လမင်းအခုလို အလှူခံမယ့် ပို့စ်မျိုးလေးတခါမှ မရေးဖူးပါဘူး။ ကိုယ်တိုင်ပဲတတ်နိုင်သလောက် လှူလိုက်တာမျိုးပဲ ခဏခဏ လုပ်ဖူးပါတယ်။ စာအရေးအသားကလည်း မကောင်းတာမို့ အခုလို စာရေးပြီး လည်း သူများတွေကိုတိုက်တွန်းဖို့ တခါမှ မလုပ်ခဲ့ဖူးတာပါ။ သူများကို လှူဖို့ တိုက်တွန်းရင် ခြွေရံပေါများတယ် ဆိုတာ လမင်း ကြားဖူးပါတယ်။ ဒါပေမယ့် လှူစရာရှိရင်သာ လမင်း လှူလိုက်တာပါ။ အဲလိုတိုက်တွန်းဖို့တော့ လမင်းတခါမှ မလုပ်ခဲ့ပါဘူး။ ဦးဇင်း ဦးဝိမလ၀ံသရဲ့ အလှူအကြောင်းလေးကို အကို ရာဇာ နဲ့ မမလွမ်း လာပြောတော့ လမင်း တတ်နိုင်သလောက် လှူမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုလို ပို့စ်ရေးဖိုးတော့ လမင်း အစီအစဉ် မရှိပါ ဘူး။ ဦးဇင်းကလည်း ပို့စ်လေးနဲ့ အလှူရှင်တွေ ကိုဖိတ်ခေါ် သလို၊ အကို ရာဇာ တို့ မမလွမ်းတို့ ကလည်း ပို့စ်လေးတွေတင်ပြီး သူများတွေလှူချင် လာအောင် ရေးကြတော့ လမင်းလည်း အလှူခံအတွက် တိုက်တွန်းနှိးဆော်တဲ့ ပို့စ်လေး အရမ်းရေးချင်မိတာပါ။ အရင်ကလမင်း အဲလို အလှူနဲ့ ပတ်သက်ပြီး မတိုက်တွန်းခဲ့လို့ ထင်ပါတယ် မိတ်ဆွေသူငယ်ချင်း (အခြွေအရံ) နည်းပါတယ်။ အခုတော့ လမင်း ရဲ့စိတ်ထဲမှာ အရမ်းကို စိတ်အားထက်သန်လာပါတယ်။ ကိုယ်လည်း လှူသလို သူများကိုလည်း တိုက်တွန်းရမယ် ဆိုတာသိလာပါတယ်။ လမင်းငယ်ငယ် ကဇာတ်တော်လေးတခုမှာဖတ်ဖူးပါတယ်။
အမည်တွေ ဘာတွေတော့ မမှတ်မိတော့ဘူးနော်:P.. ဘုရားရှင်လက်ထက်က ရွာလေးတရွာမှာ အရမ်းဆင်းရဲတဲ့ လုလင်လေးတယောက်ရှိသတဲ့။ ဆင်းရဲလွန်းလို့ ဟိုလူခိုင်းတာ လုပ်၊၊ ဒီလူခိုင်းတာ လုပ်ပြီး သူ့ဘ၀ရဲ့စားဝတ်နေရေးကို ရပ်တည်ရတယ်တဲ့။ သူများတွေ အလှူအတန်း လုပ်တာကိုကြည့်ပြီး လှူချင်ပေမယ့် သူ့မှာဘာမှ မရှိတော့ မလှူနိုင်ဘူးတဲ့။ နောက်ဆုံးတော့ သူကအကြံတခုရပြီး ဘယ်သူတွေအလှူလုပ်လည်း ကြည့်ပြီး ရပ်ဝေးရပ်နီးကနေ အလှူလာတဲ့ သူများကို အလှူရှိရာ အိမ်သို့လမ်းညွန်တဲ့အလုပ်ကို စိတ်အားထက်သန်စွာ လုပ်ခဲ့ပါတယ်တဲ့။ အရွယ်လွန်လို့ ကွယ်လွန်သွားတဲ့ အခါနတ်ပြည်မှာ တန်ခိုးကြီးတဲ့ ကိုယ်ရောင်ကိုယ်ဝါ တောက်ပြောင်တဲ့ အခြံအရံပေါများတဲ့ နတ်တစ်ပါး ဖြစ်သွားပါသတဲ့။ သူလူ့ပြည်မှာ နေခဲ့စဉ်က ကိုယ်တိုင်ကိုယ်ကျ အလှူအတန်း မလုပ်နိုင်ခဲ့ပေမယ့် သူများလှူတဲ့အလှူအတွက် အများသိအောင်၊ အလှူရှိရာ အရပ်ကို အများသူငါ ရောက်အောင်လမ်းညွန် နှိုးဆော်ပေးတဲ့ ကုသိုလ်လေးကြောင့် အခုလို နတ်ပြည်ရောက်ရတယ် ဆိုတာလေးကိုလမင်း ဖတ်ဖူးပါတယ်။ အလှူအတွက် တိုက်တွန်းနှိုဆော် ရခြင်းကြောင့် ရတဲ့ကုသိုလ်ကလည်း မနည်းဘူးဆိုတာ ကို လမင်းပြောချင်တာပါ။ ကိုယ်တိုင်လှူမယ် ဆိုရင်တော့ ပိုကောင်းတာပေါ့။
လမင်း အနေနဲ့ လမင်းတတ်နိုင် သလောက်အလှူတော်တော်များများကို ခွဲဝေလှူဒါန်း ဖူးပါတယ်။ (ကဗျည်းမထိုးခဲ့တဲ့အလှူတွေပေါ့) ...။ ဒါပေမယ့် အခုလို မီးအလှူတော့ မလှူဖူးသေးပါဘူး။ ဆီမီးတော့ လှူဖူးတာပေါ့ :)..။ အမှန်ပြောရရင် လမင်း အခုတလော စိတ်ရှုတ်နေတာ တော့အမှန်ပါ။ ဦးဇင်းအရှင်ဝိမလဝံသရဲ့ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်က ကညင်ကုန်းရွာလေး အတွက် မီးရရှိရေး အတွက်လည်း အရမ်းကိုဖြစ်မြှောက် သွားစေချင် ပါတယ်။ ဘာလို့လည်းဆိုတော့ လမင်းကိုယ်တိုင်လည်း တောသူပါ။ တောသူတောင်သားတွေ ဘယ်လောက် အနေအထိုင်ဆင်းရဲတယ်၊ ဘယ်လောက် လူနေမှု့အဆင့်အတန်းတွေ နောက်ကျေ နတယ်ဆိုတာ လမင်း အသိဆုံးပါ။ ဦးဇင်းရဲ့ ပြောစကားအရ ကညင်ကုန်းရွာလေး ကတော်တော် ဆင်းရဲ ပုံရပါတယ် ။ သူတို့လည်းလမင်း တို့လို လူတန်းစေ့လေးတော့ နေချင်ရှာမှာပေါ့။ ဒါကြောင့် လမင်း လူချင်းချင်းကူညီချင်တဲ့ စိတ်လေးတစ်ခုထဲနဲ့  ဒီအလှူလေးကို ဖြစ်မြှောက်စေချင် တာပါ။ လမင်းတို့ အားနဲ့လည်းမတတ်နိုင်ပါဘူး။ အားလုံးဝိုင်းဝန်း ကူညီမှသာ အထမြှောက်မှာပါ။ ဒါကြောင့် လမင်းလည်း တို့တွေ (အမှန်တကယ် လိုအပ်တဲ့ နေရာမှာ လှူဒါန်းခြင်းဟာ မွန်မြတ် လှတဲ့ ဒါနကုသိုလ်တရားလေး ဖြစ်တာကြောင့်) မောင်နှမတွေကို တတ်အားသ၍ လှူဒါန်းနိုင်အောင် အခုလို ပို့စ်လေးတင်ရင်း ဖိတ်ခေါ်ခြင်း ဖြစ်ပါတယ်ရှင် ။
ဦးဇင်းရဲ့ ဘလော့နဲ့  အကြောင်းအရာစုံကိုဖတ်ရှူခြင်းပါက ဒီနေရာလေးနှိပ်လိုက်ပါ
အလွမ်းမြို့ လေး ခေါ်မမလွမ်းဘလော့လေးကို ဒီနေရာလေးမှာပါ.
