ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Sunday, February 19, 2012

အထီးကျန်ခြင်း.....

ငါပေးထားတဲ့ အချစ်က အစစ်........
ငါပြန်လိုချင်တာ အချစ်စစ်ပဲ....

အရောင်ခြယ်တာတွေမပါဘူး....
  ဘာ့ ကြောင့်ပဲ ဖြစ်ြဖစ်....
  ဘယ်သူပဲ ဖြစ်ဖြစ်....
  လိုချင်ကြတာ အချစ်စစ်ပဲလေ....
  လွယ်တာ ကိုတန်ဖိုးမထား...
 ခက်တာကိုလည်း မကြိုးစားချင်တဲ့
ငါ့လို လူ ဘ၀ထဲနင်ရောက်လာခဲ့တယ်.....
  အချစ်စစ်ရဲ့ သဘောတရားကို
  မသိရင် ခံစားရမယ်လို့ ....
ပြောနေကြတဲ့ စကားသံတွေ...
  နင်နဲ့ ပတ်သက်ရင် ဂရုမစိုက်ခဲ့ဘူး...
  နောင်တရဲ့ အသိတွေ နှင့် အတူ
ခံ စားမှုရဲ့နောက်ကွယ်မှာ
  ငါဟာ ရင့်ကျက်သလိုနှင့်
  ဖြေသိမ့်စရာ.....
  popသီချင်းတွေ နားထောင်ရင်း
  အထီးကျန် အားငယ်နေတုန်းပဲဆိုတာ...........

17 comments:

  1. ၀ါး...ကဗျာလေးက ကောင်းလိုက်တာ

    ReplyDelete
  2. ကျနော် လည်း pop သီချင်း တွေရမ်း ကြိုက်တယ် ... ဗျ ...
    အထီးကျန်မှု့  တွေ ကင်းဝေး ပါစေ ... ဗျာ ...

    ခင်မင်စွာဖြင့်

    မောင်ဘုန်း

    ReplyDelete
  3. ဂယ်လာဟင်...၀..အထီးကျန် ခဲ့လာပြီလား

    ReplyDelete
  4. ဘယ်သူမဆို ချစ်မိပြီ ဆိုမှတော့ အချစ်စစ်ကို ပြန်လိုချင်ကြမှာပါလေ...

    ReplyDelete
  5. အချစ်စစ်ရဲ့ သဘောတရားကို

    မသိရင် ခံစားရမယ်လို့ ....
    ပြောနေကြတဲ့ စကားသံတွေ...

    နင်နဲ့ ပတ်သက်ရင် ဂရုမစိုက်ခဲ့ဘူး.. <<တူတယ် ;)

    ReplyDelete
  6. ကဗျာကူးချင်စိတ် အဲမှားလို့ ရေးချင်စိတ်တောင်ပေါက်သွားတယ်

    ReplyDelete
  7. တကယ်ဆိုရင်အချစ်ပဲလိုတယ်..:P

    ReplyDelete
  8. လမင်းရေ အထီးကျန်နေရင်Pop သီချင်းတွေနားမထောင်နဲ့ ROCK သီချင်းတွေနားထောင် အဲဒါမှစိတ်ထဲရှင်းသွားမှာ...

    ReplyDelete
  9. အထီးမကျန်နဲ့ မမ.. ညလေးရှိတယ် :D :D :D

    ReplyDelete
  10. ကဗျာလေးအားပေးခဲ့ပါတယ်နော် လမင်းရေ
    လေးစားခင်မင်လျှက် (လွမ်း) http://lwanpaishin.blogspot.com

    ReplyDelete
  11. ခပ်မိုက်မိုက်ချစ်ကြစို့(လား)း))
    ပေါ့ပ်မကောင်းဘူး။ရော့ခ်ကောင်းတယ်အစ်မး)

    ReplyDelete
  12. ကျွန်တော့်ချစ်သူကို ပေးချင်လို့ကဗျာကို ကူးသွားမယ်နော်

    ReplyDelete
  13. အချစ်ကဗျာလေးကောင်းတယ်လမင်းရေ

    ReplyDelete
  14. အချစ်စစ်နဲ့တွေ့ပြီး ချစ်သူစစ်စစ်နဲ့ ချစ်နေနိုင်ပါစေ...

    ReplyDelete
  15. အားမငယ်ပါနဲ့လေ အရာရာအဆင်ပြေသွားမှာပါး))

    ချစ်တဲ့

    မဒိုးကန်

    ReplyDelete
  16. အချစ်စစ်ဆိုတာ...ရင်ထဲကထွက်ပေါ်လာတဲ့...ခံစားချက်တခုပါ...ခံစားချက်မရှိတဲ့...အချစ်ဟာအချစ်စစ်မဟုတ်လို့ပဲလေ...နော်
    မမလမင်းငယ်အထီးကျန် ကဗျာလေးလာခံစားသွားတယ်နော်:D

    ReplyDelete
  17. အထီးကျန် :( အားပေးသွားတယ် sis ဂွတ်တယ် :)

    ReplyDelete