ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
Wednesday, May 2, 2012
ဖြစ်တတ်တာလေးနဲ့ အတွေးအချို့ ....
အခုတလော အချိန်လေးပိုနေတာနဲ့ဘာလုပ်လို့ဘာကိုင်ရမလည်းမသိတာနဲ့ရေးချင်တာရေးမယ်နော်။ လမင်းရေးတာ  မှန်ချင်မှလည်းမှန်မယ်နော်။ဖြစ်တတ်တာကိုရေးမှာနော်။။ ခံစားချက်လာလို့ မမေးရဘူးနော်။  ဘာအကြောင်းဖြစ်မလည်း   သိချင်ကြရောပေါ့ ..  ဟီးးး 
( ချစ်စကပေါ့ကွယ် ) ချစ်စ၊ ခင်စ ၊ ကြင်နာစ ကတော့ပေါ့။။။ တစ်ယောက်ကိုတစ်ယောက် မတွေ့ရမနေနိုင် သူမှသူ ချစ်လိုက်တာနှုတ်ဖျားကမချ အရမ်းချစ်တယ် အသက်လောက်ချစ်တယ်။။ ကဗျာလေးတွေ သူအကြောင်းရေး အချိန်တိုင်း သူအတွက်ပေါ့။ စားလည်းသူကြောင်းတွေး အိပ်တာတောင် အိပ်မက်တွေထည့်မက်လို့ မျက်စိထဲကတောင်ထွက်ကို မထွက်ဘူး ဟိုသီချင်းလို့ပေါ့..  အချိန်တိုင်း  နေရာတိုင်း သူမှသူပေါ့ကွယ်။။ 
(ချစ်လယ်ရောက်ရော) သူကလွဲလို့ လူတိုင်းအတွက်အချိန်ပိုရှိနေတတ်တယ်။ ချစ်တယ်ဆိုတဲ့ စကား ဆွံအ ကုန်ကြတယ်။ ကဗျာမပြောနဲ့  စာလေးချန်ဖို့တောင်  အတော်လေးပြောယူရပြီပေါ့ ။သူအပြစ် ကိုယ့်အပြစ် မြင်လာကြတယ်။။ ရိုးသားမှုတွေ နည်းကုန်ပြီ ဟန်ဆောင်မှုတွေ  များလာတတ်ကြပြီ စိတ်ကုန်ငြီးငွေ့ လာကြတာလား မှန်းရခက်တယ်နော်။ တွေ့ကြလို့ စကားပြောရင်လည်း စိတ်မပါသလိုနဲ့ စကားတွေလည်း ရှားကုန်ကြပြီ.. ကြင်နာမှုဆို ဟိုးးးးးး  အဝေးမှာပေါ့။။ ဒီလိုနဲ့ ဟိုအရင် အချိန်လေးတွေ ပြန်တမ်းတရင် ချစ်သူသက်တမ်း  ဆက်ခဲ့ကြပုံပေါ့... 
