတယ်။ အသက်က ၂၀ ပါ။
သမီးရင်ထဲမှာ မခံမရပ်နိုင်ဖြစ်လွန်းလို့ ဆရာ့ကိုပဲ ရင်ဖွင့်ပါရစေ။
သမီးလူတွေကို ပြောလည်းပြောချင်တယ်။ အရှက်ကွဲမှာလည်း အရမ်းကြောက်နေလို့ပါ။
သမီးမှာချစ်သူ တစ်ယောက်ရှိပါတယ်။ ဘာမှ လွန်လွန်ကြူးကြူး ဖြစ်မထားပါဘူး။
တစ်နေ့ သမီးတို့နှစ်ယောက်မှာ ပြဿနာတွေ နည်းနည်း ရှိလာတယ်။ အဲ့ဒါသမီးလည်း
စိတ်ညစ်ညစ်နဲ့ သူငယ်ချင်းတွေနဲ့အတူ ဗေဒင် သွားကြည့်ဖြစ်ပါတယ်။
အဲ့ဒီ့ဗေဒင်ဆရာအကြောင်းကို သေချာပြောပြပါရစေ။ သူက မိန်းမ နှစ်ယောက်
ယူခဲ့ဖူးပြီး နှစ်ယောက်စလုံး သေဆုံးခဲ့ပါတယ်။ သူ့မှာ သားတစ်ယောက်တော့
ရှိပါတယ်။ အခု သူ ယူထားတဲ့ မိန်းမက ဘဏ်တစ်ခုမှာ အလုပ်လုပ်ပြီး သူ့ထက်
အရမ်းငယ်ပါတယ်။ ပိုက်ဆံတွေ ပုံပြီး တင်တောင်းထားတာပါ။ အားလုံးရဲ့ရှေ့မှာ
သူဟာ လူကြီး လူကောင်း ပုံစံနဲ့ နေပါတယ်။ တစ်ခုတော့ ရှိတယ်ဆရာ။ သူက ဒုတိယ
မိန်းမ သေပြီး မကြာဘူး၊ နောက်တစ်ယောက်ကို ယူလိုက်တာပါ။ အဲ့ဒီ့ ဗေဒင်ဆရာက
သမီးတို့မြို့မှာ လူကြီးလူကောင်းတွေ၊ ရာထူးကြီးကြီးလူတွေကအစ
ကိုးကွယ်တဲ့ဆရာပါ။ သမီးလည်း အရမ်း သိက္ခာရှိတဲ့ ဗေဒင်ဆရာလို့
ထင်ခဲ့မိပါတယ်။
သမီးတို့တွေ ဗေဒင်ခန်းထဲကို တစ်ယောက်ပြီး တစ်ယောက်ပဲ ၀င်ခွင့်ရခဲ့ပါတယ်။
သမီးအလှည့် ရောက်တော့ သူက ပြောပါတယ်။ သူ ဟောသမျှကို ဘယ်သူ့ကိုမှ
မပြောရဘူးလို့ သစ္စာ ဆိုခိုင်းပါတယ်။ နောက်ပြီး သမီးနဲ့သမီးချစ်သူ
ကိစ္စတွေကို အတွင်းကျကျ ဟောပါတယ်။ ဟုတ်တာလည်း ပါတယ်။ မဟုတ်တာလည်း ပါတယ်
ဆရာ။ ဒါပေမယ့် သမီးကတော့ အားနာပြီး ဟုတ်ကဲ့ပဲ ပြောနေလိုက်မိတယ် ဆရာရယ်။
သူက ပြောပါတယ်။ သမီးစိတ်က ယောက်ျားတစ်ယောက်နဲ့ အတူတူ နေချင်နေတာတဲ့။
အဲ့ဒါသမီးက ကိုယ်ဝန်ရမှာ၊ ရောဂါကူးမှာတွေ ကြောက်နေတာတဲ့။ အဲ့ဒါ
အဲ့ဒီ့လိုတွေ မဖြစ်အောင် သူ သင်ပေးမယ်တဲ့ဆရာ။ ဒါပေမယ့် သူ ပြောတာတွေကို
ဘယ်သူ့မှ မပြောရဘူးတဲ့။ သူ ဒီလိုပြောတာတွေက တဏှာစိတ်ကြောင့် မဟုတ်ဘူးတဲ့
ဆရာ။ သမီးဘ၀ တိုးတက် ကောင်းမွန်အောင်၊ မိဘက ချစ်အောင်၊ သမီးချစ်သူက
သမီးကို တန်တန်းစွဲ ဖြစ်နေအောင်လို့တဲ့။ နောက်ပြီး
သမီး ခန္ဓာကိုယ်ကို သူ့ကို လှူလိုက်ပါတဲ့။ သူ့လို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်က
