ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
Sunday, June 24, 2012
ဗေဒင်နဲ့ ပတ်သက်၍..
 မင်္ဂလာပါ လမင်းပျောက်နေတယ် မထင်ကြဘူးလား ဘလော့လေးလည်းပစ်ထားရတာကြာပေါ့..
စာရေးဖတ်လို့ မရနဲ့ အတော်လေးဆိုးတဲ့ခါးနာခြင်းပါ.. ဒါတောင် ရသလောက်တက်တက်ဖတ်သေးတာ
ဒီရောဂါကပိုဆိုးမယ်ထင်တယ်။။  အခုလည်း ခါးနာနာနဲ့ ရေးပါတယ်.. အခုတလော ဗေဒင်ဆရာမလို့ အပြောခံနေရလို့ ပါ.. :)
သူငယ်ချင်းများကိုဗေဒင်နဲ့ ပတ်သက်ပြီးနည်းနည်းပြောချင်ပါတယ်..
ဘယ်ပညာရှင်ကိုမှာမရည်ရွယ်ပါ လမင်းရဲ့ စိတ်ခံစားမူသက်သက်ပါ။
လမင်းတို့ မြန်မာလူမျိုးတွေဗေဒင်ယုံတာ အစွန်းရောက်နေသလာလို့ ပါ ပညာရေး စီးပွားရေး
လူမူရေး ကျန်းမာရေး အချစ်ရေး အိမ်ထောင်ရေး၊ အရေးတွေများကြပါတယ်။
ပြောချင်တာကအပေါ်မှာရေးထားခဲ့တဲ့အရေးတွေအားလုံးဟာ ကိုယ့်တိုင်းလုပ်ယူလို့ ရတာပါ။
လမင်းသူများအကြောင်းမပြောတော့ဘူး။အမေအကြောင်းနည်းနည်းပြောမယ်..မေမေက
ဗေဒင်ကိုအရမ်းယုံတာ ဘာလုပ်လုပ်ဗေဒင်မေးရမယ် ဆိုတဲ့စိတ်ကဘယ်လိုမှာဖျောက်လို့ မရတော့ပါဘူး။
ပညာရေးဆိုလည်းကိုယ်ကကြိုးစားရင်ရတာပဲလေး စီးပွားရေးလည်း ကိုယ်ကြိုးစားလို့ ရတာပဲ.အားလုံးပေါ့နော်
ဗေဒင်ဆိုတာလူတစ်လေယောက်ရဲ့ကံတရားကိုလုပ်ယူလို့ ရလား၊ ပြောချင်တာကဗေဒင်ဆိုတာ
မြတ်စွာဘုရားလက်ထက်ထဲကရှိတာပါ အစွန်းမရောက်ဖို့ ပြောချင်တာ ၊လမင်းတို့  ဘုရားရှင်မိန့်တော်မူထားပါတယ် ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဆိုတာကိုအရမ်းကြိုက်တဲ့
ဘုရာရှင်ရဲ့တရားတော်ပါ၊ တိုးတက်တဲ့နိုင်ငံတွေမှာ ဘိုးတော် ဗေဒင်ဆိုတာတွေနဲ့ ဘာမှာမလုပ်ကြပါဘူး။
သူတို့ ရဲ့ စိတ်ဓာတ်တွေကို နည်းနည်းပြောကြည့်မယ် သူတို့ ဘာအလုပ်ကိုမဆိုအကောင်းဆုံးလုပ်ကြတယ်။
သူတို့ မှာဗေဒင်ဆိုတာမရှိဘူး ရှိခဲ့ရင်လည်း လမင်းတို့ မြန်မာလူမျိုးတွေလောက်အစွန်းမရောက်ကြဘူး။
အပျော်သဘော အပျင်းပြေမေးကြတာလောက်ပဲရှိကြပါတယ်။။
အလုပ်ကိုအကောင်းဆုံးလုပ်ကောင်းတာပဲရမယ်ဆိုတဲ့ စိတ်ပဲရှိကြတယ်။လမင်းစိတ်မကောင်းတာက
ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး အခြားအရာတွေကိုယုံကြည်နေတာကိုပါ
အခြားဆိုတဲ့နေရာမှာနာမည်မတပ်တော့ဘူးနော်..စော်ကားရာရောက်နိုင်သဖြင့်......