(ချစ်ဆုံးရောက်တော့) ဒီလိုနဲ့  ဟိုးးးးးးးးးးးးးးး  အဝေးကြီး ဝေး ဝေးကြလို့ပေါ့... အခုဆို သူအိမ်ထောင်များ ကျသွားပြီလား ကလေးတွေရော ရနေလောက်ပြီလား။။။ သူပျော်နေလောက်ပြီပေါ့လို့  တွေးနေရပြီပေါ့.. နှစ်ယောက်တစ်ဘ၀  တည်ထောင်ကြသူလည်း   ရှိကောင်းရှိနိုင်ကြမှာပေါ့နော်.. အဲသလိုနဲ့  အချစ်ဆိုတာ ဘယ်နားရောက်ကုန်လည်း  မသိလောက်အောင်.. စီးပွားရေးလောကထဲ ခြေစုံချ၍ လူမှုရေး သားရေးသမီးရေး အရေးပေါင်းများစွာ အချစ်တွေပျောက်ရှ ကုန်ပါလေရော.... သက်ဆုံးတိုင်  ချစ်သွားကြတာလည်း ရှိကောင်းရှိပါတယ် ရှားတယ်။။
 (လက်ရှိအချိန်ပေါ့) ဒီစာကို ချစ်သူလာဖတ်မယ် ပြီတော့ သူပြောမယ်.. လုပ်ချလိုက်ပြန်ပြီကွာ.. ဘယ်အချိန်ထဲက ရေးချင်နေလည်းမသိပါဘူး။။ လူလည်းရစရာကို မရှိတော့ဘူး။  ရေးပါ ရေးပါ...  ရေးချင်သလိုရေးပါ။။ ငါ့ချစ်သူလည်းနော် ..အားနေဒီစာတွေရေးဖို့လောက်ပဲ စိတ်ထဲရှိနေတာပဲ။ နားလည်ပေးပါ ချစ်သူရယ်။။ ဘောပွဲရာသီဖြစ်နေလို့ပါ။။ အဲတော့ ပြန်ပြောမယ်။။ ကောင်းပါပြီ ဒါဆို ဘောပွဲရာသီပြီးမှ  ပဲတွေ့ကြတာပေါ့ဆိုပြီး လိုင်းအောက်သွားမယ်။။ ဖုန်းဆက်ချော့မယ်  ပြီးတော့ မီးလေးကအလိုလို  စိမ်းလာမယ်။။ ဒီလိုနဲ့ ပေါ့နော်............ဟီးးးး 
အဲလိုနဲ့ လူဘ၀ လူလောကကို စိတ်ကုန်လာတော့ မယ်သီလရှင်ဝတ်မလာလို့ စိတ်ကူးယုံပဲ စိတ်သေးတယ်။။။ အလှူရှင်က အစဉ်သင့်ဖြစ်နေပြန်ရော.. ကိုရာဇာထွေးနဲ့ မမလွမ်းကလည်း အားလုံးတာဝန်ယူမယ်ဆိုတော့ မ၀တ်ပြန်တော့လည်း မိုက်ရာရောက်မယ်။။ ၀တ်ပြန်တော့လည်း ချစ်သူ သနားပါတယ်။။ တစ်ယောက်ထဲ ကျန်ခဲ့တော့မှာပေါ့ :P ခက်ပါတယ်။။ ဦးဇင်းဝိမလ၀ံသ ကလည်း တွေ့တာနဲ့ ဘယ်တော့  မယ်သီလရှင်ဝတ်မလည်းပဲ  မေးနေတော့ ဖြေရခက်ပြီပေါ့ မယ်သီလရှင်က မ၀တ်ရသေးဘူး ဘွဲ့နာမည်တောင်  ပေးပြီကုန်ပြီ။။ ဘာတဲ့လည်း နာမည်က ဟီး ဆရာလေးသုဓ္စမစန္ဒာတဲ့ ကဲကောင်းကြသေးရဲ့လားး။။ အဲလိုနဲ( Gtalk )မှာ ဆရာလေးတစ်ပါးနဲ့  တွေ့တယ်။။ သမီးငယ် မယ်သီလရှင်တော့ မ၀တ်နဲ့တဲ့ အလှူခံရတာခက်တယ်တဲ့ ဆရာလေး  ပြောလည်းပြောချင်စရာပဲကို။။ အားလုံးက ဆရာတော်ကြီးတွေ နာမည်ရဦးဇင်းတွေကိုသာ လှူတတ်ကြတာဆိုတော့ရာ။။ ဒါပေမယ့်လည်းလေ လမင်းဝတ်ရင်တော့ မပူရလောက်ပါဘူး။။ ဒကာ ဒကာမတွေက အဆင်သင့် ဆိုတော့ကာ စဉ်းစားပါအုံးမယ်လို့ ဟီး :D ဘာရယ်မဟုတ်ပါဘူးရှင် ပျင်းပျင်းနဲ့  ရေးလိုက်မိတာပါ။  အခုတလော စိတ်ရှုပ်နေတာနဲ့ စိတ်ထွက်ပေါက်အနေနဲ့  ရေးမိတာပါ။။ သြော် အပျိုကြီးဖြစ်ရတဲ့ ဘ၀များနော်။။။ ဟိုလူက ဟိုလိုပြော ဒီလူကဟိုပြောနဲ့ ခက်ပါတယ်လေ.. မယ်သီလရှင်များ ၀တ်လိုက်လို့ ကတော့လေ... :P အပျိုကြီးတွေနဲ့  ပတ်သက်လို့  ပိုစ့်တစ်ခုရေးပါအုံးမယ်။။:) မျှော်...................
