ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Sunday, September 16, 2012

နင်သိလား....

နင်သိလား...
ငါတို့ နှစ်ယောက်ကြား
လေစိမ်းတွေ ၀င်ရောက်တိုက်ခိုက်နေတယ်ဆိုတာ


..နင်သိလား.
ငါတို့  နှစ်ယောက်ကြားမှာ
သံသယတွေများခဲ့ကြတာ
နင်သိလား...

ပျော်ရွှင်ကြည်နူးမှုတွေ
ပျောက်ရှနေတဲ့ ဘ၀မှာရော
ငါပျော်နေတယ်လို့ နင်ထင်လား...

ကျောခိုင်းပြီလျှောက်နေမှတော့
တစ်ဖြည်းဖြည်းနဲ့ ငါတို့ နှစ်ယောက်
ဝေးကွာခြင်းဘက်ကိုဦးတည်နေကြပြီးဆိုတာရော
နင်သိလားးး

ငါတို့ နှစ်ကြားမှာသူစိမ်းတွေ
ဝင်ရောက်နောက်ယှက်နိုင်တယ်ဆိုတာရော
နင်သိလား..

ချစ်သူနှစ်ဦးကြားမှာ ယုံကြည်မှု
အပြန်အလှန်လေးစားမှု
နားလည်ခြင်းတွေကုန်ခမ်းနေတယ်ဆိုတာရော
နင်သိလား...

ငါတို့ လျှောက်လှမ်းနေတဲ့လမ်းတွေ
မတူမှပေါ့ အနီးဆုံးငါတို့နှစ်ယောက်ဟာ
ကျောခြင်းကပ်ဝေးနေကြတာရော
နင်သိလားး...


ငါတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေး
စိမ်းကားမာကျောနေတယ်ဆိုတာရော
နင်သိလား..

ဘာတွေပဲဖြစ်နေပါစေ..
ငါနင်ကိုမှ မမေ့နိုင်တာ..
ရှေ့ဆက်ချစ်ဖို့ ငါမှာ
အင်အားတွေအပြည့်နဲ့ ဆိုတာရော
နင်သိလား။။။။

ကဗျာတော့မဟုတ်ဘူး.. စိတ်ကူးလေးရတာနဲ့ ရေးလိုက်မိပါတယ်။။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ...

14 comments:

  1. ခံစားချက်လေးကို ခံစားသွားပါတယ်

    ReplyDelete
  2. မမလမင်းရေ သူမသိရင်ကျွန်တော်သွားပြောပေးလိုက်မယ်နော် :P
    စိတ်ကူးလေးက ကောင်းလိုက်တာ
    ကဗျာလေးလိုပါပဲ
    အားပေးသွားတယ်နော်
    ခင်တဲ့(အိမ်မက်ကောင်းကင်)

    ReplyDelete
  3. သက်ဆိုင်သူသိမသိတော့မသိဘူး
    သမီးတော်တို့ တော့သိသွားပြီ
    တွေ့ရင်ဆုံးမ လိုက်ပါ့မယ်
    နားလည်မှူတွေမလွဲစေနဲ့လို့ ....

    ReplyDelete
  4. ချစ်မယ်ဆိုတာချည်းပဲ ဇွတ် :P

    ReplyDelete
  5. အန်တီလေးမေခင်September 16, 2012 at 10:03 PM

    ဘာတွေပဲဖြစ်နေပါစေ..
    ငါနင်ကိုမှ မမေ့နိုင်တာ..
    ရှေ့ဆက်ချစ်ဖို့ ငါမှာ
    အင်အားတွေအပြည့်နဲ့ ဆိုတာရော
    နင်သိလား။။။။
    ကဗျာလေးအားပေးသွားပါတယ်ကွယ်
    ခင်တဲ့အန်တီလေးမေခင်

    ReplyDelete
  6. မြတ်နိုးသူ(MUFL)September 16, 2012 at 10:04 PM

    ပျော်ရွှင်ကြည်နူးမှုတွေ
    ပျောက်ရှနေတဲ့ ဘ၀မှာရော
    ငါပျော်နေတယ်လို့ နင်ထင်လား.
    စာသားလေးတွေမိုက်တယ်အမ
    အားပေးသွားပါတယ်

    ReplyDelete
  7. နင်သိလားဆိုလို့ ဘာများဆုံးမ မလဲလို့ လာဖတ်တာ အချစ်အကြောင်းဖြစ်နေတာကို ။ ဘွာတေး သူသိအောင် ဘလော့ဂါတွေဝိုင်းကူညီပေးရမလားဟင်

    ReplyDelete
  8. ကျောခိုင်းပြီလျှောက်နေမှတော့
    တစ်ဖြည်းဖြည်းနဲ့ ငါတို့ နှစ်ယောက်
    ဝေးကွာခြင်းဘက်ကိုဦးတည်နေကြပြီးဆိုတာရော
    နင်သိလားးး

    သိတော့သိပါတယ်။

    ReplyDelete
  9. အားပေးသွားတယ် ညီမလေး။
    နင်သိလားလို့ပြောနေတာ
    သူမသိပေမဲ့ လာဖတ်တဲ့
    မောင်နှမတွေအကုန်သိသွားတယ်။
    ခံစားချက် စစ်စစ်တွေပေါ့...


    ခင်တဲ့
    မကြီးလွမ်း

    ReplyDelete
  10. မသိဘူးအမရေ....ဘယ်သူအတွက်ရေးတာလဲဟင်..သူသိအောင်မိုးနတ်တို့ပြောပေးရမလား...:P
    သိတာကတော့ မိုးနတ်က ကဗျာထင်နေတာ...ကဗျာမဟုတ်ဘူးသာဆိုတယ်..ကဗျာလေးလိုပါပဲနော်
    စာသားလေးတွေကောင်းတယ်..
    အားပေးသွားတယ်နော်
    ခင်မင်နေတဲ့..မိုးနတ်

    ReplyDelete
  11. ၀ သိလယ်.၀ သိလယ် ..ဟက်ဟက်...

    ReplyDelete
  12. ခေါင်းစဉ်နဲ့ ဖော်ထုတ်ထားတဲ့ခံစားချက် ကွက်တိပဲနော်
    စာသားလေးတွေကောင်းတယ်လမင်းရေ

    ReplyDelete
  13. မရှိတာထက် မသိတာခက် လို့ပဲ ဆိုရတော့မယ် ထင်ပါရဲ့ ညီမရေ..၊
    မသိခြင်းကြောင့် ဖြစ်ရတဲ့ ပူလောင်မှုကလည်း မသိချင်ယောင်ဆောင် လို့ကို မရဘူးနော်..။း)

    ReplyDelete
  14. နင်သိလားတဲ့ မေးနေပြီ
    ရည်ရွယ်သူ သိပါစေလို့ ဆုတောင်းပေးခဲ့တယ်နော်
    ကဗျာလေးအရမ်းကောင်း :)

    ReplyDelete