ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Saturday, July 14, 2012

ဒေါသ၏ဆိုးကျိုး....

ကျွန်တော် နှင့် ဒေါသ

လူတစ်ချို့ ပေါ့ ဒေါသ အကြောင်းကိုမေးကြတယ် ကျွန်တော်လည်းပြောပြတာဘဲ ၊ ဒေါသဟာမကောင်းဘူး ဒေါသကြီးတဲ့လူတော်တော်များများ ဟာ အသက်တိုတယ် နှလုးံရောဂါရတယ် ရောဂါတော်တော်များများဟာ ဒေါသကြောင့်ရတာများတယ်ဒေါသကြီးတဲ့လူတွေကိုလည်း မိတ်ဆွေအဖြစ်မဖွဲ့ချင်ကြဘူး မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကိုယ်တိုင်းကလည်း ဒေါသနဲ့သေရင် ငရဲပြည်လားရမယ် ငရဲပြည်သွားရမယ် ငရဲကျမယ်လို့ အတိလင်းဟောကြားခဲ့တာဘဲ “ဒေါသော အတ္ထံ နဇာနာတိ”ဒေါသကြီးတဲ့လူဟာ ဒေါသထွက်နေတဲ့လူဟာ အကြောင်းအကျိုးကိုလည်း မသိတော့ဘူးခပ်ရှင်းရှင်းပြောရရင်လူမှန်းသူမှန်းမသိတော့ဘူးပေါ့ဗျာ၊ လောကလူမှု အသိုင်းဝိုင်းမယ်လည်း ဒေါသကြီးတဲ့လူတွေကို လက်မခံကြဘူးအဲဒိလို အစရှိတဲ့ဒေါသရဲ့ မကောင်းကြောင်းတွေကို ပြောပြလိုက်လို့ သူသိသွားတယ် လူတွေတော်တော်များများ သိသွားတယ်ပေါ့၊ သိသွားလို့လည်း ဒေါသကို လျှော့်သလားဆိုတော့ မလျှော့ကြဘူး ဗျ ကျွန်တော်ကိုယ်တိုင်းလည်း ဒေါသ ဟာမကောင်းမှန်းသိတယ် မကောင်းမှန်းသိသိကြီးနဲ့လည်း မလျှော့ဖြစ်ဘူး အဲဒိမလျှော့ဖြစ်တာကြီးကို စဉ်းစားကြည့်တယ် ဘာဖြစ်လို့ မလျှော့ဖြစ်တာလည်းလို့ပေါ့၊ ဟုတ်တယ် ကျွန်တော်မယ် အတ္တတွေကြီးနေလို့ အတ္တတွေများနေလို့ ဘဲ ၊ကျွန်တော်တစ်ယောက်တည်း တင်လားဆိုတော့ မဟုတ်သေးဘူး ဗျ ဒေါသကြီးတဲ့လူတော်တော်များများ ဟာ အတ္တတွေအတော်လေးကြီးကြတာကို တွေ့ရတယ် ကျွန်တော်တို့မြန်မာနိုင်ငံရဲ့  ခေါင်းဆောင်တွေ တော်တော်များများဟာလည်း အတ္တတွေသိပ်ကြီးကြတယ် ကိုယ့်ရဲ့ အတ္တတွေကိုရှေ့ တန်းတင်ကြတယ် ကိုယ်လုပ်တာမှအမှန် ကိုယ့်အယူအဆမှအမှန် ဆိုတာကြည့်ဘဲ ဘာသာရေး ခေါင်းဆောင်တွေကောပေါ့ အဲဒိလိုဘဲ လူမှု အသင်းအပင်းအဖွဲ့ အစည်း ကျောင်းဆရာအစရှိသည်ပေါ့ အားလုးံသော နေရာတိုင်းက နေရာတကာက ခေါင်းဆောင်တိုင်းအလိုလိုက အတ္တတွေသိပ်ကြီးကြတယ် လို့ ကျွန်တော်ယူဆပါတယ် (မှတ်ချက်

