ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Wednesday, December 26, 2012

၂၀၁၂ ကို ပြန်လှည့်ကြည့်ခြင်း Tag

တဂ်ပိုစ့်လေးရဲ့ အစကတော့ပစ်ပစ်ခေါ် ခံစားမှုသံစဉ်ကပါ...ကြော်ငြာဝင်တာ..:)လမင်းစာရေးပျင်းးနေတာတော့ဝန်ခံချင်ပါတယ်။

 အခုတလောစိတ်ဓာတ်က အလိုလိုနေရင်းကိုကျနေတော့တာ..စာမရေးတော့ဘူးလို့ လည်းခဏခဏတွေးတယ်..။သံယောဇဉ်ကလည်း  မပျက်နိုင်ဖြစ်နေတယ်။။မြန်မာပြည်ရောက်ရင်လည်းမရေးနိုင်တော့မဲ့အတူတူအခုတည်းက အကျင့်လုပ်ထားတာပါ.. ဆင်ခြေ ဆင်လက်...:)

ပထမဆုံးရေးရမယ်ဆို.. ၂၀၁၂ ထဲမှာပဲ ယခု တဂ်ပိုစ့်ပိုင်ရှင်နဲ့ ခင်မင်ခဲ့တဲ့နှစ်ဆိုတော့ အမှတ်တရပေါ့နော်..
.နောက်ထပ် အမှတ်ရစရာက  လမင်း မျက်ရည် အပေါဆုံး နှစ်ဖြစ်ခဲ့ပါတယ်။။
ငိုခဲ့ရတဲ့ ရက်တွေ ရှိခဲ့သလို ပျော်ရွှင်ခဲ့ရတဲ့အချိန်တွေလည်းရှိခဲ့ပါတယ်..။။

၂၀၁၂ က လမင်း အတွက် အထူးခြားဆုံး နှစ်ဖြစ်ခဲ့တယ်ဆိုလည်း မမှားပါဘူး။။။

၁.. လမင်း တို့ ချစ်သူ သက်တမ်း (၁) .နှစ်ပြည့်ခဲ့တယ်.. ရန်ဖြစ်လိုက် စိတ်ကောက်လိုက်နဲ့ ဖြတ်သန်းခဲ့ကြတယ်။။။။

၂..လစာတိုးတဲ့နှစ်ဖြစ်သလို  ဒွိဟ ဖြစ်နေတဲ့ဆုံးဖြတ်ချက်ကိုလည်း ရဲရဲ ဆုံးဖြတ်နိုင်ခဲ့တဲ့နှစ်ပါ။။
အဲ့ဒါက မြန်မာပြည်ကို အပြီးပြန်တော့မယ် ဆိုတဲ့စိတ်ကူးကို အကောင်းအထည်ဖော်ခဲ့တဲ့နှစ်ပါ..

၃..အကြိုက်ဆုံး မွေးနေ့ လက်ဆောင်ရခဲ့တဲ့နှစ်လည်းဖြစ်ခဲ့တယ်။။
ဒီနှစ်ထူးခြားတာက မွေးနေ့ မှာ ပိုက်ဆံမကုန်ပဲဈေးကြီးလက်ဆောင်ရတဲ့နှစ်ပါ..:D

၎.. အချိန်ကို အများဆုံးဖြုန်းတဲ့နှစ်လည်းဖြစ်ခဲ့ပါတယ်။။
 ဂိမ်းဆော့လိုက် ကိုရီးယားကား ကြည့်လိုက်လုပ်ခြင်းဖြစ်သည်။။ အရင်က သူများတွေဂိမ်းဆော့ရင်
နင်တို့ တွေ အချိန်ပိုနေကြလား အလကား အချိန်ဖြုန်းကြတာလို့ ဆရာကြီးလေသံနဲ့ ပြောခဲ့သမျှ ပြန်လည်းအပြောခံရတဲ့နှစ်လည်းဖြစ်ခဲ့တယ်။။။

