ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Tuesday, September 18, 2012

ကိုယ့်အကြောင်း...

ပုံသဏ္ဌာန်က အေးစက်စက်
မျိုသိပ် နိုင်လွန်သူ..
စိတ်ဆတ်ပြီး သည်းခံမှု
အားနည်းတတ်သူ..
စိတ်ကောက် တတ်၍
သံသယ များသူ
ရွဲ့ တတ်ပြီး

ထင်ရာစိုင်း
လျှောက်သောလမ်း
မှားမှား မှန်မှန်
ရဲရင့်စွာ လျှောက်လှမ်းတတ်သူ
ကိုယ်ပေါ် နည်းနည်းကောင်းရင်
များများပြန်ကောင်းတတ်သူ
အများပြောသမျှ ကောင်းဆိုးကို
အပြုံးမပျက် နားမလည်းသလို
နေတတ်ပြီး..
ပြဿနာ အသေးအမွှားကို
ကြီးမားစွာတွေးတတ်သူ..
အတိတ်ကို မေ့ထားနိုင်ပေမဲ့
အနာဂတ်ကို ကြိုတွေးပူပန်တတ်သူ
မကောင်းမှန်းသိပေမဲ့ လုပ်ချင်ရင်
စွတ်လုပ်တတ်ပြီး
ကောင်းမှန်းသိနေပေမဲ့ မလုပ်ချင်ရင်
နတ်သကြားတွေလုပ်ခိုင်းတောင်
ခေါင်းရှောင်နေတတ်သူ..
အကြောင်အရာတိုင်းကို
ကိုယ်ပြဿနာလိုခံယူတတ်ပြီး
နည်းနည်းပေးရင် များများပြန်ပေးတတ်သလို
နည်းနည်းဆိုးရင် များများပြန်ဆိုးတတ်သူ
ချစ်ခြင်းမေတ္တာ
သံယောဇဉ် ကြီးတတ်လွန်လို့ 
အပျိုကြီးဘ၀နဲ့ အရိုးထုပ်မဲ့သူ..:D

ရေးထားတာကျန်သေးလားမသိဘူး..:D ကောင်းတာရေးထားတော့ဆိုးတာတွေလည်းရေးသင့်တယ်လေ..:)
တကယ်တော့ ပိုစ့်ရှည်ရေးမလို့ ပါ.. ကိုယ့်အကြောင်းဆိုတော့ စာဖတ်သူတွေအချိန်ကို သိပ်မယူချင်တာနဲ့ 
စာတိုလေးပဲရေးလိုက်တာပါ.. အားလုံးကျန်းမာပျော်ရွှင်ကြပါစေ..

15 comments:

  1. နေရာဦးထားတယ်နော...2ယောက်လာနေမယ်...ခိခိ

    ReplyDelete
    Replies
    1. မောင်တစ်လုံးနင်ကတော့လေ.. နာပြောထားတယ်လေ..

      Delete
  2. ညီမရဲ့ အကြောင်းလေးကို လေ့လာသွားပါတယ်ကွယ်... အပြောမစောပါနဲ့ ဦးကွယ် ငါ့ညီမ ငယ်ငယ်ဘဲ ရှိပါသေးတယ်...:D

    ReplyDelete
  3. လမင်းရေ
    တကယ်ပဲအပျိုကြီးလုပ်တော့မယ်ပေါ့ ဆုံးဖြတ်ချက်ချလိုက်ပြီလား
    ချစ်တဲ့ jasmine

    ReplyDelete
  4. မမလမင်း တစ်ကယ်များ အပျိုကြီးလုပ်သွားရင်တော့
    နာတော့ စားရတော့ဘူးပေါ့ အဟင့် ^_^

