အားလုံးမင်္ဂလာပါရှင်... ဒီတစ်ခါအလှည့်ကတော့ ရှမ်းထမင်းချဉ်ပါ... လမင်းတော့အရမ်းကြိုက်တယ်။။
မကြာမကြာလုပ်စားဖြစ်တယ်။။။ လုပ်စားဖြစ်တော့လည်း မောင်နှမတွေကိုသတိရပြန်ရော သတိရတော့
တင်မိပြန်ရောပေါ့.. ချက်ပြုတ်ဝါသနာပါလား ဆိုတော့ ပါဘူးရယ် အမှန်ပြောတာ.. မပါပေမဲ့ကိုယ်မှမချက်
ချက်မယ့်သူမရှိဘူး။။ ဟင်းချက်နည်းတင်တာနဲ့ ပတ်သက်လို့ လမင်းအမေးခံနေရပါတယ်။။ တကယ်ချက်တတ်တာလားတဲ့ ကြောင်တော့ကြောင်သွားတယ်။။ မသိရင်လမင်းပဲသူများချက်ထားတာယူတင်
သလိုပဲနော်.. မေးတဲ့သူတွေက လိုင်းပေါ်မှာ မသိလို့ မေးကြတာဖြေပေးနိုင်သေးတယ်.. ဆိုးတာက သူငယ်ချင်းအရင်းတွေက နင်က ဟင်းချက်တတ်တယ်.. ဟုတ်မှလုပ်ပါဟယ်တဲ့ မြန်မာပြည်မှာ ချက်တာလည်းမတွေ့ မိပါဘူး။။ ဒါလူကို အထင်သေးတာပဲ:P ဟင်းကို အစုံမချက်တတ်ပေမဲ့ချက်တိုင်းတော့ကောင်းအောင်ချက်နိုင်တယ် :P အိမ်ဖုန်းဆက်ရင်လည်း အမေက သမီးစားရသောက်ရ အဆင်ပြေလားမေးရင် ပြေပါတယ် အမေ .. ဒီမှာ အားလုံးဝယ်လို့ ရပါတယ်။။ ဘာဝယ်လာတယ် ..ဒီနေ့တော့ ဘာချက်စားဖြစ်တယ်ပြောတော့ အမေက သမီးတောင် ဟင်းချက်တတ်နေပြီကိုတဲ့ ..ကောင်းရော.. လမင်းမြန်မာပြည်ထဲကချက်တတ်တာပါ.. မီးဖိုချောင်ထဲမ၀င်ဖြစ်လို့ သာ အမေ မသိတာပါ မြန်မာပြည်မှာက အပြင်အလုပ်လုပ်တော့ မီးဖိုထဲ မ၀င်ဖြစ်တာကို အမေ မေ့နေပုံပဲ.. နောက်တစ်ခု အမေ ရော အဖေရော ဟင်းချက်ကောင်းကြတယ်။။
ဒါကိုမေ့နေကြလို့ များလား.. ဒီမိဘကမွေးလာတဲ့သမီး ဒီလောက်လေးမှ မချက်တတ်ရင် မဟုတ်သေးပါဘူးလေနော်။။ ရှမ်းထမင်းချဉ်လေးစားရဖို့ စကားကရှည်လိုက်တာမပြောကြပါနဲ့နော်..ပြောကြလွန်လို့ ပါ။။
ကဲစပါပြီ.. လိုအပ်တာပစ္စည်းတွေက
ငါး ကြင်း သို့ မဟုတ် ငါးရံ့  လမင်းတို့ ဒီမှာငါးခူ တွေကကြီးတော့လမင်း ငါးခူပဲသုံးပါတယ်။။
ခရမ်းချဉ်သီး.. ထမင်း အနည်း အများပေါ်မှုတည်ပြီ ထည့်ပါ..
ပဲမှုန့် ကြက်သွန်ဖြူ ဆီသတ် ငါးပြာရည်.. အရောင်လိုချင်ရင်တော့ အရောင်တင်မှုန့် ကို ဆီကျက်ချက်ထားပါ ချက်နည်းက ဆီကို ပူအောင်ပေးပြီ မီးပိတ်လိုက်ပါ တစ်မိနစ်လောက်ကြာမှအရောင်တင်မှုန့်ထည့်ပါ မဲသွားနိုင်လို့ ပါ.
ပထမ ငါးကိုပြုတ်ထားပါ ခရမ်းချဉ်သီးကိုလည်းပြုတ်ထားပါ ရေနဲနဲလေးပဲထည့်ပြီ မီးအေးအေးနဲ့ ထားပါ။။
အလွယ်နည်းကတော့ Microwave ထဲ ၂မိနစ်လောက်ထားလိုက်ရင်ရပါပြီ.. လမင်းတော့ အဲဒါတွေသိပ်မသုံးဘူး မီးဖိုပဲသုံးဖြစ်တယ်.. အရသာမတူပါဘူး။။ တကယ် အဟုတ်..
ထမင်းလည်းချက်ထားအုံးနော်.. :P ခရမ်းချဉ်သီးရရင်အခွံရယ် အစေ့မပါအောင် ဇကာခွက်နဲ့  စစ်ထားပေးပါ..ကြက်သွန်ဖြူဆီသတ်က နနွင်းမထည့်ဘူးနော်..