သမီး ခန္ဓာကိုယ်ကို ယူထားမယ်ဆိုရင် တခြား ဘယ်သူမှ သမီးကို
မစော်ကားရဲတော့ဘဲ
ယောက်ျားတွေက အောက်ကျို့လာစေရမယ်တဲ့ဆရာ။
သမီးကလည်း ဒီလောက်တောင် ကိုးကွယ်သူတွေ ပေါများနေတဲ့ အဲ့ဒီ့ဆရာ
ပြောသမျှကို ယုံမိပါတယ်။ သမီး အသုံးမကျတာပါဆရာ။ သမီးက
ဆရာအတ္တကျော်လိုမျိုး စေတနာနဲ့ လမ်းပြပေးမယ့်သူလို့လည်း တွေးခဲ့မိပါတယ်။
အဲ့ဒါ သူက သမီးကို ယတြာချေဖို့ ချိန်းပါတယ်။ အဲ့ဒီ့မှာ သူက ပြောတယ်ဆရာ။
သမီးဆီက အရည် လိုချင်တယ်တဲ့။ အဲ့ဒါ သူ့ကို ပေးဖို့ တောင်းပါတယ်။
သမီးအရည်ကို သူမျိုချရဲတယ်တဲ့။ အဲ့ဒါနဲ့ သူ့အခန်းထဲကို ခေါ်ပြီး သမီးကို
အ၀တ်အစား ချွတ်ခိုင်းပါတယ်။ နောက်ပြီး သမီးအောက်ပိုင်းကို
နမ်းတော့တာပဲဆရာ။
သမီး ကြောက်လည်း ကြောက်။ ရှက်လည်း ရှက်ပါတယ်။ သူက ပြောပါတယ်။
ဘယ်ယောက်ျားမှ သူ့လို အောက်ကျခံပြီး ဒီလို နမ်းမှာ မဟုတ်ဘူးတဲ့။ အဲ့ဒါ
သူ့လိုလူကတောင် နမ်းတယ်ဆိုရင် ယောက်ျားတွေကို သမီး နိုင်ပြီတဲ့။
ဒါပေမယ့်ဆရာ သူက အဲ့ဒီ့လောက်နဲ့တင် မပြီးဘူး။ သမီးကိုလည်း
သူ့ရဲ့လိင်တံကို စုပ်ခိုင်းပါတယ်။ သမီးက မလုပ်ချင်ဘူးဆိုတော့ သူက
“ဟဲ့…ငါက အကြောင်းရှိလို့” ဆိုပြီး ဇွတ်လုပ်ခိုင်းပါတယ်။ သမီးလည်း
မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ သူ လုပ်ခိုင်းသလို လုပ်ခဲ့ရတယ်။ သမီးလုံးဝကို
မသတီဘူး ဆရာ။ အရမ်း ရွံတာပါပဲ။ ဒါပေမယ့် အားလုံးက လေးစားရတဲ့
ပုဂ္ဂိုလ်ကအကြောင်း မရှိဘဲနဲ့တော့ သမီးကို လုပ်ခိုင်းတာ မဟုတ်ဘူးဆိုပြီး
ထင်ခဲ့မိတယ်။
နောက်တော့ သူ သမီးကို စော်ကားလိုက်တာပါပဲ ဆရာရယ်။ သမီး အရမ်းလည်း
ရှက်ပါတယ်။ သူ ပြောတာက ယောက်ျားခန္ဓာကိုယ်က ထွက်တဲ့အရည်ကို ပြချင်လို့
ဆိုပြီးတော့ပါ။ အဲ့ဒါ ထွက်လာတဲ့ သုတ်ရည်ကို ပြပါတယ်။ အဲ့ဒီ့အရည် မ၀င်ရင်
ကိုယ်ဝန်မရနိုင်ဘူးလို့ ပြောပါတယ်။ အခုချိန်ကစပြီး သမီးချစ်သူကလည်း
သမီးကို
တန်းတန်းစွဲဖြစ်ပြီး ယောက်ျားတွေကိုလည်း နိုင်တော့မယ်လို့ ပြောပါတယ်။
သူ့ကို မယုံဘူးလားတဲ့။ သူက အားလုံးက လေးစားရတဲ့ ဆရာတဲ့။ အဲ့ဒါကြောင့်
အခုလို သမာဓိရှိရှိ ရပ်တည်နိုင်တာတဲ့။ သမီးကိုလည်း သူ့ဇနီးမယားအဖြစ်
မွေးစားလိုက်ပြီလို့ပြောတယ်။ သမီးကို ကောင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့တဲ့။