    ReplyDelete
  5. ၉၀ ရာခိုင်နှုန်း တူနေတယ်။ဘယ်လိုလုပ်မလဲ။

    ReplyDelete
  6. အင်းးးးးးးးးးးးးးးးးးးးးးးး
    ယုံတယ်ကွာ မျက်စိမှိတ်ပြီးတော့
    မျက်စိဖွင့်ရင်တော့သိဘူးနော်

    ReplyDelete
  7. ဒီပို့စ်က တိုတိုလေးပေမယ့် ညီမအကြောင်းကို အများကြီး သိခွင့်ပေးတဲ့ ပို့စ်လေးပါပဲ..၊
    ဂျေညီညီရဲ့ ♫♪ အပျိုကြီး တကယ်လုပ်မှာလား..♪♫ ဆိုတဲ့ သီချင်းကလေးကိုတောင် တွေးမိသွားတယ်...။း)

    ReplyDelete
  8. အပျိုကြီးဘ၀နဲ့ အရိုးထုပ်မဲ့သူ..:D သီချင်းလေးဆိုလိုက်မယ်...ဒို့မယုံဘူး...ဒို့မယုံဘူး....အဟဲ
    တစ်ခုကျန်တယ်။ မကြီးထပ်ဖြည့်ပေးမယ်။

    ကိုယ့်ထက်ငယ်သူတွေကိုယ်မှ ရင်ခုန်တတ်သူ
    ကြီးသူတွေဆို ရင်ခုန်မှု့အေးစက်နေသူ။...ဒါလေးထပ်ဖြည့်လိုက်ဦး..


    ချစ်လို့စတာ စိတ်မကောက်ကြေး။။။ ကောက်တတ်တယ်ဆိုလို့ပါ


    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  9. ဒါဆိုအမကစိတ်တော်တော်ကြီးတာပေါ့နော်
    ပြန်မပြောနားမထောင်ပေါ့ဟုတ်လားသိဘူး
    အမကြောင်းလေးလာဖတ်သွားပါတယ်နော်

    ReplyDelete
  10. မရေးချင်လို့ပဲနော်...မမနောက်နေတာလား...
    အနော်လာရောက်ခံစားသွားပါလယ်ဗျာ

    ReplyDelete
  11. ချစ်ခြင်းမေတ္တာ
    သံယောဇဉ် ကြီးတတ်လွန်လို့ 
    အပျိုကြီးဘ၀နဲ့ အရိုးထုပ်မဲ့သူ..:D
    အပေါ်က ရေးထားသမျှထောက်ခံပါတယ်

    အောက်ဆုံး က အပျိုကြီးဘ၀နဲ့ အရိုးထုတ်မဲ့သူဆိုတာကြီးက တော့

    မယုံချင်သေးဘူး လမင်းရေ ဟီးဟီး

    ခင်တဲ့

    မိုးသူ(တောင်ကြီး)

    ReplyDelete
  12. အဟီး... ဆရာလေးတော့ လုပ်တော့မယ်...
    အပျိုကြီးလုပ်မယ့် သူဆိုပဲ... အင်း ကြေးစည်ကိုအလယ်ကနေ
    ထုလိုက်ရင် ထွက်လာတဲ့အသံလိုပဲ (မထင်ဟင်!!!! မထင်ဟင်!!!!)
    အနောက်ကနေထွက်တယ်၊ ရေထဲကငါးတွေလေထဲပျံနေတယ်လို့ပြော
    ရင် ယုံလိုက်မယ်... လမင်းအပျိုကြီး လုပ်မယ်ဆိုတာတော့ မယုံရေးချ
    မယုံပဲ... :D

    ReplyDelete
  13. အပျိုကြီး တစ်ကယ်လုပ်မှာလား :D ဖူးစာပါရင် အပျိုကြီးလုပ်ချင်လည်း ဆုံရမှာပဲ မမရဲ့ :)

    ReplyDelete
  14. မေမေ့လိုအပျိုကြီးပဲလုပ်တော့မယ် ဟိ ကြားဖူးတာပြောတာ

    ReplyDelete