ပရဟိတဆိုသည်မှာ ကိုယ်ကျိုးမငဲ့အများအကျိုးအတွက်ဆောင်ရွက်နိုင်ရန်ဖြစ်သည်။ ထိုသို့ပရဟိတ ဆိုသော အရာကို ငွေကြေး၊ ဥစ္စာ၊ ဂုဏ်ဓန၊ ပကာသနတွေရှိမှလုပ်၍ ရသောအရာမဟုတ်ပေ။ လူတစ်ယောက် တွင်ပရဟိတ ဆိုသောစိတ်ဓာတ်ရှိရန်အထူး လိုအပ်ပါသည်။ ပရဟိတဆိုသောစိတ်ဓာတ်သည် အများအားဖြင့် လူသားတိုင်း တွင်ရှိကြပါသည်။
တစ်ချို့သည် ငွေဥစ္စာမရှိ၍ဟုဆိုကာ ပရဟိတဆိုသော အလုပ်နှင့် စိတ်ဓာတ် ကိုမေ့လျော့နေတတ်ကြသည်။ တစ်ချို့ကြပြန်တော့လည်း ငွေ၊ ဥစ္စာ ကြွယ်ဝလွန်းကာ အပျော်တွေနဲ့လုံးပန်း ဂုဏ်၊ ပကာသနတွေကြားမှာ ထိုပရဟိတ စိတ်ဓာတ် ပရဟိတအလုပ် ကိုမေ့လျော့နေတတ်ပြန်သည်။ ပရဟိတဆိုသော အလုပ်ကို တစ်ဦးတစ်ယောက်ထဲကမှသာ လုပ်နိုင်မည်မဟုတ်ပါ။ လူသားတိုင်း အားလုံးစုပေါင်းကာ ပရဟိတ ထြိုဖူစင်သောအလုပ်ကို လုပ်နိုင်ရန်လိုအပ်ပါသည်။
လူတစ်ဦးတစ်ယောက် မိမိကြောင့်ပြုံးပျော် နိုင်ရင်မိမိစိတ်သည် အလိုလိုပြုံးပျော်နိုင်သည်မှာ မိမိကိုယ်တိုင်ပင် အသိဆုံးဖြစ်ပါလိမ့်မည်။ မိမိပြုလုပ်ခဲ့သော အလုပ်သည် မည်သူအတွက်လဲ၊ ကိုယ့်အတွက်လား၊ ကိုယ့်မိသားစုအတွက်လား၊ အများသူငါ အတွက်လား စဉ်းစားပါ။ မိမိအတွက် ကိုယ့်မိသားစုအတွက် ဆိုရင်တော့လောဘနှင့် ပြုလုပ်သော အတ္တဟိတစိတ်ဓာတ် ဖြစ်သည်။ ကိုယ်ပြုလုပ်ခဲ့သော ထိုအလုပ်သည် ကိုယ်ကျိုးအတွက်မဟုတ် အများအတွက်ဖြစ်ခဲ့မယ် ဆိုရင်တော့ ဖြူစင်မှုနဲ့ပီတိဖုံးသော ပရဟိတစိတ်ပင်ဖြစ်သည်။
ကျွန်တော်တို့လူငယ်တွေသည် အများအားဖြင့် လူငယ်ဆိုသော အရွယ်တွင် လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ အပျော်အပါးတွေကြားမှာ မအားလပ်နိုင်အောင်ပင် ရှုပ်ထွေးလျှက် ရှိနေတတ်သည်။ လူငယ်များသည် ဖျတ်လတ် တတ်ကြွသော ခွန်အားတွေရှိကြသည်။ ထိုသို့သော ဖျတ်လတ်တတ်ကြွသော စိတ်ဓာတ်ခွန်အားတို့ကို အများအတွက် အကျိုးရှိသောအလုပ်ကို မိမိတတ်နိုင်သမျှ မိမိပတ်ဝန်းကျင် အသိုင်းဝိုင်းအတွက် တစ်ထောင့်တစ်နေရာကနေ လုပ်ကိုင်ပေးနိုင်ခြင်းသည် မိမိအတွက် အများအတွက် အလွန်ပင် ကျေနပ်ဖွယ်ကောင်းသာ အကျိုးကျေးဇူး ရလဒ်ဖြစ်သည်။
လူငယ်တိုင်းတွင် ညှာတာစိတ်၊ စာနာစိတ်၊ ကူညီတတ်သောစိတ်များ ရှိရန်အလွန်လိုအပ်သည်။ စာရေးဆရာမ ဆရာမသန်းမြင့်အောင်က ကိုယ်ချင်းစာစိတ်ဆိုတဲ့ လူသားချင်းစာနာမှုနဲ့ လူတစ်ယောက်ဖြစ်လာရင် လူတစ်ယောက်မှာရှိသင့် ရှိထိုက်တဲ့ လိုအပ်ချက်နဲ့ အခွင့်အရေးတွေ ကိုပြည့်စုံသင့်တယ်ဆိုတဲ့ ခံယူချက်နဲ့ လူသားတိုင်းကိုကူညီပါတယ် ဆိုတဲ့စကားဆိုခဲ့ပါသည်။
ကျွန်တော်တို့ လူတစ်ယောက်ဖြစ်လာရင် လူတစ်ယောက်မှ တစ်ဦးနှင့်တစ်ဦး လူသားအားလုံးတိုင်းမှာ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေရှိပါတယ်။ လူသားတိုင်းရရှိသင့်သော လိုအပ်ချက်နဲ့ အခွင့်အရေးတွေကို ပေးနိုင်ခြင်းသည် ပရဟိတဆိုသော စိတ်ဓာတ်နှင့် အလုပ်ပင်ဖြစ်သည်။ ကျွန်တော်တို့ လူငယ်တိုင်းတွင် ပရဟိတ လူသာချင်းစာနာသောစိတ်ဓာတ်ရှိရန်အထူးလိုအပ်ပါသည်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးသောသူများ ထိုဆင်းရဲနွမ်းပါးသော ပတ်ဝန်ကျင်အသိုင်းအ၀ိုင်းမှ ဆင်းသက်ပေါက်ဖွား လာသော ကလေးသူငယ်များသည် အများအားဖြင့် သူတို့အရွယ်နှင့် သူတို့ရရှိသင့်သော အခွင့်အရေးများဆုံးရှုံး နေတတ်ကြသည်မှာ လူတိုင်း သိသောအချက်ပင်ဖြစ်သည်။ ကလေးသူငယ်များ ရသင့်ရထိုက်သော အခွင့်အရေး များကိုပေးစွမ်းနိုင်ရန် ကျန်ုပ်တို့ လူငယ်များသာမက အများက ၀ိုင်းဝန်းကာစုပေါင်း ကူညီခြင်းဖြင့် ကလေးငယ်များကို ဖြည့်ဆည်းပေးသင့်ပါသည်။ ထိုသို့သော လိုအပ်ချက်များ ရရှိသင့်သော လူ့အခွင့်အရေးများကို လူသား တိုင်းရရှိနိုင်ရန်အရေးမှာ ကျွန်ုပ်တို့ လူသားတိုင်းတွင် တာဝန်ရှိပါသည်။ တစ်ဆက်တည်းမှာ ကျမတို့ ကညင်ကုန်းရွာ မီးရရှိရေးအတွက် ကောက်ခံရရှိသော မီးစက်အလှူရှင်စာရင်းများကို ဖော်ပြပေးလိုက်ပါတယ်။
အောက်တွင် အလှူရှင်စာရင်းများကို ဖော်ပြပေးလိုက်ပါတယ်။ တစ်ဆက်တည်းမှာ အလှူရှင်သစ်များကိုလည်း ဆက်လက်ဖိတ်ခေါ်ပါတယ် .... ရှင် ....။
စဉ် | အမည် | နေရပ် | လှူဒါန်းငွေ |
၁ | အရှင်ဝိမလ၀ံသ ( ၀ိရဓမ္မ ) | နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ | ၂၀၀၀၀၀ိ/ ( ကျပ် ) |
၂ | အရှင်သုဇာတ | နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ | ၁၀၀၀၀၀ိ/ ( ကျပ် ) |
၃ |
ဒေါက်တာ အရှင်သုဇယဥာဏ
| ၅၀၀၀၀ိ/ ( ကျပ် ) | |
၎ | အရှင်ကောဝိဒ ( စစ်ကိုင်းတောင်ရိုးဆွမ်းလောင်း) | မြန်မာပြည် | ၁၀၀၀၀၀ိ/ (ကျပ်) |
၅ | ရာဇာထွေး ( blog မှတ်စု ) | မလေးရှား | ၃၀၀၀၀၀ိ/ ( ကျပ် ) |
၆ | မလွမ်း ( အလွမ်းမြို့) | မြန်မာပြည် | ၂၀၀၀၀၀ိ/ ( ကျပ် ) |
၇ | လမင်း ( ချစ်စံအိမ် ) | မြန်မာပြည် | ၂၀၀ (us ဒေါ်လာ) |
၈ | မ ခိုင်စုလှိုင် | ရန်ကုန် | ၁၀၀၀၀၀ိ/ ( ကျပ် ) |
၉ | မ နန်းထွေးစန္ဒာ | စင်္ကာပူ | ၁၀၀၀၀၀ိ/ ( ကျပ် ) |
၁၀ | မောင် နေလင်းစိုး | မလေးရှား ( ကလန်း ) | ၂၀၀ (မလေးရှားရင်းဂစ်) |
၁၁ | မောင်ဇာလင်းဟန်+မမျိုးမျိုး | မလေးရှား ( ကွာလာလမ်ပူ ) | ၃၀၀ (မလေးရှားရင်းဂစ်) |
၁၂ | မောင် မင်းမင်း | စင်္ကာပူ | ၅၀ (စင်္ကာပူဒေါ်လာ) |
၁၃ | စောလင်းဦးခိုင် | စကာၤပူ | ၃၀ (စကာၤပူ ေဒၚလာ) |
၁၄ | ခင္သူဇာစိုး | စကာၤပူ | ၃၀ (စကာၤပူ ဒေါ်လာ) |
၁၅ | မို့မို့မြင့်အောင် | စကာၤပူ | ၃၀ (စကာၤပူ ဒေါ်လာ) |
၁၆ | ထက်လက်ဝင်း | စကာၤပူ | ၁၀ (စကာၤပူ ဒေါ်လာ) |
၁၇ | ခွန်အောင်သူရစိုး | စကာၤပူ | ၁၀ (စကာၤပူ ဒေါ်လာ) |
၁၈ | ကိုဂျွန်သိန်းမြင့်ဒင် | ( ဒိန်းမတ် ) | ၂၀၀ (ဒိန်းမတ်ခရိုနာ) |
၁၉ | စောဘာတိုးဂေ | (ဒိန်းမတ်) | ၅၀၀၀၀ိ/ (ကျပ်) |
၂၀ | တူးတူးမာ | (မြန်မာပြည်-မုံရွာ) | ၃၀၀၀၀ိ/(ကျပ်) |
၂၁ | လွင်ပြင်+Jasmine-စံပယ်ချို | မလေးရှား | ၁၀၀(မလေးရှားရင်းဂစ်) |
၂၂ | ( မိခင်ကြီးဒေါ်သန်းသန်း၊ (သမီး)
ရဟန်းမယ်တော် ဒေါ်မော်လီစိုး
နှင့်(သားများ) မိုးမိုးဇော်စိုး၊
ကျော်ကျော်စိုး၊သော်သော်စိုး၊
(ညီမ) ဒေါ်သန်းသန်းနု
(မောင်)ဦးလှအောင် မိသားစု)
| အင်္ဂလန် | ၅၀၀၀၀၀ိ/ ( ကျပ် ) |
၂၃ | ( မခိုင်နှင်းအေး) | မြန်မာပြည်-ရန်ကုန် | ၂၀၀၀၀ိ/ ( ကျပ် ) |
၂၂ |
အလှူတွင်ပါဝင်လှူဒါန်းလိုလျှင် အောက်တွင်ပါရှိသော တာဝန်ခံများထံ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ရှင်။
အလှူအတွက် ဆက်သွယ်လှူဒါန်းနိုင်ရန် ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
ဆက်သွယ်ရန် ဖုန်း = +918083881812
ဆက်သွယ်ရန် အီးမေးလ် = ashinwimalawuntha@gmail.com
. |
အလွမ်းမြို့လေး
ဆက်သွယ်ရန် အီးမေးလ် = alwanmyolay@gmail.com
. |
မလေးရှား တာဝန်ခံ
ရာဇာထွေး ( မလေးရှား )
ဆက်သွယ်ရန် ဖုန်း = 016 6787843
ဆက်သွယ်ရန် အီးမေးလ် = yarzar.htwe5@gmail.com
. |
စကာၤပူ တာဝန္ခံ
နန်းထွေးစန္ဒာ (စကာင်္ပူ)
ဆက်သွယ်ရန် ဖုန်း = +6593812015
ဆက်သွယ်ရန်မေလ်း = rainblue2010@gmail.com
ဘဏ်အကောင့်ထဲလွှဲချင်သူများအတွက်
Bank Account- OCBC-Bank( Account No. 581-308-608-001)
. |
ဇော်ဇော် (စကာင်္ပူ)
ဆက်သွယ်ရန် ဖုန်း = +6581422464
. |
မြန်မာပြည် တာဝန်ခံ
အရှင်သီရိန္ဒ (ရန်ကုန်- တာမွေ)
ဆက်သွယ်ရန်မေလ်း = thirinda000387@gmail.com
. |
မကြင်စန်း (ရန်ကုန်- သင်္ဃန်းကျွန်း)
ဆက်သွယ်ရန် ဖုန်း = 09 73036380
. |
တူးတူးမာ (မုံရွာ )
ဆက်သွယ်ရန် (ရုံးဖုန်း) = 71-23629
|
မချစ်စံအိမ်က အလှူအတန်း တော်တော်ရက်ရောတာပဲနော်...
ReplyDelete