အပျိုရည်လည်း မပျက်ဘူးတဲ့။ အမြှေးပါးလည်းပျက်စီးသွားတာ မဟုတ်ဘူးလို့
ပြောတယ် ဆရာရယ်။
သမီးလည်း ဘာမှ မသိတော့ဘဲ ပြန်လာခဲ့မိပါတယ်။ သမီး ဘယ်သူ့ကိုမှလည်း
မပြောဖူးပါဘူး။ နောက်တစ်နေ့ သူငယ်ချင်းတွေ ဆုံတဲ့အခါ သူတို့တွေက
ပြောပြကြပါတယ်။ ဗေဒင်ဆရာက စိတ်အခြေအနေ ဟောတာတော့ မှန်ပါတယ်တဲ့။ ဒါပေမယ့်
မကောင်းဘူးလို့ သူတို့က ပြောပါတယ်။
အဲ့ဒါနဲ့ သမီးလည်းသူ့တို့ကို မေးကြည့်ပါတယ်။ သမီးတို့တွေချင်းတော့
ပွင့်ပွင့်လင်းလင်းပဲ ပြောကြပါတယ်။ အဲ့ဒီ့ဗေဒင်ဆရာက
သမီးသူငယ်ချင်းတွေကိုလည်း
ဘယ်သူ့ကိုမှ မပြောရဘူးလို့ ပြောထားတာတဲ့။ သူငယ်ချင်းတစ်ယာက်ကိုကျတော့
သူရဲ့အောက်ပိုင်းမှာ မှဲ့ရှိတယ်ဆိုပြီး ပြခိုင်းပါတယ်။ သူက လိုအပ်လို့
ကြည့်တာ ဆိုပြီးတော့လေ။ နောက်ပြီး ဘုရားခန်းကြီးထဲမှာ ဆရာ။
နောက်ပြီး သမီးကို ပြောသလိုပဲ လျှောက်ပြောတယ်တဲ့။ သမီးသူငယ်ချင်းကလည်း
သမီးလိုပဲ ဒီလိုမျိုး သိက္ခာရှိတဲ့ ဗေဒင်ဆရာက  မကောင်းတာတော့
မလုပ်လောက်ဘူးဆိုပြီး ပြလိုက်တယ်တဲ့ ဆရာရယ်။ နောက်တစ်ယောက်ကျတော့
ရင်ဘတ်မှာ မှဲ့ရှိတယ်ဆိုပြီး ပြခိုင်းတယ်တဲ့။ သူလည်း အဲ့ဒီ့လိုပဲ
လုပ်မိပြန်တယ်။
သမီး အရမ်းကိုလန့်သွားမိပါတယ်။ သမီး ဘာဖြစ်တယ်ဆိုတာတော့ သူတို့ကို
မပြောပြရဲဘူး ဆရာ။ နောက်တစ်ခု ပြောရအုံးမယ် ဆရာ။ သူက သူ့တံတွေးကိုလည်း
မျိုခိုင်းသေးတယ်။ သမီးကိုရော။ သမီးသူငယ်ချင်းတွေကိုရော။
သမီး အရမ်းစိတ်ညစ်တယ်ဆရာ။ သမီး အပျိုမစစ်တော့ဘူးပေါ့နော်။ သမီး ရောဂါတွေ
ဘာတွေ ရမှာလည်း ကြောက်တယ် ဆရာ။ အခု နေရင်းထိုင်ရင်းတောင် HIV
ပိုးများ ၀င်နေသလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် လန့်နေမိတယ်။
သုတ်ရည်မ၀င်ပေမယ့် oral sex လုပ်ရင်လည်း ရောဂါကူးတယ် မဟုတ်လား ဆရာ။ သမီး
သွေးလည်း သွားစစ်ချင်တယ်ဆရာ။
သမီး ဘာတွေ လုပ်ဖို့ လိုအပ်သလဲ ဆရာ။ အခုဆိုရင် စိတ်ဆင်းရဲလွန်းလို့
အိမ်ထဲက အိမ်ပြင်တောင် မထွက်ချင်တော့ပါဘူး။ ကိုယ့်အဖေအရွယ် လူတစ်ယောက်ရဲ့
စော်ကားမှုကို ခံရတာပါဆရာရယ်။ သမီးချစ်သူအပေါ်လည်း အပြစ်လုပ်မိသလို ခံစားရတယ်။
သမီးချစ်သူက အလွန်ထိန်းချုပ်နိုင်တဲ့သူပါ။ သမီးကိုလည်း  ဘာမှ
အမှားအယွင်းမရှိအောင် နေတတ်သူပါ။ အခုတော့ သမီးမှာ တစ်ခြားမိန်းကလေးတွေနဲ့
