ဒီတစ်ခါတော့ လမင်းတို့ ဘက်က မုန့်ဟင်းခါးချက်နည်းလေးတင်ပေးလိုက်ပါတယ်။။။
ဧရာဝတီတိုင်းဘက်က ဒီနည်းပဲ ချက်ကြပါတယ်။။။ လမင်းရန်ကုန်စရောက်တော့ ရန်ကုန်မုန့်ဟင်းခါးမစား
တတ်သလိုပေါ့.. မြောင်းမြ မုန့် ဟင်းခါးတော့တစ်ချို့ ရန်ကုန်ကလူတွေကြိုက်ကြပါတယ်။။။
မြောင်းမြ မုန့်ဟင်းခါးပေါ့ ။။ဒေါ်ချိုတော့မဟုတ်ဘူးနော်... ဒေါ်လမင်းပါ..:D
ဧရာဝတီတိုင်းဘက်က ဒီနည်းပဲ ချက်ကြပါတယ်။။။ လမင်းရန်ကုန်စရောက်တော့ ရန်ကုန်မုန့်ဟင်းခါးမစား
တတ်သလိုပေါ့.. မြောင်းမြ မုန့် ဟင်းခါးတော့တစ်ချို့ ရန်ကုန်ကလူတွေကြိုက်ကြပါတယ်။။။
မြောင်းမြ မုန့်ဟင်းခါးပေါ့ ။။ဒေါ်ချိုတော့မဟုတ်ဘူးနော်... ဒေါ်လမင်းပါ..:D
ပထမ ငါးပြုတ်ပါမယ်.. လမင်းတော့ မုန့်ဟင်းခါးဆို ငါးခူပဲ သုံးပါတယ်.. ဂျင်း စပါးလင်. ငါးပြာရည်. နနွင်
ရောပြုတ်ပါတယ်။။။ ၁၅ မိနစ်လောက်ဆိုရပေမဲ့ လမင်းတော့ မိနစ် ၂၀ လောက်ထားလိုက်တယ်။။
ငါးကိုအရိုးထုတ် ကြက်သွန်နီ ဖြူ နဲ့ ဆီသတ် နနွင်းထည့်ပါတယ်...
အရောင်က အ၀ါရောင်ပေါ့.. ဆီသက်ပြီ ငါးနွှင်ထားတာ ထည့်ပါတယ်..ငါးပြုတ်ရည်ဆူလာရင် ငါးဆီသတ်ထားတာ
ထည့်လိုက်ပါတယ်။။ ၁၅ မိနစ်လောက်ကြာရင် ဆန်မှုန့် ရေဖျော်ထည့်ပါတယ်။။ နောက်ထပ် ၁၅ မိနစ်လောက်ကြာရင်တော့
ငရုပ်ကောင်းရယ် ကြက်သွန်ဖြူရယ်ထောင်းထားတာကို ထည့်ပါတယ်။။ လမင်းငရုပ်ဆုံ မိုက်တယ်နော်.. :D
ဒီပုံဖြစ်သွားပါပြီး ၁၅ မိနစ်လောက်ဆိုစားလို့ရပါပြီး လမင်းတော့မီးအေးအေးလေးနဲ့ ထားလိုက်တယ်..ဌက်ပျောအူ မရှိလို့ 
တရုတ်ဆိုင်က ဘာဥလည်းသိဘူး တရုတ်လို့ ရေးထားတယ်။။ ဒီကတော့အဲဒါကိုဌက်ပျောအူအနေနဲ့ ထည့်ကြတယ် ။။
မဆိုးဘူးကောင်းသားပဲ..
ပွဲပြင်ထားတော့ရန်ကုန်နဲ့ မတူဘူး ။။။ ပဲမှုန့် ဆီကျက် ထည့်ကြပါတယ်။။ ငရုပ် နံနံပင်.. ပဲသီးစိမ်းတို့ ထည့်စားတတ်ကြတယ်။။ ပြင်ထားပါပြီး။။။
စားပါတော့မယ်... လမင်းတို့ ဘက်ကတော့ ဘဲဥထည့်စားလေ့မရှိကြပါဘူး။။ အီကြာကွေးနဲ့ တော့တစ်ချို့တွေစားတတ်ကြပါတယ်။။ ချက်နေရင်ဆိုတော့ တစ်ချို့ပုံတွေမရိုက်မိလို့ အဆင်ပြေတာလေပဲ
တင်ပေးလိုက်ပါတယ်။။ချက်ရတာလွယ်ပြီးစားလို့ လည်းကောင်းပါတယ်.. ရန်ကုန်မုန့်ဟင်းခါးကနည်းနည်းအလုပ်များတယ်။။:P
လမင်းကတော့ ကိုယ့်ဒေသကချက်နည်းပဲကြိုက်တယ်... အကြိုက်ချင်တော့မတူဘူးပေါ့နော်.
ဘူးသီးကြော်ပါ မုန့်ဟင်းခါးနဲ့ စားစား ဒီတိုင်းပဲစားစား ကြော်စားဖြစ်လို့ ထည့်ပေးလိုက်ပါတယ်။။။ကြော်နည်းကလွယ်တော့
မရေးတော့ပါဘူး။။ .
ဒါကတော့ကောက်ဆွဲကြော် ကလေးတစ်ယောက်မွေးနေ့မှာ လက်ဆောင်အနေနဲ့ ကြော်ပေးလိုက်တာ မွေးနေ့ လက်ဆောင်ပေါ့..:D
နောက်ပိုင်းလမင်းချက်နည်းသိပ့်မတင်တော့ဘူးနော်.. ၀ိတ်ချနေလို့ ရှိတာနဲ့ ဖြစ်သလိုပဲစားနေပါတယ်။။
မုန့်ဟင်းခါးတော့မစားတာကြာလို့  ပြီးတော့ မြောင်းမြနည်းလည်းမတင်ဖူးသေးတာနဲ့ တင်ပေးလိုက်တာပါ။။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ...:)
ဝိတ်ချနေတာလား ၀ိတ်ကျနေဦးမယ် ဒီလောက်စားနေတာ ဟိ
ReplyDeleteကျပါတယ် လွင်ပြင်ရ.. ၀ိတ်တော့မဟုတ်ဘူး စိတ်ဓာတ် :P
Deleteဟင်းချက်နည်းကိုတော့ မှတ်သားခဲ့တယ်.. ကြည်ဖြူက မုန့်ဟင်းခါးဆို သိပ်ကြိုက်တယ်လေ..
ReplyDeleteဘူးသီးကြော်နည်းလေးပြောပြပါလားရှင်။ လှလို့ စားကောင်းမဲ့ပုံမို့ လို့ သိချင်လို့ ပါ ညီမရေ။
ReplyDeleteအကြော်မှုန့်ရယ်..ဂျုံမုန့်ရယ်.. အကြော်မှုန့် ၂ ဆ ဂျုံမှုန့် ၁ ဆ ပဲငံပြာရည်နဲနဲထည့်ပါတယ်
Deleteအရောင်လှအောင် အရည်က နဲနဲပျစ်ပျစ်လေးဖျော်ပါ..Baking soda နဲနဲထည့်ပါတယ်..
အဆင်ပြေပါစေရှင်...
ကျေးဇူးနော်ညီမ။
Deleteမုန့်ဟင်းခါးလေးကို ကြည့်ရင်း ကြည့်ရင်း
ReplyDeleteအသံတစ်သံတော့ တိုးတိုးလေးကြားလိုက်၇တယ်
အဲသည် အသံက (ဂလု) တဲ့
ဟဲ အားပေးသွားတယ်နော်
ရှလွတ်ရှလွတ် တွယ်ချင်လာပီ
ReplyDeleteဖြစ်ဖူးဖြစ်ဖူး နက်ဖြန်ချက်ခိုင်းရမယ်
မလမင်းရေ အုန်းနို့ ခေါက်ဆွဲချက်နည်းလေးကော
ReplyDeleteတင်ပေးပါအုံးနော် ကျွန်တော်က မုန့် ဟင်းခါးထက်
အုန်းနို့ ခေါက်ဆွဲပိုကြိုက်တယ်ဗျ
အမလေး ဇက်ကြောတောင်တက်တယ်ဟီးဟီး
မိုးသူရေ အမ ချက်ဖြစ်ရင် တင်ပေးပါမယ်.. အမသိပ်မစားဖြစ်တော့..
Deleteမချက်ဖြစ်ဘူး ဒီတစ်ရက်နှစ်ရက်ကြိုးစားကြည့်လိုက်မယ်.. ပစ္စည်းစုံရင်တော့
ချက်ပါမယ်... ရှင်...
ဗိုက်ဆာနေတယ်း(
ReplyDeleteဖတ်တွားတယ်ဂျ တစ်ရက်လောက်တော့ စမ်းမယ် ဟဲဟဲ
ReplyDeleteမမရေ..မုန့်ဟင်းခါးလေးလာစားသွား..ဟုတ်ပါဘူး..လာသရေကျသွားပါတယ်ရှင်..သရေကျဆို မမမုန့်ဟင်းခါးလေးကလဲ စားချင်စရာကိုး.....
ReplyDeleteမုန့်ဟင်းခါးချက်နည်းလေးမှတ်သားသွားပါတယ်ခင်ဗျ...
ReplyDeleteမုန့်ဟင်းခါးတော့ ဘယ်ဒေသချက်ချက်ဖြစ်ဖြစ်ကို ကြိုက်တာအစ်မရေ ..ကိုယ်တိုင်ကျတော့ မတောက်မခေါက်လောက်ပဲချက်တတ်တာဆိုတော့ ဘယ်လိုမှ စားကောင်းဘူးရယ် :)
ReplyDeleteမြောင်းမြဒေါ်လမင်း မုန့်ဟင်းခါး စားသွားပါတယ်နော်
ReplyDeleteမြောင်းမြ.မွင်းငါးနဲ့.ရန်ကုန်မွင်းငါး..အရသာမတူကွဲပြားပေမယ့်.နှစ်မျိုးလုံးကြိုက်တယ်... ဒီမှာတော့ မြောင်းမြက အဒေါ်ကြီးတစ်ယောက်ရောင်းတယ်..ပဲသီးလားမသိပါဘူး..အဲဒါလေးတွေပါထည့်သေးတယ်..
ReplyDelete