ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Saturday, February 9, 2013

ပဲပြားသက်သတ်လွတ်ဟင်းများ....

မင်္ဂလာပါရှင်...စာရေးနည်းနေသော ဒေါ်လမင်း ဘလော့ကို ယောင်လည်လည်ရောက်လာခဲ့ပါတယ်။။:)
အကြောင်းက  ညီမလေးရိုးမြေကျက စာရေးနည်းနေတယ် ဆိုတာကတစ်ကြောင်း.. ညီမလေး  May thinn
လေးက ဘလော့ဆီကိုဆွဲခေါ်သလို ဖြစ်နေတာရယ်.။။ မနေ့ က ပဲပြားသက်သတ်လွတ်ဟင်းချက်စားဖြစ်တော့
တင်မိလေတော့... ဘလော့မှာတင်ပေးပါဆိုလာတယ်။ ဒါနဲ့ ဖေ့ဘုတ်မှာ ပဲပြောမယ်လုပ်တော့ သူမနာမည်ကို ရှာမရဖြစ်နေတာနဲ့ ဒီကိုရောက်လာခဲ့တယ်။။။ စာတွေလည်းရေးနေတာပါပဲ။။။
တစ်ခုမှပြီတာမရှိ.. အိပ်တော့မယ်ဆို ခေါင်းထဲရောက်လာတယ်။။ စဉ်းစားထားပြီ မနက်အားတော့ရေးမယ်လုပ်တယ်.. ဘယ်ကစရေးရမလည်းဖြစ်သွားတယ်။။ ဒါနဲ့ အိပ်ယာဘေး စာအုပ်
ဘော့(လ်)ပင် ထားအိပ်တော့လည်း ဟို တစ်စ ဒီတစ် ၀က်နဲ့ .. အပျင်းကြီးနေတာလည်းပါတယ်။။
ပြန်ရတော့မယ် ဆိုတော့ ဟိုသွားချင် ဒီဟာဝယ်ချင်နဲ့ စိတ်မတည်ငြိမ်တာလည်းပါတော့ စာဘက်မလှည့်နိုင်ပြန်ဘူး.. ။။ ဘလော့ မောင်နှမတွေကိုလည်း သတိရပါကြောင်း အားရင်အားသလိုလည်းလည်ဖြစ်ပါတယ်နော်။။။ စကားနည်းနည်းရှည်နေတာက ပဲပြားချက်နည်းလေးကလွယ်တာကြောင့် ကိုယ်ပြောချင်တာလေထည့်ရေးမိတာပါ...:D

အခုတလောလည်း ၀ိတ်ချတယ်မပြောချင်တော့ပါဘူးလေ.. ၀ိတ်မတက်အောင်ပဲပြောတော့မယ်။။ အသီးအရွက် နို့  ပဲ ၊  ပဲပြား ဒါတွေပို စားဖြစ်တယ်.. အသားတွေလည်း မစားချင်တော့ဘူး။။။
မှတ်ချက် မြန်မာပြည် ပြန်မှာဆိုတော့ အကျင့်ရအောင် ..:P  မြန်မာပြည်ကလူတွေပြောကြတယ်။။
အသား ၊ ငါး ဈေးတွေအရမ်းကြီးတာတဲ့ တော်ယုံလူတွေ မစားနိင်ကြဘူးတဲ့.. ဒါကြောင့်ပါ။။ :D
အသီး အရွက်တွေပဲကြတော့လည်းခန္ဓာကိုယ် က မလုံလောက်ပြန်ဘူး ထိုကြောင့် ပဲ၊ ပဲပြား နို့ တွေနဲ့ 
တွဲဘက်စားသောက်နေပါကြောင်းနှင့် ၀ိတ်ချသူ သို့ မဟုတ် ၀ိတ်မတက်စေချင်သူ....:)

ပဲပြား ဟင်း အတွက် လိုအပ်သော ပစ္စည်း
ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ဖြူ ၊ ပဲငံပြာရည် ၊ မန်ကျီရည် ၊ နံနံပင် ဆား ၊ နနွင်း ၊ရသာမှုန့် ဒါဆို
လုံလောက်ပြီး။။

ကြက်သွန်နီ ဖြူ ဆီသတ် ရောင်လေလှလာပြီဆို အရောင်တင်မှုန့် ငရုပ်သီးမှုန့် ပေါ့နော်..
သင့်တော်သလိုထည့်  နနွင်းထည့် ပဲငံပြာရည်က ငါးပြာရည် အစားသုံးတာပါ.. ဆားထည့်
ရသာမှုန့်  မန်ကျီရည်လေး နည်းနည်းထည့်  မထည့်ချင်လည်းရပါသည်..။။ ၃ မိနစ်လောက် ဆီဆက်သတ်ပြီ ပဲပြားတုံးလေးတွေထည့်မွှေ ပြီ ခဏထားပြီနံနံပင် အုပ်လိုက် ဒါဆိုရပါပြီ...။။
လွယ်တယ်နော်... လမင်းတို့ က ဟင်းကို အချိန် အကြာကြီးချက်နေရတာမျိုးလုံးဝ မကြိုက်ပါ..
အတတ်နိုင်ဆုံး ဘယ်လိုမြန်မအောင်ချက်ရမလည်းဆိုတာ အမြဲစဉ်းစားတယ်။။
ဘာလို့ လည်း သိလား ဟင်းချက်ပြီ မီးဖိုချောင်ထဲ အချိန်ကုန်နေတာကို လုံးဝမကြိုက်ပါ။။။
ချက်ရတာလွယ်ပြီ အရသာရှိတဲ့ ပဲပြားသက်သတ်လွတ်ဟင်းပါ။။။
နောက်တစ်နည်းပါ တင်ပေးလိုက်ပါတယ်။။။ အမျိုးမျိုးချက်စားပေါ့နော်....:)