မှားများမှားသွားသလားတော့ မသိဘူး နော် စွပ်စွဲတာတော့ မဟုတ်ပါဘူး ကိုယ်က တကယ်လို့ အတ္တတွေမကြီးဘူး အတ္တတွေမများဘူးဆိုရင်တော့ ဒေါသထွက်စရာမလိုပါဘူး ဒေါသထွက်ခဲ့မယ်ဆိုရင်လည်း အသင်ဟာ အတ္တကြီးတဲ့သူစားရင်းတည်းမယ် ပါသွားမယ် ဒေါသကြီးတဲ့သူဆိုရင်ပြင်ဆင်သင့်တာပြင်ရအောင် စေတနာ ရှေ့  ရှု့  ပြီးတော့ ရေးသားခြင်းဖြစ်ပါတယ်။)

အကြောင်းကား အားလုးံစဉ်းစားကြည့်လေ ကျွန်တော်တို့နိုင်ငံက generationတွေ အကုန်လုးံလိုလိုက အမှားတွေကြည့်ဘဲဗျ ၊ ဘာသာရေးမယ်ကော နိုင်ငံရေးမယ်ကော လူမှုရေးမယ်ကော အစရှိတဲ့အရေးပေါင်းစုံကပေါ့ ဗျာ၊ လူတိုင်းနီးပါးက ကိုယ့်အတ္တတွေကို ရှေ့ တန်းတင်ပြီးတော့လုပ်ကြတာများတယ် ကိုယ့်ရဲ့  အတ္တတွေကိုဖြုတ်ပြီးတော့ အများအတွက် အများကောင်းစားရေးအတွက် ဆိုပြီး အနစ်နာခံပေးမယ်လို့ တခါမှမစဉ်းစားကြဘူးလို့ ကျွန်တော်မြင်ပါတယ် (တစ်ချို့ သော ခေါင်းဆောင်တွေက အင်မတန်မှ လေးစားစရာကောင်းပါတယ် သူတို့အတွက် မရည်ရွယ်ပါ အကျင့်ပျက်ခြစားနေသော ခေါင်းဆောင်များအတွက်သာလျင် ရည်ရွယ်ပါသည်။) အဲဒိလိုဘဲ ကိုယ့်ရဲ့  အမြင် ကိုယ့်ရဲ့  အယူအဆတွေကလည်းမှားနေပါလား မမှားခဲ့ရင်တောင် ယနေ့ခေတ်နဲ့မကိုက်ညီတော့ပါလား ဆိုတာ တခါမှစဉ်းစားပုံမပေါ်ဘူး ကျွန်တော်လည်း အဲဒိအထဲမယ် ပါသင့်သလောက်ပါပါတယ် ကျွန်တော်ကိုကျွန်တော်လည်းမလိမ်ပါဘူး အဲဒိလိုဘဲ လူတိုင်း လူတိုင်းဟာ ကိုယ်ဖြစ်ခြင်တာတွေ ကို ခန ဘေးဖယ်ထားပြီးတော့ ကိုယ့်ရဲ့  အသိုင်းအ၀န်းလက်ရှိနေတဲ့ ကိုယ်နေတဲ့နေရာပေါ့ အဲဒါတွေ အစရှိသည် အဆင်ပြေရေးအတွက် ရေး အတွက် ကိုဖြစ်ခြင်တာလေးကိုဖြစ်ခြင်တာကြီးတွေကို ခနလောက်ဘေးဖယ်ထားပြီးတော့ဖြစ်သင့်တာလေးကို ဦးစားပေးပြီးဖြစ်သင့်တာကြီးတွေကို ဦးစားပေးပြီးတော့ အများကောင်းစားရေးအတွက် အများအဆင်ပြေရေး အတွက် တဆိတ်လောက်ရှေ့  ရှု့ ပြီးတော့ အနစ်နာခံစဉ်းစားပေးဘို့ရန် မသင့်လျောဘူးလားဗျာ ။ ကျွန်တော်ကိုယ်တိုင်းလည်း အမြဲအလိုလို ကိုဖြစ်ခြင်တာကိုမဖြစ်တဲ့ အခါမယ် ဒေါသ ထွက်တတ်ပါတယ် သို့သော် ကိုယ်နေတဲ့ လူမှု အသိုင်း အ၀န်းတည်းမယ် ကိုယ်နဲ့ ဆက်ဆံနေတဲ့ အသိုင်းအ၀န်းကြားမယ် ကိုယ့်ရဲ့ မိတ်ဆွေ တွေကိုယ့်ရဲ့ ကျေးဇူးရှင်တွေ အစရှိသည် ကိုတော့ အတတ်နိုင်ဆုးံ ဒေါသ နဲ့ မဖြေရှင်းမိအောင် ဒေါသ မထွက်မိအောင်တော့ စောင့်ထိန်းရမှာ ပေါ့ လူဆိုတာက တစ်ယောက်တည်း နေလို့မရဘူး လေ လူရယ် လို့ဖြစ်လာရင်တော့ လူမှု အသိုင်းအ၀န်းနဲ့နေရတာ မိတ်ဆွေ အပေါင်းအသင်းနဲ့ နေရတာလေ အဲဒိတော့ ကိုယ့်ရဲ့  အသိုင်းအ၀န်း ကိုယ့် ရဲ့  မိတ်ဆွေတွေကို ကိုယ်က ပထမဦးဆုးံဘာပေးနိုင်လဲ ဆိုတာ အရင်စဉ်းစားသင့်ပါတယ် တကယ်လို့ ကိုယ်က ကိုယ့် အသိုင်းအ၀န်း ကိုယ့်မိတ်ဆွေတွေဆီက ရဘို့ အတွက်သာလျင် စဉ်စားခဲ့မယ် ဆိုရင်တော့ အသင်ဟာ လုးံဝလုးံဝမဖြစ်တော့ပါဘူး ကြားဖူးမှာပေါ့ လူဆိုတာ မာနနဲ့ပါ လူဆိုတာ ကိုစွမ်းသလောက်သာ အရာရာတိုင်းတော့ အရှုးံမပေးနိုင်ဘူးဆိုတာလေ ဒါကြောင့်မို့ သတိထားပါ ဒေါသကို တတ်နိုင်သလောက် ထိန်းချုပ်နိုင်အောင်ကျိုးစားပါ တကယ်လို့ ဖြစ်ခဲ့ရင်တောင် အသင်ဟာ အတော်လေး ကံကောင်းခဲ့တယ်လို့ ကျွန်တော် ယူဆပါတယ် ၊ ဒါကြောင့်မို့ ကိုယ့်မိတ်ဆွေ ကိုယ့် အသိုင်းအ၀န်းကြားမယ် ကိုယ်ဖြစ်ခြင်တာတွေကို ရှေ့ တန်းမတင်ဘဲ နဲ့ ဖြစ်သင့်တာတွေကို ဦးစားပေးပြီးတော့ ဒေါသ ကို အတတ်နိုင်ဆုးံမထွက်အောင်ကျိုးစားနေထိုင်ပြီးတော့ လောက၀တ်လူမှုဝတ် မိတ်ဆွေကျင့်ဝတ်များကို ကျေပွန်နိုင်ပြီးတော့ သာယာဖြောင့်ဖြူးတဲ့ လမ်းတခုကို လျှောက်လှမ်းနိုင်ပါစေ ဆုမွန်ကောင်းတောင်းပေးရင် စိတ်နှလုးံရွှင်လန်းချမ်းမြေ့ ပါစေလို့ ဆုတောင်းပေးပါတယ် ။

စက်တင်ဘာဦးနေမိန္ဒ( အမှန်တရားကိုဘယ်သူအနိုင်ရဖူးလဲ)