တန်းတူ မဖြစ်သလို ခံစားနေရပါပြီ။ သမီး အသုံးမကျလို့ ဖြစ်မှန်းသိပါတယ်။
ဒါပေမယ့် အားလုံးက လေးစားရတဲ့ နာမည်ကြီး ဆရာတစ်ဆူက အဲ့ဒီ့လို
မကောင်းတဲ့စိတ်နဲ့
မလုပ်လောက်ဘူးလို့ ထင်ခဲ့မိတာပါ။
တကယ်ဆို သမီး သူ့ကို တရားစွဲပစ်ချင်ပါတယ်။ ဒါပေမယ့်ဆရာ။ သမီးပဲ
အရှက်ကွဲမှာလေ။ သမီး ဘာလုပ်ရမှန်းကို မသိတော့ပါဘူးဆရာရယ်။
အခုလိုရေးရင်းနဲ့တောင် သမီလန့်မိတယ်။ သမီးကို အောက်လမ်းနည်းတွေ ဘာတွေ
သုံပြီး မကောင်းကြံမှာ ကြောက်တယ်ဆရာရယ်။
သမီးလေ သူတစ်ပါး သားမယားအပေါ် ကျူးလွန်ရာ ကျနေပြီလားဆရာ။ ကာမေသုမိစ္ဆာစာရကံ
ထိုက်နေပြီလားဟင်။ ဘယ်လို ကျန်းမာရေးစစ်ဆေးမှုတွေ ခံယူရမလဲဟင်။
သမီးချစ်သူကို ဖွင့်ပြောသင့်သလား။ အရမ်းကို သွေးပျက်ချောက်ချားနေလို့ပါ။
စိတ်ဆင်းရဲလွန်းလို့ သမီးဘာဆက်လုပ်ရမယ်ဆိုတာ ဆရာ အမြန်ဆုံးညွှန်ကြားပေးပါနော်။
သမီးရဲ့စာကို နာမည်နဲ့၊ နေရပ်လိပ်စာ မလှီးလွှဲဘဲနဲ့ မဂ္ဂဇင်းတစ်ခုခုမှာ
ဖော်ပြပေးပါ။ နာမည်က သူနဲ့ ပတ်သက်တဲ့ မိန်းမတစ်ယောက် နာမည်မိုလို့ပါ။
မြို့ကို ဖော်ပြထားမှ သမီးတို့မြို့က လူတွေ သိကြမှာဆရာ။ သမီးမှာ
ဆရာ့ကိုပဲ အားကိုးစရာ ရှိပါတော့တယ်။
ထင်ရှားတဲ့ စာအုပ်တချို့က…
    “သားငယ် သမီးငယ်များ ပဲ့ပြင်ထိန်းကျောင်းခြင်းအနုပညာ
    “နေပျော်တဲ့ဘ၀ ကြည်မြတဲ့ ဘ၀င် ရွှင်လန်းတဲ့စိတ် (မောဟပြေ ပုံတိုပတ်စများ ၁) “
    “ထိမ်းမြားပေါင်းဖက် ရန်ဖြစ်လျက်ပင် ချစ်ကြင်နေနည်း”
    “မဖတ်နဲ့နော်”
    “သားငယ်တို့ နားလည်ဖို့”
    “မီးငယ်တို့ အသိကြွယ်ဖို့”
    “ပျူငှာတဲ့ မူရာ”
    “ယောက်ျားသားချင်း ပွင့်ပွင့်လင်း”
    “မိန်းမသားတို့ သိမ်းထားဖို့”
 မူရင်းဆိုဒ်ကိုသွားဖြစ်အောင်သွားပါ - www.nookycontent.wordpress.com
ဒီစာလေးဖတ်ပြီး မိန်းကလေးတွေအကြောင်းကို တွေးမိတယ်.. ဘာကြောင့် အဲလောက် လူတစ်ဘက်သားကိုယုံကြည်ရတာလည်း အယုံလွဲလိုက်တာ အသိဥာဏ်မဲ့လိုက်တာလို့ အပြစ်မပြောချင်ပါဘူး။။ ဘာကြောင့်လည်းဆိုတော့ မိန်းကလေးတွေရဲ့  အားနည်းချက်ကိုက အယုံလွဲတယ် ။။အားကိုးရှာတတ်ကြတယ်.. ဗေဒင်ဆိုတာကလည်း အဲလိုလူတွေအတွက် ပိုပြီလုပ်စားလို့ ရတာပေါ့.. တကယ် ပညာရှင်တွေကို မဆိုလိုပါဘူး...