မေမေဆိုလည်းလမင်းကြိုးစားလို့ ရနေတဲ့နေရာလေးကိုဗေဒင်ကြောင့် ယကြာကြောင့်တဲ့လေ
လမင်းမှာဖြင့်ကြိုးစားလိုက်ရတာကျရာအလုပ်ကိုအကောင်းဆုံးနဲ့  စေတနာထားပြီးလုပ်ပေးတယ်။
ရလာတဲ့နေရာလေးကိုလဲလမင်းကျေနပ်တယ်၊မေမေကဘာပြောသေးလဲမှတ်လဲ သူငယ်ချင်းတို့ ရေ
သမီးဒါထက်မတိုးတက်တာ ဗေဒင်မမေး ယတြာမချေလို့ တဲ့ လမင်းကတော့အကောင်းဆုံးလုပ်တယ်
စေတနာနဲ့ လုပ်တယ် ဗေဒင်မမေးဖူးပါ.လမင်း ဘုရား တရား သံဃာ ကိုပဲယုံကြည်ကိုးကွယ်ပါတယ်...
ပြောချင်တာကမယုံနဲ့ မပြောပါဘူး လူတိုင်းမှာကိုယ်ယုံကြည်ရာရှိကြပါတယ်၊အစွန်းမရောက်ဖို့ နဲ့ 
အစွဲမကြီးဖို့ ပါ..အတိတ်ဘ၀ကဘာဖြစ်ခဲ့လည်းသိချင်ရင် အခုဘာဖြစ်နေလဲကိုကြည့်ပါတဲ့..
အနာဂတ် ဘာဖြစ်ချင်လဲသိချင်ရင် ပစ္စုပ္ပန်မှာဘာလုပ်နေလည်းဆိုတာကြည့်တဲ့ အရမ်းကြိုက်တဲ့
တန်ဖိုးမဖြတ်နိုင်တဲ့စကားလေးပါ ။
သူငယ်ချင်းမိတ်ဆွေအားလုံးဒီပိုစ့်လေးကိုဖတ်ပြီးအသိတစ်ခုရရင်ရေးရကျိုးနပ်ပါပြီး။ ခါးနာနေလို့ ဒီလောက်ပဲပေါ့နော်.:D
ဒီစာလေးကိုလမင်းရေးဖို့ စဉ်းစားနေတာကြာပါပြီး.ဗေဒင်ယုံကြည်တဲ့သူတွေမေတ္တာပို့ ခံရမှာကြောက်တာ၊
တစ်ကြောင်း တယူသန်လို့ အပြောခံရမှာလည်းကြောက်နေတာတာပေါ့။
မေမေကတော့ပြောပါတယ် လူတွေနဲ့ မနေနဲ့ တဲ့ တစ်ယူသန်ကြီးဆိုပဲ
အားလုံးကရော လမင်းကိုဘယ်လိုထင်ကြလဲ..ဗေဒင်မေးတော့မယ်ဆိုရင်း တော့လမင်းဆီကိုလာပါ.. :P
အမှန်အတိုင်းဟောပေးပါတယ်.:P  မေးချင်တဲ့အကြောင်းအရာအစုံပြောပြပေးခဲ့ပါ ..:P
အားလုံးသောခုနစ်ရက်သာသမီးများမှန်ကန်သောလမ်းကိုလျှောက်လှမ်းနိုင်ကြပါစေ....
စာလေးကိုအချိန်ပေးပြီးဖတ်ပေးကြတယ်သူငယ်ချင်းမိတ်ဆွေအားလုံးကျန်းမာပျော်ရွှင်ကြပါစေ..:)
16 comments:
  1. ထေရ၀ါရ ထွန်းကားတဲ့နိုင်ငံမှာ ဒီလို အယူသည်းမှု့တွေ အမြစ်တွယ်နေတာလည်း မကောင်းလှဘူး... ပိုစ့်လေးကို ကြိုက်ပါ၏
    ReplyDelete
  2. ဗေဒင်တော့တခါမှ မမေေးဖူး မတွက်ဖူးပေမယ့်လမင်းဆီကိုတော့လာချင်ပါတယ်
    ReplyDelete
  3. ပွင့်ပွင့်လင်းလင်းပြောရင်တော့ကျွန်တော်လည်းမယုံဘူးအမလမင်း...
