ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Thursday, April 5, 2012

သင်္ကြန်နှင့်ပတ်သက်၍..

သင်္ကြန်ဆိုတာ မြန်မာလူမျိုးတွေအတွက်တော့ ပျော်ရွင်စရာပွဲလို့ သက်မှတ်ကြတာများပါတယ်။
တကယ်တော့  သင်္ကြန်ဟာ မြန်မာနှစ်သစ်ပါ။ နှစ်သစ်ရောက်ပြီဆှိုနှစ်ဟောင်းမှာ ဘာတွေလုပ်ခဲ့လဲ
အကျိုးရှိတာတွေ ဘာများလုပ်ခဲ့ ပြီြး့ပီလည်း  နှစ်သစ်ရောက်တိုင်း ငါအတွက် အများအတွက် ဘာတွေ
လုပ်ခဲ့ပြီးလဲ လို့ တွေးမဲ့သူရှားမယ်ထင်တယ်။ အများအားဖြင့် သင်္ကြန်ရောက်ရင် ပျော်ကြမယ်၊
ကဲကြမယ်ပေါ့၊ သင်္ကြန်မရောက်ခင်ထဲက ပိုက်ဆံစုတဲ့သူကစု အလှနဲ့ပက်သက်လို့ ဆံပင်လုပ်သူတွေ
ကလည်း အကြိတ်အနယ်ပေါ့ မူးကြမယ်၊ ရမ်းကြမယ်၊ခေတ်မှီအောင် မလုံမခြုံ ၀တ်ကြမယ်။
ရန်ဖြစ်ကြမယ်၊ အော်ဟစ်သောင်းကျန်းကြမယ်၊ ဒါတွေဟာ လမင်းတို့ မြန်မာနှစ်သစ် သင်္ကြန်ကိုအကြေးတန်
စေခဲ့ပါတယ်။ ဖြစ်သင့်တာကနှစ်သစ်မှာ ကောင်းမူ ကုသိုလ်အလုပ်လေး ကိုယ်ကျိုး အများအကျိုးရှိစေမဲ့
အရာတွေကို လုပ်နိုင်ကြရင် ဘယ်လောက်ကောင်းမလဲလို့ တွေးမိပါတယ် ။ကားဌားဖို့ကုန်မဲ့ ပိုက်ဆံ
ဆံပင်ပြင်လို့ ကုန်မဲ့ ပိုက်ဆံတွေကို အသုံးဝင်မဲ့ နေရာမှာအသုံးချလိုက်ရင် ကိုယ်ရောတစ်ဘက်မှာပါအကျိုးများစေမှာပါ။။
 လျှောက်လည်ကြတယ်၊ မူးကြ ရမ်းကားကြ ရန်ဖြစ်ကြ နဲ့ နောက်ဆုံး ဘာဖြစ်လဲ
ပိုက်ဆံကုန် လူပင်ပန်း ဘာအတွက်မှာ အကျိုးမရှိအသက်ပါဆုံးရှုံးကြတာလဲရှိပါသေးတယ် ဒါဟာမဖြစ်သင့်ဆုံးနဲ့စိတ်မကောင်းစရာအဖြစ်ဆုံးပါပဲ။။
 တကယ်တော့နှစ်သစ် သင်္ကြန်ဆိုတာ နှစ်ဟောင်းကအညစ်အကြေးတွေကို
ဆေးကြောပြီ ကောင်းမူ ကုသိုလ်တွေ လုပ်နိုင်ရင် အကောင်းဆုံးပေါ့   ဒါကို လူငယ်အများစု မေ့နေကြပါတယ်။
သင်္ကြန်ရောက်ရင် လျှောက်လည်ကြမယ် ပျော်ကြမယ်လောက်ပဲ ခေါင်းထဲရှိနေကြတာလည်း စိတ်မကောင်း
စရာအဖြစ်ကြီးပါ တကယ်ဆို ငါတို့တွေ နှစ်ဟောင်းမှာဘာလုပ် ခဲ့ပြီးပြီလဲ ကိုယ်အတွက် အများအတွက်
အခုရောက်နေတဲ့ နှစ်သစ်မှာရော ငါဘာလုပ်ရင် ကောင်းမလဲ အကျိုးရှိတာလေးတွေပေါ့ ။လမင်းတစ်ယောက် သူသင်္ကြန်မလည်ရတိုင်းဘာတွေပြောနေတာလည်းမလုပ်နဲ့နော်။။ 
လမင်းမြန်မာပြည်မှာရှိတုန်းကလည်းသင်္ကြန်မလည်ဖူးပါဘူ။သင်္ကြန်ရောက်ခါနီးသင်္ကြန်နဲ့ပတ်သက်တဲ့သီချင်း
လေးနားထောင်ပြီဖြတ်သန်းခဲ့တာပါ။ လမင်းကကြောက်တတ်တော့ လူထဲမတိုးဘူး :P
.နှစ်သစ်မှာ အများကောင်းကျိုး
ကိုယ်ကောင်းကျိုး နောင်သံသရာကောင်းကျိုးများစွာ လုပ်နိုင် ပြီး ဘ၀ကို တန်ဖိုးရှိ စွာ ဖြတ်သန်း နိုင်
ကြပါစေလို့ လမင်းဆန္ဒပြုလိုက်ပါတယ် ။ နှစ်သစ်မှာ သူငယ်ချင်းအားလုံးကျန်းမာ ချမ်းသာစွာ ပျော်ရွင်နိုင်
ကြပါစေ... နှစ်သစ်ဟာ တရားပါ၊ သင်္ကြန် တရားပါ  တွေးတက်မယ်ဆို အရာအားလုံးဟာ
တရားပါ၊ သင်္ကြန်ကို အကြောင်းပြု၍ ကုသိုလ်များ စွာပြုနိုင်ကြပါစေ...

  အခုရက်စိတ်လေးနဲနဲ(နည်း) ရှုပ်နေတာနဲ့ တရားဘက်လှည့်သွားတာ သီချင်းတွေလည်း
အော်ပြီသွားတော့ နားငြီးအောင်လုပ်ပြီ ရင်အေးအောင်ပြန်လုပ်လိုက်တဲ့သဘောပေါ့။။။
နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ ပျော်ရွှင်နိုင်ကြပါစေ.............

9 comments:

  1. သင်္ကြန်မှာ မြင်ရကြားရတာတွေကတော့ သူ့ရဲ့ အနှစ်သာရနဲ့ တစ်ကယ့်ကို ဆန့်ကျင်ဖက်တွေချည်းပဲ မမရေ.. :)
    ရေးထားတာ မှတ်သားစရာ တကယ်ကောင်းတယ်.

    ReplyDelete
  2. ကျေးဇူးအရန်းတင်ပါတယ် မမလမင်းရေ.....တကယ်ပြောတာပါ....ဒီထက်ပိုတဲ့အကြောင်းအရာတွေမြောက်များစွာနဲ့ ကျွန်တော်စာမူကြမ်းရေးထာပြီးသားကို အကြောင်းအမျိုးမျိုးကြောင့် မတင်ပေးပဲထားခဲ့တယ် ။ အခြားအခြားသောဘလော့ဂါများလည်း မြန်မာ့ရိုးရာသင်္ကြန်နဲ့ပတ်သက်ပြီး အဲဒီလိုလေးတွေရေးပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ကြစေဖို့ စာဖက်သူအပေါင်းကို နှိးဆော်စေချင်ပါတယ် ။သင်္ကြန်မှာ မြင်ရ ကြားရ တွေ့နေရတာတွေဟာ ကျွန်တော့်ရင်ထဲမှာ မချိလွန်လွန်းလို့ပါ..

    ReplyDelete
  3. ဟုတ်တယ်နော်
    လူတွေက ခဏတာ ပျော်ဖို့ပဲ တွေးကြတယ်
    နောင်တစ်သက် ပျော်ဖို့ မတွေးမိကြဘူး
    ( ကျွန်တော်လည်း အပါအဝင်ပဲ . . . အဟဲ )

    ReplyDelete
  4. အော် သင်္ကြန် သင်္ကြန်
    မိုးကုတ်ရိပ်သာမှာပဲ
    သွားပြီးစားတဲချတော့မှထင်တယ်

    သူများတွေလို ကဲဖို့ အဖော်ကလဲ မရှိဘူး
    တောင်ကြီးရေ က လဲ အေး ကအေး ဆိုတော့
    ကုသိုလ်လေးပဲ ရှာတာ ကောင်းပါတယ်လေ ဟီးဟီး

    ReplyDelete
  5. ဖတ်သွားပြီ ညီမလေးရေ....
    နှစ်ဟောင်းကို ပြောင်းလို့ နှစ်သစ်ကို
    ကူးတဲ့ ဒီလို အချိန်မျိုး မှာ ပျော်ကြတာ မဆန်းပါ...
    အပျော် မှ အပျက် မဖြစ်ကြစေဖို့ အားလုံးသတိ ပြုနိုင်ကြပါစေ..

    ReplyDelete
  6. အင်းးးးးး
    ဆိုတော့......
    ဒီနှစ်သင်္ကြန် ဘယ်လိုကဲရင်ကောင်းမလဲ :P

    ReplyDelete
  7. လမင်းရေ
    ပြောရင်ယုံမလားပဲ
    ဒီအရွယ်ထိ သင်္ကြန်မလည်ခဲ့ဖူးပါ
    သင်္ကြန်ဆိုရင်တော့ပျော်တယ်မုန့်တွေအများကြီးစားရလို့လေ
    လမင်းမုန့်လုပ်စားရင်လဲ ပို့လိုက်နော်

    ReplyDelete
  8. မမဂျက်ရေ လမင်းလုပ်မယ်လို့ မှန်းထားတာ မမသိသွားပြီ ဟီး

    ReplyDelete
  9. မကြီးလမင်းရေ သားလည်း သင်္ကြန်လည်ဘူးနော်......လည်စရာကို မရှီတာ.....ဟီးးးးးးး

    ReplyDelete