ကိုရာဇာထွေးရဲ့ ဘလော့လေးမှာလည်းတင်ထားပါတယ်.. ဒီနေရာလေး
အကြောင်းစုံတော့
အဲဘလော့လေးမှာလေ့လာလှူဒါန်းနိုင်ပါတယ်ရှင်.. မြန်မာနှစ်သစ်လေးမှာကျန်းမာပျော်ရွှင်ပြီစိတ်ဆင်းရဲကင်းကြပါစေ...
- အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
ဆက်သွယ်ရန် ဖုန်း = +918083881812
ဆက်သွယ်ရန် အီးမေးလ် = ashinwimalawuntha@gmail.com
.အလွမ်းမြို့လေး
ဆက်သွယ်ရန် အီးမေးလ် = alwanmyolay@gmail.com
.မလေးရှား တာဝန်ခံ
ရာဇာထွေး ( မလေးရှား )
ဆက်သွယ်ရန် ဖုန်း = 016 6787843
ဆက်သွယ်ရန် အီးမေးလ် = yarzar.htwe5@gmail.com
.စကာၤပူ တာဝန္ခံ
နန်းထွေးစန္ဒာ (စကာင်္ပူ)
ဆက်သွယ်ရန် ဖုန်း = +6593812015
ဆက်သွယ်ရန်မေလ်း = rainblue2010@gmail.com
ဘဏ်အကောင့်ထဲလွှဲချင်သူများအတွက်
Bank Account- OCBC-Bank( Account No. 581-308-608-001)
.ဇော်ဇော် (စကာင်္ပူ)
ဆက်သွယ်ရန် ဖုန်း = +6581422464
.မြန်မာပြည် တာဝန်ခံ
အရှင်သီရိန္ဒ (ရန်ကုန်- တာမွေ)
ဆက်သွယ်ရန်မေလ်း = thirinda000387@gmail.com
.မကြင်စန်း (ရန်ကုန်- သင်္ဃန်းကျွန်း)
ဆက်သွယ်ရန် ဖုန်း = 95973036380
.တူးတူးမာ (မုံရွာ )
ဆက်သွယ်ရန် (ရုံးဖုန်း) = 71-23629
အလှုအကြောင်းလေးဖတ်သွားပါတယ် ၀ရယ် အလှု၇ှင်များများပေါ်လာပါစေ
ReplyDeleteညီမလေးရေ မကြီးလွမ်းရောက်ခဲ့တယ်နော်။
ReplyDeleteမကြီးတို့နဲ့ လက်တွဲမဲ့ညီမလေး ပျော်ရွှင်ပါစေ။
စာလုံးတွေက ဘယ်လိုတုန်း.. တိုရှည် တိုရှည် ရွာတုန်းက (တိုရှည်)ရောင်းတဲ့
ကုလာမကို သတိရမိတယ်။
မကြီးလွမ်းလည်း သီချင်းပြိုင်မယ် တစ်ယောက်ထဲ
(အာဇာနည်ရဲ့ မျှော်လင့်နေမယ် ကိုယ့်ရင်မှာနားပါကွယ်)... အဟဲ
ချစ်တဲ့
မကြီးလွမ်း
အရမ်းကောင်းတယ် ဂွတ် :)
ReplyDeleteမကြီးလမင်းရေ အလှူပို့စ်လေးလာဖတ်သွားပါတယ်ခင်ဗျ....
ReplyDeleteအလှူပို့စ် လေးလာဖတ်သွားတယ် ညီမလေးရေ...
ReplyDeleteအခုမှ ရောက်တယ်... အမြဲတမ်း ပို့စ်တွေ ဘယ်သူ
တင်တင် ကိုယ်က ပဲနောက်ကျမှ ကွန်မန့်ပေးရတယ်..
ဘယ်တော့ မှ ပထမ ကိုမရဘူး :P... အတာကူး
မယ့်နှစ်ကူးလေး ကို ကုသိုလ် ကောင်းမှု လုပ်ရင်း ကျော်
ဖြတ်လာကြတာမို့ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ...
ဝေးနေတဲ့ သူများလည်း မြန်မြန်နီးစပ်နိုင်ကြ ပါစေ...
ဘ၀အမောမောလေးတွေ လည်းပြေကြပါစေ လို့
ဆုတောင်းပေးပါတယ် ညီမလေးရေ...
ခင်မင်စွာဖြင့်
လူပြိုကြီး (ပြိုပြိုလာသူ :P)
ရာဇာထွေး