နေရာတိုင်းမှာ အကောင်းအဆိုးဆိုတာ တွဲနေတတ်တာကိုးး........... လမင်းပြောချင်တာက မိန်းကလေးများ
အယုံမလွဲဖို့  အားကိုးမမှားဖို့ .. တကယ်မေးချင်တယ် ဗေဒင်ကိုယုံကြည်တယ်ဆို.. အဖော်နဲ့ သွားပါ..
ဆင်ခြင်ပြီယုံပါ... တကယ်တော့ ဘယ်လိုအရာတွေကမှ ကိုယ့်ကို ဘာအကြောင်းကြောင့်မှ မလုပ်ပေးနိုင်ကြပါဘူး။။ ကိုယ်တိုင်း ကောင်းတာလုပ် အဆင်မပြေမှုဆိုတာ လူတိုင်းမှာရှိကြပါတယ်။။
မိန်းကလေးအများစုက တစ်ခုခုအဆင်မပြေရင်ဗေဒင်မေးချင်ကြတာကလည်း အစွဲလို့ ဖြစ်နေကြတာလေ..
ကိုယ့်ကိုယ်ကို ယုံကြည်မှုထားပါ.. ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဆိုတာကို မမေ့ပါနဲ့ ....
ကိုယ့်ကို အခြားသူကခြယ်လှယ်လို့ ရတယ်ဆိုတည်းက ကိုယ့်ညံ့လို့ ပါ.. အထက်ပါကိစ္စက ဘယ်သူမှားတယ် မှန်တယ်.။။ဆိုတာ လမင်းမပြောချင်တော့ပါဘူး။။ နောက်ကို ဒီလိုအဖြစ်မျိုးမကြုံရလေအောင် ဆင်ခြင်နိုင်ကြပါစေ.. လမင်းတစ်ခုအကြံပေးချင်တာက ဗေဒင်မေးတော့မယ်ဆို ဘာကြောင့်??  ဘာဖြစ်လို့ ဆိုတာကို အရင်စဉ်းစားပါ။။။ ကံညံ့နေလို့ ဗေဒင်က ဘာမှလုပ်မပေးနိုင်ပါဘူး။။ ဘုရားတရားပိုလုပ်လိုက်ပါ...
အလုပ် အဆင်မပြေလို့ ဗေဒင်က ဘာမှလုပ်လို့ မရပါဘူး။။ အလုပ်ကို ပိုပြီကြိုးစားလုပ်လိုက်ပါ။။။။
ရည်းစားတွေအဆင်မပြေလို့ ဗေဒင်က ဘာမှလုပ်ပေးလို့ မရပါဘူး။။ ကိုယ်တိုင်းညှိယူကြပါ။။ နောက်ဆုံးကွဲသွားရင်လည်း ကံမပါလို့ ပဲသဘောထားလိုက်ပါ။။ မိန်းကလေးအများစုက စိတ်ညစ် စိတ်ရှုပ်ထွေးလာရင် ဘာမှမစဉ်းစား မဆင်ခြင်ပဲ လုပ်တတ်ကြတယ်..ဗေဒင်ဆီပြေးတတ်ကြတယ်။။ .ယောင်္ကျားလေးတွေကတော့ဗေဒင်သိပ့်မယုံကြဘူးထင်တယ်..မိန်းကလေးမှမဟုတ်ပါဘူး လူတိုင်းပေါ့..