16 comments:
  1. သီလရှင်ဝတ်မယ်ဆို သင်္ကန်းစပွန်ဆာပါမည်း))))))
    တကယ်သေချာလားးးးးးးးးးးးးးးးးးးးးးး
    အမဒိုးကန်
    ReplyDelete
  2. အပျိုကြီးလုပ်မယ့်တူတူ
    ဆရာလေးဘ၀က ပိုကောင်းမယ်ထင်ပါတယ်
    ဟီး
    ReplyDelete
  3. အယ့်မကြီးလမင့်းနေပါအုံးကျွန်တော့်လဲ စောင့်ပါအုံး
    ကျွန်တော်လဲ ကုသိုလ်လိုချင်လို့ပါ ဘလိပ်ဓါးလှူချင်လို့
    ပိုက်ပိုက်ဆုနေတယ့်ဂတုံးတုန်းပီးရင် ဂျဘင်ဒွေ
    ပြန်စွှန့်ပေးနော့့်ဂျဘင်ဒွေဈေးကောင်းဒယ် :P :P
    ReplyDelete
  4. အဟမ်း....အဟမ်း....ပိုစ့်လေးဖတ်ရတာ မျက်စိမရှင်းလို့ စာပိုဒ် ဝင်ခွဲပေးထားတယ် ညီမလေး။
    ကဲ... စမယ်...ခုတစ်ဖန် အလှည့်ကျလာသူကတော့ မလွမ်းဖြစ်ပါတယ်။
    (((( ၀တ်ပြန်တော့လည်း ချစ်သူ သနားပါတယ်။။ တစ်ယောက်ထဲ ကျန်ခဲ့တော့မှာပေါ့ :P)))) ဒီစားလေးက အဆန်းများဖြစ်နေမလားလို့ပါ။ အဟဲ... ကိုယ်က သီလရှင်ဝတ်တာနဲ့ သူတစ်ယောက်တည်းကျန်တာ ဘာဆိုင်လို့လည်းနော်.. မကြီးလွမ်းကတော့ သူတစ်ယောက်တည်း ကျန်ခဲ့မယ်ဆိုတာ မယုံပေါင်။ တကယ်တစ်ယောက်တည်း ကျန်ခဲ့မှာက ((ကိုယ်)) ပါ။ သူမဟုတ်ပါဘူး။ သူက နေ့စဉ်လူတွေကြား ကျင်လည်ရင်း အချစ်ဆိုတဲ့အရာကို ခလုတ်တိုက်မိဦးမယ်.. မြှားနတ်မောင်ရဲ့ ပစ်မှတ်မှန်တယ်ဆို သူနှလုံးသား နိုးထရဦးမယ်လေ။ ကိုယ်ကတော့ သီလရှင်ဝတ်စုံလေးနဲ့ ဆွမ်းခံရင်း ခံစားလို့မရပြန်ဘူးလေ။
    ညီမလေးရေ...ထူးအိမ်သင် သီချင်းလေးဆိုခဲ့မယ်။။။ချစ်တိုင်းလည်းမညား စကားကိုသာ တီးတိုးရေရွတ်ရင်း..ကိုယ်နှလုံးသားရဲ့အိမ်မှာ အချစ်များစွာ...