၅... ချစ်စံအိမ်ဘလော့လေးစဖြစ်တည်ခဲ့တဲ့နှစ်လည်းဖြစ်ခဲ့ပါတယ်။။
၆.. လမင်း ဖေ့ဘုတ် စသုံးတဲ့နှစ်လည်းဖြစ်ခဲ့ပါတယ်။။
ထူးဆန်းမနေဘူးလား ဟီး လမင်းဖေ့ဘုတ်သုံးတာ မကြာသေးဘူး...သူများတွေ ဖေ့ဘုတ် အကောင့်
တောင်းရင် မသုံးဘူးပြောရင် မပေးချင်လို့ ထင်ကြတယ်.. .. ဘာကြောင့်မသုံးတာလည်းဆို အကြောင်းပြချက်လည်း ခိုင်ခိုင်မာမာ မရှိဘူး.. မသုံးချင်လို့ မသုံးတာပါ.. အခုသုံးပါပြီး ဘာအကျိုးကျေးဇူးရလည်း ဆိုတော့ ခါးညောင်းတယ် လက်ညောင်းတယ်.. မျက်လုံးညောင်းတယ်..:)
၇.. လမင်း ဒီရောက်တာ (၅) နှစ်ကျော်ပြီ Dc က christmas tree  ဒီနှစ် အလှဆုံးနှစ်ဖြစ်တယ်...

၈.. မြန်မာပြည်က လူတွေဖုန်းတွေပဲ ကြွားပြီကိုင်နေကြလားမသိဘူး.. လူတိုင်းဖုန်းမှာတဲ့နှစ်ပါ..:)

၉.. လမင်း အကျင့်တစ်ခု လုပ်ထားတယ်.. လစာထဲကနေ အလှူလှူတတ်တာ  ၂၀၁၂ က အများဆုံးလှူနိုင်တဲ့နှစ်လည်း ဖြစ်ခဲ့ပါတယ်...

၁၀... ဘုရား တရားဘက် အားရုံအရမ်းနည်းခဲ့တဲ့နှစ်ဖြစ်ခဲ့လို့ ထင်တယ် စိတ်တွေတည်ငြိမ်မှုနည်းခဲ့တယ်။
ကျဒေါသ တက်ဒေါသတွေ ထင်တိုင်းကျဲတဲ့နှစ်ပါ....
၂၀၁၂ ကို လှည့်ကြည့်ဆိုလို့ ကြည့်လိုက်တာ ဘာမှလည်း မယ်မယ်ရရ မရှိခဲ့ပါလားနော်.. :(


တကယ်ဆို လမင်းက အတိတ်ဆိုတာကို လုံးဝကိုလှည့်မကြည့်တတ်တဲ့သူပါ.
. အနာဂတ်အတွက်ပဲအကောင်းဆုံး ပြင်ဆင်တတ်တယ်။..
 ပြီခဲ့တာတွေကိုခေါင်းထဲမထားတတ်ဘူး။။ ဘာပဲဖြစ်ဖြစ်ပါ ပြန်လှည့်ကြည့်လိုက်တော့လည်း အကောင်းအဆိုးပေါ်လာတာပေါ့လေ  ဘာမှလည်း အကျိုးရှိတာမလုပ်ခဲ့ပါလားနော်.. စိတ်ဓာတ်ကျတဲ့လေသံဖြင့်......:(

ဘလော့ဂါသူငယ်ချင်းအားလုံးလည်းနှစ်သစ်မှာ ကျန်းမာခြင်း ပျော်ရွှင်ခြင်း.တွေနှဲ့ စိတ်သစ် ကိုယ်သစ်ကို ပိုင်ဆိုင်နိုင်ပြီ အကျိုးရှိသောနှစ်သစ်ဖြစ်ကြပါစေရှင်....