မိန်းကလေးတိုင်းလည်းမဟုတ်ပါဘူး.။။။ ဗေဒင်ဆရာမှမဟုတ်ပါဘူး ဘယ်သူကိုမဆို ယုံသင့်မယုံသင့်ကို
သေချာစဉ်းစားပါ။။ ပြဿနာ တစ်ခုခုဖြစ်ရင်လည်းတစ်ယောက်တည်းမဖြေရှင်းပါနဲ့ .. မိဘသို့ မဟုတ် 
သူငယ်ချင်း..တွေနဲ့ တိုင်ပင်ပါ..ဆွေးနွေးကြည့်ပါ... ရင်ဖွင့်ပါ.. ဒီပိုစ့်လေးဖြစ်လာတာက မောင်(စွယ်စုံကျမ်း)
ကမိန်းကလေးတွေကိုဖြန့်ဝေပေးပါတဲ့သူ့ မှာလည်းနေမကောင်းတဲ့ကြားက စေတနာလေးတော့ရှိသားပဲ
ဖတ်စေချင်သိစေချင်လို့ပါတဲ့.. လမင်းတော့ခဏခဏဖတ်ဖူးတယ်.. ဖတ်ပြီးတိုင်းတော့တွေးတယ် အဲလိုမိန်းကလေးတွေအပြင်မှာတကယ်ရှိတာလား.. ဘာလို့ လူတစ်ယောက်ကို အဲလောက်ယုံရတာလည်းပေါ့။။ မကြုံဖူးတော့ မသိဘူးဆိုတာမျိုးပေါ့။ မိန်းကလေးများဆင်ခြင်ကြပါလော့..
လမင်းလည်းအခုတလော ဘာတွေအလုပ်များနေလည်းမသိပါဘူး။။ အင်တာနက်ကလည်းအချိန်နဲ့ ပဲရတော့ ရတဲ့အချိန်လေးလုပ်စရာရှိတာလုပ်ရသေးတော့...ပိုစ့်တွေလည်းမရေးနိုင်ဘူးဖြစ်နေတယ်။။ .ဆရာအတ္တကျော်ဆိုဒ်ထဲလည်းလမင်းမရောက်သေးဘူးရှင်.. စာတွေလည်းဖတ်တာအရမ်းနည်းနေတယ်....ဒါကကြော်ဌာဝင်တာပါ..
အားလုံးကျန်းမာပျော်ရွှင် အသိဥာဏ်တိုးကြပါစေ.. ဆင်ခြင်တုံတရားတိုးပွားကြပါစေ..
ဆရာအတ္တကျော်ရဲ့ စာတွေကို ဖေ့ဘွတ်မှာတွေ့ လို့ ဝင်ဖတ်ရင်း အခုလိုအားလုံး
သိအောင် ထပ်ဆင့်မျှဝေပေးတာပါ  မူးရင်းရေးသာသူမဟုတ်ပါ နမူနာစာအဖြစ်
ဖတ်ဖို့ ကူးယူ၍ကြော်ငြာပေးခြင်းဖြစ်ပီး  နောက်ပိုင်းစာတွေကို ဆရာ့ဆီမှာဖတ်
သေချာတယ်.... ရောက်တဲ့လူတွေကတော့ ဆရာ့ဆိုဒ်မှာ ပြန်မှာမဟုတ်ဘူးလို့ 
အာမခံပါတယ် လွန်ခဲ့သော2နှစ်ကြာခဲ့ပါပြီ ။ ခုမှစသိတာတွေ့ တာ နောက်ကျ
လိုက်တာနော..အဲ့လိုမဖြစ်အောင် အခုလိုအားလုံးအကျိုးရှိတဲ့စာ အသုံးတဲ့မယ့်
ဝက်ဆိုဒ်တွေကို ဒီစာဖတ်မိသူတိုင်းကနေ များများ လှုံ့ ဆော်ဖြန့် ဝေပေးပါလို့ 
ထပ်ဆင့်မေတ္တာရပ်ခံပါတယ် ခင်ဗျာ........................