ပုံတွေရိုက်ထားတာပျောက်ကုန်တာတွေရှိတော့ ရှိတာလေးတင်ပေးလိုက်ပါတယ် ။။။

အားလုံးအဆင်သင့်ဖြစ်ပြီဆို ပန်းကန်ပြားထဲ ထမင်း နဲ့ အထက်က ပြောထားတဲ့ပစ္စည်းတွေ အကုန်ရောနယ်ပြီ အလုံးလေးတွေဖြစ်အောင်လုပ်ပါ..
ဒါကတော့တွဲဖက်စားဖို့  ဂျုးမြစ် မြေပဲ ငရုပ်သီးခြောက်ကြော် ပဲပုပ်ကြော် ကြက်သွန်မြိတ်..
ကဲ ပြီးပြီဆို စားသုံးလို့ ရပါပြီရှင်..မေ့နေတာ ငါးပြုတ်ရည်က ဟင်းချိုလုပ်သောက်နိုင်ပါတယ်.. ကြက်သွန်မြိတ်ထည့် ငရုပ်ကောင်း မှုန့် ထည့်ပြီ သောက်နိုင်ပါတယ်.. ဂလု ဂလု :D ဓာတ်ပုံတစ်ချို့ပျောက်လို့  အဆင်ပြေသလောက်တင်ပေးလိုက်ပါတယ်...ရေးထားတာရှုပ်များနေလာမသိဘူး:D
အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ...
မြတ်ကြည်လည်းကြိုက်တယ်။ :)
ReplyDeleteအရမ်းကြိုက်တယ်... ချစ်စံနည်းလေးအတိုင်းလုပ်စားမယ်...
ReplyDeleteကိုယ်တိုင်တော့မလုပ်တတ်လို့မစားဖြစ်တာ..း))
ညည်းနော်..ကျုပ်သွားနာနေပါတယ်ဆိုမှ
ReplyDeleteအစားအသောက်ပုံတွေတင်ပြီးနှိပ်စက်နေတာလား
ဒေါ်လမင်းး
တောက်... ဗိုက်ဆာနေတဲ့အချိန်မှာ ဒီပို့စ်ကို ဖတ်မိလေခြင်း.... ငါ့နှယ်နော်...
ReplyDeleteဖတ်ရင်းနဲ့ ဗိုက် ပိုဆာလာပြီ။ :D
စားချင်စရာ...း)
ReplyDeleteစားချင်စရာပျို့လက်ရာဆိုတာအဲတာမျိုးပေါ့နော်
ReplyDeleteအားပေးသွားတယ်နော်... ညီမလေးရေ....း)
ReplyDeleteသားရေယိုသွားတယ် မမရေ... စားချင်လိုက်တာာာာ
ReplyDeleteသကြားလုံးလေးက..အွန်လိုင်းပေါ်တက်သားပဲ..မသိလို့နော်..ဆောဒီးပါဂျာ..:P
Deleteအဟမ်း။။။ အသုပ်ဆိုလာထား..ကြိုက်မှကြိုက်...နေကောင်းကျန်းမာ စိတ်ချမ်းသာပါစေ ညီမလေး။
ReplyDeleteချစ်တဲ့
မကြီးလွမ်း
နောက်ရက် စားရလောက်တယ် သူလုပ်ကျွေးတော့မယ် ဟိ။ကျေးဇူးပါ
ReplyDeleteအမှားပြင်ဆင်ချက်...
ReplyDelete၁။ မပါပင်မဲ့ကိုယ်မှမချက်ချက်မယ့်သူမရှိဘူး။။(မပါပေမယ့် ကိုယ်မှမချက်..ချက်မယ့်သူမရှိဘူး)
၂။တစ်မိနစ်လောက်ကြာမှအရောင်တသ်မှုန့် (တစ်မိနစ်လောက်ကြာမှ အရောင်တင်မှုန့်)
၃။ ဒါကတော့တွဲဖက်စားဖို့  ဂျုမြစ် မြေပဲ (ဒါကတော့ တွဲဖက်စားဖို့ ဂျူးမြစ် မြေပဲ)
ဘယ်ရယ်တော့မဟုတ်ပါဖူး....သေချာဖတ်သွားတယ်ဆိုကြောင်း.သက်သေပါ....:P
တွတ်တွတ်ရေးကျေးဇူးပါလူက နမော်နမဲ့နိုင်တာတစ်ကြောင်းစာကိုသေချာမစစ်မိတာက တမျိုး
ReplyDeleteစာလုံးပေါင်းမှာတတ်တာကအကျင့် ပေါင်း အဲလိုဖြစ်ပါ၏ တော်သေးတယ် သုံးလုံးပဲမလို့ 
တစ်ခါတလေ မှားတာမှအများကြီး :D
This comment has been removed by a blog administrator.
ReplyDeleteတီတင့်လည်း ငါးထမ်းချဉ်ဆို ဘယ်အချိန်စားစား မရိုးဘူး လမင်းလေးရေး)
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ရှမ်းထမင်းချဉ်လုပ်နည်းလေးလာသင်သွားပါတယ် ဆရာလေးရေ...
ReplyDeleteဒီတစ်ပက်အလုပ်ပိတ်ရင်လုပ်စားမယ် ကျေးဇူးပါ
ReplyDeleteရှမ်းထမင်းချဉ်လုပ်စားကြည့်ချင်လို့ရိုက်ရှာလိုက်တာမမလမင်းဆီရောက်လာတယ်။
ReplyDeleteကျေးဇူးပဲနော်မမ