ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Tuesday, July 24, 2012

ချစ်စံအိမ်


အထီးကျန်ခြင်းတွေနဲ့ တည်ဆောက်ထားတဲ့
ချစ်စံအိမ်.........
သခင်မေတ္တာ.. သခင်ရဲ့ သစ္စာ
သခင်ရဲ့ ကြင်နာမှုတွေကို
မျှော်လင့်တောင်းတနေတဲ့
ချစ်စံအိမ်..
စိုပြေမှုတွေကင်းမဲ့ နေတဲ့
ချစ်စံအိမ်ထဲ...
သခင်လှမ်းလာခဲ့ပါ...
အလွမ်းတွေကိုအဖော်ပြုရင်း..
ဝေးကွာခြင်းတစ်နေရာက
သခင်လာရာလမ်းကိုမျှော်နေသူကို
စာနာလှည့်ပါ...
ဆုတောင်းတိုင်းသာပြည့်ခဲ့ပါမှု
သခင်နှလုံးသား ကြင်သူရှိရာ
အပ်နှံဖို့ ရာ သခင်စိတ်တွေ
ချစ်စံအိမ်ရှိရာ
အမြန်ဆုံးလှမ်းလာနိုင်ပါစေ....

19 comments:

  1. မလမင်းရေဒီ ချစ်စံအိမ်လေးကို မိုးသူအလာ

    လမ်းမှာ သူနဲ့ တွေ့ လို့ ပြောခဲ့ တယ်

    လာခဲ့မယ်တဲ့ သူ့ ကိုမျှော်နေပေးပါတဲ့လေ

    ခင်တဲ့
    မိုးသူ(တောင်ကြီး)

    ReplyDelete
  2. ကေတော့ ရောက်လာခဲ့ပီ မမရေ
    မမမျှော်နေတဲ့ သခင်လေးလည်း အမြန်ဆုံး ရောက်လာပါစေနော

    ReplyDelete
  3. ဆုတောင်းတိုင်းသာပြည့်ခဲ့ပါမှု
    သခင်နှလုံးသား ကြင်သူရှိရာ
    အပ်နှံဖို့ ရာ သခင်စိတ်တွေ
    ချစ်စံအိမ်ရှိရာ
    အမြန်ဆုံးလှမ်းလာနိုင်ပါစေ....

    အားပေးသွားပါတယ်

    ReplyDelete
  4. သခင်ရေ
    ဖတ်ပြီးပြီလားကွယ် အမြန်ဆုံးသာ လာလှဲ့ပါတော့
    လမင်းလေးမျော်နေတယ်နော်

    ReplyDelete
  5. အမြန်ဆုံးရောက်လာမှာပါ

    ReplyDelete
  6. အမြန်ဆုံးလာမလို့ဘဲ လေယာဉ်လတ်မှတ်တွေပရိုမိုးရှင်းမချသေးလို့တဲ့း))

    ချစ်တဲ့

    ReplyDelete
  7. သခင်သိပါစေတော့ နော်...

    ReplyDelete
  8. သခင်ဆိုတော့ ရှင်လို့တောင် ထူးလိုက်ရှင်တယ်.အဟီး
    ချစ်လို့စတာ။
    ညလေးရေ ချစ်စံအိမ်လေးထဲ သခင်ပြန်လာမှာပါ။
    ဒိုးကန်ပြောသလို လေယာဉ်လက်မှတ်တွေကြောင့်နေမယ်.အဟီး
    ခံစားချက်မှန်သကိုး

    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  9. သခင်ပျောက်နေသော ချစ်စံအိမ်အဲဟုတ်ပါဘူးမှားလို့
    သခင်ကိုမျှော်နေသော ချစ်စံအိမ်လေး
    သခင်အမြန်ပြန်လာပါစေနော် ...^_^

    ReplyDelete
  10. အိမ်ဆီလာစေချင်တာလား.. လူဆီလာစေချင်တာလား..
    ရှင်းရှင်းပြောနော် မမ :P

    ReplyDelete
  11. တစ်နေ့နေ့တော့ အထီးကျန်ခြင်းတွေကို ပြေပျောက်သွားစေနိုင်ဖို့ ချစ်စံအိမ်လေးဆီသို့ သခင်ရောက်လာခဲ့ပါစေရှင် ... :)

    ReplyDelete
  12. သခင်သိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ကွယ်...

    ReplyDelete
  13. သခင်လာပြီလား အမလမင်း...
    မလာရင်လည်းပြော ကျွန်တော်သွားဆွဲခေါ်လာခဲ့မယ်
    ဘယ်နှယ့်ဒီသခင်ကဒီလောက်မျှော်နေတာတောင်..မလာပဲမလာနိုင်ဘူး..။

    ReplyDelete
  14. အမြန်ဆုံး လာရင်လာနော် မလာရင် မမစိတ်ကိုသိတယ်မလား...:):)

    ReplyDelete
  15. ကဗျာလေး ဖတ်ပြီး ပြုံးမိတယ်။
    သခင်မြင်လှည့် ကြင်တော်မူ လို့ သီချင်းဆိုရတော့မယ် ..

    ခင်တဲ့
    မြတ်

    ReplyDelete
  16. ဟုတ်ပါ့...မြန်မြန်လာလှည့်ပါတော့သခင်ရယ်....မမမျှော်နေရတာ မောရော့မယ်.....

    ညီမလေး
    မိုးနတ်

    ReplyDelete
  17. အမြန်ပြေးပါတော့လား သခင်းရယ် ....
    စောင့်ရသူ မောရှာ တော့မယ် ..... :)

    ReplyDelete
  18. မြတ်နိုးသူ(MUFL)August 6, 2012 at 4:23 AM

    သခင်လာရာလမ်းမျှော်နေသူကို
    ချစ်စံအိမ်ရှိရာ
    အမြန်ဆုံးလှမ်းလာနိုင်ပါစေနော်
    အားပေးသွားပါတယ်

    ReplyDelete
  19. ကဗျာလေးတွေကြိုက်လို့ကူးသွားပါတယ် ခွင့်ပြုပါနော်

    ReplyDelete