ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Friday, May 25, 2012

အဝေးတနေရာကလွမ်းခြင်း...




အေးတူပူမျှ အတူတကွ
ချစ်သူ နား မရှိငြားလည်း
စိတ်ထဲစွဲထင် ဘယ်စဉ်မမေ့
နေ့ရက်တွေတိုင်း သတိရလွမ်း
မျှော်မှန်းတမ်းတနေရပါတယ်........

ကြင်သူရင်ထဲ အချစ်ရှိကြောင်း
ဝန်ခံဖွင့်ဟ ဆိုချင်မိပေမယ့်
မိန်းခလေးမို့ ရင်တွင်းစကား
တိတ်တဆိတ်မြိုသိပ်
သိမ်းထားလိုက်တော့မယ် ချစ်သူ.............

ချစ်သူ စကားမုသားများ၏
ချစ်သူ အကြင်နာမာယာပါ၏
ချစ်သူ အချစ်အနှစ်မရှိ
လှည့်စားခြင်းမှန်း သိနေပါလည်း
အသိခေါက်ခက်အ၀င်နက်ကာ
အမုန်းမရှိ
သာယာပျော်ရွှင်ခဲ့ဖူးပါရဲ့ချစ်သူ..........

ခုတော့....
...........ချစ်လည်းချစ်ဖူး
           လွမ်းလည်းလွမ်းဖူး
           ငိုလည်းငိုဖူးပြီးမို့
           အနှစ်မပါ  မာယာသာလျှင်
           ရရှိခဲ့လို့  ချစ်သူထံမှ
          ဝေးရာကို လွင့်ရင်းးးးးးးး
အဝေးကပဲ ချစ်တော့မယ်။

ခိုင်ဂျုလိုင်မိုးနဲ့  ချစ်စံအိမ် ခံစားရေးဖွဲ့ ထားသည်...

16 comments:

  1. မောင်ရင်ဆူးက အမကြီးတို့ ခံစားချက်ကဗျာလေးကို နှလုံးသားနှင့် ခံစားသွားပါကြောင်း..

    ReplyDelete
  2. ကဗျာလေး ခံစားအားပေးသွားပါတယ်

    ReplyDelete
  3. အတူတူ လွမ်းသွားပါတယ် အစ်မရေ

    ReplyDelete
  4. ကဗျာလေးကို ဖတ်ကြည့်ပြီး တမျိုးလေး ခံစားလိုက်ရတယ်...

    ReplyDelete
  5. အဝေးက ချစ်တာပဲ ကောင်းတယ်း)

    အိမ်မက်

    ReplyDelete
  6. ချစ်သူ စကားမုသားများ၏
    ချစ်သူ အကြင်နာမာယာပါ၏
    ချစ်သူ အချစ်အနှစ်မရှိ
    လှည့်စားခြင်းမှန်း သိနေပါလည်း
    အသိခေါက်ခက်အ၀င်နက်ကာ
    အမုန်းမရှိ
    သာယာပျော်ရွှင်ခဲ့ဖူးပါရဲ့ချစ်သူ.......... ဂွတ်ထ ဂွတ်ထ .. အဲဒီအပိုဒ်ကို အကြိုက်ဆုံးးးးးး

    ReplyDelete
  7. ချစ်ခဲ့ဖူးတယ်
    လွမ်းခဲ့ဖူးတယ်
    ငိုခဲ့ဖူးတယ်
    မာယာ မပါပဲ ကဗျာလေးလာဖတ်ခဲ့တယ်

    ReplyDelete
  8. ပစ်ပစ်May 25, 2012 at 12:22 PM

    ဒေါ်လမင်းး.

    ဟင်းးဟင်းးဟင်းးး

    ကဗျာလေးကောင်း၏

    ReplyDelete
  9. နီးနီး ဝေးဝေး မနီးမဝေး..ကြိုက်တဲ့နေရာက ချစ်နိုင်ကြပါစေ

    ReplyDelete
  10. အလွမ်းတွေနဲ့ကဗျာလေးကိုဖတ်ရင်း ကိုယ်ပါလွမ်းလာသလိုပဲ....

    ReplyDelete
  11. ဝေးရာကို လွင့်ရင်းးးးးးးး
    အဝေးကပဲ ချစ်တော့မယ်။
    ----------------------------
    သိပ်မတရားရာရောက်လွန်းနေမယ်ထင်တယ်နော်
    အချစ်ခံရတဲ့သူမသိပဲ ချစ်တာကတော့
    သိပ်မကောင်းဘူးထင်ပါရဲ့ 
    သနားပါတယ် အချစ်ခံရတဲ့သူသိအောင်တော့
    ကိုယ့်အချစ်တွေကို နဲနဲလေးဖြစ်ဖြစ်လှစ်ဟပြသသင့်ပါတယ်

    ခင်တဲ့
    မိုးသူ(တောင်ကြီး)

    ReplyDelete
  12. ၂ယောက်တကဗျာလေးပေါ့ မိုက်၏

    ReplyDelete
  13. ရင်တွင်းခံစားချက် အလွမ်းကဗျာလေး အားပေးသွားတယ် လမင်းလေးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  14. .ချစ်လည်းချစ်ဖူး
    လွမ်းလည်းလွမ်းဖူး
    ငိုလည်းငိုဖူးပြီးမို့
    အနှစ်မပါ မာယာသာလျှင်
    ရရှိခဲ့လို့  ချစ်သူထံမှ
    ဝေးရာကို လွင့်ရင်းးးးးးးး
    အဝေးကပဲ ချစ်တော့မယ်။

    ReplyDelete
  15. ခံစားရတယ် အဆင်မပြေတာမဟုတ်ဘူး မျှော်လင့်ချက် ထားလို့ မရတော့တာ...

    ReplyDelete
  16. ကဗျာလေး အားပေးသွားတယ်ဗျာ

    ReplyDelete