ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Friday, March 2, 2012

ရွှေမင်းသမီးလေး သို့ ................

မထင်မှတ်တဲ့ တွေ့ ဆုံမှုကြောင့်.........
ကိုယ် ဘ၀ထဲက ထုတ်လို့ မရခဲ့တဲ့...........
တော်ဝင်မင်းသမီးလေးရေ............
ကိုယ်လို့ အညတရ ဘ၀ထဲကို..........
အမှတ်မထင်ရောက်လာခဲ့တဲ့..........
ကိုယ်ရဲ့ ရွှေမင်းသမီးလေး.။။။။။

မင်းလေးရဲ့ အသုံး မ၀င်တဲ့ ပစ္စည်းတွေက......
ကိုယ်လိုလူအတွက် တန်ဖိုးဖြတ်မရတဲ့အရာဖြစ်ခဲ့တယ်.........
 တောင်းတမှုတွေနဲ....မျှော်လင့်ခြင်း ပန်းတိုင်ကို...........
ရောက်လာနိုးနဲ့ မှန်းဆရင်.....
ရူးသွားနိုင်တယ်....။။။

မင်းသမီးလေးတော့သိမယ် မထင်..........
အခြွေအရံကြား ကိုယ့်လို မထင်ပေါ်နိုင်တဲ့...........
လူတစ်ယောက် ရဲ့ ဘ၀ကို မြင်ကြည့်ပေးပါလား။။

အရာအားလုံး ချို့ တဲ့နေတဲ့ ကိုယ်က မင်းလေးကို
.....
ချစ်တဲ့ အချစ်တွေတော့ မင်းလိုသလောက်သုံးပါ...........
မကုန်နိုင်တဲ့ အချစ်တွေ ပြည့်လျှမ်းနေပါတယ်။။။

အခုတော့ မင်းလေးကျကျန်ခဲ့ ပစ္စည်းလေးကို.....
ဖက်တွဲထားရင် ပြန်လာရှာမဲ့ နေ့ကို မျှော်လင့်....
စောင့်စားလို့ ရူးသွပ်နေပါပြီ။။။။။။

  အကိုတစ်ယောက်အတွက်ခံစားရေးဖွဲ့ သည်။။။။။။ မကောင်းလည်းကောင်းတယ်ပြောကြပါ.. :P

13 comments:

  1. မင်းလေးရဲ့ အသုံး မ၀င်တဲ့ ပစ္စည်းတွေက......

    အဲ့ဒါဘာပစ္စည်းတွေတုန်း သိချင်လိုက်တာနော်
    ကဗျာလေးကောင်း၏

    ReplyDelete
  2. မသိပါဘူး လွင်ပြင်ရယ် သူကအဲလိုပြောလို့အဲလိုရေးလိုက်တာ
    တော်တယ်နော်:P

    ReplyDelete
    Replies
    1. တော်တယ် တော်တယ်
      ကဗျာလေးကလည်း ကောင်းတယ်
      အချစ်တွေလည်း လိုသလောက် ယူသုံးသွားတယ် :P

      Delete
  3. ကောင်းလို့ ကောင်းတယ် ပြောပါသည် :P :P

    ReplyDelete
  4. ဒီလိုပါဘဲ လူဆိုတာက မျှော်လင့်ချက်နဲ့ အသက်ဆက်နေကြတာပါ... ကဗျာလေးက ကောင်းပါတယ် ညီမရဲ့ ...

    ReplyDelete
  5. ရွှေမင်သမီးလေးသို့ လာရောက်ခစားခဲ့ပါတယ်

    ReplyDelete
  6. ရွှေမင်းသမီး ကျကျန်ခဲ့တာ ဘာများပါလိမ့်နော်..
    မနေ့ကတော့ဖိနပ်တစ်ဖက် ပျောက်သွားတယ်း))
    ရင်ဘတ်ငှားပြီးခံစားရေးဖွဲ့ပေးထားတယ်ပေါ့..
    များလည်းငှားချင်တယ် :P

    ReplyDelete
  7. " အခုတော့ မင်းလေးကျကျန်ခဲ့ပစ္စည်းလေးကိုဖက်တွယ်ရင်းပြန်လာရှာမဲ့နေ့ကိုမျှော်လင့်" ဆိုတော့...ဘာပစ္စည်းလေးပါလိမ့်နော်.....ပြန်လာရှာမယ့်ပစ္စည်းဆိုတော့....အင်း ....တစ်ခုခုတော့ တစ်ခုခုဘဲ.....ဟီး......ခံစားသွားပါတယ်အစ်မရေ......

    ReplyDelete
  8. အဲပစ္စည်း ၀လည်းသိချင်နေတာ ပြောမှမပြောတာကိုနော်
    မေးအုံးမယ်ရအောင် ..:P

    ReplyDelete
  9. အမရေ...ရွှေမင်းသမီးလေးကို လာကြည့်သွားပါတယ်..
    ကဗျာလေးကောင်း၏...

    ReplyDelete
  10.ှကဗျာလေးကိုကြိုက်သွားတယ်နော်...

    ReplyDelete
  11. ထိရောက်ပါတယ် လိုရင်းတွေအစုံ ဖွင့်ချပြနိုင်တယ်

    ReplyDelete
  12. ကဗျာလေးကအရမ်းကောင်းပါတယ်...... :)

    ReplyDelete