    ချစ်တဲ့
    မကြီးလွမ်း
    ReplyDelete
  5. အလည်ရောက်ခဲ့ပါတယ်ဗျာ..
    ချစ်သူတိုင်း ညားကြပါစေလို့ ဆုတောင်းပေးရမှာပေါ့.. :)
    ReplyDelete
  6. This comment has been removed by the author.
    ReplyDelete
  7. ခန္ဓာချစ်နေသမျှ သံသရာမှာနစ်နေအုံးမယ်
    ခန္ဓာမုန်းမှ သံသရာဆုံးမှာ လမင်းလေးရေ။
    သီလရှင်က သာမာန်လူတွေထက်မြတ်တာမို့ အားပေးပါတယ် :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  8. Z@! တစ်ယောက်ပဲအားပေးဖော်ရတယ်..မဲများရပေါ့လေ
    သံယောဇဉ်မကုန်သေးတော့လည်း သနားမိတာပါ မမလွမ်းရေ
    သူရောကိုယ်ရော သူ့ဘ၀နဲ့သူသွားကြရမယ်ဆိုတာနားလည်ပါတယ်။။။
    ဆရာလေးကပိုကောင်းတာတော့သိပါတယ် မမဂျက်ရေတော်ကြာကတုံးကြီးနဲ့ ဟီး
    မမဒိုးကန်ဂယ်ပြောတာလား ဖြိုးဇာနည်းတို့ကတော့စီးပွားရေမျက်စိရှိတယ်ဟေ့..
    သြော် ဘ၀ ဘ၀ သံဝေဂသံ :)
    ReplyDelete
  9. အင်း.. လုပ်တိုင်းကို ဖြစ်နေတော့တာပဲ.. :D
    ReplyDelete
  10. အစ်မရေမယ်သီလရှင်ဝတ်ရင်လည်းလူပျက်တွေပျက်ပျက်နေလိုမျိုးတော့မရွတ်မစေနဲ့နော်
    " နမ်းမလားရှင်း " ဆိုပြီတော့လေ၊ ဟဲဟဲ၊ စတာနော်
    ReplyDelete
  11. ဆရာလေး ရေ...
    အားပေးတဲ့ သူတွေ ကတော့တော်တော် များနေပြီနော် လုပ်လိုက်တော့၊ လုပ်လိုက်တော့
    နောက်ကျတယ် ဆိုတာ သေတာတခုပဲကောင်းတယ်... ဟိုချစ်သူအတွက်လည်း ပူမနေ
    နဲ့ ကိုယ့်အတွက်သာကိုယ်ပူ...
    နောင်သံသရာ အရေး စိတ်အေးစေဖို့
    သာသနာ့ဘောင်သို့ လျှောက်ခါလှမ်း
    လမင်းငယ် ရဲ့ ဘ၀ဇာတ်လမ်း...( ပြောလိုက်တော့မယ်နော် :P )
    အပျိုကြီး ဘ၀ စိတ်ဒုက္ခ
    အလွန်ခက် သဗျာ့ ... ( ရတာမလို၊ လိုတာမရပြောပါတယ်:P )
    အသက်ကြီးမှ အမြီးပေါက်တာ
    အလွန်ရှက်တယ် ဗျာ... ( အရွယ်လွန်မှ လာပြီးတွေ့ရလားလို့ )
    ချစ်သူကလည်း ကောင်ငယ်လေး
    အပျိုကြီး ရွှေရင် လေး... ( ဒါတော့ ပူရတယ်တော်ရေ့ )
    ပူလောင်လှ တဲ့ အချစ်ဝေဒနာ
    တကယ် စိတ်ပျက်လာ.... ( ညစ်လာပြီ )
    သူငယ်ချင်းတွေ အကြံဥာဏ်ပေး
    မယ်သီလရှင် ၀တ်ဖို့ ရေး... ( အဲလိုအားပေးကြတာနော် )
    ဂတုန်းပြောင်မှာ စိတ်မညစ်ပါ
    အရာအားလုံး စွန့်လိုက်မှာ... ( ပြောင်ချင်သလောက်ပြောင်ပါစေ )
    ချစ်စံအိမ်လေး ဘ၀ပြောင်း
    မယ်သီလရှင် လောင်း... ( စိတ်နှလုံးကို ဒုန်းဒုန်းချကာရယ် )
    အလန်းတွေ နဲ့ သီလရှင်
    သုဓမ္မစန္ဒာ အမည်တွင် ( ဘွဲ့ကလန်းတယ်နော်..ဆရာလေးကလည်း ဖလန်းဖလန်း ပဲ )
    စိတ်ပုတီးနဲ့ ကျိတ်ပြီး ဆွေး
    အဲဒါ ဒို့ ဆရာလေး..... ( ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ချစ်သူကိုလည်းလွမ်း၏ )
    ချစ်သူ့ ရနံသာရနေတာ
    အာရုံပြုလို့ တမျိုးပြောင်း
    အဲဒါခပ် ကောင်းကောင်း..
