ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
Saturday, December 22, 2012
ဖတ်မိတော့ကြိုက်မိပါတယ်....
သင့်
ခန္ဓာ
ကိုယ်ကို သင်ချစ်ချင် ချစ် မုန်းချင် မုန်းလိမ့်မည်..
သိုသော် ကမ္ဘာပေါ်မှာ သင် အသက်ရှင်နေသရွေ့ 
ကာလပတ်လုံး သင့်ခန ကိုယ်ကို သင်ပိုင်ဆိုင်ရလိမ့်မည်။။
ချစ်ခြင်းဆိုတာ သင်ရယူမျှော်လင့်ထားတာနဲ့  ဘာမှမဆိုင်ပါ။။
ချစ်ခြင်းဆိုတာ သင်ကပေးမယ်လို့ ရည်မှန်းထားတာပါပဲ။။
အလုံးစုံဆိုပါတော့..။။။
ကောင်းတဲ့အလုပ် အားလုံးကို လုပ်နိုင်သမျှလုပ်ပါ။။
ဘယ်နည်းနဲ့ ဖြစ်ဖြစ် သင်လုပ်နိုင်သမျှလုပ်ပါ။။
အားလုံးသောနည်းလမ်းများနဲ့ သင်လုပ်နိုင်သမျှလုပ်ပါ။။
နေရာအားလုံးမှာ သင်လုပ်နိုင်သမျှလုပ်ပါ။။
အချိန်ကာလ အားလုံးမှာ သင်လုပ်နိုင်သမျှလုပ်ပါ။။
အားလုံးလူတွေအတွက် သင်လုပ်သမျှလုပ်ပါ။။
သင်ဟာဘာပဲဖြစ်ဖြစ် စင်ကြယ်တဲ့သူဖြစ်ပါစေ။။
အကူအညီလိုအပ်နေတဲ့သူတွေကို သင်ကူညီလိုက်တာဟာ
ဒီနေ့သင်က ကောင်းတဲ့လုပ်ဆောင်ချက်နဲ့ ကူညီပေးတဲ့အတွက်.
တစ်နေ့ ကျရင် သင်လည်း တူညီတဲ့အကျိုးကို ခံစားရပါလိမ့်မယ်..
ဒါဟာ လူ့ လောကမှာ လှည့်လည်နေတဲ့ စက်ဝိုင်းလေးပဲဖြစ်တယ်။။
ကမ္ဘာကြီးက ပျားအုံတစ်ခုပါပဲ။။
ကျွန်ုပ်တို့ အားလုံး တံခါးတစ်ပေါက်တည်းက၀င်ကြတယ်။။
အခက်အခဲဆိုတာ စိတ်ဓာတ်ကျအောင် လုပ်ရမှာ မဟုတ်ဘဲ..
စိတ်ဓာတ်နိုးကြားတက်ကြွအောင် စေ့ဆော်ရမှာဖြစ်တယ်။။
လူတစ်ယောက်ရဲ့ စစ်မှန်တဲ့ကြွယ်ဝချမ်းသာမှုဆိုတာ
လောကကြီးအတွက်းမှာ ဘယ်လိုကောင်းတာတွေ
သူပြုလုပ်ခဲ့ သလဲဆိုတာပေါ်မှာ ဆုံးဖြတ်ပါတယ်။။
နေ့သစ်တိုင်းဟာ ကိုယ်ပိုင်လက်ဆောင်တွေကိုပေးကမ်းနေတယ်။။
သင့်ဘာပြောလိုက်သလဲ ဆိုတာကို သူတို့ က
မေ့ချင်မေ့လိမ့်မယ် ။။ ဒါပေမဲ့  သင်က သူတို့ကို ဘယ်လို
ခံစားစေသလဲဆိုတာကတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။။
ဘ၀ရဲ့ အကြောင်းရင်းက ပျော်ရွှင်ဖို့ မဟုတ်ဘူး။။
ဒါပေမဲ့ အဓိကကျတာက အကျိုးပြုနိုင်ဖို့ ၊ အသုံးကျဖို့ ၊ သင် အသက်ရှင် နေထိုင်ရစဉ်မှာ
ပြောင်းလဲမှု တချို့ ကို လုပ်ဆောင်နိုင်ဖို့ ဖြစ်တယ်။။
မိမိကိုယ်ကိုမိမိ တွေ့ ရှိအောင်ရှာဖွေနေတဲ့အခါ မိမိက ကမ္ဘာပေါ်မှာ.