ဒီစာစုလေးကို ဖတ်ပြီးတော့ အမြင်မှန်တွေရနိုင်ကြပါစေလို့ အမြင်မှန်ရပါစေလိုဆန္ဒပြုပါတယ် ။

ဦးဇင်းဦးနေမိန္ဒ ဆောင်းပါးလေးပါ.. အားလုံးကျန်းမာပျော်ရွှင်ကြပါစေ..:)

11 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. အခုလို အသိလေးဝင်အောင် ဆုံးမပေးသွားတာ ကျေးဇူးပါဗျာ...
    အမြဲသတိထားနိုင်အောင် ကြိုးစားပါမယ်...

    ReplyDelete
  3. ကဲ မှတ်ကရော ဗျာ မလမင်းကို အစ်ကိုရေတဲ့

    အပေါ်ကတယောက်ကတော့ လုပ်ချလိုက်ဘီ

    အင်းဒီဆောင်းပါးလေး နဲ့ပတ်သက်ပြီးပြောရရင်တော့

    လူဆိုတာဒေါသမှမကင်းတာနော်

    ဒါပေမယ့်တတ်နိုင်သမျှတော့ ဒေါသတွေလျော့ချရမှာပေါ့နော်

    ReplyDelete
  4. ဒီ post လေးကြိုက်တယ် ... မျှဝေပေးတဲ့ အတွက်ကျေးဇူးပါ

    ReplyDelete
  5. ဦးဇင်းဦးနေမိန္ဒ ဆောင်းပါးလေးကို မိတ်ဆွေများအားလုံးအတွက်မျှဝေပေးလို့
    ကျေးဇူးတင်ပါတယ်လမင်းရေ

    ReplyDelete
  6. အမရေ... ကျွန်တော်လည်း အဲဒီဒေါသဆိုတာကို ဂနေ့ထိ မထိန်းနိုင်သေးဘူးပဲဗျ... ပို့စ့်လေးကို ဖတ်ပြီး သေသေချာချာ မှတ်သားသွားပါတယ်ဗျာ....

    ReplyDelete
  7. ဝေမျှလို့ ကျေးဇူးပါ ဆရာလေးရေ ။

    ReplyDelete
  8. ဖတ်သွားပါတယ် အမ ချစ်စံအိမ် ..း))

    ReplyDelete
  9. ကိုယ့်မိတ်ဆွေ ကိုယ့် အသိုင်းအ၀န်းကြားမယ် ကိုယ်ဖြစ်ခြင်တာတွေကို ရှေ့ တန်းမတင်ဘဲ နဲ့ ဖြစ်သင့်တာတွေကို ဦးစားပေးပြီးတော့ ဒေါသ ကို အတတ်နိုင်ဆုးံမထွက်အောင်ကျိုးစားနေထိုင်ပြီးတော့........

    ဟုတ်ပါတယ်..

    ReplyDelete
  10. ဟူး.... ရင်တမမနဲ့ ဖတ်လာတာ သီလရှင်ဘာတွေပေါက်ကွဲနေလည်းလို့...
    ပို့စ်ဆုံးမှပဲ သဘောပေါက်တယ်..ဆရာလေးရေ အနော်တော့အဲဒီဒေါသဆို
    တဲ့ဆင်ကို သည်းခံခြင်းဆိုတဲ့ ချွန်းနဲ့ထိန်းပါတယ်..ဒေါသထွက်ရင်ကိုယ်ပဲပူ
    လောင်ရတာမဟုတ်လား..အရမ်းဒေါသထွက်လာရင် ရေအ၀သွားသောက်
    လိုက်ပြီးကိုယ့်စိတ်ကိုယ်ဖြေလိုက်တယ်..အနော်ဗိုက်ပူတာရေတွေအများကြီး
    သောက်ထားလို့ပါ ဆရာလေးရေ... :D

    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete