ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
Friday, May 4, 2012
ကဆုန်လပြည့်နှင့် Happy birthDay!!!!!
မင်္ဂလာပါရှင်.. ဒီနေ့ကလမင်းတို့ ဗုဒ္ဓဘာသာတွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်သလို လမင်းချစ်သူမွေးနေ့လည်းဖြစ်တာကြောင့် ကုသိုလ်ယူရင် မွေးနေ့ဆုတောင်းပိုစ့်လေးရေးဖြစ်ပါတယ်။။။ မနက်စောစောအိပ်ယာထပြီ ဆွမ်းကပ် မေတ္တာပွား ချစ်သူအတွက်ဆုတောင်းမြတ်ဗုဒ္ဓရဲ့ ကောင်းခြင်းများစွာအာရုံပြုရင် ဖြတ်သန်းခဲ့ပါတယ်။။။
ဆွမ်းကပ်ကုသိုလ်ယူထားတာပါ ကုသိုလ်အစုစုတို့ကို အမျှပေးပါတယ် ယူတော်မူကြပါ ..သာဓု သာဓု သာဓု ပါ။။
မနက်စောစောဆိုတော့မီးဖွင့်ရိုက်ထားတာ အလင်းနည်းနေတယ်..
လမင်းအိမ်ကဘုရာစင်ပါ အဝေးကရိုက်လိုက်တာ.. :)
ကုသိုလ်ယူအပြီမှာတော့ ............. ချစ်သူအတွက်မွေးနေ့ဆုတောင်းပေးပါမယ်။။။
 ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ ချစ်သူရေ....... ကဆုန်လပြည့်နေ့မှာမွေးပေးတဲ့ ချစ်သူ ဖေဖေ နဲ့မေမေကို အရင်ဆုံး ကန်တော့လိုက်နော်..
 နေ့ထူးနေ့မြတ်မှာမွေးတဲ့ချစ်သူဟာလည်း ကုသိုလ်ကောင်းမှုတွေများများလုပ်ပါ.. တိုင်းပြည်နဲ့လူမျိုး သာသနာ အကျိုးဆထက်တိုးပြီ သယ်ပိုးနိုင်ပြီ မိဘမွေးရာကျိုးနပ်တဲ့သားကောင်းတရာနာလေးဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။။။။
 ပျော်ရွှင်သောမွေးနေ့ကို စိတ်ချမ်းသာကိုယ်ကျန်းမာလိုရာပြည့်ပြီ ဘ၀မှာဆင်းရဲခြင်းကင်းဝေပြီ သောကဆိုတာမကြားရလေအောင် ဘ၀ကိုအောင်မြင်စွာလျှောက်လှမ်းနိုင်ပါစေ...
 ယောဆရာတော်ကြီးရဲ့မွေးနေ့သံဝေဂ ကဗျာလေး လက်ဆောင်ပေးလိုက်ပါတယ်။။
 တစ်နှစ်တခါ မွေးနေ့ပါ လူမှာခေါ်ရိုးရှိ
 တကယ်ပြောင်းတာရုပ်နာမ်ပါ
ခန္ဓာမမြဲသိ ရုပ်နာမ်ဓမ္မ မမြဲကြ ခဏခဏပြောင်းနေ၏
 သေမင်းမှတ်တိုင် နောက်တစ်တိုင်ရင်ဆိုင်ရောက်လာ၏။။
 မွေးနေ့ဆိုတာအိုပွဲပါ သေချာဥာဏ်နဲ့ကြည့်။
အသက်သိက္ခာ ကြီးစရာလူမှာနှစ်မျိုးရှိ
အသက်ကြီးရုံ အားမစုံ အကုန်ကြောက်ရ၏။။
အသိမကြွယ် အကျင့်ကွယ် အိုပယ်ဖြစ်သွား၏။။
 အကျင့်သိက္ခာ ကြီးမှာသာ မှန်စွာစိတ်အေး၏။။
 ကြီးလေလှလေ အေးမြပေ လူတွေချစ်ကြ၏။။
မွေးနေ့ကိတ်ပြီတော့ လမင်းကိုယ်တိုင်ချက်ထားတဲ့အစားများနဲ့ဘလော့မောင်နှမတွေကို ဧည့်ခံကျွေးမွေးပါမယ်။။:P
ကြာဇံကြော်ကြိုက်သူတွေအတွက်ပါ အ၀စားပါ အိမ်အတွက်ပါယူသွားပါ..:P
ထမင်းကြော် ကြိုက်တာစားပါ။။။
ပလာတာနဲ့အာလူးကြက်သားပါ ချက်နည်းတော့နောက်မှတင်ပေးတော့မယ်...:D
ထမင်းပဲစားချင်သူများအတွက် ပုစွန်ငါးပိချက်လေးပါ...:)
အချိုပွဲအနေနဲ့ StawBerry MilkShake. လေးသုံးဆောင်သွားကြပါအုံး တစ်ယောက်ထဲလုပ်တစ်ယောက်ထဲစားပြီ တစ်ယောက်ထဲ ၀ိတ်တက်တော့မယ်:D
ပျော်ရွှင်သောမွေးနေ့ကိုကောင်းမှုကုသိုလ်များနဲ့ဖြတ်သန်းနိုင်ပါစေ... ချစ်သူ...........
ကဆုန်လပြည့်အကြောင်းလေးပါ ဦးဇင်းဝီရဓမ္မ ဘလော့မှာကူးယူဖော်ပြလိုက်ပါတယ်။။။
 ကဆုန်လ။ ။ ကဆုန်ဟု ယခုအရေးအခေါ် ပြုနေသောလ၏ အမည်ကို ပုဂံခေတ်ထိုး ကျောက်စာတို့တွင် ကုဆုန်ဟု အရေးများသည်။ ပုဂံခေတ်၌ အသုံးတွင်ကျယ်သော ကုဆုန်၊ ကဆုန်ဟူသော အရေးနှစ်မျိုးတွင် ကုဆုန်သည်မူလဖြစ်၍ ယင်းမှ ကဆုန်သို့ ရွေ့လျောသည်ဟု ယူဆရပေသည်။ ကု၊ က၏အနက်သည် ရေဖြစ်၍၊ ဆုန်၏ အနက်မှာ သွန်းလောင်းသည်ဟု ဖြစ်သောကြောင့် ကဆုန်လကို ရေသွန်းလ၊ ရေလောင်းလဟုကောက်ယူရသည်။ ကုဆုန်၊ ကဆုန်ဟူသော လ၏အခေါ်မှာ အလွန်ရှေးကျ သည်ကိုထောက်သော် မြန်မာနိုင်ငံသို့ သာသနာရောက်သည့် အခါမှစ၍ ညောင်ရေသွန်းပွဲတော် ကျင်းပခြင်း အလေ့လည်းတစ်ပြိုင်တည်း ဖြစ်ပေါ်လာသည်ဟု ထင်မှတ်ရလေသည်။
တန်ခူး၊ ကဆုန်စသော ဆယ်နှစ်လတို့တွင် ကဆုန်၊ ဝါဆို၊ ဝါခေါင်၊ သီးတင်းကျွတ်၊တန်ဆောင်မုန်း၊ နတ်တော် ဟူ၍ ခြောက်မျိုးသော အခေါ်တို့မှာ သာသနာရေးကိုးကွယ် ယုံကြည်ရေးနှင့်သက်ဆိုင်လေသည်။ ဤကဆုန်လ ရာသီတွင် နေအရှိန်အပြင်းထန်ဆုံး ဖြစ်သောကြောင့် ရေများပင်ခန်းခြောက်လေ့ရှိရကား၊ မြတ်စွာဘုရား ပွင့်တော်မူရာ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းခြင်းများ ပြုခဲ့ကြသဖြင့် လပြည့်နေ့၌ ကျင်းပသောပွဲတော် အခါကြီးကို ကဆုန် ညောင်ရေသွန်းပွဲတော်ဟုလည်း ခေါ်စမှတ်ပြုခဲ့ကြသည်။ ထိုမျှမက ခန်းခြောက်သော အင်းအိုင် ၊ ရေကန်တို့မှ ငါးများကိုပင် ရေများရာဒေသသို့ ရွှေ့ပြောင်းပေးခြင်းအားဖြင့်လည်း ဇီဝိတဒါန ငါးလွှတ်ပွဲများကို ယခုထက်တိုင် ပြုလုပ်လျက်ရှိကြသည်။ ကဆုန်လသည် မြန်မာ့တစ်ဆယ့်နှစ်လတွင် ဒုတိယလဖြစ်၍ ပြိဿရာသီနှင့်တူညီသည်။ မိုးဦးကျခါနီး ဖြစ်သည့် အလျောက်မိုးသံလေသံများ စတင်ကြားရလေသည်။ ကဆုန်လပြည့်။ ။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓသာသနာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပေသည်။ ထိုနေ့၏ ထူးခြားချက်များကား
 ၁။ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတဗျာဓိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခြင်း။
၂။မဟာသက္ကရာဇ် (၆၈) ကဆုန်လပြည့်နေ့တွင် ဂေါတမြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခြင်း။
 ၃။ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမမြတ်စွာဘုရားအလောင်းတော် သည် သဗ္ဗညုတဥာဏ်တော်ကို ရရှိတော်မူခြင်း။
 ၄။မဟာသက္ကရာဇ် (၁၄၈)ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ဖြစ်သည်။ ထိုကဲ့သို့မြတ်စွာဘုရားရှင်၏ အဖြစ်တော်စဉ်တွင် ထူးခြားမှတ်သားထိုက်သော ဤကဆုန်လပြည့်နေ့အား ဘုရားနေ့(ဗုဒ္ဓနေ့) ဟု ဗုဒ္ဓသာသနာဝင် အပေါင်းတို့က အထွက်အမြတ် ထားကြလျက် မြတ်စွာဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရတော်မူရန် အားထုတ်ရာတွင် အမှီပြုတော်မူသော ဗောဓိပင် အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုကြကုန်သည်။
 ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့သော ဗောဓိပင်ကိုလန်းဆန်းစိုပြည်စေရန်အတွက် ဖြစ်ပေသည်။ ထိုအလေ့အထသည် ဗုဒ္ဓသာသနာဝင်တို့တွင် ပျောက်ကွယ်ခြင်းမရှိဘဲ ယခုထက်တိုင် နှစ်စဉ်အမြဲ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းလောင်းပွဲများပြုလုပ်လျက် ရှိကြလေသည်ဟု (ဗုဒ္ဓနေ့ အမှတ်တရ) အဖြစ် ဓမ္မဒါနပြုလိုက်ရပါသည်။
 ကိုးကား။ ။ မြန်မာ့စွယ်စုံကျမ်း။ စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများပြည့်ဝကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
16 comments:
  1. အဟီး ...
    ဘယ်သူမှမရောက် သေးဘူး... စောစောစီးစီးသူများအရင်ဒီတခါပဲ
    မန့် ဘူးတယ် :p... ဆရာလေးရေ ယခုလိုပြုရသောကုသိုလ်ဒါန
    အစုစုတို့ သာဓု ၃ ကြိမ်ခေါ်သွားပါတယ် ခင်ဗျာ... သာဓု၊ သာဓု
    သာဓု ပါဗျာ... လိုအင်ဆန္ဒမှန်သမျှ အမြန်ရ၍ သီလရှင်လည်း မြန်
    မြန်ဝတ်နိုင်ပါစေဗျား :P
    ခင်မင်စွာဖြင့်
    ရာဇာထွေး
    ReplyDelete
  2. မွေးနေ့ရှင်လဲပျော်ရွှင်ပါစေ .လမင်းလေးလဲပျော်ရွှင်ပါစေ.... :)
    ReplyDelete
  3. ဟ..ဒီလ တယ်များပါလား..
    ကဲ..လိုတာရစေ မွေးနေ့ရှင်ရေ..
    ငါလည်း လုပ်အုံးမှပဲ.. :D
    ReplyDelete
  4. မွေးနေ့ရှင်လည်း ကျန်းမာပျော်ရွှင်ပါစေ .... ချစ်သူနဲ့  လည်း အမြန်ဆုံး လက်ထပ်မင်္ဂ ပြုနိုင်ပါစေ ....ဗျာ...
    ReplyDelete
  5. မွေးနေ့ရှင်ပျော်ရွှင်ချမ်းမြေ့ပါစေ
    ReplyDelete
  6. မွေးနေ့မှာ ကျွေးတာတွေအားလုံးစားချင်တယ်..း) မမရဲ့ချစ်သူမွေးနေ့မှာ ပျော်ရွှင်မှုတွေနဲ့ပဲ ကြုံတွေ့ရပြီး အလွမ်းတွေနဲ့ အမြဲတမ်းကင်းဝေးပါစေ
    ReplyDelete
  7. မွေးနေ့ရှင်ပျော်ရွှင်ပါစေရှင်
    အစားတွေ တ၀ကြီးစားခဲ့ပါတယ်
    ReplyDelete
  8. မွေးနေ့ မှာပျော်ရွှင်ပါစေ ၀ချစ်သူရေ..၀ကလည်း ဂရုစိုက်လိုက်နော်
    ReplyDelete
  9. ကြာဇံကြော်ကော၊ ထမင်းကြော်ကောနှစ်ခုလုံးစားတယ်ခင်ဗျ ကြက်သားပလာတာလေးကအိမ်အတွက်ထုတ်သွားပါတယ်
    ပုဇွန်ငါးပိချက်လေးကစပ်တော့ စတော်ဘယ်ရီဖျော်ရည်နဲ့ရောသောက်သွားတယ်၊ မွေးနေ့ကိတ်တော့နောက်မှ လာစားတော့မယ် ဗိုက်မဆံ့တော့လို့အစ်မရေ။ ဆုတွေလည်းတောင်းပေးခဲ့ပါတယ်။ မွေးနေ့ရှင်ကော ကျွေးတဲ့သူကော လိုရာတောင်းဆုတွေပြည့်လို့ပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျ။
    ReplyDelete
  10. လမင်းတို့ ချစ်သူနှစ်ဦး စိတ်ချမ်းသာစွာနဲ့ အမြန်ဆုံဆည်းနိုင်ပါစေနာ်--
    ReplyDelete
  11. အစ်မလမင်း ချစ်ချစ်နဲ့ အစ်မလမင်းနဲ့ သာယာပျော်ရွှင်တဲ့ ဘဝခရီးကို လျှောက်လှမ်းနိုင်ကြပါစေ။ ဟင်းချက်ပို့စ်တွေ မျှော်နေတယ်။:)
    ReplyDelete
  12. သာဓု..သာဓု..သာဓု...ဤသို့ပြုရ ကုသလကြောင့် ကျန်းမာဆင်းအလှ ဥာဏ်ပညာပြည့်ပါစေဗျာ
    ReplyDelete
  13. မွေးနေ့ရှင်ရော မွေးနေ့ရှင် ချစ်သူရော မွေးနေ့လေးမှစ ပျော်ရွှင်နိုင်ပါစေ။
    လိုရာဆန္ဒပြည့်ဝပါစေ။
    ခင်မင်တဲ့
    မကြီးလွမ်း
    ReplyDelete
  14. မွေးနေ့ရှင်လေး ပျော်ရွှင်နိုင်ပါစေ။
    လိုရာဆန္ဒပြည့်ဝပါစေ။အစားသောက်လေးတွေအဝစားပြီးပလပ်စတစ်အိပ်လေးနဲ့ထုပ်သွားတယ်နော်..ကျေးဇူးဘဲ
    ReplyDelete
  15. နာတို့လမင်းက အချက်အပြုတ်အတော်ကောင်းတာပဲ
    စုံနေတာပဲ့သွားရည်တွေပဲလှိမ့်ထွက်လာတယ်
    အော့်ဒုက္ခ နီးသာနီးလို့ကတော့ပါးစပ်တပြင်ပြင်နဲ့
    စောစောစီးစီးအိမ်ပေါက်ဝရောက်နေလောက်ပြီ့:P
    ReplyDelete
  16. တိုက်တိုက်ဆိုင်ဆိုင်ပါပဲဗျာ.ကဆုန်လပြည့်နေ့မှာလဲ.ကျွန်တော့်ချစ်သူမွေးနေ့ပါပဲ..လူမိန်းကလေးတော့မဟုတ်ပါဘူး :( အချိန်တွေ၊ငွေတွေရင်းနှီးပြီး.ခက်ခက်ခဲခဲတည်ဆောက်ထားရတဲ့.ကျွန်တော့်ရဲ့ http://kyaukme.com ဘလော့လေးပါ။ သူ့ပဲချစ်စရာရှိတာကိုးနော့...:P ပလာတာနဲ့အားလူးကြက်သားကတော့..ဖေးဘရိတ်မို့.မြင်တာနဲ့တင်အပီဝါးတီးဖွင့်လိုက်ပါတယ်။ သွေးတိုးရှိလို့မတည့်ပေမယ့် ပုဇွန်မြင်ရင်လဲမနေနိုင်တာမို့..အဲဒီဟင်းကိုလဲ..ရင့်ပြေလေး..မြည်းသွားပါတယ်...
    ReplyDelete