19 comments:

  1. ခြေရာလေးတွေ ဖတ်သွားတယ်..စိတ်ဓါတ်မကျပါနဲ့ ၂၀၁၃ မှာ မလုပ်ဖြစ်တာတွေ လုပ်နိုင်သွားမှာပါ..
    ခင်တဲ့
    အိမ်မက်

    ReplyDelete
  2. တဂ်ပို့စ်လေးဖတ်သွားပြီ..လမင်းလေးရေ..နှစ်သစ်မင်္ဂလာရက်မြတ်လေးကအစပြုလို့..
    ဆန္ဒတွေအားလုံးပြည့်ဝပါစေလို့ဆုတောင်းပေးခဲ့တယ်..ဖေ့ဘုတ်သုံးတာ မျက်စိညောင်း ခါးညောင်း လက်ညောင်းတယ်ဆိုပေမယ့် စိတ်ရဲ့ကြည်နူးမှုကိုရတယ်ဟုတ်?
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. နှစ်သစ်မှာပျော်ရွှင်ပါစေမမရေ။ အလှူအတန်းတွေ သာဓုခေါ်တယ်နော်။

    ReplyDelete
  4. ကိုယ့်အခြေ အနေ ကိုယ်သိ တော့ ကောင်းတာပေါ့
    မြန်မာပြည့်ပြန်လာတော့မလို့ လား

    ReplyDelete
  5. 2012 ရဲ့ အရိပ်လေးတွေကိုလာရောက်ခံစားရင်း
    နှစ်ပေါင်းများစွာပျော်ရွှင်ပြီး မိသားစုနဲ့အတူ ဘ၀လမ်း လျှောက်လှမ်းနိုင်ပါစေလို့

    ReplyDelete
  6. 2013 မှာ အပျိုကြီးလို့ ဆက်ပြီး အခေါ်မခံရပါစေနဲ့ :D စတာနော်. ၂၀၁၂ ထဲမှာ တတ်နိုင်သလောက် အလှူအတန်းတွေလုပ်နိုင်ခဲ့တာ အမြတ်ပဲပေါ့ မမရယ်..။

    ReplyDelete
  7. ပြန်ရင်လည်း ရေးလို့ ရမှာပါ အမတော်ရဲ့.ဆက်ရေးပါနော်....ရန်ဖြစ်လိုက်ပြန်ချစ်လိုက် တစ်ယောက်ရှာပေး

    ReplyDelete
  8. အပျိုကြီး
    ငါနဲ့စခင်ခဲ့တယ်လို့
    အရင်ဆုံးရေးထားလို့ ကျေးဇူး...

    ReplyDelete
  9. ရောက်စ်...ညီမလေးရေ..မကြီးလွမ်းလည်း ပြန်လှည့်ကြည့်ရဦးမယ် ပစ်ပစ် လာအော်ထားတယ်လေ

    ReplyDelete
  10. တဂ်ပိုစ့်လေး ကိုရေးထားတာဖတ်လို့ကောင်းမှကောင်း
    သည်စာလေးဖတ်ပြီး ကျွန်တော်လည်းကိုယ့်ကိုကိုပြန်စဉ်းစားမိတယ် အကျိုးရှိတာ ဘာများလုပ်ခဲ့သလဲလို့ပေါ့လေ
    မမလမင်းလည်းဘာမှ စိတ်ဓါတ်မကျပါနဲ့
    လာမည့် နှစ်သစ်မှာစိတ်သစ်ကိုယ်သစ်နဲ့ ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေနော်
    ခင်တဲ့(အိပ်မက်ကောင်းကင်)

    ReplyDelete
  11. စိတ်ဓာတ်မကျနဲ့ မမလမင်းရေ... ရန်ကုန်ပြန်လည်း စာဆက်ရေးပါနော်...
    Happy New Year 2013 :)

    ReplyDelete
  12. လမင်းပြန်ရတော့မှာပေါ့ တကယ်စိတ်မကောင်းဘူးဟာ တကယ်လို့အဆင်ပြေမယ်ဆိုရင် ကျွန်တော့်ကို gtalk မှာ add ပေးပါနော် လမင်းအကောင့်ကိုတောင်းရင်အဆင်မပြေမှာစိုးတယ် ကျွန်တော့်အကောင့်က ကျွန်တော့်ဘလော့မှာရှိပါတယ်

    ReplyDelete
  13. ၂၀၁၂ ကို နံပါတ်စဉ်ထိုးပြီး ပြန်သုံးသပ်ထားတာလေး သဘောကျမိတယ်..၊း) ဖတ်ရသလောက် အတိုင်းဆို အဆိုးနဲ့အကောင်း ရောနေတယ်လို့ ညီမ သုံးသပ်တာ အမှန်ပဲလို့ ဆိုရမယ် ထင်တယ်နော်..၊း)