လိုအပ်သော ပစ္စည်း..
ပဲပြား ပဲငါပိ ပဲငံပြာရည် ကြက်သွန်မြိတ်.. ခရမ်းချဉ်သီး အသေးလေးတွေ.. ကြက်သွန်နီ ဖြူ  ဆား  ရသာမှုန့် ပေါ့နော်..
 ချက်နည်းကတော့.. ကြက်သွန်ဖြူကို ဆီသတ်  အရောင်လေးဝါလာရင် ပဲငါပိနည်းနည်းထည့် မွှေခဏထား  ခရမ်းချဉ်သီးထည့် ကြက်သွန်နီထည့် ကြက်သွန်နီက ကြိုက်သလိုလှီးနိုင်ပါတယ်.. အတုံး မဟုတ်လည်း အ၀ိုင်းလေးပေါ့... ခဏထား အရသာမြည်း ပဲငံပြာရည်ထည့်  ပဲပြားထည့် ၃ မိနစ်လောက်ထားပြီ ကြက်သွန်မြိတ် အုပ်လိုက်..
သူလည်း အရသာတစ်မျိုးနဲ့ စားလို့ ကောင်းပါသည်...။။။ အချိုချက်ပေါ့.. မြန်မာတွေ အနေနဲ့ တော့
အပေါ်ကနည်းက ပို ကောင်းမယ်ထင်တယ်။။ ကြိုက်နှစ်သက်သလိုချက်စားနိင်ပါသည်။။


အားလုံးကျန်းမာပျော်ရွှင်ကြပါစေ......................

13 comments:

  1. လမင်းရေ မဂျီးကဆီပြန်တွေသိပ်မစားဘူး အောက်ကတခုကိုပိုကြိုက်တယ်
    အိမ်ကလူက ဆီပြန်မှ ဟင်းထင်တာ သူ့အတွက်အပေါ်ကချက်တာလေး (မ)
    သွားပါကြောင်း ကိုယ့်အတွက် အောက်က ပုံလေး(မ) သွားပါကြောင်း

    ReplyDelete
  2. နှစ်ခုလုံးကြိုက်တယ် .... စားချင်လိုက်တာ .... ။ ဗိုက်ဆာ တယ် ဗျို့ ..................... :D

    ReplyDelete
  3. ဟင်းကောင်းလေးတစ်ခွက်ကို အရသာရှိရှိသုံးဆောင်သွားပါကြောင်း

    ReplyDelete
  4. ပဲပြားတော့ စပါယ်ရှယ်ကြိုက်တယ်..။ ချက်တာလည်းကြိုက်တယ်. ကြော်ပြီးသုပ်တာလည်းကြိုက်တယ်။ ဟင်းချိုတွေထဲထည့်တာလည်းကြိုက်တယ်.. ။

    ReplyDelete
  5. မရေ.....ညလေးကတော့ ပဲပြားချက်ဆို ကြိုက်ပြီးသားဗျ...
    ဘယ်လိုချက်ချက် အရမ်းကြိုက်တယ် :))) ရှဲရှဲနီ ပါချစ်မ .....
    ချစ်တဲ့...မိုးနတ်

    ReplyDelete
  6. ပဲပြားကြိုက်တယ်။ ပဲပြားက မိန်းကလေးတွေနဲ့ တည့်တယ်မမ။

    ReplyDelete
  7. ပဲပင်ပေါက်နဲ့ ပဲပြားဆို အရမ်းကြိုက်တယ်..ရှလွတ်

    ReplyDelete
  8. သက်သတ်လွတ်စားတဲ့နေ့တွေအတွက် အဆင်ပြေတယ် လမင်းလေးရေ။
    ပဲပြားကလူနဲ့လည်းတည့်တယ်လေး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. မမရေ တင်ပေးတာ ကျေးဇူးတင်ပါတယ်ဗျို့ :)

    ReplyDelete
  10. မိုက်တယ် မိုက်တယ် ရှလွတ် :D

    ReplyDelete
  11. ကူးကူးလှိုင်February 14, 2013 at 8:09 PM

    ပဲပြားကတော့ ချက်စားလဲ ကြိုက် သုပ်စားလဲ ကြိုက်...

    ReplyDelete
  12. ပဲပြားလေး ချက်စားအုန်းမယ် .. စီဘောက်မှာတွေ့ခဲ့တယ် ..မန့်ခဲ့တာ ရဘူးလို့ဆိုတာ..ထရီဆာလည်း မလုပ်တတ်ဘူး :( ..:) :) :)

    ReplyDelete
  13. အလုပ်တွေ နည်းနည်းများနေလို့ ခုမှပဲ ရောက်ဖြစ်တယ် ညီမရေ..၊ ရောက်မဆိုက် ပဲပြားဟင်းနဲ့တိုးလို့ သွားရည်ကျသွားတယ်..၊း)
    ပြန်ရတော့မယ်ဆိုတော့ ပဲပြားဟင်းမှာတောင် အပျော်တွေ ထည့်ချက်ထားပုံပဲ...။း)

    ReplyDelete