    ထိရင် ထိတယ် ထိတယ် ထိမှတ်... ( အံမယ်သူလာထိနေပါလား )
    မြင်ရင် မြင်တယ် မြင်တယ် မြင်မှတ်.. ( အံမယ်ချစ်သူက ပိုချောလာပါလား )
    ထိတာ မြင်တာ ချစ်သူပါ...
    အခုတော့ ခက်ပြီ ဗျာ... ( အဟီး ၁ ပတ်ပြည့် ရင်လူထွက်မယ် )
    အဟီး စိတ်ကူးပေါက်တာလေးများရေးထားတာပါ.. စိတ်မဆိုးရဘူးနော် ဆရာလေး...။
    ခင်မင်စွာဖြင့်
    ရာဇာထွေး
    ReplyDelete
  12. လမင်းရေ.... ရာဇာကတော့ ကဗျာကောင်းလေး ရေးခဲ့တယ်။ အဟားးးးးး
    မကြီးအကြိုက်ဆုံးက....((((ချစ်သူကလည်း ကောင်ငယ်လေး
    အပျိုကြီး ရွှေရင် လေး... ( ဒါတော့ ပူရတယ်တော်ရေ့ )
    ချစ်တဲ့
    မကြီးလွမ်း
    ReplyDelete
  13. ဟာ ကိုရာဇာနဲ့ မမလွမ်းတို့ဖွတယ်ဟေ့
    ချစ်သူကလိမ္မာပါတယ်နော် သူအတွက် မပူရပါဘူး..
    ကိုယ့်အကြောင်းနဲ့ကိုယ်မို့ပူနေတာပါရှင်..
    တော်ပြီနောက်ကိုသတိနဲ့နေရတော့မယ် အမျိုးအရင်းတွေကသစ္စာဖောက်တယ်တဲ့
    လေးဖြူပြောတာပါ :P
    ReplyDelete
  14. ၀ရေ ဂယ်ဝတ်မှာလားဟင် သူလေးလည်းဝတ်တယ်တဲ့..ခိခိ
    ReplyDelete
  15. အမလေး အရပ်ကတို့ရေ....
    ကြားလို့မှ ကောင်းကြသေးရဲ့လားခင်ဗျာ...
    ဘွားသီလရှင်က အမျိုးတွေကိုမတရားစွပ်စွဲနေပါတယ်ခင်ဗျာ...
    အမျိုးတွေသစ္စာဖောက်လို့ တဲ့ .. အနော်ဘာမှ မကြောဝူးနော် :P
    ခင်မင်စွာဖြင့်
    ရာဇာထွေး
    ReplyDelete
  16. ဟိုက် ! တကယ်ဝတ်မှာလား တကယ်ဝတ်ရင် ဆရာလေးကို ခေါင်းဖီး လှူမယ် သိလား :D
    ReplyDelete