ဦးဇင်း အရှင်ဝိမလ၀ံသ မှဦးဆောင်၍ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ ၀က်ခြံဂယက်ကျေးရွာအုပ်စု၊
အလှူရှင်အမည် နှင့် စာရင်းများကြည့်ရန်
လက်တလော ကောက်ခံရရှိထားပါတယ်.။ အသေးစိပ် စာရင်းများကိုတော့ မ
ကြာမီ အချိန်အတွင်းမှာလမင်းတို့ တင်ပြပေးမှာ ဖြစ်ကြောင်း ပြောကြားရင်း နဲ့ ကညင်ကုန်းကျေးရွာ မီး
စက် အလှူအတွက် အလှူငွေ ကောက်ခံခြင်းကို ( ၁၁. ၀၅. ၂၀၁၂ )) ရက်မှာ အောင်မြင်စွာဖြင့် ပိတ်သိမ်း
မှာဖြစ်ကြောင်း ထပ်မံ အသိပေး ကြေငြာ အပ်ပါသည်။
၁။ ဦးဇင်း အရှင်ဝိမလ၀ံသ ( ၀ိရဓမ္မ )
၂။ မလွမ်း ( အလွမ်းမြို့လေး )
၃။ လမင်း ( ချစ်စံအိမ် )
၎။ ရာဇာထွေး ( blog မှတ်စု )
စေတနာရှင် အလှူရှင်များ နှင့် သူငယ်ချင်း ညီအကိုမောင်နှမတွေ အားလုံး
ဘ၀အမောတွေပြေကြပြီ ကျန်းမာပျော်ရွှင်နိုင်ကြပါစေရှင်............
ကညင်ကုန်းကျေး ရွာလေး အတွက်မီးပေးနိုင်ရန် မီးစက်အလှူကို ( ၁၁. ၀၄. ၂၀၁၂ ) ရက်နေ့တွင်
စတင် ပြီးအလှူငွေများ ကောက်ခံ ခဲ့ပါတယ် ရှင် ။ အလှူရှင်များရဲ့ ထက်သန်တဲ့ စေတနာသဒ္ဓါ
တရားကြောင့် လိုအပ်နေတဲ့မီးစက်အတွက် အလှူငွေများ ကိုအချိန်တိုအတွင်းမှာပဲလက်ခံရ ရှိ ခဲ့ပါတယ်။
မီးစက်အလှူအတွက် ကုန်ကျမယ့်အလှူငွေ လမင်းတို့ ယခင် ခန့်မှန်း
ထား တာ ထက် ပိုပြီးကောက်ခံရရှိခဲ့တဲ့ အတွက် အင်မတန်မှ ကိုဝမ်းသာပီတိလည်းဖြစ် မိပါတယ်ရှင်။
လမင်းတို့ အနေနဲ့ ဒီမီးစက်အလှူကို မေလကုန်ပိုင်းမှာ အပြီးသွားရောက်လှူဒါန်းရေ စက်ချမယ်လို့ ယ ခင် ကစီစဉ်ထား ခဲ့ပါတယ်။
ဒါပေမယ့် ဒီကညင်ကုန်းကျေးရွာ မီးစက် အလှူကို စတင်ပြီးဦးဆောင်ပေးတဲ့ ဦးဇင်း အရှင်ဝိမလ၀ံသ
မှာစာမေးပွဲကြောင့် မေလထဲမှာ မြန်မာနိုင်ငံကိုပြန်လို့မ
ရတာမို့ အလှူအတွက် အချိန်အနည်းငယ် နောက်သို့ ရွေ့လိုက်ရပါတယ် ရှင်…။ ဦးဇင်း အရှင်ဝိမလ၀ံသ
ရတာမို့ အလှူအတွက် အချိန်အနည်းငယ် နောက်သို့ ရွေ့လိုက်ရပါတယ် ရှင်…။ ဦးဇင်း အရှင်ဝိမလ၀ံသ
လက်ရှိဖြေဆိုနေသော Ph.D ဝင်ခွင့် ရေးဖြေစာမေးပွဲဟာ ပြီးဆုံးသွားပြီ ဖြစ်ပေမယ့် နောက်ထပ် နှုတ်မေး
နှုတ်ဖြေ စာမေးပွဲကတော့ဇွန်လ ၈ရက်နေ့မှသာပြီး မှာဖြစ်ပါတယ် ။ ဒါကြောင့် ဦးဇင်း အနေနဲ့စာ
မေး ပွဲအပြီး ဇွန်လ ၁၁ ရက်နေ့မှာ မြန် မာ နိုင်ငံသို့ အ ရောက်ပြန်ကြွမှာ ဖြစ်ပြီး မီးစက်အလှူအတွက် ဇွန်လ
၁၅ ရက်နေ့တွင်ရေစက်ချလှူဒါန်းပေးမှာ ဖြစ် ကြောင်းပါတယ်…။ မီးစက်အလှူအတွက်ပြီးမြောက်၍ ပိုလျှုံ
လာသောအလှူ ငွေများကိုလည်း ထိုကျေးရွာ လေး မှာပင် ထပ်မံပြီး အလှူအတန်းတခုခု ကိုပြန်လည်ပြု
လုပ်ပေးမှာ ဖြစ်ကြောင်းလည်း အလှူရှင်များကို ကြို တင်အ သိပေးအကြောင်းကြားအပ်ပါတယ် ရှင်။
ကညင်ကုန်းကျေးရွာမီးစက်အလှူအ တွက် အလှူ ငွေကောက်ခံခြင်းကို ( ၁၁. ၀၅. ၂၀၁၂ )
ရက်နေ့တွင်ပိတ်သိမ်းမှာဖြစ်ကြောင်း စေတနာရှင် အလှူရှင် များနှင့် တကွ မိတ်ဆွေသူ
ငယ်ချင်းအားလုံးကိုအသိပေးအကြောင်းကြားအပ်ပါတယ်ရှင်။
ယခု ပြုလုပ်သောကညင်ကုန်းကျေးရွာ မီးစက်အလှူလေးအတွက် အဖက်ဖက်မှ စေတနာသဒ္ဓါတရားထက်
သန် စွာဖြင့် ၀ိုင်းဝန်းလှူဒါန်းပေးကြသော အလှူရှင်များကို ကညင်ကုန်းကျေးရွာသူ/ သားများကိုယ်စာ့း အလှူ ဖြစ်မြောက်ရေးအဖွဲ့မှ ညီအကိုမောင်နှမများက အထူးပင်ကျေးဇူးတင်ရှိပါကြောင်း နှင့် လက်ခံရရှိထားတဲ့ အလှူငွေစာရင်းများ အလှူအတွက်ကုန်ကျငွေစာရင်းများကိုလည်းအလှူပြီတာနဲ့
လမင်းတို့အသိပေးတင်ပြပေးပါမယ်ရှင်။။
လက် ရှိ ကောက်ခံရရှိထားတဲ့ငွေပမာဏမှာ အောက်ပါအတိုင်းဖြစ်ပါတယ်ရှင်…။
၁။ | မြန်မာကျပ်ငွေ ၂.၀၈၃.၀၀၀ိ/ ( ကျပ် ) |
၂။ |
စင်္ကာပူဒေါ်လာ ၁၄၉၈ ( ဒေါ်လာ )
|
၃။ | အမေရိကန်ဒေါ်လာ ၂၀၀ ( ဒေါ်လာ ) |
၎။ |
မလေးရှားရင်းဂစ် ၁၅၈၀ ( ရင်းဂစ် )
|
၅။ |
ဒိန်းမတ်ခရိုနာ ၂၇၀၀ ( ခရိုနာ )
|
၆။ |
အင်္ဂလန် ပေါင် ၂၀၀ ( ပေါင် )
|
၇။ |
အိန္ဒိယ ရူပီး ၁၀၀၀ ( ရူပီး )
|
အလှူရှင်အမည် နှင့် စာရင်းများကြည့်ရန်
လက်တလော ကောက်ခံရရှိထားပါတယ်.။ အသေးစိပ် စာရင်းများကိုတော့ မ
ကြာမီ အချိန်အတွင်းမှာလမင်းတို့ တင်ပြပေးမှာ ဖြစ်ကြောင်း ပြောကြားရင်း နဲ့ ကညင်ကုန်းကျေးရွာ မီး
စက် အလှူအတွက် အလှူငွေ ကောက်ခံခြင်းကို ( ၁၁. ၀၅. ၂၀၁၂ )) ရက်မှာ အောင်မြင်စွာဖြင့် ပိတ်သိမ်း
မှာဖြစ်ကြောင်း ထပ်မံ အသိပေး ကြေငြာ အပ်ပါသည်။
၁။ ဦးဇင်း အရှင်ဝိမလ၀ံသ ( ၀ိရဓမ္မ )
၂။ မလွမ်း ( အလွမ်းမြို့လေး )
၃။ လမင်း ( ချစ်စံအိမ် )
၎။ ရာဇာထွေး ( blog မှတ်စု )
စေတနာရှင် အလှူရှင်များ နှင့် သူငယ်ချင်း ညီအကိုမောင်နှမတွေ အားလုံး
ဘ၀အမောတွေပြေကြပြီ ကျန်းမာပျော်ရွှင်နိုင်ကြပါစေရှင်............
အလှူတစ်ခုပြီးမြောက်တော့မယ်ဆိုတော့ ကြည်နူးမိပါတယ်။
ReplyDeleteနောက်လာမယ့် အလှူတွေအတွက်လဲ ကြိုတင်ကြည်နူးသွားပါတယ်
ကိုယ်တိုင်အလှူပြုမှုမပါဝင်နိုင်ပေမယ့် သာဓုခေါ်ပါတယ်...အလှူရှင်များ ကိုယ်စား ကြည်နူးပီတီဖြစ်ရပါတယ်ဗျာ...
ReplyDeleteအလှူရှင်များအားလုံးအတွက် သာဓုခေါ်ပြီး ကြည်နူးမိပါတယ် မမ :)
ReplyDeleteအလှူရှင်များရဲ့ကောင်းမှု့အစုစုကို သာဓုခေါ်ပါတယ်ဗျာ...တကယ်မြင့်မြတ်ပါတယ်....၀မ်းသာပီတိလည်းဖြစ်ရပါတယ်..
ReplyDeleteဆရာလေးရေ... အလှူလေးကတော့ ရာနှုန်းပြည့် အောင်မြင်တော့ မှာပါ..
ReplyDeleteအားလုံးဝမ်းသာကြည်နှုးဖြစ်ကြမှာမို့ အကိုတို့တွေလည်း ပင်ပန်းရကျိုးနပ်ပါတယ်..
အလှူရှင်တွေရဲ့ ထက်သန်လှတဲ့ စေတနာ သဒ္ဓါတရားကြောင့်ဆိုရင် ပိုပြီးမှန်ပါ
တယ်... ပို့စ်လေးဖတ်ပြီးအားပေးသွားပါတယ်.. ဆရာလေးရဲ့ ဘ၀အမော
လေးများ အမြန်ဆုံးပြေပျောက်နိုင်ပါစေ...
ခင်မင်စွာ ဖြင့်
ရာဇာထွေး
ကဲ ငါ့အမ တွေ့ပလား အရမ်းပီတိဖြစ်ရတယ်ဟုတ်
ReplyDeleteလှူရတန်းရတာလောက် စိတ်ကျေနပ်တာရှိဝူး
ဒီတော့ တကယ်လိုများ လမင်းဟာ ဂတုံးနဲ့
သီလ ရှင်ဖြစ်ခဲ့မယ်ဆိုရင် လှူရတော့မှာဟုတ်
ဝူးနော် လိုက်ပဲအလှူခံရတော့မှာ :D
ဒါနဆန်ပါရှင့်အဲ့ဗျာ