........................။
ဘလော့ဂါအားလုံးနှင့်စာဖတ်သူတို့ အား လေးစားခင်မင်လျှက်-
မောင်(စွယ်စုံကျမ်း)
Saturday, October 13, 2012
လွတ်လပ်မှု
လွတ်လပ်မှုဟာ ငါတို့ ရဲ့ အကောင်းဆုံး မိခင်ဖြစ်တယ်။။ လွတ်လပ်မှုက လူသားတိုင်းအတွက် အကောင်းဆုံးအတွေ့ အကြုံဖြစ်တယ်..
လွတ်လပ်ခြင်းဆိုတဲ့ စကားလုံးဟာ ငါတို့ ရဲ့ ဘာသာစကားမှာ မြတ်နိုးစရာ တန်ဖိုးထားစရာ အကောင်းဆုံး စကားလုံးဖြစ်တယ်။။
  ဒါကြောင့် ဒီစကားလုံးကို ပေါ့ပေါ့တန်တန်နေရာမှာ တလွဲမသုံးသင့်ဘူး။။
လူတစ်ယောက်ပဲဖြစ်ဖြစ် လူမျိုးတစ်မျိုးပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို မထိန်သိမ်းနိုင်ပဲ လွတ်လပ်မှုကို မရနိုင်ဘူး။။
လွတ်လပ်စွာ တွေးခေါ်ခွင့်ရှိနေတာကို မသုံးပဲ လွတ်လပ်စွာ ပြောဆိုခွင့်ကို လိုချင်တာဟာ အဆင့်ကျော်နေပါတယ်..။။
ပေးမှရတဲ့လွတ်လပ်မှုဟာ လွတ်လပ်မှုအစစ်မဟုတ်ဘူး။ ဘယ်သူကမှလွတ်လပ်မှုကိုပေးလို့ မရဘူး။။
မိမိဘာသာဖြစ်အောင်လုပ်ယူမှရတယ်။
လွတ်လပ်မှုကို အလွဲသုံးစားလုပ်တဲ့သူဟာ လွတ်လပ်မှုနဲ့ မတန်ဘူး။။ လွတ်လပ်မှုနဲ့  အပြန်အလှန်လေးစားမှုဟာ လက်တွဲပြီးသွားတယ်။။
လွတ်လပ်မှုက အန္တရယ်များတယ် ဒါပေမဲ့ လွတ်လပ်မှုမရှိတာက ပိုပြီးအန္တရယ်များတယ်။။
ဥာဏ်နုတုန်းမှာ ကောင်းကောင်းစားရဖို့ ကောင်းကောင်းနေရဖို့ မှန်းတယ်။။ ဥာဏ်နည်းနည်းမြင့်လာရင် ပညာတတ်ဖို့ မှန်းတယ်။ အသိဥာဏ်အမြင့်ဆုံးကို
ရောက်ရင်တော့ လွတ်လပ်မှုကို မှန်းတယ်။။ စိတ်ထားနဲ့ အသိဥာဏ်မြင့်သွားလေလေ လွတ်လပ်မှုကို မြတ်နိုးလေပဲ။။
တစ်ကိုယ်ကောင်းဆန်တဲ့သူဟာ လွတ်လပ်မှုမရှိတဲ့သူ လွတ်လပ်မှုကိုနဲ့ မထိုက်တန်တဲ့သူ ဖြစ်တယ်။။
လွတ်လပ်မှုကို အလွဲသုံးစားလုပ်ရင် လွတ်လပ်မှု ပျောက်သွားမယ်။။ ရှိနေတဲ့လွတ်လပ်မှုကို အလွဲသုံးစားလုပ်နေတဲ့သူဟာ ပိုပြီး အဆင့်မြင့်တဲ့လွတ်လပ်
မှုကိုဘယ်လိုနည်းနဲ့ မှမရနိုင်တော့ဘူး။။ ရထားတဲ့လွတ်လပ်မှုကို မသုံးပဲနေသူဟာလည်း ပိုပြီးအဆင့်မြင့်တဲ့လွတ်လပ်မှုကို မရနိုင်ဘူး။။
ရတဲ့လွတ်လပ်မှုကို အပြည့်အ၀ သုံးနေသူပဲ ပိုပြီးလွတ်လပ်လာမယ်။။
မှတ်ချက် ===တွေးမိတိုင်းပျော်တယ်စာအုပ်မှကြိုက်မိတာလေများ.............
ဆရာတော်ဦးဇောတိက...
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ...