ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
Sunday, May 6, 2012
သဘာဝကို ဆန့် ကျင်သူ သို့  အပျိုကြီး
တခုတလောလည်း ကိုရာဇာနဲ့ မမလွမ်းတို့ဖွတာနဲ့ ဘလော့မောင်နှမတွေလည်းသိကုန်ပါပြီ ။။:( ဒီအပျိုကြီးပဲလာလာထိနေကြတော့ အပျိုကြီးတွေကောင်းကွက်တော့ရေးဖို့ ပိုပြီတွန်းအားဖြစ်သွားတာပေါ့။။ :P  ..အပျိုကြီး အပျိုကြီးနဲ့ ဒီစကားကိုမကြားချင်လောက်အောင်ကို ကြားနေရတာ ခက်တာကမြန်မာပြည်ရဲ့ မူပဲပြောမလာ မိန်းကလေးတွေကိုနှိမ်တယ်ပဲဆိုရမလား မိန်းကလေးတွေ အသက် (၂၅) ဆို အပျိုကြီးစာရင်းဝင်တဲ့ ကဲကောင်းကြသေးရဲ့ လားအရပ်တို့ရေ လမင်းကတော့ အမြဲတမ်း (၁၈) ပဲ စိုင်းစိုင်းလိုပေါ့ :P.. လမင်းအပျိုကြီးလို့ စခေါ်ခံရတာ အသက် (၂၂ ) ထဲကပါ တရားကြရဲ့ လား လူတွေပြောပါတယ်။။ အေးဆေးနေတော့လည်း နေလို့ ရည်းစားထားတော့လည်းထားလို့တဲ့ ဘယ်လိုနေရမလည်းပြောကြတာရှိပါသေးတယ်။ အသက်(၂၀) ကျော်လို့မှာ ရည်းစား သို့ ချစ်သူပြစရာမရှိရင် အပျိုကြီးပဲတဲ့ ဆိုဒ်တွေမှာလည်းဖတ်ဖူးတယ်.. အသက် (၂၅)ပြည့်လို့မှ ချစ်သူမရှိသေးရင် မိဘတွေကိုနှိပ်စက်မှုနဲ့ အရေးယူမယ်တဲ့.. လမင်းအမေလည်း အသက် (၂၀)၀န်ကျင်လောက်တော့ ဟိုလူနဲ့သဘောတူလိုက် ဒီလူကိုသဘောကျလိုက်နဲ့ ဟဲ လမင်းတို့ကလည်း ကိုယ့်အစွမ်းနဲ့မှမရင်ဘယ်သူမှစိတ်မ၀င်စားဘူးလို့..ဒါဆိုရှာလေတဲ့ မဟုတ်တာတွေတော့ရှာမလာနဲ့တဲ့ ###### တွေပြောနဲ့ အခုတော့အမေလက်လျှော့ထားပါတယ်။။။ သူငယ်ချင်းတွေလည်းတစ်ယောက်မှ အပျို လူပျိုမရှိကြတော့ဘူး ။။ လိုင်းပေါ်တွေ့ လည်း ဘယ်တော့စားရမှာလည်း မင်္ဂလာသတင်းကြားချင်လာပြီ ငါတို့ကလေးတွေတောင် အပျို လူပျိုဖြစ်တော့မယ်။။ အရမ်းရွေးမနေနဲ့ #####@@@@@ ဟိုနေ့ကလည်းသူငယ်ချင်းမက သမီးမိန်းကလေးမွေးလို့ လာကြွားသေးတာ အားမကျဘူးလားတဲ့.. သူငယ်ချင်းယောင်္ကျားလေးကလည်း သားလေးမွေးတော့ ငါ့သားကိုစောင့်နေတာလားတဲ့ မလုပ်ပါနဲ့တော်ကြာ ငါ့သားလေးထိုင် ရှီခိုးနေရပါအုံးမယ်တဲ့... ပြန်ပြောလိုက်တယ် လမင်းပဲ ဘယ်ခံလိမ့်မလည်း နင်တို့အားလုံးကိုအကျောပေးထားတယ်.. အခုအေးဆေးနဲ့လွတ်လွတ်လပ်လပ်ပဲနေချင်လို့ကို မယူတာဟေ့လို့  ကဲမှတ်ပြီလား။။။။ ညီမအလတ်မကလည်း မမချစ်သူရှိလား ဘယ်တော့ယူမလည်း အမြန်ယူတော့လေတဲ့ မမကရှေ့ကပိတ်နေတော့ သမီးတို့တွေ သွားလို့မရဘူးတဲ့ ပြောလိုက်တယ်ငါနင်တို့ကိုအမတစ်ယောက်အနေနဲ့ပိတ်ထားတာမဟုတ်ပါဘူး အမကြီးအမိရာမှာပဲနေတာပါ ငါဘေးရပ်ထားတာပါဟာလို့ :)နင်တို့သွားလို့ရအောင် ငါအဆင်ပြေအောင်လုပ်ထားပါတယ်လို့ :D အဲတော့သူလည်းအမျိုးလိုက်တယ်ထင်တယ် ...သူလည်းမမအရွယ်ရောက်မှပဲစဉ်းစားတော့မယ်တဲ့..ကောင်းလေစွ ကောင်းလေစွ လို့ပြောလိုက်တယ်။။ ပြောချင်တာက အိမ်ထောင်ဆိုတာဘယ်အချိန်ပြုပြုပါ ..မိန်းကလေးတွေက အချိန်အခါရှိပေမယ့် စောလွန်လည်း မကောင်းဘူးလေ အပျို လူပျိုဆိုတာ ပြန်လုပ်လို့မရတော့ဘူး။။ တစ်ယောက်ထဲ အေးဆေးနေလို့ရသလောက်နေကြပါ။။ အိမ်ထောင်သည်နဲ့အပျိုနဲ့ယှဉ်အုံးမလား။။ နှိုင်းယှဉ်ပြမယ် သက်တူ ရာထူး လစာ အရည်းအချင်း အကုန်တူတဲ့လူနှစ်ယောက် တစ်ယောက်ကအပျို ကျန်တစ်ယောက် အအို လစာထုတ်လို့ မိဘကို ဘယ်သူကပိုကန်တော့နိုင်လည်း အဖြေကရှင်းနေတာပဲနော်.. လမင်းအကြောင်းပြောကြည့်မယ် အခု တစ်ယောက်ထဲ ရတဲ့လစာ အမေဘာလိုလည်း လိုတာပြော အကုန်ဖြည့်ဆည်းပေးနိုင်တယ်။။ တကယ်လို့သာ လမင်းကအိမ်ထောင်သည်ဆို လမင်းမိသားစုအတွက်လမင်းကြည့်ရတော့မယ် ကလေးရှိရင် အဲကလေးတွေအတွက် လမင်းပူလောင်ရတော့မယ်.. အမေကိုဂရုစိုက်ဖို့မပြောနဲ့အုံး တစ်လကို ဘယ်လောက်ကန်တော့ဖြစ်လည်းတောင်မေးယူရတော့မယ်။။ ပြောကြသေးတယ် လမင်းကို မိန်းကလေးဆိုတာအနာဂတ်ရဲ့ မိခင်လောင်းတဲ့ငရဲကြီးမယ်တဲ့အပျိုကြီးလုပ်ရင်လမင်းဘက်ကတော့ စကားကအစဉ်သင့်ရှိပြီသားပါ. မိန်းကလေးတိုင်းကမိခင်လောင်းပါလို့ အိမ်ထောင်ကျမှာ ကလေးရမှ မိခင်မဟုတ်ပါဘူး ။မိဘမေတ္တာငတ်နေရှားတဲ့ကလေးတွေကိုခေါ်ယူပြီမိခင်မေတ္တာအပြည့်ပေးရင်လည်းမိခင်ဖြစ်နိုင်ပါတယ်။
အိမ်ထောင်ပြု ဘုရားတည် ဆေးမှင်ရည်စုတ်ထိုး ဤသုံးမျိုး ချက်မပိုင် နောင်ပြင်ရန်ခက်တယ်တဲ့..
   အဲတော့ကာ မယူပါနဲ့လို့မပြောပါဘူး သေချာစဉ်းစားဆုံးဖြတ်ပါ။အပျိုဘ၀နဲ့ လွတ်လပ်စွာနေပါ။ မိဘကိုလည်းတတ်နိုင်သလောက်ကျေးဇူးဆပ်ပါ။။ လှူသင့်တာလေးလှူပါ။။ ဒါဆိုအပျိုကြီးလို့သူများတွေဘယ်လောက်ပဲပြောပြောပါ. ကိုယ့်ဘ၀ကိုယ်ဖန်တီးတာဖြစ်လို့အပျိုကြီးဆိုတာကုသိုလ်ပိုရပါကြောင်းနှင့် လုပ်သမျှကိုတစ်ယောက်ထဲဆုံးဖြတ်ပြီလုပ်ချင်တာကိုလုပ်ခွင့်ရှိကြောင်းနှင့် ထက်မြတ်သော အပျိုလူပျိုတိုင်းတိုင်ပင်ဖော်မလိုအပ်ပါကြောင်း   နီဂုံးချုပ်လိုက်ပါတယ်ရှင်..............ဖြောင်း ဖြောင်း ဖြောင်း လက်ခုပ်သံဖြစ်ပါတယ် :D
(မှတ်ချက်  )  အနေနဲ့အိမ်ထောင်သည်များစောဒကတက်နိုင်ပါတယ်။။:D
  ဘယ်သူကိုမှမရည်ရွယ်ပါ။။  အပျော်သဘောရေးခြင်းပါ။။။ အပျိုကြီးတွေနဲ့ မစွံတဲ့လုံမပျိုတွေ စိတ်အားမငယ်
 ရလေအောင်ရေးခြင်းပါ။။။
အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ.....:)
ပုံ...........
 အပျိုကြီးခေါ်  သဘာဝကို ဆန့်ကျင်သူ
31 comments:
  1. အခုတလောအပျိုကြီးလို့ အခေါ်ခံလာရလို့ စိတ်ဝင်တစားလာဖတ်သွားပါတယ်.. ဖြောင်း..ဖြောင်း.ဖြောင်း.. ထောက်ခံပါတယ်.. :D
    ReplyDelete
  2. ခေါင်းစဉ်လေးကသဘာဝကိုဆန့်ကျင်သူ (သို့) အပျိုကြီးတဲ့ ကျွန်တော်ကတော့အပျိုကြီးလို့ပဲမြင်ပါတယ်။
    တမျိုးမထင်ပါနဲ့ခင်ဗျ၊ ခေါင်းစဉ်ကိုပြောတာပါ၊ သဘာဝကိုဆန့်ကျင်သူကိုမဖတ်မိလိုက်လို့ပါ၊.... ဟဲဟဲ
    ReplyDelete
  3. ကောင်းတယ်အစ်မရေ..ရေးထားတာရှယ်ပါဘဲ
    လုံးဝဥသုံထောက်ခံပါတယ်း)
    အပျိုကြီးဆိုတာလည်း ဂုဏ်တစ်မျိုးဘဲကိုး
    အိမ်ထောင်ပြုပြီးတဲ့သူများမေးကြည့်လိုက်ပါ။
    တစ်ရာမှာကိုးဆယ်ရာခိုင်နှုန်းက
    အိမ်ထောင်ပြုတာ..တကယ်မကောင်းဘူးလို့ ပြန်ပြောကြလိမ့်မယ်..။
    ကျန်တဲ့ဆယ်ရာခိုင်နှုန်းက မကောင်းမှန်းသေသေချာမသိကြသေးလို့း))
    ဒီပို့စ်လေးကို..
    ပြန်ပြီးစောဒကတက်မယ့် အိမ်ထောင်ရှင်တစ်ဦးဦးကို မျှော်နေပါတယ်ဗျို့... :P
    ReplyDelete
  4. အိမ်ထောင်မပြုဘဲ နေနိုင်တဲ့ ရဟန်းသံဃာသီလရှင်တွေနဲ့ အပျိုကြီး လူပျိုကြီးဆိုတာ ဗုဒ္ဒဘာသာ နိုင်ငံတွေမှာပဲ အဓိက ကျန်တော့တာမို့လို့ ဒါကိုဝေဖန်တိုက်ခိုက်နေတာတွေ မလုပ်ကောင်းဘူး မြင်တာပဲ။ sex ကိစ္စ အရမ်း ပွင့်လွန်းပြီး ဒါကို ထမင်းစားရေသောက် မလုပ်မဖြစ် ကိစ္စလို့ မြင်တဲ့နိုင်ငံတွေမှာတော့ ဒါကို နားမလည်ဘဲ အထူးအဆန်း ဖြစ်ကုန်တာပေါ့။ ဒီဘက်မှာ ၁၅ နှစ်လောက်ဆို ဘွိုင်းဖရင့်နဲ့ အိပ်နေကြပြီ။ ၁၃နှစ် ၁၄ နှစ် မိန်းကလေး၁ယောက်ဟာ ကောင်လေးတွေနဲ့ ဗြောင် ဒိတ်လုပ်နေပြီ။ အရှေ့တိုင်း နိုင်ငံတွေမှာလို ဘုန်းကြီးဝတ်တာတို့၊ လူပျိုကြီးအပျိုကြီးလုပ်တာတို့၊ လင်သေ မယားသေသွားရင် မုဆိုးဖို မုဆိုးမဘ၀နဲ့ တစ်သက်လုံးနေသွားတာတို့ဆိုတာ သူတို့အတွက် အထူးအဆန်းပဲ။
    ကျွန်တော် အိမ်ထောင်ပြုဖြစ်မပြုဖြစ် တိုင်းပြည်မှာတော့ အပျိုကြီးလူပျိုကြီးတွေ ရှိစေချင်တယ်။ အထူးသဖြင့် အရှေ့တိုင်း တစ်ခုလုံးမှာပေါ့။ အပျိုကြီးလူပျိုကြီး ရှားပါးလွန်းတဲ့တိုင်းပြည်ဆိုတာ sex ကိစ္စကို အရမ်းလွန်ကျူးလွန်းတဲ့ အရပ်တွေမှာ ဖြစ်တတ်တယ်။ အညှီအဟောက်အပျော်အပါး ပေါလွန်းလွတ်လပ်လွန်းတဲ့ အနောက်တိုင်းမှာ၊ နောက် sex ကိစ္စကို ဘာသာဝင်တိုးဖို့ လက်နက်တစ်ခုအဖြစ် သုံးတတ်ပြီး အမျိုးသမီးတွေကိုလဲ ယောက်ျားတွေအတွက် sex ပစ္စည်းသာသာ သဘောထားတဲ့ အစ္စလာမ်နိုင်ငံတွေမှာ အပျိုကြီးလူပျိုကြီး ရှားတယ်။ နိုင်ငံတစ်ခုမှ အပျိုကြီးလူပျိုကြီး အတန်အသင့် ကျန်နေသေးတယ်ဆိုတာ ယဉ်ကျေးမှု သိပ်မပျက်စီးသေးတာနဲ့ တိုက်ရိုက်အချိုးသွားကျနေတတ်တယ်။
    ReplyDelete
  5. မမရေ အပျိုကြီး၊လူပျိုကြီး ဘာကြောင့်ဖြစ်ရတာသိလား မရသေးလို့...အနော်တို့ကတော့ မြန်မာပြည် ပြန်ရောက်ရင် ဟဲ..ဟဲ.
    ReplyDelete
  6. ခေါင်းစဉ်လေးဖတ်ပြီး တို့ကိုများ စောင်းပြောနေသလားလို့။း)
    ခင်တဲ့
    မြတ်
    ReplyDelete
  7. အပြောမခံစမ်းပါနဲ့..၀ါမ၀င်ခင်လေး ကျိတ်တ်လိုက်စမ်းပါ..
    အဖတ်တင်ပါတယ်အေ.. :D
    ReplyDelete
  8. အင်းးးးးးးးးးးးဘယ်လိုပြောရမလဲ အိမ်ထောင်သည်တွေရဲ့ သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေအကြောင်းကို
    မသိသေးလို့ပါ။ဟို့ အပေါ်ကတစ်ယောက်ကပြောတာက ၉၀ရာခိုင်နှုန်းက
    မကောင်းဘူးလို့ပြောလိမ့်မယ် ၁၀ရာခိုင်နှုန်းကမသိသေးလို့ဆိုရင် ဘာကြောင့်များလူတွေ အိမ်ထောင်ပြုကြပါလိမ့်နော်။
    ကျွန်တော့်အတွက်ကတော့ လူတစ်ယောက်ဖြစ်လာမှတော့ အချစ်စစ်ကိုရှာဖွေပြီး အိမ်ထောင်ပြုလက်ထပ်သင့်တယ်ထင်ပါတယ်။
    ReplyDelete
  9. ကြော်ငြာထိုးသလားပေါ့... :D
    ReplyDelete
  10. နေတဲ့ နိုင်ငံ ကို ဥပမာပြပြီး မနေနဲ့ နော် ၇၀ ကျော်ရင် မင်္ဂလာ ပွဲတော့ နွဲ ရမှာ မဟုတ်ဘူး.. လူအိုရုံရောက် မှာတော့ သေချာတယ်
    ချစ်တဲ့
    အမရွှေစင်
    ReplyDelete
  11. Sudan နိုင်ငံမှာ အသက် ၄၀ မပြည့်ခင် လူတိုင်း အိမ်ထောင်ပြုရမယ် ဆိုတဲ့ rule ရှိတယ်တဲ့၊ မြန်မာနိုင်ငံမှာ မရှိတာ တော်သေးတယ်နော်..။ မိဘ တော်တော်များများကလည်း ကိုယ့် သမီး အပျိုကြီး လုပ်တာကို အားပေးကြပါတယ်.. ကိုရီးယားကားတွေထဲကလို အတင်း အိမ်ထောင်ဖက် တွေ့ဖို့ မပြောကြပါဘူး..။ တစ်ခြားမိဘတော့ မသိဘူး ကိုယ့်မိဘကတော့ အပျိုကြီးပဲ လုပ်တဲ့ ဟိ..။
    အပျိုကြီး ဆိုတာ အနှောင်အဖွဲ့ ကင်းကင်း နဲ့ သွားချင်ရာသွား လို့ရတယ်။ အငယ်တွေနဲ့ အပြိုင် ကဲလို့ ရသေးတယ်။ အိမ်မှာ ဟင်းချက်ချင်ချက် မချက်ချင်နေ.. ဘယ်သူ့ ဝေယျာဝစ္စမှလည်း လုပ်ပေးစရာ မလို..။ :D
    ReplyDelete
  12. အပေါ်က မမမြတ်အပျိုကြီး ဟီးး ဟီးး
    ReplyDelete
  13. မှန်သင့်သလောက်မှန်ပါတယ် မကြီးလမင်းရေ....အပျိုကြီး လူပျိုကြီးဘဲလုပ်လုပ် အိမ်ထောင်ဘဲပြုပြု ကောင်းတာရော မကောင်းတာရော ရှိတာပေါ့လေ..... ကို့ဘ၀က ကိုယ်နဲ့ဘဲဆိုင်တာမို့ အပျိုကြီး လူပျိုကြီးတွေကိုလည် မပြစ်မပြောသလို အိမ်ထောင်သည်တွေကိုလည်း မပြောချင်ပါဘူး...... သဘာဝအတိုင်းသာအကောင်းဆုံးပဲလို့ ထင်ပါတယ် မကြီးလမင်းရေ..
    ReplyDelete
  14. ဟဟဟ ငါ့အစ်မလမင်း သူ့ကိုအပျိုကြီးခေါ်လို့ ပေါက်ကွဲနေသောပိုစ့် :P :P
    ReplyDelete
  15. အဟားဟား ကိုယ့်ဘာသာရေးကိုယ့်ဘာသာလက်ခုပ်တီး။
    ဟိဟိ...(၂၂)နဲ့ အပျိုကြီးအခေါ်ခံနေရရင် ညလေးလဲအပျိုကြီးဖြစ်နေပြီပေါ့။
    ဒါဆိုအပျိုလေးအရွယ်ကဘယ်အရွယ်လဲ (၁၂)နှစ်ရွယ်ပဲဖြစ်မယ်။
    နာ့အမပြောတာတွေထောက်ခံတွားလယ်။
    ReplyDelete
  16. အဟားဟား ကိုယ့်ဘာသာရေးကိုယ့်ဘာသာလက်ခုပ်တီး။
    ဟိဟိ...(၂၂)နဲ့ အပျိုကြီးအခေါ်ခံနေရရင် ညလေးလဲအပျိုကြီးဖြစ်နေပြီပေါ့။
    ဒါဆိုအပျိုလေးအရွယ်ကဘယ်အရွယ်လဲ (၁၂)နှစ်ရွယ်ပဲဖြစ်မယ်။
    နာ့အမပြောတာတွေထောက်ခံတွားလယ်။
    ReplyDelete
  17. ဟူး ခက်တော့ နေပါပြီ....
    အားအားရှိဒီအမျိုးတွေကိုပဲ လာလာခလုတ်တိုက်နေတော့တာပဲ
    မဆိုင်တဲ့ ပိန္နဲပင်ကြီးကို လာလာဆွဲမထည့်ပါနဲ့ ဆရာလေးရယ်...
    အပေါ်မှာပေးထားကွန်မန့်တွေကလည်း များပါ့ :P... အပျိုဂုဏ်
    လူပျိုဂုဏ်ဆိုတာလည်းကောင်းတာပဲ... အတင်းတိုက်တွန်းတာ မ
    ဟုတ်ပေမယ့် တသက်လုံးနေသွားနိုင်ရင်တော့ ကောင်းတာပေါ့ ...
    သမီးကညာအခါမလင့်စေနဲ့၊ သီးချိန်တန်သီး၊ ပွင့်ချိန်ပွင့် ဆိုတာ အရွယ်
    နဲ့ပတ်သတ်ပြီး ရှေးလူကြီးသူမတွေကဆိုထားတာပေါ့... ယူမယ်ဆိုရင်
    လည်း အချိန်အခါလေးရှိတုန်းလေးယူ ထားဖို့ပဲ ပြောချင်တာပါ... တသက်
    လုံးအပျိုကြီး လူပျိုကြီးလုပ်မယ် စိတ်ပိုင်းဖြတ်ထားရင်တော့ မတိုက်တွန်းပါဘူး..
    အဲ အထုတ်လေးတော့ ဆောင်ထားပေါ့... ကိုယ်အသက်ကြီးလာလို့ အထုတ်
    လေးမရှိရင်တော့ ဟဲဟဲ ပြောတော့ဘူးနော်... အပျို၊ အပျိုကြီး၊ လူပျို၊ လူပျိုကြီး
    ဂုဏ်ရှိတယ် နော်.. အဲလို ပျိုရင်း၊ ပျိုရင်း နဲ့ ပြိုပြို လာရင်တော့ ဟဲဟဲ အထုတ်
    ကလေး၊ အထုတ်ကလေး မှတ်မိတယ်နော်... ရဟန်းသံဃာတော်တွေ မဟုတ်တဲ့
    သာမန်လူတွေအဖို့တော့ ဘ၀မှာ အဖော်မွန်ကောင်းတွေလိုအပ်ပါတယ်... တယောက်
    ထဲနေတာပိုလွတ်လပ်တာ မှန်ပေမယ့် မိသားစုဆိုတဲ့နွေးထွေးတဲ့ ဘ၀ကိုတော့ဘယ်တော့
    မှမရနိုင်ပါဘူး... သူများတွေကိုကြည့်ပြီးအားကျလို့ ရပေမယ့် ကိုယ်တိုင်မခံစားရပါ ဘူး..
    နေရာတိုင်းမှာ အဆိုး နဲ့ အကောင်းဆိုတာဒွန်တွဲနေတာမို့ အိမ်ထောင်သည်လည်း အိမ်ထောင်
    သည်ဒုက္ခ၊ အပျိုကြီး လူပျိုကြီးလည်း သူ့ဒုက္ခနဲ့ သူပါ... မတိုက်တွန်းလိုပါ... အာလုံးဟာ
    ကံစီမံရာမို့ အချိန်တန်ရင်တော့ ရှောင်လွဲလို့လည်း မရနိုင်ပါ... အဲတခုတော့ သေချာသိပါ
    သည်... အပျိုကြီးများသေလွန်သော် ငရဲပြည်ရှိယမမင်းထံအမှုတင်ခံရတတ်ပါသည်...
    လူလောကတွင် လူသားမျိုးနွယ် တုန်းစေအောင်ပြူလုပ်ကြခြင်းရဲ့ အဓိကတရားခံများမှာ အပျို
    ကြီး၊ လူပျိုကြီး များသာဖြစ်ပါသည်... ဒါကြောင့် အပျိုကြီးမသေ၊ သေသော်ငရဲသွားမလား
    မေးချင်ပါသည် :P...( ပေါက်ကရလေးများပါ..)
    ခင်မင်စွာဖြင့်
    ရာဇာထွေး
    ReplyDelete
  18. ဟန်ကြည်May 7, 2012 at 9:19 PM
    အင်း...သူ့ဟာကလည်း ဟုတ်တုတ်တုတ်...ဦးဟန်ကြည်ကိုယ်၌က အိမ်ထောင်သည်ဖြစ်ပေမယ့် ဘာမှ စောဒက မတက်လိုပါဘူးဗျား...အိမ်ထောင်ပဲပြုပြု၊ တစ်ကိုယ်တည်းပဲနေနေ ကိုယ့်အနေအထားလေးကို တန်ဖိုးထားပြီး မြတ်နိုးခြင်းကလည်း လူ့ဘ၀ရဲ့ အနှစ်သာရကို ပြည့်ပြည့်၀၀ခံစားရစေတဲ့ အခြေခံအချက်တစ်ခုပဲ မဟုတ်ပါလား...ဘယ်အရာမဆို ကောင်းကျိုးရော...ဆိုးပြစ်ပါ ရှိကြစမြဲမဟုတ်လား...မလိုတမာခါး...လိုသကာပျားပေါ့လေ...အပျိုကြီးဘ၀ကို မြတ်နိုးတဲ့သူက အပျိုကြီးကောင်းကြောင်းကိုရေးပြီး အိမ်ထောင်ပြုချင်တဲ့သူကတော့ အပျိုကြီးမကောင်းကြောင်းကို စာဖွဲ့မှာပါပဲ...
ဲအဲဒီတော့ ကိုယ် Good တယ်ထင်တာကို စိတ်တိုင်းကျ do သာ do ဖို့ အားပေးလိုက်ပါရဲ့...
    ( စကားမစပ် အပျိုကြီးတွေဟာ အိမ်ထောင်ရှင်တွေထက် သားအိမ်ခေါင်းကင်ဆာဖြစ်တန်စွမ်း နည်းနည်းပိုများတယ်ဆိုလား ...း)
    ReplyDelete
  19. အင်း.. ကိုယ့်ဝမ်းနာ ကိုယ်သာသိတာလေ။
    စားဝတ်နေရေးမပြေလည်လို့၊ အိမ်ခန်းမငှားနိုင်လို့။ မိဘကို ငဲ့ရလို့ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်မပြုနိုင်ကြတဲံလူတွေ အများကြီးပါ။ ကိုယ်လိုချင်တဲံလမ်းကို အတင်းရွေးလိုက်ရင်လဲ တကိုယ်ကောင်းဆန်ရာရောက်သွားမှာက ရှိသေး။ ဘာဖြစ်ဖြစ် ဖြစ်လာတဲ့ဘ၀မှာ စိတ်ချမ်းသာအောင်သာ နေဖို့ပါပဲ။ ရွေးချယ်ခွင့်က ကိုယ့်မှာ ရှိချင်မှ ရှိတာ.
    ReplyDelete
  20. မှန်လိုက်လေဗျာ့အဲ့တာပေါ့ ကိုယ့်မိဘကိုချစ်တာလေ
    ကျွန်တော်လဲတူတူပဲ ဟဟ အခု ၂၄ ထဲမှာ ၃၀ မပြည့်
    မချင်း မေမေ့ရင်ခွင်ထဲကမခွာဘူးလို့ ဆုံးဖြတ်ထားတယ်။
    ကျွန်တော်ရော လူပျိုကြီးများဖြစ်နေပီလားးးးးးးးးးးး :P
    ဟဟ နိုးပါ ခုမှ ပဲလို့ကောင်းတုန်းးးးးး မကြီးလမင်းရေ
    ဂုဏ်ယူပါတယ် ဟဲဟဲ
    ReplyDelete
  21. ဘာပဲပြောပြော ကိုရင်ပြောတာကိုပဲထောက်ခံတယ်
    ယူလိုက်စမ်းပါ ရေစစ်မရှိပေမယ့်လဲ အဖတ်တော့တင်ပါတယ် ဟီး
    ReplyDelete
  22. ဖြိုးဇာနည်းအားငယ်နဲ့ ယောင်္ကျားလေးတွေက ၄၀ မှာလူပျိုကြီးတဲ့မြန်မာပြည်သက်မှတ်ကြတာလေ
    မမဂျက်ရေ မီးမီးကြောက်ကြောက် ဆရာဦးဟန်ကြည်ရှင့် သားအိမ်ခေါင်းကင်ဆာက အိမ်ထောင်သည်တွေလည်းဖြစ်
    တတ်ပါတယ် ပြောလို့တော့မရဘူးပေါ့ ဆရာ ကျန်တဲ့သူတွေကိုတော့ဖြေရှင်းချက်ပေးတော့ဘူးနော်...
    အဆင်ပြေသလိုကြည့်လုပ်ကြပါ :P
    ReplyDelete
  23. ဟုတ်ပ ညီမရေ တစ်ခါလာလည်း ဒီအပျိုကြီး လူပျိုကြီးတွေ ပဲ လာပြီး
    ခလုက်တိုက်နေတယ် ။ညီမရေးထားတယ်ကောင်းတယ် ။ အားပေးသွားတယ်နော် ။
    ခင်မင်စွာဖြင့်
    ညချစ်သူ
    ReplyDelete
  24. ဖတ်လိုက်ရတဲ့ ပိုစ့်လေးကော အပေါ်က ပေးထားတဲ့  ကွန်မန့် တွေဖတ်ရတာကိုကော
    မရီပဲ မနေနနိုင်ဘူး ဟား ဟား ဟား...ဒီပိုစ့်လေးဖတ်ရတာ အရမ်းပျော်စရာကောင်းတယ်
    ဘာဖြစ်လဲ ဗျာနော်(( အပျိုကြီး အပျိုကြီးနဲ့  အခေါ်ခံရတာ စိတ်ထဲမှာ ကလိ ကလိ နဲ့ နော် ပုံနဲ့ တကွ
    ရှင်းပြချင်စိတ်တွေမပေါ်ပေါက်လာဘူးလား )) ဘာပဲဖြစ်ဖြစ် ညစ်နေတဲ့ စိတ်တွေ
    ဒီပိုစ့်လေးဖတ်အပြီးမှာအရည်ပျော်ကုန်သွားတယ်
    ကျေးဇူးပ်ါလမင်းရေ
    ခင်တဲ့
    မိုးသူ(တောင်ကြီး)
    ReplyDelete
  25. လာလည်ရင်းပို့ စ်ဖတ်မိတာကနေ ကွန်မန့် တွေပါနောက်တွဲပါကုန်တယ်။(ဟီးးဟီးး ရယ်ပီဗျာ)
    အပျိုကြီးတွေကို "အပျိုကြီး..."လို့ ခေါ်ရင် နည်းနည်းတော့ စိတ်ကသိကအောက်များဖြစ်တတ်လားမသိဘူး။
    ကျွန်တော် သူငယ်ချင်းတွေထဲမှာ အိပ်ထောင်မပြုကြသေးတဲ့(၂၉)နှစ်ကျော်တွေကို အပျိုကြီးလို့ စမိတိုင်း သူတို့ စိတ်ကသိကအောက်ဖြစ်တတ်ကြတယ်။မလမင်းကတော့ သဘာဝဆန့် ကျင်သူဆိုတော့ စိတ်မဆိုးလောက်ဘူးထင်တယ်။အပျိုကြီးရေးတဲ့ အပျိုကြီးအကြောင်း သေချာစုံလင်အောင်ဖတ်သွားပါကြောင်း..:)
    ခင်မင်လေးစားလျှက်-
    လေလွင့်လူ(ကမာမြေ)
    ReplyDelete
  26. ညီမလေး လမင်းရေ.. မမ တို့လည်း အပြိုကြီးပါဘဲတော်.. အဟီး။။
    ကိုရာဇာနဲ့ မမလွမ်းတို့ဖွတာနဲ့ ဘလော့မောင်နှမတွေလည်းသိကုန်ပါပြီ ။တဲ့ ဒီကဖြင့် ဘာမှမပြောရသေးဘူး
    သူ့ကျမှ ပိုစ့်ထဲ လူစုံတက်စုံ ရှင်းပြလိုက်တယ်။ မပြောပါဘူး လူမစုံသေးလို့ ဆိုတာထက် ဆိုးပီ။ အဟင့်။
    ဒီလိုလေးရေးချင်တော့ မမလွမ်းနဲ့ ကိုရာဇာက ကြားခံနယ်ဖြစ်ရပြန်ရော.. ထားလိုက်ပါလေ ချစ်တာကိုး။
    ခွင့်လွှတ်ပါတယ်။အဟဲ
    ချစ်တဲ့
    မကြီးလွမ်း
    ReplyDelete
    Replies
    1. ဟုတ်ပါ့ အမရာ... မဆီမဆိုင် သူပဲလာပြီး ဂလိုင်ခေါက်တာရယ်...
      သူ့ဟာပြောပြီးမှ ကျွန်တော်တို့ ကိုလာပြီး အမျိုးရင်းတွေသစ္စာဖောက်
      တယ်လေး ဘာလေးနဲ့ .. သူအပျိုကြီးအခေါ်ခံရတာပဲ ကိုယ့်ပယောက
      မကင်းသလိုပဲ... အမကလည်း တမျိုးနေရင်း ထိုင်ရင် ကြောငြာက
      အသက်လေးရလာတော့ ပြိုပြို လာတာပေါ့ :D... ဘွားသီလရှင်က
      သူ့ရင် ထဲပြောစရာရှိတာတွေကို ပြောဖို့ အရေး ခေါင်းစဉ်တပ်ဖို့ တရား
      ခံရှာတာ ကျွန်တော်တို့ပါ စက်ကွင်းမလွတ်ဖြစ်တာ အမရေ...နောက်
      ဆို အပြောအဆိုဆင်ချင် ကြပါ... ကျွန်တော်တော့ လမင်း လို့ဆို
      လိုက်ရင် ကတုံးလေးရယ်၊ ပန်းရောင်ဝတ်စုံ သင်္ကန်းလေးရယ် အဲ
      လိုလေးပဲတွဲတွဲမြင်နေမိတယ် အမ ရေ... ဒါကြောင့်အခုထဲက အခေါ်
      အပြောလေးတွေ နှုတ်ကျိုးသွားအောင် ဆရာလေးလို့ ခေါ်နေတာ အမရေ.. :P
      ခင်မင်စွာဖြင့်
      ရာဇာထွေး
      Delete
  27. ဟုတ်တယ်လေ မမလွမ်းတို့ပဲ ၀ိုင်းပြောကြပြီတော့ ကလေးက အားငယ်တာပေါ့လို့ :(
    လေလွင့်သူရေဒီအပျိုကြီးကစိတ်ဆိုးတတ်ဘူးကွယ် ..အပျိုကြီးလို့ခေါ်တာစိတ်ဆိုးစရာမှဟုတ်တာလေနော့်
    မိုးသူရေ အမပိုစ့်ဖတ်ပြီညစ်တာပျောက်တယ်ဆိုလို့ဝမ်းသာမိပါတယ်။။
    အကိုညချစ်သူရေ အပြောခံနဲ့လေ အမြန်စွံအောင်လုပ် သူများတော့အားပေးတယ် :P
    ReplyDelete
  28. ဒို့ လည်း လူပိုကြီး...အဲ့မှားလို့  ..လူပျိုကြီးပြောတာ...ဒါပေမယ့် သတိ..ပိုင်ရှင်ရှိတယ်လူပျိုကြီးကွ..ဟွင်းဟွင်း
    ReplyDelete
  29. ခေါင်းစဉ်ကြည့်ပြီး..စိတ်ဝင်စားတာနဲ့ ..ဖတ်သွားလိုက်တယ်..
    ရေးထားတာတွေအားလုံးကို ..ထောက်ခံပါတယ်.......
    ReplyDelete
  30. ကိုဂေါ်လီ-ခလေးအဖေပါ
    လောကကြီးရဲ့  ဘဝဇတ်ခုံပေါ်မှာ ကမ္ဘာပေါ်ရှိသော ...သက်ရှိ သတ္တဝင်..
    လူပျိုကြီးအပျိုကြီး ဘာ့ ကြောင့် ဖြစ်ရတယ်ဆိုတာ မနုတသ ဂရိပုံပြင်စာအုပ် ဖတ်ထား၍
    မကြာခင် ကိုဂေါ်လီ ဘလောက်မှာ တင်ပြပေးပါ့ မယ်---ဒီအကြောင်းကို ကျနော့ရဲ့ အခြံခံ
    ကာလာကတ္တားမှာ နေသော ဆာဒူးဆရာ --အမ်နိုဂျေဟာမစ်ရေးလ်က--- VZO နဲ့ ချက်ပြီး
    ပြောထားတာပါ--- လမင်းဘလောက်မှတစ်ဆင့်  လာရောက်လေ့ လာနိုင်ပါတယ်...
    ReplyDelete