    ပျော်ရွှင်စရာ နှစ်ကုန်ရက်များနဲ့အတူ မင်္ဂလာနှစ်သစ် ဖြစ်ပါစေလို့ နှုတ်ခွန်းဆက်ပါတယ် ညီမရေ...။

    ReplyDelete
  14. ပြန်လာတော့မှာလားဟင် မမလမင်း... ပြန်လာတော့မယ်လို့ သူများတွေပြောတိုင်း
    မိုးနတ်က ပျော်မိတယ်..မသိရင် ကိုယ်နဲ့ အသိပဲပြန်လာသလိုလို..ဟုတ်ပါဘူး..
    မြန်မာနိုင်ငံမှာ မဟုတ်တဲ့ တခြားတိုင်းပြည်တွေရောက်နေတဲ့ ကိုယ့်ဘလော့ဂါ
    မောင်နှမတွေ ပြန်လာမယ်ဆိုတိုင်း မိုးနတ်က ၀မ်းသာမိတာပါ.....
    နို့ လူတိုင်း ကိုယ့်ပြည်တော့ ကိုယ်ပြန်ကြတာချည်းပဲလေ...မတတ်သာလို့သာ
    သူများနိုင်ငံမှာ နေနေရတာပါ...ပြန်လာမယ်ဆိုလို့ welcom ပါ...
    ဟုတ်ပါ့..မမလမင်းရဲ့ ၂၀၁၂ ကပြန်လှည့်ကြည့်စရာ သိပ်မရှိဘူးနော်..
    အဲဒါကောင်းတယ် သိလား...P
    မိုးနတ်လဲ အကိုဘုန်းတဂ်ထားလို့ ရေးရအုံးမယ်...:)
    နှစ်သစ်မှာ ပျော်ရွှင်ပါစေ မ..
    ချစ်တဲ့ မိုးနတ်

    ReplyDelete
  15. အမှတ်တရများတဲ့ နှစ်လေးပဲနော် ..း)

    ReplyDelete
  16. ၂၀၁၂ အကြောင်းဖတ်ပြီး ၂၀၁၃ မှာ အစွမ်းကုန် ပျော်ရွှင်ရပါစေကြောင်း ဆုတောင်းခဲ့ပါတယ် မမရေ.... :)

    ReplyDelete
  17. လမင်းရေ မြန်မာပြည်ပြန်ရောက်ခဲ့ရင်လဲ

    မိုးသူတို့ ဘလော့မောင်နှမတွေကိုပစ်မထားခဲ့ပါတဲ့ 

    စာတွေဆက်ရေးပါနော်

    ခင်မင်တဲ့
    မိုးသူ(တောင်ကြီး)

    ReplyDelete
  18. ကျွန်တော့်အတွက်တော့ 2012 ဟာ...နှစ်အတော်ကြာ ဖြတ်ထားတဲ့ ဘောလုံးပွဲများနှင့်ရင်ခုန်မှု ကမ္ဘာကိုပြန်ရောက် သွားလို့..အရှူံးအနိုင်သံသရာမှာ ပြန်လည်မဆုတ်ခွာနိုင်သေးပါဘူး။

    အသက်တစ်နှစ်ပိုကြီးလာလို့...တွေးခေါ်ပြောဆိုနေထိုင်မှုတွေ..မသိမသာပြောင်းလဲလာတာကြောင့်... မိတ်ဟောင်း ဆွေဟောင်းတွေနဲ့ဝေးကွာခဲ့ရပြန်တယ်.....

    ဘာမှလည်းသိပ်မရေးတတ်တော့..ဒီလောက်ပါပဲဗျာ....

    ReplyDelete
  19. I do not know if it's just me or if perhaps everyone else encountering problems with your
    website. It appears as if some of the text on your content
    are running off the screen. Can somebody else please provide feedback and let me know if this is happening to
    them as well? This may be a problem with my internet browser because I've had this happen before.

    Thank you

    Also visit my weblog: online video thumbnail generator

    ReplyDelete