    ဒါပေမယ့်မှန်တာတွေလည်းရှိတော့..ပြောရတော့ခက်ပါတယ်လေ
    ReplyDelete
  4. ပစ်ပစ်June 24, 2012 at 10:51 AM
    ဆရာမ... ကျမလုပ်ပေးထားတဲ့ ပုံလေးနဲ့တခါတည်းကြေငြာလိုက်တာ
    မဟုတ်ဘူး....ဟင်းးဟင်းးဟင်းးး
    ReplyDelete
  5. ဗေဒင်မေးတော့မယ်ဆို..အစ်မဆီလာခဲ့မယ်..စိတ်ချ..:P
    ReplyDelete
  6. မမဂျက်ရေ မေးမယ်ဆို ကြိုတင်စာရင်းသွင်းထားပါ..
    ပစ်ပစ် နင်လုပ်ထားပေးတဲ့ပုံဆို ငါနာမည်ကြီးပြီသိလား..ဟွန့် 
    ReplyDelete
  7. များသောအားဖြင့် အမျိုးသမီးတွေ ဘာဖြစ်လို့ 
    ဗေဒင်ယုံကြလဲမသိဘူးနော်
    ReplyDelete
  8. စာရေးသူနဲ့သဘောထားချင်တူပါတယ်။ ကြယ်ပြာ ဗေဒင်မယုံပါ။ အပျော်တော့ မေးဖူးပါတယ်။ ကံ ကံ၏အကျိုးကို စွဲမြဲစွာယုံကြည်သလို ကောင်းတာလုပ်ရင် ကောင်းကျိုးပေးမယ်(အချိန်တန်ရင်)၊ မကောင်းတာလုပ်ရင် မကောင်းကျိုးပေးမယ်(အချိန်တန်ရင်) ဆိုတဲ့ စကားကိုနှလုံးသွင်းထားပါတယ်။
    ReplyDelete
  9. ဗေဒင်မေးရင်ဆန်ကုန်သတတ်း)
    ReplyDelete
  10. အင်း ..... အပျိုကြီးပြောသလို ပါပဲ ..ဗေဒင်မေးရင်ဆန်ကုန်သတတ် ...
    အများစု မယုံ ကြပင်မဲ့ စိတ်ဝင်စားနေဆဲပါပဲ .... ။
    ReplyDelete
  11. မမလမင်း ခါးနာမြန်မြန်ပျောက်ပါစေနော်..
    ညီမကတော့ ဗေဒင်ကို အပျော်သဘောပဲ လက်ခံတယ် :)
    ReplyDelete
  12. အတိတ်ဘ၀ကဘာဖြစ်ခဲ့လည်းသိချင်ရင် အခုဘာဖြစ်နေလဲကိုကြည့်ပါ
    အနာဂတ် ဘာဖြစ်ချင်လဲသိချင်ရင် ပစ္စုပ္ပန်မှာဘာလုပ်နေလည်းဆိုတာကြည့်ပါ ဆိုတာလေးကို မြတ် သေချာမှတ်သားသွားပါတယ်။
    ခင်တဲ့
    မြတ်
    ReplyDelete
  13. ကျွန်တော်ကတော့ မယုံတာလည်း မဟုတ်ဘူး
    ယုံတာလည်း မဟုတ်ဘူး
    ဗေဒင်အပေါ် ဘာခံစားချက်မှ မရှိဘူး
    မကြီးလမင်း ဟောပေးမယ်ဆိုရင်တော့
    ထိပ်ဆုံးက လာတန်းစီမယ်
    ReplyDelete
  14. အဟီး သီလရှင်တို့ လုပ်စားရင်စီးပွားတက်အုန်းမယ်...
    အခုထဲကမေးမယ့်သူတွေ ဘာတွေနဲ့... ဆရာလေး
    ဒေါ်သုဓမ္မစန္ဒာ အကြားအမြင်ရနေတယ်လို့ မကြီးလွမ်းပြော
    တာမယုံလို့ လာကြည့်တာမှန်တယ်ဗျို့... ဗေဒင်ဆရာများ
    တခြားအလုပ်သာပြောင်းလုပ်ကျပါတော့ :P ဆရာလေးရေ
    ချစ်သူနဲ့မြန်မြန်ပေါင်းရအောင် ဓါတ်ရိုက်၊ ဓါတ်ဆင်လေးတခု
    လောက်လုပ်ပေးပါ လား... ညီမလေးတစ်ယောက်အတွက်ပါ :D
    ReplyDelete
  15. လာရောက်လည်ပတ်ပြီး စုံစုံစိစိ ရှာဖွေဖတ်သွားတယ်. .. အရေးအသားကောင်းတဲ့ လမင်း ရေ...
    ReplyDelete