အလင်းရောင်ကို နောက်ဆုံးတွေ့ တဲ့ လူဆိုတာတောင်
ဘယ်တော့မှမေ့လိုရမှာ မဟုတ်ပါဘူး။။
အမှားတစ်ခုအပေါ်မှာ ဘယ်လို ရှုမြင်သုံးသပ်သလဲဆိုနဲ့ အပေါ်မှာ ကွဲပြားခြားနားပါတယ်။။
 ပိုစ့်သစ် မတင်ဖြစ်တာနဲ့ ကြိုက်မိတာလေးတင်ပေးလိုက်ပါတယ်ရှင်........
ဘ၀က ကစားနည်းတစ်မျိုးဆိုလျှင် စာအုပ်မှ.....
10 comments:
  1. မှတ်သားစရာလေးတွေ မျှဝေပေးတာကိုပဲ ကျေးဇူးပါလမင်းရေ
    ReplyDelete
  2. စာသားလေးတွေက မှတ်သားစရာလေးနဲ့ စဉ်းစားစရာလေးတွေပါပဲ
    မှတ်သားသွားပါတယ်
    ခေါင်းစဉ်လေးကို က သီချင်းလေးနဲ့ပါလား
    ပျော်ရွှင်နိုင်ပါစေနော်
    ခင်တဲ့(အိပ်မက်ကောင်းကင်)
    ReplyDelete
  3. စိတ်အင်အား ပေးတဲ့ စာလေးတွေ ဖတ်မိလိုက်တိုင်း အတွေးတွေနဲ့ စိတ်ကူးအသစ်တွေ ဖြစ်ပေါ်စေသလို အင်အးတွေလဲ ပြည့်လာစေတယ်..ဝေမျှတဲ့ အတွက် ကျေးဇူးပါ
    ReplyDelete
  4. စိတ်ဓါတ်တွေဟိုးအောက်ဆုံးထိထိုးကျနေတဲ့ ကျမအဖို့ ခြောက်ချားစရာကောင်းလှတဲ့ညမှောင်မိုက်မှုတွေမှာ အလင်းရောင်တွေ့ရှိလိုက်သလိုပါပဲ။
    ကျေးဇူးတင်ပါတယ် ဆထက်တပိုး ပို့စ်ကောင်းကောင်းလေးတွေတင်ပေးနိုင်ပါစေလို့
    ReplyDelete
  5. လုပ်နိုင်သမျှကို အတတ်နိုင်ဆုံး အကောင်းဆုံးလုပ်ခဲ့တယ်မမ။ ဒါပေမယ့် မလုပ်နိုင်သူတွေကြားမှာနေရတာဆိုတော့ သူတို့က လက်ညှိုးဝိုင်းထိုးကြတယ်။ ဘယ်ရိုလုပ်ရမလဲ။
    ReplyDelete
  6. မှတ်သားစရာလေးတွေ ဖတ်သွားပါတယ်ရှင့် .... :)
    ReplyDelete
  7. မျှဝေပေးတာ ကျေးကျေးပါနော် မမလမင်းရေ...
    ချစ်တဲ့...မိုးနတ်
    ReplyDelete
  8. ရေးထားတာရိုးရိုးလေးတွေပေမယ့် မှတ်သားသင့်ပြီး လိုက်နာသင့်တဲ့အချက်တွေချည်းပဲနော်
    ReplyDelete
  9. လမင်းရေ ပိုစ့်ကောင်းလေးကို ရှယ်ပေးလို့ 
    ကျေးဇူးတင်ပါတယ်ဗျ
    ခင်တဲ့
    မိုးသူ(တောင်ကြီး)
    ReplyDelete
    Replies
    1. ဝေမျှပေးတာ ကျေးဇူးပဲဗျ
      နေ့သစ်တိုင်းဟာ ကိုယ်ပိုင်လက်ဆောင်တွေကို ပေးနေတယ်
      ပျော်၇ွှင်ဖွယ် ၂၀၁၃ ဖြစ်ပါစေဗျာ.....။
      Delete